25.02.202512:59
ထားဝယ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း၍ မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ကာ ခေတ်ကာလနှင့်လျော်ညီသည့် လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆပ်ကော်မတီ(၈)ခု ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှတစ်ဆင့် သိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၈ ခုနှစ်အထိ (၅)နှစ်တာ ကာလကို လုပ်ငန်းစီမံချက်ပါ လျာထားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များသညိ နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ်အားလုံးတန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်အတွက် ဌာန/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဦးသက်နိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ဌာနဆိုင်ရာ သင်တန်းသားများနှင့် လူမှုရေးအဖွဲ့များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေး၊ ပြန်လည်ကုစားရေးဆိုင်ရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
#myanmarfocus

25.02.202512:22
မအူပင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောင်မှုကြောင့် ရေပြတ်လပ်မှုမဖြစ်ပါ်စေရန် သောက်သုံးရေများ သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ရေပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ သောက်သုံးရေလုံလောက်မှု ရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိူဋ္ဌေး ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အမှတ် (၂) ရပ်ကွက်၊ မြသီတာ (၁) လမ်းရှိ ရပ်ကွက်နေပြည်သူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) နှင့် ရေလဲကလေးကျေးရွာရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၂၄၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

25.02.202512:18
ထန်းတပင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများ အသစ်ပြန်လည် ပြုလုပ်ပေးသွားမည်
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမ၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းများ ဖွင့်လှစ်ပေးမည့် အကြောင်းပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပျောက်ဆုံးသွားသော မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများရှိပါက သက်ဆိုင်ရာထောက်ခံစာများယူဆောင်လာ၍ အသစ်ပြန်လည် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာပြည်သူ(၂၈၄) ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၅၆၈၀၀၀၀)ကျပ်ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

25.02.202511:45
လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကိုရဖို့ ပြောနေတာတွေဟာ အရမ်းကိုစောလွန်းနေသေးကြောင်း နည်းပြ အာနီစလော့က ပြောဆို
လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကို ရဖို့ပြောနေတာတွေဟာ အရမ်းကိုစောလွန်းနေပါသေးတယ်လို့ နည်းပြ အာနီစလော့က ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပွဲစဉ် ၂၆ မှာ မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရလိုက်တာကြောင့် ဒုတိယနေရာက အာဆင်နယ်အသင်းကို ၁ ပွဲအသာ ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို တင်ဆက်ပေးအုံးမှာပါ။

25.02.202511:42
အောင်လအန်ဆန်ဟာ လက်ရှိမှာအနားယူမှာ မဟုတ်သေးဘူးလို့ ဝမ်းချန်ပီယံရှစ်ဉက္ကဌ ချက်ထရီက ပြောကြား
ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်နဲ့ ရှမေးလ်အာဒိုဂမ်တို့ပွဲအပြီး အမ်အမ်အေ လောကကနေ အနားယူတော့မယ်လို့ သတင်းထွက်နေတဲ့ အောင်လအန်ဆန်ဟာ လက်ရှိမှာအနားယူမှာ မဟုတ်သေးဘူးလို့ ဝမ်းချန်ပီယံရှစ်ဉက္ကဌ ချက်ထရီက ပြောကြားလိုက်ပါတယ်။ သတင်းအပြည့်အစုံကို Sports Channel က ကိုပြည့်ဖြိုးလှိုင်က ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

25.02.202510:21
ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
#myanmarfocus
#myanmarfocus

25.02.202512:59
ထားဝယ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
25.02.202512:22
မအူပင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောင်မှုကြောင့် ရေပြတ်လပ်မှုမဖြစ်ပါ်စေရန် သောက်သုံးရေများ သွားရောက်လှူဒါန်း

25.02.202512:18
ထန်းတပင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများ အသစ်ပြန်လည် ပြုလုပ်ပေးသွားမည်
25.02.202511:45
မာစီးဒီး ဟာ မကြာခင်ကျင်းပတော့မယ့် ဖော်မြူလာဝမ်း ရာသီအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကားကို ထုတ်ဖော်ပြသ
ဖော်မြူလာဝမ်း ပြိုင်ကားအသင်းဖြစ်တဲ့ မာစီးဒီး ဟာ မကြာခင်ကျင်းပတော့မယ့် ဖော်မြူလာဝမ်း ရာသီအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကားကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။ မာစီးဒီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ကားတည်ဆောက်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက်မှာ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးမှာပါ။

25.02.202511:05
ရခိုင်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာ ရခိုင်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ သတင်းအပြည့်အစုံကို Sports Channel က ကိုပြည့်ဖြိုးလှိုင်က ဆက်လက် တင်ပြပေးမှာဖြစ်ပါတယ်။

25.02.202510:06
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ (ကြာသပတေး) နေ့မှစ၍ ထုတ်ယူနိုင်
#myanmarfocus
#myanmarfocus
25.02.202512:26
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် (၂၄) နာရီ လျှပ်စစ်မီး ပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ် တပ်ဆင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄) နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ရေးနှင့် (၂၄) နာရီ လျှပ်စစ်မီး ပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်သို့ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက် KO DEDEE MOBILE & ELECTRONIC ကုမ္ဗဏီမှတာဝန်ယူတပ်ဆင်ပေးလျက်ရှိရာ DEYE 12 KW Three Phase အင်ပါတာဖြစ်ပြီးSOLAR BLUESUN 600W (14) ချပ်ရှိ၊ LIFEPO 4 BLU 16KWH 310Ah တပ်ဆင်ပေးလျက်ရှိသည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ရွှေမုဋ္ဌောစေတီတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော်ထားရှိသော (8000) ဝပ် အသုံးပြုလျက်ရှိကြောင်း၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့် သုံးစွဲရာတွင် လျှပ်စစ်မီတာခ တစ်လလျှင် ကျပ် (၅) သိန်းခွဲ ကုန်ကျလျက်ရှိကြောင်း သိရသည်။
ယခုဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သုံးစွဲရာတွင် ကျပ် (၃၀၀) သိန်းကျော် ကုန်ကျခဲ့ပြီး ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လ (၂၅) ရက်နေ့တွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်ခဲ့ရာ ဖေဖော်ဝါရီလ (၂၅) ရက် ယနေ့ညမှ စတင်၍ အသုံးပြုပူဇော်သွားမည် ဖြစ်ကြောင်း ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌ ဦးကံညွန့်ထံမှ သိရသည်။

25.02.202512:20
ဒိုက်ဦးမြို့နယ် ရှမ်းကျွန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းကျွန်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းကုန်းကျေးရွာအုပ်စု၊ ရှမ်းကျွန်းကုန်းကျေးရွာသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁/၂၀၁၉)လမှ (၁/၂၀၂၅) လအထိ စီမံကိန်းစုစုပေါင်း အတိုးရငွေမှာ ငွေကျပ်(၂၈၂.၃၀၂၀ဝ)သိန်းဖြစ်ပါသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၏ (၅၀%)ဖြစ်သော ငွေကျပ်(၁၄၁.၁၅၀၀၀)သိန်းမှ ငွေကျပ် (၁၄၀,၀၀၀၀၀/-)သိန်းဖြင့် ရှမ်းကျွန်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း (၁၃၀၇'x ၁၂' x ၆'')ဂဝံခင်းခြင်း ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းအား ငွေကျပ်(၁၀,၀၀၀၀၀/ )သိန်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

25.02.202511:50
စကော့တလန်ထိပ်တန်းကလပ် ရိန်းဂျားအသင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ နည်းပြ ကလီမန်းကို ထုတ်ပယ်
စကော့တလန်ထိပ်တန်းကလပ် ရိန်းဂျားအသင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ နည်းပြ ကလီမန်းကို ထုတ်ပယ်လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဘာရီ ဖာဂူဆန်ကို ရာသီကုန်ထိ ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။ ဒီသတင်းအပြည့်အစုံကို Sports Channel က ကိုဇော်ထက်အောင်က ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၃၁ ခုနှစ် အာရှဖလားပြိုင်ပွဲကို ဩစတေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အဆိုတင်သွင်း
လာမယ့် ၂၀၃၁ ခုနှစ် အာရှဖလားပြိုင်ပွဲကို ဩစတေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားမှု ရှိကြောင်း ပြောကြားခဲ့ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ်ထံ အဆိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲအတွက် ဥဇဘက်ကစ္စတန် ၊ တာဂျစ်ကစ္စတန် နဲ့ ကာဂျစ္စတန် နိုင်ငံ ၂ နိုင်ငံကလဲ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ အဆိုတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးမှာပါ။

25.02.202511:03
နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရိုနှင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းတို့ပြောစကား
************************
ယုကီ တက်ဆုရို (မြန်မာ အမျိုးသမီးအသင်း နည်းပြချုပ်)
———————-
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ဖိတ်ခေါ်ပေးတဲ့ အိမ်ရှင်နီပေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ဖိုင်နယ်ပွဲမှာ အိမ်ရှင်နီပေါအသင်းနဲ့ ထပ်မံကစားခွင့်ရတဲ့အပေါ်မှာလည်း အရမ်းကို ကျေနပ်မိပါတယ်။
ဖိုင်နယ်ပွဲမှာ ကျွန်တော်တို့ မြန်မာအသင်းရော အိမ်ရှင်နီပေါအသင်းရော သန့်သန့်ရှင်းရှင်းနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကစားသွားမှာဖြစ်လို့ ပရိတ်သတ်တွေအနေနဲ့ စောင့်ကြည့်အားပေး စေချင်ပါတယ်။
ဝင်းသိင်္ဂီထွန်း (မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှူး)
—————————-
ပထမဦးဆုံး ပြောချင်တာက ဖိတ်ခေါ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မတူညီတဲ့ အသင်းတွေနဲ့ ကစားခွင့်ရတာလည်း ကျေနပ်မိပါတယ်။ ဖိုင်နယ်ပွဲကို သန့်သန့်ရှင်းရှင်းနဲ့ လေးလေးစားစား ယှဉ်ပြိုင်ကစားသွားမှာပါ။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနှင့် နီပေါလက်ရွေးစင် အမျိုးသမီး အသင်းတို့သည် နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက် မြန်မာစံတော်ချိန် ည ၆:၄၅ နာရီတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

25.02.202509:31
ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် မန္တလေးမြို့၊ မုံရွာမြို့၊ ဟားခါးမြို့နှင့် စစ်တွေမြို့တို့၌ တိမ်အသင့်အတင့် ဖြစ်ထွန်း၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် မိုးထစ်ချုန်းရွာမည်။
#myanmarfocus
#myanmarfocus

25.02.202512:26
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် (၂၄) နာရီ လျှပ်စစ်မီး ပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ် တပ်ဆင်

25.02.202512:20
ဒိုက်ဦးမြို့နယ် ရှမ်းကျွန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
25.02.202511:48
မန်ချက်စတာယူနိုက်တက်အသင်းဟာ အမြတ်အစွန်းများ ပြန်လည်ရရှိဖို့ အလုပ်အကိုင်ပေါင်း ၁၅၀ ကနေ ၂၀၀ ခန့်ထပ်မံ လျှော့ချသွားမည်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၅ နှစ်ဆက် ငွေကြေးအရှုံးပေါ်ခဲ့ပြီးတဲ့နောက် အမြတ်အစွန်းများ ပြန်လည်ရရှိဖို့အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်အကိုင်ပေါင်း ၁၅၀ ကနေ ၂၀၀ ခန့်ထပ်မံ လျှော့ချသွားမှာ ဖြစ်ကြောင်း တနင်္လာနေ့ကအတည်ပြုပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမြတ်အစွန်းများပြန်လည်ရရှိဖို့ဆိုပြီး အလုပ်အကိုင်ပေါင်း ၂၅၀ ထိလျှော့ချထား ခဲ့တာလည်းဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို Sports Channel က ကိုဇော်ထက်အောင်က ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

One Friday Fights 98 ပြိုင်ပွဲမှာ မြန်မာဖိုက်တာဆွန်ရတ် ထိုးသတ်မယ့်ပွဲစဉ် ပါဝင်
သောကြာနေ့မှာကျင်းပမယ့် One Friday Fights 98 ပြိုင်ပွဲမှာ မြန်မာဖိုက်တာဆွန်ရတ် ထိုးသတ်မယ့်ပွဲစဉ် ပါဝင်လာခဲ့ပါတယ်။ ဆွတ်ရတ်ဟာ ပြင်သစ်-အယ်လ်ဂျီးရီးယားနွယ်ဖွား အူရာဂီနဲ့ ရင်ဆိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို Sports Channel က ကိုပြည့်ဖြိုးလှိုင်က ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။

25.02.202510:22
နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရိုနှင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းတို့ပြောစကား
**************************************
**************************************

25.02.202509:27
တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဗီယင်ကျန်းမြို့ တွင် လက်မှတ်ရေးထိုးပြီး တည်ထောင်
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Guangxi နှင့် လာအိုနိုင်ငံတို့မှ တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ လက်မှတ်ရေးထိုးတည်ထောင်ပွဲ အခမ်းအနားကို ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။
ယင်းသည် တရုတ်နိုင်ငံနှင့် အဆီယံနိုင်ငံများအကြားချုပ်ဆိုထားသည့် ပထမဆုံး AI ပူးပေါင်းဆောင်ရွက်ရေး ဆန်းသစ်တီထွင်မှု ပလက်ဖောင်းဖြစ်သည်။
နှစ်ဖက်တို့သည် တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ခြင်းဖြင့် AI ခေတ်ကာလတွင် လာအိုနိုင်ငံ၏ အခြေခံစွမ်းရည်များကို စနစ်တကျမြှင့်တင်ပေးပြီး လာအိုနိုင်ငံ၏ လုပ်ငန်းဏ္ဍအသီးသီးတို့အတွက် အားသစ်လောင်းပေးမည်ဖြစ်သည်ဟု သိရသည်။
#CRI Myanmar

Ko'rsatilgan 1 - 24 dan 239
Ko'proq funksiyalarni ochish uchun tizimga kiring.