တန်သလား
-------------
ရှမ်းမြောက်မှာ တပ်မတော် ရဲ့ စခန်းတွေ တပ်ရင်းတွေ မြို့တွေ နယ်မြေတွေ ကို ဆန့်ကျင်ဘက် လက်နက်ကိုင်တွေ က သိမ်းယူသွားနိုင်တယ်
အဲဒါကို NLD ထောက်ခံသူတွေက ပျော်ကြတယ် ။
ဒါဟာ NLD အတွက် တကယ် ပျော်စရာ ဟုတ်ရဲ့လား ။ NLD ရဲ့ အောင်ပွဲလား ။ အဲဒီ အောင်မြင်မှု ကို NLD, NUG ပိုင်ဆိုင်ရမလား ဆိုတာ စဉ်းစားစေချင်ပါတယ် ။
ရှမ်းမြောက် ကို အဓိက တိုက်သွားတာ က UWSA ပံ့ပိုးမှုနှင့် ကိုးကန့် သူပုန် ၊ ပလောင် သူပုန် ၊ ရခိုင် သူပုန် ဆိုတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ က အဓိက တိုက်သွားတာ ။ တကယ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆိုတာက အဲဒီ သုံးဖွဲ့ တင် မကဘူး ။ အားလုံး ၇ ဖွဲ့ ရှိတယ် ။ အဲဒီ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆိုတာက တရုတ် နယ်စပ် က တရုတ် သြဇာခံတွေ ချည်းပဲ ။
တရုတ်ကလည်း ကျားဖြန့် ကို ခေါင်းစဉ် တပ်ပြီး မြန်မာပိုင်နက်ကို ကျူးကျော်တာဗျ ။
တရုတ် ဟာ ဟိုးတုန်းကတည်းက ၁၉၆၈ ခုနှစ် ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို လက်နက် ခဲယမ်း စစ်ပညာ ယူနီဖောင်း ကအစ ကူညီရုံမကဘူး တရုတ်တပ်တွေကိုယ်တိုင် ဗကပ အယောင်ဆောင်ပြီး ဝင်တိုက်ခဲ့ ကျူးကျော်ခဲ့တာ ။
ယူကရိန်းရဲ့ ကရိုင်းမီးယား နယ်မြေကို ရုရှား က သူနယ်မြေထဲထည့်ချင်လို့ ရုရှား စကားပြောသူကရိုင်းမီးယား ဒေသခံတွေ ကို ကျောထောက်နောက်ခံပေးပြီး (တကယ်က ရုရှား စစ်သားတွေ ပါ ယူနီဖောင်းပြောင်းပြီး ဝင်တိုက်ခဲ့သလို) ပဲ။
တရုတ်က သူ့သြဇာခံ မြန်မာ သူပုန်အဖွဲ့ တွေကို ကျောထောက်နောက်ခံပေးပြီး တိုက်ခိုင်းတဲ့ပွဲ. တရုတ် ရဲ့ နယ်ချဲ့စစ်ပွဲ.ပဲဆိုတာ မြင်ဖို့လိုတယ် ။ တရုတ်စစ်သားဟောင်းတွေ လို့ အမည်ခံပြီး. တပ်ကမထွက်ရသေးသူ တရုတ်စစ်သားတွေလည်း ပါဝင်နိုင်တယ် ။
ကဲ... အခု မြောက်ပိုင်းမဟာမိတ်အဖွဲ့ က သိမ်းလိုက်ပါတယ်ဆိုတဲ့ မြို့တွေ မှာ ဘယ်အလံတွေ ထောင်ထားလဲ ။ ဘာ်အဖွဲ့က အုပ်ချုပ်ခွင့်အာဏာယူထားကြလဲ။ NLD ,NUG ရဲ့ အလံထောင်ခွင့်ပေးပြီး NUG ကို ပေးအုပ်ချုပ်ခွင့်ပေးတာ တစ်မြို့ရှိလား ။
အားလုံးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ အမည်ခံ တရုတ် သြဇာခံတွေ သူပုန်တွေ ကပဲ သူတို့ အလံတွေတင်ပြီး အုပ်ချုပ်သွားတာ လေ။
နယ်မြေတွေလည်း ရပြီးတော့ ဗမာလူမျိုး မလာရ ဗမာမဝင်ရဆိုပြီး ကြေငြာတဲ့အထိလူပါးဝတဲ့ကောင်တွေ
တကယ့်စင်စစ်က တရုတ်က နာမည်ခံပြီး ကိုယ်တိုင် ဝင်တိုက်စရာမလိုပဲနဲ့ တရုတ်သြဇာခံ နယ်မြေတွေ လွယ်လွယ်လေး သိမ်းယူသွားတာ မဟုတ်ဘူးလား ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ စစ်တိုက်တယ်ဆိုတာက ဘာမှ ဒီမိုကေရစီ အတွက် ၊ တိုင်းရင်းသားတွေ အတွက် ဗမာတွေ အတွက် ၊ NLD အတွက် ဘာတစ်ခုမှ မဟုတ်ပါဘူး ။ နယ်မြေသိမ်း ပြီး တရုတ်သြဇာခံ ကာ မူးယစ်ဆေးဝါး လောင်းကစား မသမာ တဲ့ စီးပွားရေး တွေ လုပ်စားဖို့ကို တိုက်နေတယ်ဆိုတာ သဘောပေါက်ကြ။ ဒီတိုက်ပွဲတွေမှာ မန္တလေး pdf, bpla အညာPDF စသဖြင့် ဗမာpdf တွေက အသက်ပေါင်းများစွာ အသေခံပြီး ဝင်တိုက်ပေးရတာ တန်သလား ။
အခုလည်း ရခိုင် ပြည်နယ်က တိုက်ပွဲ တွေ တောင်ခမ်းက တိုက်ပွဲ ကရင်ပြည်နယ် ကယားပြည်နယ် မှာ ဗမာpdfတွေ အသေခံ အသုံးချခံနေရပြန်ပြီ ။ aa ဆိုတာ စပြီးဖွဲ့စည်းကတည်းးက ဘိုးတော်ဘုရားမင်းက ရခိုင်ပြည် ကို သိမ်းသွားတယ် မဟာမြတ်မုနိ ဘုရားကို ခိုးသွားတယ်လို့ ရခိုင်၇သန်းကို သတ်သွားပါတယ်လို့ဆိုပြီး မဟုတ်တာ တွေနဲ့ သမိုင်း ကို ရောပြောပြီး ဗမာမုန်းတီးရေးလူမျိုးစွဲနဲ့ စည်းရုံးမှိုင်းသွင်းခဲ့တာနော် ။ aa လည်း နယ်မြေရပြီးရင် ဗမာမလာရ. ဗမာမဝင်ရဆိုပြီး လုပ်ဦးမှာ ။
ဒီမိုကရေစီ လိုလားပြီး အမေရိကန် ကို မဟာမိတ်ပြုချင်တဲ့ NUG, PDF တွေဟာ အမေရိကန် ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ ကွန်မြူနစ် တရုတ်နိင်ငံက စီစဉ်တဲ့ နယ်မြေကျူးကျော်စစ်ပွဲကြီးမှာ တရုတ်အတွက် အသုံးခ်ခံ အေသခံ ဝင်တိုက်ပေးလိုက်ရတာ တန်သလား ဆိုတာ အသိတရား ရဖို့ ကောင်းပြီ။
#ခိုင်မင်း
8.2.2025