အိမ်နီးချင်းဆိုး။
အိန္ဒိယနယ်စပ်မှာ သူပုန်တွေစုဖွဲ့လို့မရဘူး။ အိန္ဒိယကနေ လက်နက်သွင်းလို့မရဘူး။
အိန္ဒိယကနေပြီး အကြမ်းဖက်လို့မရဘူး..အနည်းအကျဥ်းရှိကောင်းရှိမယ်..ဒါပေမဲ့ အိန္ဒိယနယ်စပ်ငြိမ်းချမ်းတယ်။
ဘင်္ဂလားဒေ့ရှ်..ဘင်္ဂလီပြဿနာရှိပေမဲ့ AA ကိုတော့ အားပေးအားမြှောက်မလုပ်ဘူး။
အရင်တုန်းက နယ်စပ်မှာ proxy ပုံစံနဲ့နေရာပေးဖူးတယ်။
ဒါပေမဲ့ အဆင်မပြေလို့မောင်းထုတ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်လည်း စိတ်ပူစရာမလိုဘူး။
လာအိုနယ်စပ်နဲ့ နယ်ထဲမှာ သူပုန်မနေနိုင်ဘူး
ထိုင်းက စီးပွားရေးပဲနားလည်တယ်။ လက်နက်ရောင်းချင်ရောင်းမယ်။
နေခွင့်ယာယီပေးတယ်ဆိုပေမဲ့ သူပုန်တွေ စိတ်ချလက်ချအိပ်လို့မရတဲ့နိုင်ငံထဲမှာ ထိုင်းလည်းပါတယ်။ KNU ကလွဲပြီး ကျန်တာ အာရုံမထားဘူး။
သူလည်း မြန်မာနိုင်ငံကို ဆိုးဆိုးဝါးဝါးမလုပ်ဘူး။
တရုတ်...မြန်မာပြည်မြောက်ဖျားကနေ မြေပုံတစ်ဝက်အထိ တရုတ်နဲ့ကင်းတဲ့ သူပုန်မရှိဘူး။
စစ်ပွဲတွေဖြစ်တာကလည်း တရုတ်နဲ့တရုတ်မဟာမိတ်တွေတိုက်တာများတယ်။ AA,TNLA,MNDA နောက်မှာ KIA နဲ့ UWSA ရှိတယ်။
သူတို့နောက်မှာ တရုတ်ရှိတယ်။
အဲဒါကြောင့် အမေရိကန်ကအားပေးတဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်လမ်းစဥ်ကို တရုတ်က မကြိုက်တာ။
အမေရိကန်အားပေးတဲ့ KNU K3C ကလွဲပြီး အားလုံးက တရုတ်အထောက်အပံခံ Eaosများ။
တရုတ်သာ တခြားအိမ်နီးချင်းတွေလို ကျင့်ရင် မြန်မာနိုင်ငံအေးချမ်းတာကြာပြီ။
မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းဆို အထက်ပိုင်းက သယံဇာတပိုများတယ်။
မငြိမ်းချမ်း၊ လက်နက်ဖိုးငွေလို ရှိတာတွေ တရုတ်ထုတ်ရောင်း..အကုန်ပျက်စီးကိန်းဆိုက်တာပဲ။
တရုတ်က လာတိုက်စရာမလိုဘူး။
ရန်တိုက်ပေးနေရင်းကို အကျိုးအမြတ်အရမ်းရနေတာ..အိမ်နီးချင်းဆိုးပါ။
Crd. ကိုနှင်းမောင်။.