Notcoin Community
Notcoin Community
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
Myanmar News avatar

Myanmar News

TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaJan 14, 2021
TGlist-ga qo'shildi
Sep 04, 2024
Muxrlangan guruh

Rekordlar

13.09.202423:59
3.3K
Obunachilar
04.09.202423:59
0
Iqtiboslar indeksi
23.11.202423:59
1.5K
Bitta post qamrovi
27.02.202501:52
0
Reklama posti qamrovi
08.02.202501:22
8.60%
ER
22.11.202423:59
44.86%
ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
OCT '24NOV '24DEC '24JAN '25FEB '25

Myanmar News mashhur postlari

(၇)ရက်သားသမီးအားလုံးတို့
သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၍၊
လိုရာဆန္ဒ အစဥ်ပြည့်ဝလျက်
မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ကြပါစေ။
🌷🙏🙏🙏🌷
Repost qilingan:
People Media avatar
People Media
06.02.202514:34
တရုတ်မယား (သို့မဟုတ်) တရုတ်လိင်ကျွန်

ဒေါ်နယ်ထရန့် အမိန့်ကြောင့် ပြည်ဖျက်အုပ်စုတွေ ခွက်ပျောက်ပြီ

စောချစ်သူရဲ့ ထွက်ပေါက်

အမေရိကန်နိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများ အိမ်ပြန်ခရီး သံရုံးကူညီမည်

မွန်ပြည်နယ်မှာ အဒေါ်ဖြစ်သူ တံမြတ်စည်းနဲ့ ရိုက်လို့ ၉ နှစ် အရွယ် မိန်းကလေး ကွယ်လွန်

#PeopleMedia
အကြမ်းဖက်သမားများထံပို့ဆောင်မည့် ဆေးရုံသုံးပစ္စည်းများနှင့်အတူ ထောက်ပို့သူအားဖမ်းဆီးရမိ
———————————
ဖေ ၇ ရက်

အကြမ်းဖက်မှုများကို မလိုလားသည့်ပြည်သူများ၏ သတင်းပေးချက်အရပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့တွင် အကြမ်းဖက်သမားများထံပို့ဆောင်မည့် ဆေးရုံသုံးပစ္စည်းများ ကားဂိတ်တွင်ရောက်ရှိနေကြောင်းသိရှိရသဖြင့် လခရတပ်ဖွဲ့ဝင်များမှ စောင့်ဆိုင်းနေစဉ် အကြမ်းဖက်ထောက်ပို့ ကေသီကျော်လွင် မှ လာရောက်ထုတ်ယူစဉ် ထုတ်ယူပစ္စည်း အောက်ဆီဂျင်စက် ၂ လုံးECG စက် ၁ လုံးECG paper ၁၀ လိပ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ခေါင်းစဥ်တပ်ပေးမယ့် ဒေါ်လာ ၃၉ သန်းကျော်ကို ထရန့် ရပ်ဆိုင်း

ဒေါ်လာဘီလျံများစွာ ထင်သလိုသုံးမှုနဲ့ စုံစမ်းစစ်ဆေးရပ်ဆိုင်းခံနေရတဲ့ အမေရိကန် နိုင်ငံတကာ ဖွံဖြိုးမှုအေဂျင်စီ (USAID) ကတစ်ဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ မီဒီယာဖွံဖြိုးရေးခေါင်းစဥ်တပ်ပြီးပေးအပ်မယ့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်ကို အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရန့်က ရပ်ဆိုင်းလိုက်ကြောင်း Human Rights Myanmar (HRM) အဖွဲက ထုတ်ပြန်လာပါတယ်။

USAID ကို ပိတ်ပစ်ဖို အမေရိကန်အစိုးရ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို ကတိပြုထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၃၉,၅၄၇,၁၄၆ ကို ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီရန်ပုံငွေတွေကို ဘယ်အချိန်မှ ပြန်လည်ပေးအပ်မယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပြန်ပါဘူး။

လူ့အခွင့်အရေး ကာကွယ်ရေးခေါင်းစဥ်အောက်က စီမံကိန်း ခုနစ်ခုအတွက် ဒေါ်လာ ၈ သန်း၊ ဒီမိုကရေစီခေါင်းစဥ်အောက်က လုပ်ငန်း ၉ ခုအတွက် ဒေါ်လာ သန်း ၃၀ နဲ့ ပြည်ပထွက်ပြေးတဲ့ တရားမဝင် Exile မီဒီယာတွေကို ပံ့ပိုးပေးမယ့် အစီအစဉ် ၂ ခုအတွက် ဒေါ်လာ ၁ သန်းကို ဖြတ်တောက် ဆိုင်းငံ့လိုက်တာပါ။
တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိအောင် သတင်းပေးခဲ့သည့် တာဝန်သိပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် ၁၈၄ သန်းကျော် ချီးမြှင့်ပေးသွားမည်

တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိစေရန် သတင်းပေးပိုခဲ့ကြသည့် တာဝန်သိပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် ၁၈၄ သန်းကျော် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရပါတယ်။

အဆိုပါ တာဝန်သိ ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက သတင်းရရှိမှု ၆၃ ကြိမ် ရရှိခဲ့သည့်အနက် သတင်းမှား ၈ ကြိမ်၊ နောက်ကျသတင်း ၁ ကြိမ်နှင့် ဖမ်းဆီးရမိမှု ၅၄ ကြိမ်ရှိခဲ့ပြီး ဖမ်းဆီးရမိအမှုတွဲ ၈၁ မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်ဟုဆိုပါတယ်။

ဖမ်းဆီးရမိမှုများထဲတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၅၅ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၉၂၄ ဒသမ ၀၆၉ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်‌တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ပါဝင်သည်ဟု သိရပါတယ်။
မန္တလေး PDF တစ်ဦး အသေပတ်ခတ်ဖမ်းဆီးနိုင်ခဲ့
————————————————-

နောင်ချိုမြိုနယ်၊ ကျောက်မဲလေးရွာအနီးတွင် ဖေ ၅ ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ်ဆီးလာသည့် အကြမ်းဖက် ၁ ဦး အား တွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးရာ လက်ပစ်ဗုံး ၃ လုံးနဲ့အတူ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
07.02.202503:11
ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်အရှုပ်တော်ပုံနောက်ဆက်တွဲ
-------------------------------------------------
(၇-၂-၂၀၂၅)

ကျားဖြန့်ဟာ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးလို့ ရှေ့မှာ ရေးခဲ့ဖူးပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနိုင်စွမ်းရှိလို့ နိုင်ငံတစ်ခုဟာ ကျားဖြန့်လုပ်နေပါတယ်လို့ နာမည်ထွက်သွားရင် တစ်ကမ္ဘာလုံးက နှာခေါင်းရှုံ့ခြင်းကို ခံရမှာပါ။ မြန်မာနိုင်ငံမှာလည်း ၁၀၂၇ ဟာ ကျားဖြန့်ကနေစခဲ့တာကို မေ့ထားလို့မရပါဘူး။

မနေ့က ထိုင်းကွန်မန်ဒိုအဖွဲ့တွေက ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ကြိုးကိုင်သူ တရုတ်နိုင်ငံသားနှစ်ယောက်ကို ဝင်ဖမ်းခဲ့ပြီး ငွေကြေး၊ စပ်ဆက်ပစ္စည်းတွေအမြောက်အများနဲ့ ဖမ်းမိတယ်လို့ သတင်းတက်လာပါတယ်။ ဒီမတိုင်ခင်မှာလည်း ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့နေရာတွေကို ရောင်းနေတဲ့ လျှပ်စစ်မီးဖြတ်မယ် ဘာညာနဲ့ အရေးတယူလုပ်ပြခဲ့ပါတယ်။ ကိုယ့်နိုင်ငံက စောကွယ်ထူးဝင်းတို့ စောချစ်သူတို့ကို အပြစ်တင် လက်ညှိုးထိုးနေချိန်မှာ ထိုင်းကတော့ သူ့ဆီထိုးလာမယ့်လက်ညှိုးကို မြန်မာဘက်ကို လှည့်လာအောင် ကြိုးပမ်းနေပါပြီ။

ဒီနေရာမှာ ထိုင်းတွေကို ချီးလည်းကျူးချင်တယ်။ ကိုယ့်နိုင်ငံကို လူလည်လုပ်သွားလို့ စိတ်လည်း ဆိုးချင်ပါတယ်။ ချီးကျူးချင်တာက ကျားဖြန့်လို ငွေကို ဘီလီယံချီ အကျိုးအမြတ်ရတဲ့ လုပ်ငန်းဆီက လျှပ်စစ်မီးတွေ ရောင်းခဲ့သလို တရုတ်သူဌေးတွေရဲ့ ငွေကြေးရင်းနှီးမှုတွေကိုလည်း ရသလောက် သဲ့ယူခဲ့ပြီး အခုလို ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုတော့ အားချင်းပဲ ဒီနာမည်ဆိုးထဲက လွတ်အောင် ရှောင်ပြနေတာကိုတွေ့ရတယ်။
ထိုင်းဆိုတာက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ခရီးသွားလုပ်ငန်းနဲ့ အကျိုးအမြတ်ရနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီလို ရာဇဝတ်မှုတွေရှိပါတယ်ဆိုတဲ့ နာမည်ထွက်လို့မရပါဘူး။ အဲ့ဒီတော့ ကျားဖြန့်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပေမယ့် အခုတော့ ဘာ၊ဘာ၊ဘာမှ မသိဘူးဆိုတဲ့အကွက်နဲ့ ကိုယ်လွတ်ရုန်းပြနေပါပြီ။

မြန်မာကတော့ BGF က ထိုင်းဘက်ကို ကျားဖြန့်လုပ်ငန်းရဲ့ ဒါးစာခံ ၆၁ ယောက်ကို လွှဲပေးခဲ့တယ်လို့ တွေ့ရတာက လွဲရင် အားမလိုအားမရဖြစ်မိတယ်။ အစိုးရအနေနဲ့လည်း BGF နဲ့တင်လွှဲမထားပဲနဲ့ နိုင်ငံတော်အဆင့် ကြိုးစားနေပါတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ပြနိုင်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေတာထက် ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့နိုင်ငံလို့ မြင်သွားရင် ပိုပြီးတော့ နိုင်ငံတော်ပုံရိပ် ထိခိုက်နိုင်ပါတယ်။

တကယ်ဆို နိုင်ငံတော်အနေနဲ့က BGF နဲ့ ထိုင်းလို ကျားဖြန့်နဲ့ ပတ်သက်မှုမရှိလို့ ကိုင်ထုတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ထိုင်းတောင်မှ ကျားဖြန့်လုပ်ငန်းကို ဝုန်းဒိုင်းဝင်မလုပ်ဘူး။ ပြေးချိန်ရအောင် အချိန်ပေးသေးတယ်။ ဒီလောက်အချိန်ပေးတာတောင် မပြေးတာကတော့ သာကောတို့ လွန်တာပေါ့လေ။

အဓိကကတော့ ကိုယ့်နိုင်ငံက အဲ့ဒီလောက် အရေးကြီးတဲ့ကိစ္စကို Active သိပ်မဖြစ်တာဟာ ကိုယ့်ကိုမခိုင်းရင် ကိုယ်နဲ့မဆိုင်သလို နေတတ်တဲ့အကျင့်ကြောင့်လို့ပဲ ထင်ပါတယ်။ တကယ်ဆို ဒီကိစ္စမှာ တာဝန်ရှိသူတွေက စီမံချက်တွေဆွဲပြီး တင်ပြသင့်သူကို တင်ပြ၊ လိုအပ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချက်ခြင်းလုပ်ပြ၊ နံမည်ကောင်းယူရမှာ၊ BGF ကိုလည်း နိုင်ငံရေးနည်းနဲ့ ဖိအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြရမှာ၊ အခုတော့ အကျိုးအမြတ်ရတာ ထိုင်းနဲ့ BGF၊ နာမည်ထွက်ရတော့ မြန်မာဆိုသလို နစ်နာရပါတယ်။

ကျားဖြန့်အကြောင်းတင်ထားတဲ့ Tiktok ရဲ့ကွန်မန့်တွေမှာကတော့ မိသားစုအရေးကြောင့် လုပ်နေရတဲ့ မြန်မာလူမျိုးအများစုရဲ့ ကွန်မန့်တွေတွေ့ရပါတယ်။ ဖြစ်နိုင်ရင် ရှောင်နေစေချင်ပါတယ်။

(ပိုင်စိုး)
ဒေါ်လာနှင့်ယွမ်ငွေ သုံးသိန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေသုံးသိန်း ကျော်ကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရပါတယ်။

ထိုသိုရောင်းချရာတွင် ငွေလဲနှုန်း ၃၅၉၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၅၀,၂၆၅ နှင့် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၂၁၄,၈၃၀ တိုကိုလည်းဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ရောင်းခဲ့ ခြင်းဖြစ်ပါတယ်။

ထိုနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၁.၅၉၆ သန်း၊ တရုတ်ယွမ် ၂၀.၆၃၉ သန်းနှင့် ထိုင်းဘတ် ၅၇.၃၅၈ သန်း အလွှအပြောင်းရှိခဲ့ကြောင်း သိရပါတယ်။
စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ မြန်မာနိုင်ငံသားများအနေဖြင့် စင်္ကာပူနိုင်ငံမှ မှ မလေးရှားနိုင်ငံသို့ ဖြတ်သန်းသွားလာမည်ဆိုပါက မိမိ passport ပေါ်တွင် မလေးရှားနိုင်ငံ Immigration ၏ အဝင်/အထွက် တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး သေချာစွာ စီစစ်ပြီးမှ သွားလာကြပါရန် အသိပေးကြေညာချက် ထုတ်ပြန်
07.02.202503:26
ဥက္ကာမင်းမောင်ရဲ့မိခင်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ NUG ဘက်တော်သား၊ အကယ်ဒမီပွဲတက်မယ့် အနုပညာရှင်အဖွဲ့တွေ အမြန်လမ်းမှာ လုံခြုံဖို့လိုတယ်၊ အမေရိကန်ရဲ့လုံခြုံရေးကို မြန်မာကခြိမ်းခြောက်တာ ဟုတ်သလား၊ DKBA-KNU နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအပေါ် နစကထက် သြဇာကြီးတဲ့ ကျားဖျန့် (၆-၂-၂ဝ၂၅)

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)
ICCကို ပိတ်ဆိုအရေးယူမှုများ ချမှတ်သည့် အမိန့်တစ်ရပ် ထရမ့်လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) အပေါ် ပိတ်ဆိုအရေးယူမှုများ ချမှတ်သည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားပါတယ်။

"ရောမစာချုပ်အရ တည်ထောင်ခဲ့သည့် ခုံရုံးတစ်ရပ်ဖြစ်သော အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) သည် အမေရိကန်၏ နီးစပ်သည့်မိတ်ဖက် အစ္စရေးတိုအား မတရားပြီး အခြေအမြစ်မရှိသော လုပ်ရပ်များကို ဆောင်ရွက်ခဲ့ကြောင်း ကျွန်ုပ်၊ အမေရိကန်ပြည်ထောင်စု၏သမ္မတ ဒေါ်နယ်ဂျေ ထရမ့်တွေ့ရှိရပါတယ်။ ICC သည် တရားဝင်အခြေခံဟူ၍မရှိဘဲ အမေရိကန်နှင့် ၎င်း၏မိတ်ဖက်များဖြစ်သည့် အစ္စရေးနိုင်ငံတိုမှ ပုဂ္ဂိုလ်များအား စုံစမ်းစစ်ဆေးရန် လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုနှင့် ယခင်ကာကွယ်ရေးဝန်ကြီး ယိုဗ် ဂါလန့်တိုအား မတရားသော ဖမ်းဆီးမှုများ ထုတ်ခဲ့သည်ဟု ကျွန်ုပ်၊ အမေရိကန်ပြည်ထောင်စု၏သမ္မတ ဒေါ်နယ်ဂျေ ထရမ့် သိရပါတယ် " ဟု ဆိုပါတယ်။
အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှပြောင်းပေးခဲ့ပြီးဖြစ်ဟုဆို

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၆ ရက်၊ မွန်းလွဲပိုင်းက ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၅) သို တက်ရောက်အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အဒေါ်ဖြစ်သူက အသက် ၆ နှစ်အရွယ်တူမဖြစ်သူကို အပြင်းထန်ရိုက်နှက်လို့ သေဆုံးခဲ့ရ
———————————————————-

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြိုမှာ အဒေါ်ဖြစ်သူက တံမြက်စည်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် အသက် (၉) နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ သံဖြူဇရပ်မြိုနယ်၊ ဟံသာဝတီရပ်ကွက်၊ ရှမ်းဘုရားအနီးမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီ ၆ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဒေသခံလူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရ အဒေါ်ဖြစ်သူအမျိုးသမီးဟာ တူမဖြစ်တဲ့ သေဆုံးသူ မိန်းကလေးငယ်ရဲ့နေအိမ်မှာ အဆိုပါမိန်းကလေးငယ်ရဲ့မိဘတွေမရှိခိုက် တံမြက်စည်းတုတ်နဲ့ အကြိမ်ကြိမ်ရိုက်နှက်ခဲ့တဲ့အတွက် ပြင်ပဒဏ်ရာတွေအပြင် အတွင်းကြေ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တာလို ဆိုပါတယ်။

လက်ရှိမှာတော့ သေဆုံးသူမိန်းကလေးငယ်ရဲ့ရုပ်အလောင်းကို စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၆ရက် မနက်ပိုင်းမှာ သံဖြူဇရပ်မြိုနယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသိုပိုဆောင်ပေးခဲ့တယ်လို သိရပြီး ရိုက်နှက်ခဲ့တဲ့ အဒေါ်ဖြစ်သူကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းက ဖမ်းဆီးသွားပြီလို သိရပါတယ်။
USAID နဲ့ မြန်မာပြည်
တေးရေး နိုင်မြန်မာ ကွယ်လွန်

မြန်မာ့ဂီတလောကတွင် တေးသီချင်းပေါင်းများစွာ ရေးစပ်ဖန်တီးခဲ့သူ နိုင်ငံကျော် တေးရေးဆရာ နိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

"တေးရေးနိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတစ်ခုလုံး ဆုံးရှုံးရသလို ခံစားရပါတယ်" လို့ တေးရေး နိုင်ဇော်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တေးရေးနိုင်မြန်မာဟာ ကမ္ဘာမကြေဘူးသီချင်း၊ တစ်ကိုယ်တော်သုံးရာသီ၊ ဒုံးယိမ်းည၊ ပလက်ဖေါင်းရှိုး၊ ရင်တွင်းမေ အစရှိတဲ့ တေးသီချင်းပေါင်းများစွာ ရေးသားခဲ့သူ ဖြစ်သည့်အတွက် ၎င်းကွယ်လွန်သွားသည့်အပေါ် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်များကလည်း ဝမ်းနည်းလျက်ရှိကြပါတယ်။
Ko'proq funksiyalarni ochish uchun tizimga kiring.