Notcoin Community
Notcoin Community
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
Moe Thit avatar

Moe Thit

သတင်းပေါင်းစုံတင်ပေးသည်။စစ်မှန်သောသတင်းများလည်းဖြစ်သည်။ပြည်ဖျက်ဝါဒဆန့်ကျင်ကြ
Рейтинг TGlist
0
0
ТипПублічний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуСіч 28, 2023
Додано до TGlist
Вер 22, 2024
Прикріплена група

Рекорди

07.02.202523:59
3.3K
Підписників
21.09.202423:59
0
Індекс цитування
07.02.202507:41
10.7K
Охоплення 1 допису
29.12.202423:59
1.1K
Охоп рекл. допису
28.01.202523:59
12.50%
ER
07.02.202507:41
326.23%
ERR

Популярні публікації Moe Thit

05.02.202503:15
၅-၂-၂၀၂၅

ဗန်မော်မြို့ကို တပ်မတော် အလုံးစုံထိန်းချုပ်၊
စစ်ကူစစ်ကြောင်းနဲ့ နယ်မြေခံ တပ်များ ပူးပေါင်းကာ နယ်မြေရှင်းလင်း။

pdf တပ်စွဲထားတဲ့ စာသင်ကျောင်းနဲ့ ရန်သူခြေကုပ်စခန်းကုန်းတွေ သိမ်းပိုက်ရရှိထား၊ တိုက်ပွဲတွင် PDF တွေကိုအိတ်နဲ့လိုက်ကောက်တာ db ၆၀ကျော်တွေ့ရှိ ဆက်လက် နယ်မြေရှင်းလင်းဆဲ ဖြစ်သည်။

ဗန်မော်မှ အောင်ပွဲရ
တပ်မတော်သားများ
08.02.202516:19
# ဗိုလ်မှူးချုပ်အယ်လ်ကွန်ဖန် ဟာ

အမေရိကန် ရိန်းဂျားသင်တန်း ကို

အနောက်တိုင်းသားတွေထက် ထူးချွန်စွာ

အောင်မြင် ခဲ့လို့

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ရဲ့

ကိုယ်ရံတော် အဖြစ် တာဝန်ထမ်းဆောင်ရန်

မြန်မာ့တပ်မတော် ကို လှမ်းတောင်း ရတဲ့ အထိ

မြန်မာ့တပ်မတော်ရဲ့ ဂုဏ်ကို မြှင့်ပေးခဲ့သူပေါ့ ။

ကိုက် ၅၀ လောက်ကနေ လူရုပ်ပုံ ပစ်မှတ်ရဲ့ခေါင်းကို

ဆယ်ချက်ပစ် ဆယ်ချက်လုံး နှဖူး တစ်နေရာတည်းကို

ပစ္စတိုနဲ့ ထိအောင် ပစ်နိုင်သူ ပေါ့ ။

ကိုယ်တိုင်ကားမောင်ရင်း ကားလမ်းပေါ် ဖြတ်ပြေး

ချေ ( ဂျီ ) ကို ပစ္စတို နဲ့ ခေါင်းထိအောင်

လျှပ်တစ်ပြတ် ကားမောင်းရင်းပစ်နိုင်သူပေါ့ ။

စိတ်ထား ကောင်းတယ် ကြွားဝါ လိုစိတ်မရှိ ။

ပြသနာတစ်ခုကို သွေးအေးစွာ

ဆုံးဖြတ်လေ့ရှိပေမယ့် စိတ် တိုလာပြီဟေ့ ဆို

သူ့ အောက်က အရာရှိငယ်တွေ

မပြေးကြနဲ့ တော့ ရပ်သာနေ ။

လက်က ပြေးနေမှ တန်း တာ ကိုး......

လူမျိုးစွဲ မရှိ ပါတီစွဲ ကင်း ပြီး

တပ်မတော် အပေါ် ထားရှိ တဲ့

သူ့ရဲ့ သစ္စာ တရားနဲ့ သမာသမတ် ကြတဲ့

လေးစား စရာကောင်းတဲ့ စိတ်ဓာတ်ကြောင့်

1985 October 15 ရက်နေ့မှာ

Kio / Kia ရဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း အဖွဲ့က

လုပ်ကြံသတ်ဖြတ်တာကို ခံ ခဲ့ရ ရှာပြီး

ကျည်ဒဏ်ရာ ခုနှစ်ချက် နဲ့

အဖဘုရားသခင် ၏ ကောင်းကင် အိမ်တော် သို့

ကြွ ချီ စံ မြန်း ခဲ့ ပါတယ်....

Kia ရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကြောင့်

တမခ ( ၃၃) မှ ဗိုလ်မှူးချုပ် ကျော်ဘ

မပခ တိုင်းမှူး ဖြစ်လာပြီး

Kio / Kia တွေ ကို အမြစ် ဖြတ် လိုက်

သုတ်သင်ခဲ့တယ်.....

Kio ဌာနချုပ် ပါဂျိုးနားဖော့ စခန်းကြီး ကျ ဆုံးပြီး

Kia တွေ နေစရာ မရှိ အောင်

သုတ်သင်လို့ ကုန်ခါနီး

၁၉၉၄ ခုနှစ်

န ဝ တ လက်ထက်မှာ နိုင်ငံတော် အကြီးအကဲက

Kio Kia အနေနဲ့ အပစ်ရပ်ရမည်

ငြိမ်းချမ်းရေး အရယူရမည် ဒေသဖွံ့ဖြိုးရေး ကို

နိုင်ငံတော် အစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်

ဒီမိုကရေစီ နိုင်ငံ အဖြစ် သို့ ရောက်လျှင်

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက်

နယ်ခြားစောင့် တပ်များအဖြစ်

တရားဝင်တာဝန်ထမ်းဆောင်ကြရမည်

စသည့် ကတိတွေ ပေးနိုင်ပါမည်လား ဟု မေးရာ

ကတိပေးပါသဖြင့် သစ္စာပေး၍ ငြိမ်းချမ်းရေး

ဖော်ဆောင်ကာလိုင်ဇာမြို့ကို အခြေပြုခွင့် ပေးခဲ့သည် ။

ထိုအချိန်မှာ ၁၇ နှစ် ကြာအောင်

Kio kia တို့သည် လူထု အခြေပြု စည်းရုံးပြီး

စီးပွားရေး တောင့်တင်းအောင်လုပ်သည်

လက်နက်စက်ရုံ လျှို့ဝှက် တည်ဆောက်သည် ။

နိုင်ငံတကာ အကာအကွယ်ယူလာသည် ။

#ဤသို့ဖြင့်..

ဒီမိုကရေစီ ခေတ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင်

နယ်ခြားစောင့် တပ် အသွင် ပြောင်း၍

နိုင်ငံ့တပ်မတော် အဖြစ်ကို ကတိဖျက် ငြင်းပယ်ပြီး

ယနေ့ထိတိုင် နိုင်ငံတော် အစိုးရကို

အန်တုယှဥ်ပြိုင်ပြီး သူတို့ကိုယ် သူတို့ Kio

အစိုးရဟုပင် သုံးနှူံးနေသော

သစ္စာ မရှိသည့် သူပုန်း အဖွဲ့သာ ဖြစ်

နေသည် ။

Crd
19.02.202501:44
#ရွှေဘတို့ပြန်လာပြီ
KIA/PDF အင်အား ၃၀၀၀ ကျော်လောက်ရဲ့
အသက် ဝိ ဥာ ဥ် တွေ ကို နှုတ်ယူနိုင်ခဲ့တဲ့
ဗန်မော် တိုက်ပွဲကတော့ ခေတ်သစ်စစ်ပွဲ

ဗန်းမော်တိုက်ပွဲဟာ သမိုင်းမှာ စံပြုတိုက်ပွဲကြီး တစ်ပွဲ ဖြစ်ကြောင်း
တပ်မတော် သမိုင်းကို ကမ္ပည်းထိုးပြနိုင်ခဲ့
ပြီ ဖြစ်ပါတယ် ။ပိုပြီး အံဩစရာကောင်းတာ
က တစ်ချိန်လုံး ဒရုန်း ဒရုန်း ဆိုပြီး ကျွန်တော်
တို့တွေ ကလေး မုန့်ပူဆာသလို ပူဆာခဲ့ကြ
တဲ့ ဆန္ဒတွေပြည့်ဝ အောင် လည်း
တပ်မတော်ရဲ့ ဒရုန်းစွမ်းရည်တွေကို
Night Vision တွေနဲ့ပါ ဗန်မော် တိုက်ပွဲ
မှာမျက်ဝါးထင်ထင်မြင်တွေ့ လိုက်ရတာပဲ
ဖြစ်ပါတယ် ။
ဒါဟာ ရွှေဘ ပြန်လာပြီးဆိုတာကို
တစ်နိုင်ငံလုံးက သူပုန်တွေကို သတိ
ပေးလိုက်တာနဲ့ အတူတူပါပဲ။
ဟုတ်ပါတယ် ။ ဗန်မော်
တိုက်ပွဲအောင်မြင်မှု ပုံရိပ်တွေ
က ရွှေဘတို့ ပရိတ်သက် တွေ ကို
ရွှေချပြီး အိပ်စက်တောင် အိပ်စက်လို့
ရအောင် လုံခြုံမှု ပေးစွမ်းနိုင်တော့မှာ
ဖြစ်ပါတယ် ။တစ်ဖက်
မှာလည်း ဗန်မော် အောင်စိတ် က လှောင်ပိတ်
နေတဲ့ အမှောင်ရိပ်တွေကို ဖောက်ခွင်းရင်း
မြန်မာတစ်ပြည်လုံး ဆီကို တောက်ပြောင်တဲ့
သတင်းတွေနဲ့ အမှောင်ကိုခွင်းကာ
အလင်းဆောင်တော့မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လေးစရာစရာ ကောင်းတာက
ဗန်မော် ကို ကျူးကျော်လာတဲ့ အကြမ်းဖက်
သောင်းကျန်းသူတွေကို ရဲရဲရင့်ရင့် ရွံ့ရွံ့ချွန်ချွန်
ခုခံတိုက်ခိုက်ခဲ့ကြတဲ့ သံမဏိလို မာကျောတဲ့
ဗန်မော် ဒေသခံ အရာရှိ/စစ်သည် မိသားစုဝင်
တွေရဲ့ စိတ်ဓာတ်ပါပဲ ။ ဘုရင်နောင်ရဲ့ နောင်ရိုး
စိတ်ဓာတ်မွေးပြီး သူပုန်ကို အမုန်းကျွေးခဲ့
ကြတဲ့ သမိုင်းကတော့ ခိုင်နှိုင်းစရာမရှိလောက်
အောင် ဂုဏ်ယူစရာ ကောင်းလို့ ခမ်းနား
နေအုံးမှာပါ ။
ဒါ့ကြောင့် နပိုလီယံ က စစ်ရေးအောင်မြင်မှု
ရဲ့ အဓိကသော့ချက်ဟာ စိတ်ဓာတ်ဖြစ်တယ် ။
စစ်တိုက်တဲ့နေရာမှာ စိတ်ဓာတ်ဟာ ရုပ်ပစ္စည်း
တွေထက် (၃) ဆ တန်ဖိုးရှိတယ်လို့ ပြောခဲ့တာ
ဖြစ်မယ်။
အခုတော့ ဗန်မော် တိုက်ပွဲ ဟာ နပိုလီယံ
ပြောသလို တပ်မတော်သားတွေရဲ့
မာကျောတဲ့စိတ်ဓာတ်နဲ့ သက်သေပြ
လိုက်တာပဲ ဖြစ်ပါတယ် ။
ဘာပဲပြောပြောပေါ့လေ
ဗန်မော် ဟာ တပ်မတော်ရဲ့
ဒရုန်းနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ
နည်းပညာ ခြေလျင် အမြောက်
တပ်မတော်(လေ) လက်ရုံးတပ်ဖွဲ့များရဲ့
အောင်စိတ်နဲ့အတူ ဟန်ချက်ညီစွာ
တိုက်ထုတ်နိုင်ခဲ့တဲ့ ခေတ်သစ်နည်းပညာ
အခြေပြုစစ်ပွဲတွေရဲ့ အဖွင့်နိဒါန်းပုံရိပ်အဖြစ်
သမိုင်းရေးနိုင်ခဲ့ပြီဖြစ်သလို ဒီအောင်မြင်မှု
က လည်း တစ်နိုင်ငံလုံးအောင်မြင်မှုဆီကို
ကူးစက်ပျံ့နှံ့သွားတော့မှာက
မလွဲမသွေပါပဲ ။
သေချာတာကတော့ ရွှေဘ တို့ပြန်လာပြီ
ဆိုတာကိုတော့ ပြည်သူလူထုကို
သတင်းကောင်းပါးလိုက်ပါရစေ ။

Crd
10.02.202516:40
Pdfတို့၏ လက်တွေ့ဘဝများ✅✅✅✅✅
🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼🇹🇼
ဒီနေ့ ထူးထူးခြားခြား ဖုန်းစိမ်းတစ်လုံးဝင်လာပါတယ်။ကိုင်လိုက်တော့ ၂၀၀၁ လောက်က ၁၀တန်းအတူတက်လာတဲ့ သူငယ်ချင်းဖြစ်နေတယ်။
ကိုယ်က သူ့ကို မလေးရှားမှာအလုပ်လုပ်ရင်း အိမ်ထောင်ကျသွားတာလို့ သိထားတာ။

''သူငယ်ချင်းမင်းဘယ်မှာလဲဆိုတော့ အင်းတော်ဘက်မှာတဲ့ ၊အလုပ်အကိုင်ကောင်းလား ''ဘာညာမေးတော့

"ငါ တော်လှန်ရေးလုပ်နေတာ ကြာပြီတဲ့၊နေမကောင်းတာလည်းကြာပြီတဲ့ စိတ်ဓာတ်တွေလည်းကျ ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေလို့ (....) က ဖုန်းနံပါတ်ပေးလိုက်လို့ ဖုန်းဆက်လိုက်တာ''တဲ့။အဲ့တော့

"အခြေအနေပြောပါအုံး ကျွန်းလှ၊ကန့်ဘလူ၊ရွှေဘို ကိုသိမ်းမယ်ကြားနေလို့'' ဆိုတော့၊

''မဖြစ်နိုင်ပါဘူးကွာတဲ့ အကြီးပိုင်းတွေက ရေနံ၊ရွှေနဲ့ကျောက်စိမ်းကနေ သူဌေးတွေဖြစ်နေကြပြီး အောက်ခြေကို မကြည့်ကြဘူး၊
သူတို့မိသားစုကျတော့ ရွှေတွေညွတ်နေအောင်ဆင်ထားတယ်၊ကားဆိုလည်း ဇီးရိုးကီလိုမှ ဝယ်စီးတယ်ကွာ
သူတို့က စစ်တိုက်ဖို့ထက် ငွေရှာဖို့ပဲ စိတ်ဝင်စားကြတော့တာ ၊အောက်က ကောင်တွေက လစာမရ၊အစားအသောက် ကောင်းကောင်းမကျွေး၊ဂရုမစိုက်၊

စစ်တိုက်တော့လည်း သူတို့မပါဘူး၊သူတို့က စကားပြောစက်နဲ့ပဲတိုက်တာ၊ငါတို့က တကယ်တိုက်ရတာ၊ဒဏ်ရာရလာရင်လည်း အားပေးစကားမပြော ဂရုမစိုက် ရှိတယ်လို့တောင် မမှတ်ဘူး။
Kia တွေဆို ပိုဆိုး သံသယမျက်လုံးနဲ့ အမြဲကြည့်နေတာ၊ဖုန်းသုံးတာကအစ မိသားစုနဲ့တောင် ဖုန်းကောင်းကောင်းမပြောရဘူး။
အိမ်ပြန်ချင်တဲ့သူတွေအများကြီးပဲ၊ပြန်လာရင် မိသားစုဝင်တွေရဲ့အသက်အာမ မခံဘူးလို့ပြောထားတဲ့အတွက် ငဲ့ပြီးမပြန်ကြတာ။

အာဏာရှင်တော်လှန်ကာမှ အာဏာရှင်ထက်ပိုဆိုးတဲ့သူတွေနဲ့ လာတွေ့နေတယ်ကွာ၊ဟိုတလောကလည်း ရွှေဘိုဘက်ကလို့ပြောတာပဲ ကလေးမလေး ကိုယ်ဝန်ရလို့ ဘယ်ကရတဲ့ဆေးတွေနဲ့လည်းမသိဘူး တိုက်ပြီးဖျက်ချခိုင်းတာ
သွေးဆင်းတာတွေများပြီး သေရောကွာ၊မပေါက်ကြားရဘူးတဲ့ သူ့အိမ်ကလည်း သိမှာမဟုတ်ဘူး၊ပရမ်းပတာတွေပါကွာ........''

စသဖြင့် စသဖြင့် ဖုန်း ၂နာရီလောက်ပြောပြီး ကူညီနိုင်တာရှိကူညီမယ့်အကြောင်းပြောရင်း စကားဖြတ်လိုက်ရတယ်။
မိမိအတွေးထဲမှာတော့ တောထဲမှာ ဒုက္ခရောက်နေကြတဲ့ နိုင်ငံရေးဆိုတာ ဘာမှန်းမသိတဲ့ အသုံးချခံ pdf ကလေးတွေဘဝကို သူတို့မိဘတွေအစား ရင်မောမိပါတော့တယ်။

ကိုလူချော (ကျွန်းလှမီးအိမ်ရှင်)
09.02.202517:11
ပြောင်းလဲလာသောပြည်တွင်းစစ်
****

၂၀၂၅ဟာအစိုးရလက်ခမောင်းခတ်နိုင်တဲ့နှစ်ဖြစ်ပြီလို့သည်ရေးထားသလိုဗန်းမော်ဟာKIAအတွက်သတ်ကွင်းဆိုတာလည်းအရိပ်အမြွတ်အားဖြင့်ရေးပြခဲ့တယ်။အားမရလို့ထဆဲတာကတပိုင်းတကယ်လည်းတပ်မတော်ဟာယခင်လိုအင်အားချိနဲ့မနေတော့ပါ။၄နှစ်ကျော်ကာလအတွင်းတိုင်းစစ်ဌာချုပ်၂နေရာကျသွားပြီးနောက်ယခုအချိန်ယခင်တိုင်းစစ်ဌာနချုပ်နေရာတွေဟာအင်အားအပြည့်နဲ့ပြန်ပြီးလည်ပါတ်နေပါပြီ။
မြန်မာပြည်အနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုကြည့်လိုက်ရင်တပ်မတော်အင်အားဖြန့်ထားရတယ်ဆိုပေမဲ့လက်နက်ကိုင်သူပုန်တွေဟာယခင်လိုထိုးစစ်မဆင်နိုင်ကြတော့ပဲခံစစ်ဖက်ကိုတဖြည်းဖြည်းပြောင်းလဲသွားနေတာသေချာကြည့်ရင်မြင်ရပါလိမ့်မယ်။
-
၁။တောင်ပိုင်းတိုင်းကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်သူပုန်တွေနဲ့PDFအင်အားဟာပြောပ
လောက်အောင်မကျန်တော့ပါဘူး။ယခင်လိုကော့ကရိတ်မစိုးမိုးနိုင်ကြတော့ပဲသင်္ကန်းညီနောင်လက်မလွှတ်ရရေးသာအသဲအသန်ကြိုးစားနေတာကိုမြင်ရတယ်။တပ်မတော်ဖက်ကခြိမ်းခြောက်နိုင်စွမ်းရှိနေပြီဆိုတဲ့သဘော
မနေ့ကတိုက်ပွဲမှာဗိုလ်နားမကြားနဲအခြားတပ်ခွဲမှူးတစ်ယောက်အပါ၅ယောက်ကျသွားပြန်တယ်။
-
၂။ကယားမှာကယားသူပုန်တွေဟာခံစစ်ဖက်ကိုသိသိသာသာပြောင်းသွားသလိုယခင်စိုးမိုးထားသောနေရာတွေကနေတဖြည်းဖြည်းနောက်ဆုတ်ပေးနေရတာပကတိအရှိတရားပါ။လိွုင်ကော်ဟာမကြာသောကာလတက္ကသိုလ်တွေပြန်ဖွင့်နိုင်ပါတော့မယ်။
-
၃။တနင်္သာရီယခင်လိုခြိမ်းခြောက်နိုင်စွမ်းလုံးဝမရှိ
-
၄။ စစ်ကိုင်းဒီနှစ်အညာထန်းသီးတွေတဖြုတ်ဖြုတ်ကြွေတဲ့နှစ်လို့ပြောရင်တောင်ရတယ်။ရှေ့လျှောက်အညာမှာပြာပုံတွေတိုးလာပြီးစစ်ပွဲအလွန်နောင်လာလတ္တံသော အညာမှာစိုက်ပျိုးရေးပိုမိုဖြစ်ထွန်းအောင်မြင်မှာသေချာပါပြီ။
-
၅။ရှမ်းမြောက်TNLAသည်တောင်ခမ်းပါတ်ပါတ်လည်ရှိသမျှစခန်းအကုန်ပြန်ပေးနေရပြီးယခင်လိုထိုးစစ်ဆင်နိုင်ဖို့ထက်နောင်ချိုကထွက်မပြေးရရေးကိုအားစိုက်နေရတာထင်ရှားပါတယ်။
လက်ရှိတပ်မတော်ကိုထိုးစစ်ဆင်နိုင်သေးတဲ့အဖွဲ့ကိုကြည့်ရင်KIAနဲ့AAပဲကျန်တယ်။ဒါတောင်သူချည်းသက်သက်အနေအထားနဲ့ထိုးစစ်မဆင်နိုင်တော့ပါ။ဒါလည်းလွန်ရောကျွံရော၂၀၂၅ကုန်လောက်သာဖြစ်နိုင်ပါတယ်။AAဟာ စစ်ပန်းနေတဲအပြင်မောင်းတောမှာဘင်္ဂလီလက်နက်ကိုင်နဲ့ပင်လယ်ပြင်ကတပ်မတော်Navyရန်ကိုတချိန်လုံးဂရုစိုက်နေရလို့ပြန်လည်တည်ဆောက်ရေးအပိုင်းဆိုတာအလှမ်းဝေးလွန်းလှတယ်။စားနပ်ရိက္ခာရောဂါဘယဘေးစတာတွေရင်ဆိုင်နေရတာမို့အကယ်၍မမောင်းတောနဲ့သံတွဲကိုတပ်မတော်ကတပြိုင်တည်းထိုးစစ်ဆင်ရင်လက်ရှိအနေအထားအများကြီးပြောင်းလဲသွားနိုင်ပါတယ်။
ဒါ့ကြောင့်ရှေ့လျှောက်မြင်ရမဲ့စစ်ပွဲတွေမှာKIAနဲ့AAပဲအားစိုက်ရတော့မယ်ဆိုတာသေချာစေတယ်။
-
kIAကဗန်းမော်ရဖို့လုံးပမ်းနေချိန်တပ်မတော်ကိုAAကဘယ်ပြပြီးညာဝိုက်ဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲတပ်မတော်ကအလုံးအရင်းနဲ့တဖက်ကိုပိတ်ပြီးတဖက်မှာကာလိုက်နိုင်တယ်။AAနဲ့KIAကလည်းတပ်မတော်ကိုအင်အားပြန့်စေပြီးရည်မှန်းချက်ကိုရဖို့ကြိုးစားနေကြသလိုတပ်မတော်ဖက်ကလဲတဖက်အင်အားကိုကြိုတင်ပြီးလေကြောင်းနဲ့အမှုန့်ချေပါတယ်။
ဗန်းမော်ကိုKIAကတိုက်ဧရာဝတီမှာAAကစစ်ဆိုင်စေပြီးအညာထန်းသီးတွေနဲ့ဝင်သိမ်းဖို့ကြံတယ်။AAနဲ့အညာထန်းသီးတွေရန်မှန်းချက်ကကပစတွေပါ။
AAကဧရာဝတီကိုဝင်ရအောင်ဒီလောက်မိုက်မဲမယ်လို့အစတည်းကမထင်ပါဧရာဝတီမှာAAရစရာဘာမှမရှိ။
-
ဧရာဝတီမှာAAအဖွဲ့ကိုဧရာဝတီတပ်တွေနဲ့ဆိုင်စေပြီးအညာသီးတွေကိုအရင်ဆုံးဖြိုထားလိုက်လို့အညာမှာယခင်လိုအသံတောင်မထွက်နိုင်တော့ဘူး။
လက်ရှိအပြင်းထန်ဆုံးတိုက်ပွဲကဗန်းမော်ပါစကခ၂၁နဲ့ခမရ၂၃၆ကြားအမတ၃၆၆ကိုဝင်စီးတော့တပ်ကဆုတ်ပေးလိုက်ပြီးသတ်ကွင်းထဲဝင်လာတဲ့KIAကိုလေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီးမြေပြင်ထိုးစစ်ပြန်ဆင်လို့အရှင်အသေရောအများကြီး
ပြန်ရလိုက်ပါတယ်။စစ်ပွဲဟာနိုင်သူကသာသမိုင်းရေးပြီးရှုံးသူကသိက္ခာရောအသက်ပါပေးရစမြဲပါဗန်းမော်ဟာခုချိန်ထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲပါ။
-
အထက်ပါအချက်တွေချုပ်ကြည့်လိုက်ရင်၂၀၂၆ဟာလက်နက်ကိုင်သူပုန်အားလုံးအိမ်မက်ဆိုးမက်ရတော့မည့်နှစ်လို့သာမြင်ပါတယ်။မိမိအမြင်ပါ။


# crd Min   Lwin
08.02.202516:41
ရွှေကူမြို့ မြစ်ဘေးမှာ KIA ရွှေတူးနေပါတယ်။ ဒေသခံတွေက မကျေနပ်ပေမယ့် မပြောရဲကြဘူး။
-
(ဒေသခံတွေ ဆန္ဒအတိုင်း ဗုံးကြီးကြီးလေး ပို့ပေးလိုက်ပါခင်ဗျာ)
11.02.202516:39
မိုးဗြဲရှိ အကြမ်းဖက်သမားများအား Drone ဖြင့် ချေမှုန်းခြင်း။
-
တိုက်ပွဲသတင်းစုံ
08.02.202517:17
စစ်တွေကို တပ်မတော်ကရသွားတဲ့
ဟောင်ဝစ်ဇာနဲ့ AA ကအဝေးကပစ်တယ်။
တပ်ကလေယာဥ်နဲ့ ပစ်တဲ့နေရာကိုအစာကောက်ပေးလိုက်တယ်
ငြိမ်သွားပြီဆိုတော့...မျိုးကမ်းကုန်တဲ့သဘောဘဲ။
09.02.202501:33
တနေ့က ဗန်းမော်ထောင်ကို ချဉ်းကပ်လာတဲ့ အကြမ်းဖက် KIA/PDF အလောင်းတွေရဲ့ HD Version ဗီဒီယိုပါ..
-
KIA အထူးတပ်ရင်းလည်း မရဘူး .. အကုန် စမုံတုန်းသွားပြီ .. သပိတ်သွတ်လို့ရအောင် တစ်ယောက်ချင်းစီ ရိုက်ပြတာ ..
-
ကောင်းမွန်စွာ မီးသဂြိုလ်ပေးပြီးဖြစ်ပါတယ်။
-
Fighting ပါ ဗန်းမော်မှ တပ်မတော်သားများ။။။ 💪💪💪
-
တိုက်ပွဲသတင်းစုံ
12.02.202509:51
ရုရှားက ဒီမနက် အရုဏ်တက်ချိန်မှာ
ကိယက်ဗ်မြို့တော်နဲ့ မြို့တော်အနီးတဝိုက်
မစ်ဇိုင်း တိုက်ခိုက်မှုတွေ အပြင်းအထန်
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်း အာဏာပိုင်တွေရဲ့ အဆိုအရ
ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ လေကြောင်းရန်
ကာကွယ်ရေး သတိပေးချက် ထုတ်ပြန်ရန်
နှောင့်နှေးကြန့်ကြာခဲ့တယ်။ ရုရှားရဲ့
မစ်ဇိုင်းတွေ ယူကရိန်း ဝေဟင်ထဲ
ဝင်ရောက်လာတာ လေကြောင်းရန်
ကာကွယ်ရေးစနစ် ရေဒါတွေက ရှာဖွေ
တွေ့ရှိဖို့ အတော်လေး ခက်ခဲခဲ့တယ်လို့ ဆိုတယ်။
ဒါကြောင့် ရုရှားက ဘယ်လို မစ်ဇိုင်းတွေနဲ့
တိုက်ခိုက်ခဲ့တယ် ဆိုတာ မသိနိုင်ခဲ့သလို
ကြားဖြတ်ပစ်ချနိုင်ခဲ့ခြင်းလဲ မရှိဘူးလို့
ရိုက်တာသတင်းဋ္ဌာနက ဖော်ပြထားကြောင်းသိရပါတယ်ခင်ဗျ။

Crd
AAရဲ့လျှို့ဝှက်ထုတ်ပြန်စာပေါက်ကြား
08.02.202516:56
အိမ်နီးချင်းဆိုး။

အိန္ဒိယနယ်စပ်မှာ သူပုန်တွေစုဖွဲ့လို့မရဘူး။ အိန္ဒိယကနေ လက်နက်သွင်းလို့မရဘူး။
အိန္ဒိယကနေပြီး အကြမ်းဖက်လို့မရဘူး..အနည်းအကျဥ်းရှိကောင်းရှိမယ်..ဒါပေမဲ့ အိန္ဒိယနယ်စပ်ငြိမ်းချမ်းတယ်။

ဘင်္ဂလားဒေ့ရှ်..ဘင်္ဂလီပြဿနာရှိပေမဲ့ AA ကိုတော့ အားပေးအားမြှောက်မလုပ်ဘူး။
အရင်တုန်းက နယ်စပ်မှာ proxy ပုံစံနဲ့နေရာပေးဖူးတယ်။
ဒါပေမဲ့ အဆင်မပြေလို့မောင်းထုတ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်လည်း စိတ်ပူစရာမလိုဘူး။

လာအိုနယ်စပ်နဲ့ နယ်ထဲမှာ သူပုန်မနေနိုင်ဘူး

ထိုင်းက စီးပွားရေးပဲနားလည်တယ်။ လက်နက်ရောင်းချင်ရောင်းမယ်။
နေခွင့်ယာယီပေးတယ်ဆိုပေမဲ့ သူပုန်တွေ စိတ်ချလက်ချအိပ်လို့မရတဲ့နိုင်ငံထဲမှာ ထိုင်းလည်းပါတယ်။ KNU ကလွဲပြီး ကျန်တာ အာရုံမထားဘူး။
သူလည်း မြန်မာနိုင်ငံကို ဆိုးဆိုးဝါးဝါးမလုပ်ဘူး။

တရုတ်...မြန်မာပြည်မြောက်ဖျားကနေ မြေပုံတစ်ဝက်အထိ တရုတ်နဲ့ကင်းတဲ့ သူပုန်မရှိဘူး။
စစ်ပွဲတွေဖြစ်တာကလည်း တရုတ်နဲ့တရုတ်မဟာမိတ်တွေတိုက်တာများတယ်။ AA,TNLA,MNDA နောက်မှာ KIA နဲ့ UWSA ရှိတယ်။
သူတို့နောက်မှာ တရုတ်ရှိတယ်။

အဲဒါကြောင့် အမေရိကန်ကအားပေးတဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်လမ်းစဥ်ကို တရုတ်က မကြိုက်တာ။
အမေရိကန်အားပေးတဲ့ KNU K3C ကလွဲပြီး အားလုံးက တရုတ်အထောက်အပံခံ Eaosများ။
တရုတ်သာ တခြားအိမ်နီးချင်းတွေလို ကျင့်ရင် မြန်မာနိုင်ငံအေးချမ်းတာကြာပြီ။

မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းဆို အထက်ပိုင်းက သယံဇာတပိုများတယ်။
မငြိမ်းချမ်း၊ လက်နက်ဖိုးငွေလို ရှိတာတွေ တရုတ်ထုတ်ရောင်း..အကုန်ပျက်စီးကိန်းဆိုက်တာပဲ။
တရုတ်က လာတိုက်စရာမလိုဘူး။
ရန်တိုက်ပေးနေရင်းကို အကျိုးအမြတ်အရမ်းရနေတာ..အိမ်နီးချင်းဆိုးပါ။

Crd. ကိုနှင်းမောင်။.
ချင်းဟာ သဘာဝ သယံဇာတ မထွက်ဘူးဆိုပေမယ့် ပြည်တွင်း၊ပြည်ပ ခရီးသွားတွေအတွက် ပိုက်ဆံကောင်းကောင်း ရှာပေးနိုင်တဲ့ ပြည်နယ်တခု။ ခက်တာက ညီညွှတ်ဖို့လည်း လိုသလို အေးချမ်းဖို့လည်း လိုတယ်။

ဘာသာရေး အကြောင်း ထည့်မပြောချင်ပေမယ့် တရွာနဲ့ တရွာ ၊ တဘာသာနဲ့ တဘာသာ ဘယ်ဘုရား တန်ခိုး ပိုကြီးသလဲ ဆိုတာကလည်း ခပ်များများ ပြိုင်လေ့ရှိတဲ့ ပြည်နယ်တစ်ခု။ ဆင်းရဲတာ၊ ချမ်းသာတာ အကြောင်း တခု မဟုတ်ပေမဲ့ သင်းအုပ်ဆရာက သေဆိုသေ၊ ရှင်ဆိုရှင် ကိုယ်ပိုင်တွေးတောမှုကို ဘေးထုတ်ထားတဲ့ ပြည်နယ်တခု ဆိုရင်လည်း မမှားဘူး။

ဒီအရေးအခင်းစကတည်းက ရေးဖူးပါတယ်။ ချင်ပြည်က သွားရှုပ်လို့မရဘူး။ သူဖာသူတောင် ရှုပ်နေတာ။ ခုလည်း ရှုပ်သလို နောင်လည်း ရှုပ်နေဦးမှာပဲ။ အာဏာနဲ့ လုပ်ပိုင်ခွင့်အတွက် အချင်းချင်းလည်း သတ်ကြဖြတ်ကြသလို ပလက်ဝလည်း AA လက်ထဲက ပြန်ရမှာ မဟုတ်ဘူး။ ခုလည်း မင်းတပ်ကို ပြန်ဝင်ရင် ဒေသခံတွေ ရန်ပုံငွေ ထည့်ရမယ်တဲ့။ တခြားသူမျိုးမဟုတ်ဘူး။ ချင်း အချင်းချင်းကို ဒီလို တွယ်ကြတာ။


(နရီမိုး)
11.02.202516:45
ဖြစ်ချင်တာလစ်ဘရယ်၊ ဖြစ်သွားတာ လက်ဝဲ(သို့မဟုတ်)လက်ယာအစွန်းရောက်
--------------------------------------------------
(၁၁-၂-၂၀၂၅)

ချင်းပြည်နယ်၊ မင်းတပ်ကို သိမ်းထားတဲ့ CDF နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မင်းတပ်ကို ပြန်လာချင်တဲ့ စစ်ရှောင်တွေ တော်လှန်ရေးရန်ပုံငွေထည့်ပြီးမှ မြို့ထဲပြန်ဝင်ခွင့်ရမယ်ဆိုတဲ့ စည်းမျဉ်းအပါ စည်းကမ်း ၁၂ ချက်ကို ဖေ ၉ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖတ်လိုက်ရတယ်။

ပြုံးရုံပါပဲ။ စစ်ဖြစ်လို့ အိမ်မီးလောင်တဲ့သူနဲ့၊ အဝတ်တစ်ထည် ကိုယ်တစ်ခုကလွဲ ဘာမှ မယူနိုင်ခဲ့တဲ့ စစ်ရှောင်တွေ ဘယ်လိုလုပ်ကြပါ့မလဲ။

ကိုယ့်နိုင်ငံသားတွေဟာ အထူးသဖြင့် လူငယ်တွေဟာ လစ်ဘရယ်ဝါဒကို သိပ်ကြိုက်ကြတယ်။ တန်းတူညီမျှသော လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီကို လိုချင်ကြတာ မဆန်းပေမယ့် ဆန်းတာက ကိုယ်ကိုယ်တိုင်ကျင့်သုံးနေမိတဲ့ စနစ်တွေကို ကိုယ်တိုင်နားမလည်တာပဲ။ သူများထုတ်တဲ့ စည်းနဲ့ဘောင်နဲ့ဆို သိပ်မကြိုက်ချင်ဘူး။ ကိုယ်ထုတ်တဲ့ စည်းကမ်းကိုတော့ သူများကိုလိုက်နာစေချင်တယ်။

ဒီမိုကရေစီမရလို့ တော်လှန်ရေးလုပ်တယ်နော်။ မြို့တွေသိမ်းပြီးတော့လည်း ဒီမိုကရေစီနဲ့အညီ အုပ်ချုပ်မပြနိုင်ပါဘူး။ လူမျိုးရေးအစွဲနဲ့ ဟိုလူမျိုးမဝင်ရဘူး၊ ဒီလူမျိုးမဝင်ရဘူးလို့ လက်ယာဘက်ကိုသွားတဲ့အဖွဲ့ကသွားတယ်။ ရန်ပုံငွေတို့ အခွန်တို့ မထည့်မနေရတို့ မလုပ်မနေရတို့ လက်ဝဲဘက်ကိုသွားတဲ့အဖွဲ့ကသွားတယ်။ အစွန်းနှစ်ဖက်လုံးကို ဘယ်ပြန်ညာပြန်သွားနေတဲ့အဖွဲ့ကသွားတယ်။ ဘယ်မှာလဲ လစ်ဘရယ်?

ကိုယ်ကိုယ်တိုင်အုပ်ချုပ်တဲ့နေရာရောက်လာကြတဲ့အခါမှာ ဘာစနစ်နဲ့အုပ်ချုပ်မလဲဆိုတာက အရေးကြီးပါတယ်။ ကိုယ်လုပ်ခဲ့သမျှအရာအားလုံးဟာ မူလဦးတည်ချက်တွေဆီကနေ သွေဖယ်မသွားဖို့လိုတယ်။

ဆိုတော့ EAOs တွေအနေနဲ့ တကယ်ပဲ တပ်ဖက်ကအုပ်ချုပ်တာကို လက်မခံနိုင်လို့ ဒီမိုကရေစီအစိုးရလိုချင်လို့ PDF တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလား၊ ဒါမှမဟုတ် စစ်တပ်အခက်၊ EAOs တွေအချက် ဆိုပြီး ဆွမ်းကြီးဝိုင်းလောင်းကြသလားဆိုတာတော့ သူတို့ရဲ့ လုပ်ရပ်တွေက နောက်ပိုင်းမှာ သက်သေပြသွားကြမှာပါ။

လစ်ဘရယ်ကို ကြိုက်ကြရင် အစိုးရနဲ့ လူ့အခွင့်အရေးတွေကြားမှာ လစ်ဘရယ်ဆန်ဆန် ညှိနှိုင်းနိုင်တဲ့ အစွမ်းရှိကြရမယ်။ အဲ့ဒီလိုအစွမ်းအစလည်း မရှိခဲ့ကြပဲနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုပဲအမှန်ထင်သွားကြတဲ့အခါမှာ ဘယ်အစိုးရတက်လာလာ ကိုယ့်စိတ်နဲ့မကိုက်ရင် လက်နက်ကိုင်ရမယ်ဆိုတဲ့ လက်ဝဲစွန်းအယူအဆတွေဝင်သွားနိုင်တယ်။ အဲ့ဒီအခါမှာ အစိုးရပြုတ်ကျရင်ပြီးရော သုံးလို့ရသမျှနည်းလမ်း အကုန်သုံးပြီး မီဒီယာတွေကနေဖြစ်စေ၊ လက်တွေ့မြေပြင်မှာဖြစ်စေ Strike တွေပြုလုပ်ကြတဲ့အခါ လုပ်သင့်၏ မလုပ်သင့်၏ မစဉ်းစားတော့ပဲ ကိုယ်ကိုယ်တိုင်ကလည်း မတော်မတရားတဲ့ အဖွဲ့အစည်းတွေဖြစ်သွားတတ်တာကို သတိမူရမယ်။

အဓိကကတော့ တစ်ပွဲထိုးအနေနဲ့ သွင်းပေးလိုက်တဲ့ လက်ဝဲအစွန်းရောက်ဝါဒက ဘယ်အစိုးရတက်လာလာ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် အဆိပ်အတောက်ဖြစ်လာမှာကို ကြိုမတွေးတာပဲ။ ထစ်ကနဲရှိ လက်နက်ကိုင်မယ်၊ ထစ်ကနဲရှိ တော်လှန်မယ်ဆိုတဲ့ အယူအဆဟာ ကိုယ့်လူမျိုးတွေ လိုချင်တဲ့ လစ်ဘရယ် (အလယ်အလတ်လမ်းစဉ်) မဟုတ်ဘူးဆိုတာ မှန်ကန်စွာ ဦးဆောင်လမ်းပြပေးနိုင်ဖို့လိုတယ်။

လစ်ဘရယ်ရဲ့အနှစ်သာရဟာ လူတစ်ဦးချင်းစီရဲ့ နိုင်ငံရေးမျှော်တွေးနိုင်မှု၊ ကိုယ်တိုင်စည်းကမ်းစနစ်တကျရှိမှုတို့အပေါ် အများကြီး တည်မှီနေပါတယ်။ ဒီလိုအခြေခံလိုအပ်ချက် မပြည့်မှီပဲ လစ်ဘရယ်ဝါဒကို ဘယ်လိုများအကောင်အထည်ဖော်ကြမလဲ???

မင်းတပ်ဘက်တို့ လောင်ကိုင်ဘက်တို့ EAOs မြို့တွေမှာ အုပ်ချုပ်မယ့်စနစ်ဟာ ပြည်သူလိုလားတဲ့ အုပ်ချုပ်ရေးစနစ်တွေ မဖြစ်ခဲ့ပဲနဲ့ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်နေတာ မြင်ရတော့ ဖြစ်လာပြီပဲလို့ပဲ တွေးမိပါတယ်။

(ပိုင်စိုး)
Увійдіть, щоб розблокувати більше функціональності.