26.02.202511:56
26.02.202500:41
25.02.202515:30
မြဝတီမြို့နယ်မြောက်ဘက် ဒေါနတောင်ခြေရှိ သစ်ကတ္တေ စံပြကျေးရွာတွင် ဆကပရူ ဆေးရုံ (HSAR KA PRU Hospital) ဖွင့်လှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက် ဘက် ဒေါနတောင်ခြေရှိ သစ်ကတ္တေစံပြ ကျေးရွာတွင် ခုတင် ၃၀ ဆ့ံ ဆကပရူ ဆေးရုံ (HSAR KA PRU Hospital) ကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်မြောက်ဘက်တွင် ကျေးနယ်ခုနစ်ခု၊ ကျေးရွာပေါင်း၃၆ ရွာရှိကျေးရွာသားများအား ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်၊ မသေသင့်ဘဲ အသက်ဆုံးရှုံးမှု မရှိစေရန်အတွက် ကျပ်သိန်းပေါင်းများစွာအကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း၊ ဆေးရုံ တည်ဆောက်ပေးသူလည်းဖြစ်၊ ကရင်ပြည် နယ် နယ်ခြားစောင့်တပ် အမှတ် (၂) စစ်ဒေသမှူးလည်းဖြစ်သည့် ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောကြားသည်။
“ဆေးရုံတည်ဆောက်ရတဲ့ ရည်ရွယ် ချက်ကတော့ ဒီနယ်မြေမှာရှိတဲ့ ပြည်သူတွေ ပေါ့။ ကျွန်တော်တို့ မဲ့ပလဲ့ဒေသမှာ ကျေးနယ် ခုနစ်နယ်၊ ကျေးရွာပေါင်း၃၆ ရွာ၊ ကျေးရွာ တွေမှာနေတဲ့ ပြည်သူတွေဟာ မြို့ပေါ်သွား ပြီး ဆေးဝါကုသဖို့ အခက်အခဲအများကြီးရှိ တယ်။ တချို့က မသွားရဲဘူး။ တချို့က ပိုက်ဆံ မရှိဘူး။ ဒီရွာတွေမှာ အခက်အခဲက ကလေး မွေးတာ၊ အူအတက်ပေါက်တာတွေ အဲဒီလို ပေါ့။ မသေသင့်တဲ့ရောဂါတွေနဲ့ ခဏခဏ ကြုံတွေ့ရတယ်။ ဘာမဟုတ်တဲ့ ဝမ်းပျက်တဲ့ ရောဂါတွေ၊ မြို့မှာဆိုရင် ဘယ်သေမလဲ။ တောမှာဆိုတော့ သွားမတတ် လာမတတ်၊ မိရိုးဖလာလုပ်ရင်းနဲ့ အသက်ဆုံးရှုံးတာတွေ ကြုံရတယ်။ ကျန်းမာရေးမှူးတွေ၊ ဆေးဆရာ တွေ မရှိဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီရွာ မှာ ကြီးပြင်းလာတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့နယ်မှာ လက်လှမ်းမမီတဲ့အ တွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာဖြစ် ပါတယ်” ဟု ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။
Read More - - - >>> https://news-eleven.com/article/300582

25.02.202512:58
ယူကရိန်းထံမှ သိမ်းပိုက်ထားသောဒေသများ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုအတွက် အဆင်သင့်ဟု ရုရှားသမ္မတ ပူတင် ပြောကြား
သိမ်းပိုက်ထားသော ယူကရိန်းတွင် မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းများတွင် အမေရိကန်၏ရင်းနှှီးမြှုပ်နှံမှုအတွက် မိမိအဆင်သင့်ဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ ရုရှားသည် အမေရိကန် နိုင်ငံသားများအပါအဝင် ပြည်ပ မိတ်ဖက်များနှင့်အတူ ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရုပ်သံကထုတ်လွှင့်ပေးသော အင်တာဗျူးတွင် ပူတင်က ပြောကြားခဲ့သည်။
■ Website Link >>> https://news-eleven.com/article/300580
■Photo: AFP

25.02.202509:59
25.02.202507:59
ရုရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေ
မြန်မာလုပ်သားများ ရုရှနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေး ထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကျင့်ဝတ်သိက္ခာ မရှိသည့် လုပ်ငန်းရှင်များထံတွင် အလုပ် လုပ်ကိုင် ရပါက လုပ်ငန်းခွင် ပြဿနာအမျိုးမျိုး ကြုံတွေ့ရခြင်း၊ နေထိုင်မှုဘဝမလုံခြုံခြင်း၊ အဓမ္မ အလုပ်လုပ်ကိုင်ခိုင်းစေမှုများ ကြုံတွေ့ရခြင်း၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ကြုံတွေ့ရခြင်း၊ ကျွမ်းကျင်မှု အရည်အချင်းအလိုက် ရရှိရမည့် လုပ်ခလစာကို အသိအမှတ်ပြု မရရှိခြင်း၊ ဥပဒေအရ သတ်မှတ်ရက်အလိုက် ရရှိမည့် လုပ်ခလစာ မရရှိခြင်းနှင့် လုပ်အားခ ပြည့်ဝစွာ မရရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခြင်းနှင့် သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ ရာသီဥတုပြင်းထန်ခြင်းများ ကြုံတွေ့နေရကြောင်း ပြောကြားသည်။
Read More - - - >>> https://news-eleven.com/article/300566

■ ချမ်းသာသည့် ပြည်ပနိုင်ငံသားများ အမေရိကန်တွင် နေထိုင်အလုပ်လုပ်ခွင့်နှင့် နိုင်ငံသားလျှောက်ထားနိုင်မည့် ဒေါ်လာ ၅ သန်းတန် Gold Card ရောင်းချမည်ဟု ထရန့် ပြောကြား
ချမ်းသာသည့် ပြည်ပနိုင်ငံသားများကို ဒေါ်လာ ၅ သန်းဖြင့် (Gold Card) ရောင်းချသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။
ရွှေရောင်ကဒ်ကိုင်ဆောင်သွားသူများကို နိုင်ငံအတွင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ပေးသွားမည့်အပြင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်လိမ့်မည်ဟုလည်း ထရန့်က ပြောသည်။
"ကျွန်တော်တို့က ရွှေရောင်ကဒ်ကို ရောင်းချသွားမှာပါ။ သင့်မှာ (Green Card) ရှိမှာပါ။ ဒါကတော့ ရွှေရောင်ကဒ်ပါ။ ဒေါ်လာငါးသန်း တန်ကြေးရှိတဲ့ ရွှေရောင်ကဒ်ကတော့ နိုင်ငံသားလျှောက်ခွင့်အထိ ရရှိပါလိမ့မယ်။ ချမ်းသာတဲ့လူတွေကလည်း အဲဒီရွှေရောင်ကဒ်ကို ဝယ်ပြီး ကျွန်တော်တို့နိုင်ငံကို လာကြပါလိမ့်မယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
အဆိုပါ ရွှေရောင်ကဒ်များကို လာမည့် သီတင်းနှစ်ပတ်အတွင်းစတင်ရောင်းချသွားမည်ဖြစ်ပြီး ကဒ်ပေါင်း သန်းချီရောင်းချနိုင်လိမ့်မည်ဟု ထရန့်က ပြောသည်။
ထိုရွှေရောင်ကဒ်များကို နိုင်ငံရေးအာဏာဆုပ်ကိုင်ထားသည့် ရုရှားလူနည်းစုသူဌေးများကို ရောင်းချမည် ဟုတ်၊ မဟုတ် မေးမြန်းခံရချိန်တွင် ထရန့်က "ရောင်းဖို့ ဖြစ်နိုင်ပါတယ်။ အရမ်းရည်မွန်တဲ့ ရုရှားအထက်တန်းလွှာ သူဌေးအချို့ကို ကျွန်တော်သိပါတယ်" ဟု ဖြေကြားခဲ့သည်။
■ Ref:BBC

26.02.202500:37
■ ဖေဖော်ဝါရီ ၂၆ ရက်နံနက်ခင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု)
■ ရုရှားနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေ
■ မလေးရှားရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ကွဲပြီး မြန်မာလုပ်သားတစ်ဦး သေဆုံး
■ လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀)ခုတွင် မိုးရွာသွန်းနိုင်
■ ယူကရိန်းအရေး ဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများသာမက အခြားနိုင်ငံများလည်း ပါဝင်နိုင်သည်ဟု ရုရှားသမ္မတဗလာဒီမာ ပူတင် ပြောကြား
■ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှုရရှိထား

25.02.202514:17
အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်မှ အကျိုးခံစားခွင့်ရှိသူများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြား
အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program - MCCT) တို့မှ အကျိုးခံစားခွင့်ရှိသူ များကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာ့ စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာ န အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၄ ရက် က ကျင်းပသည့် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအ ဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ရေးဆွဲ ပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာ ကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက် (၂၀၁၄)” ကို ရေးဆွဲဆောင် ရွက်ခဲ့ရာ ယခုဆိုလျှင် ဆယ်နှစ် ပြည့်မြောက်ခဲ့ ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်ဝန်ကြီး များ၊ ဌာနများအနေဖြင့် မဟာဗျူဟာပါ လုပ် ငန်းရပ်များနှင့်ချိတ်ဆက်ပြီး ၁၀ နှစ်တာကာ လအတွင်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့မှု အခြေအနေများကိုစုစည်း၍ အား သာချက်၊ အားနည်းချက်များကို မှတ်တမ်းပြု စုသွားကြရန်လိုကြောင်း၊ သို့မှသာ အစိုးရအ ဆက်ဆက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ ထပ်မံဆောင်ရွက်သည့် အခါတွင် ပိုမိုကောင်းမွန်စေပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူ မှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမအပိုင်းအနေ ဖြင့် လုပ်ငန်းရှင်နှင့် အလုပ်သမားတို့က အချိုး ကျထည့်ဝင်ပြီး နိုင်ငံတော်မှလည်း သင့်တင့် သည့်ထည့်ဝင်မှုများဖြင့် ဆောင်ရွက်သည့် လူ မှုရေးအာမခံစနစ် (Social Insurance System) ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးအဖွဲ့တို့ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် နိုင်ငံတော် မှ မတည်ထည့်ဝင်ငွေနှင့် ပုဂ္ဂလိက စေတနာ ရှင်များကထည့်ဝင်ငွေများဖြင့် ဆောင်ရွက် လျက်ရှိသည့် လူမှုရေးထောက်ပံ့မှု အစီအစဉ် (Social Assistance Scheme) တို့ဖြစ် ကြောင်း၊ ယင်းအပိုင်းကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ ဆောင် ရွက်ချက်များကို ဆွေးနွေးသွားကြမည်ဖြစ် ကြောင်း ပြောကြားသည်။
Read More - - - >>> https://news-eleven.com/article/300586

25.02.202511:59
ငြိမ်းချမ်းရေးသည် ယူကရိန်းအညံ့ခံသည်ဟူသော အဓိပ္ပာယ်မသက်ရောက်နိုင်ဟု ၀ါရှင်တန်တွင် ပြင်သစ်သမ္မတ ပြောကြား
ငြိမ်းချမ်းရေးသည်ယူကရိန်း အညံ့ခံသည်ဟူသော အဓိပ္ပါယ်မသက်ရောက်နိုင်သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆွေးနွေးမှုများသည် အတ္တလန်တိတ် ဖြတ်ကျော်သဘောထားကွဲမှုများ ရှိလာမည်ဟူသည့်စိုးရိမ်မှုများရှိနေသည့်တိုင် ရှေ့သို့သွားမည့်လမ်းကြောင်းကိုပြသပေးခဲ့သည်ဟု ဖေဖော်ဝါရီ၂၄ရက်တွင် ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှားကျူးကျော်မှု တတိယမြောက်နှစ်ပတ်လည်နေ့တွင်အိမ်ဖြူတော်၌ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံအတွက် အမေရိကန်လုံခြုံရေးအာမခံချက်များကို မရမကပြောဆိုခဲ့သော်လည်း ယူကရိန်းသို့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်သားများ စေလွှတ်ပေးရေး အယူအဆနှင့်ပတ် သတ်၍တိုးတက်များရှိခဲ့သည်ဟု ပြောကြားခဲ့ကြသည်။
■ Website Link >>> https://news-eleven.com/article/300579

25.02.202509:56
အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် အမေရိကန်က ရုရှားကို ရှုတ်ချရန် လက်ရှောင်လိုက်ပြီး ရုရှားဘက်က နှစ်ကြိမ် ရပ်တည်ခဲ့
ရုရှားက လွန်ခဲ့သော သုံးနှစ်တွင် ၎င်း၏ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက ရုရှားကို ရှုတ်ချရန် လက်ရှောင်လိုက်သော ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် အမေရိ ကန်က ကုလသမဂ္ဂ၌ ရုရှားဘက်က နှစ်ကြိမ် ရပ်တည်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂတွင် ယူကရိန်းကို အလေးသာသော ဆုံးဖြတ်ချက်များအား ပုံမှန်ထောက်ခံခဲ့ပြီး ရုရှားကို အပြစ်တင်ခဲ့သော်လည်း ဖေဖော် ဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ၌ ရုရှားဘက်က အမေရိကန်နှစ်ကြိမ်သို့ပါသွားခြင်းက ကုလသမဂ္ဂတွင် အင်အားချိန်ခွင်လျှာ ကြီးမား သောအပြောင်းအလဲကိုဖော်ပြလျက်ရှိသည်။
Read More - - - >>> https://news-eleven.com/article/300572

25.02.202507:11
ဂျာမနီရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အနိုင်ရရှိခဲ့ပြီးနောက် ၎င်းတို့၏ခေါင်းဆောင် ဖရိုင်းဒရစ်မာ့ဇ် ဝန်ကြီးချုပ်သစ် ဖြစ်လာမည်
ဂျာမနီ၏ ကွန်ဆာဗေးတစ်များက ဖေဖော်ဝါရီ ၂၃ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ရာ ၎င်းတို့၏ ခေါင်းဆောင် ဖရိုင်းဒရစ်မာ့ဇ်သည် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည်ဖြစ်ပြီး လက်ယာစွန်းပါတီ AfDက စံချိန် တင်မဲများရရှိခဲ့ပြီးနောက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
မာ့ဇ်က ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းရေးအတွက် တောင်းဆိုလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လျင်မြန်သော အပြောင်းအလဲများနှင့် အနှောင့်အယှက်ဖြစ်စေသော အပြောင်းအလဲများကို လုပ်ဆောင်နေသည်ဟု သတိပေးလိုက်ကာ ကမ္ဘာက မိမိတို့ကို စောင့်နေမည် မဟုတ်ဟု ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ၏ ကွန်ဆာဗေးတစ် ရွေးကောက်ပွဲအနိုင်ရသူ ဖရိုင်းဒရစ်မာ့ဇ်က ၎င်း၏ဦးစားပေးကိစ္စမှာ ဥရောပ၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
■ Read More - - - >>>https://news-eleven.com/article/300565

26.02.202511:13

25.02.202515:30
25.02.202513:26
25.02.202511:17
နိုင်ငံကူးလက်မှတ်များတွင် တရားမဝင်တံဆိပ်တုံးအတု ရိုက်နှိပ်ကာ သက်တမ်းတိုးထားပြီးသကဲ့သို့ လုပ်ဆောင်နေသဖြင့် တရားဝင်နည်းလမ်းဖြင့်သာ သက်တမ်းတိုးခြင်းဆောင်ရွက်ရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံး ထုတ်ပြန်
ထုတ်ပြန်ချက်တွင် နိုင်ငံကူးလက်မှတ် များ၏ တရားဝင်မှုသည် ကိုင်ဆောင်အသုံး ပြုသူများအတွက် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်သကဲ့သို့ ကိုင်ဆောင်အသုံးပြု ရာတွင်လည်း တရားဝင်သက်တမ်းရှိမှုနှင့် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းမျည်း စည်းကမ်း သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိရန် အရေးကြီးကြောင်း၊ သို့ဖြစ်ရာ ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်ပနိုင်ငံသားများ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များ၏ တရားဝင်မှု ရှိ/မရှိ ကို စစ်ဆေးကြပ်မတ်လျက်ရှိရာ၌ အချို့သော မြန်မာနိုင်ငံသားများ ကိုင်ဆောင်အသုံးပြုနေ သည့် နိုင်ငံကူးလက်မှတ်များတွင် တံဆိပ်တုံး ရိုက်နှိပ်ပြီး သက်တမ်းတိုးထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ တရားဝင်မှုနှင့် စစ်မှန်မှု ရှိ/မရှိ တို့ကို မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းမှု များ လုပ်ဆောင်လျက်ရှိနေကြောင်း ပါရှိသည်။
ထိုသို့ ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင် မှု ကြီးကြပ်ရေးဌာနက ဆက်သွယ်မေးမြန်းမှု များအရ မြန်မာသံရုံးက စိစစ်ခဲ့ရာတွင် အချို့ သော နိုင်ငံကူးလက်မှတ်များ၌ တရားမဝင် တံဆိပ်တုံးအတုအပဖြင့် ရိုက်နှိပ်ကာ သက် တမ်းတိုးထားပြီးသကဲ့သို့ လုပ်ဆောင်ထား သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက အဆို ပါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြု သူများအား လေဆိပ်မှ ထွက်ခွာခွင့်ကို ငြင်း ပယ်ကာ ထိန်းသိမ်းခဲ့သည့်ဖြစ်စဉ် မကြာ သေးမီကာလ၌ ဖြစ်ပေါ်ခဲ့ရာ မြန်မာသံရုံး အနေဖြင့် ငြင်းပယ်ထိန်းသိမ်းခံရသူများအတွက် လိုအပ်သော ကောင်စစ်ဆိုင်ရာကိစ္စ ရပ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Read More - - - >>> https://news-eleven.com/article/300578

25.02.202509:12
ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်နေ့ ပြင်သစ်ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီး ပေါက်ကွဲမှုအချို့ဖြစ်ပွား
ယူကရိန်းကို ရုရှားတပ်များကျူးကျော်ခဲ့သည့် သုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံ ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီးတွင် ပစ္စည်းနှစ်ခုဖြင့် ပစ်ပေါက်ဖောက်ခွဲမှုအချို့ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ကောင်စစ်ဝန်ရုံးနံရံတံတိုင်းဘက်သို့ ဆိုဒါပုလင်းတစ်လုံး ပစ်ပေါက်ကာ တတိယအကြိမ်ဖောက်ခွဲရန်ကြိုးပမ်းမှုလည်း ရှိခဲ့ပြီး မပေါက်ကွဲခဲ့ပေ။ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ပေ။
Read More - - - >>> https://news-eleven.com/article/300570

25.02.202506:54
မလေးရှားရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ကွဲပြီး မြန်မာလုပ်သားတစ်ဦး သေဆုံး
မလေးရှားရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ကွဲပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားရှိ မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်နေသည့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက်ရှိ ပလပ်စတစ်စက်ရုံတွင် ရုတ်တရက် ဂက်စ်အိုးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသည့် မြန်မာလုပ်သားမှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဂုံမင်းအရှေ့ကွင်းကျေးရွာဇာတိဖြစ်ပြီး အသက် ၃၀ အရွယ် ကိုထက်လင်းရှိန်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
Read More - - - >>> https://news-eleven.com/article/300564

26.02.202511:12
■ အမေရိကန်နှင့် တွင်းထွက်ပစ္စည်း စာချုပ်ချုပ်ဆိုရန် ယူကရိန်း သဘောတူ
အမေရိကန်နှင့် တွင်းထွက်ပစ္စည်းစာချုပ်ချုပ်ဆိုမည့် သတ်မှတ်ချက်များကို ယူကရိန်းက သဘောတူခဲ့ကြောင်း ယူကရိန်းထိပ်သီးအရာရှိတစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။
"ကောင်းမွန်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့အတူ အဲဒီစာချုပ်ချုပ်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။ အဲဒါဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုလို့လည်း ရှုမြင်ထားပါတယ်" ဟု ယူကရိန်း အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
အမေရိကန်သည် ကနဦးတောင်းဆိုချက်ဖြစ်သည့် ဒေါ်လာ ၅၀၀ ဘီလျံတန်ကြေးရှိ ယူကရိန်း၏ သယံဇာတများကို တူးဖော်ခွင့် အစီအစဉ်ကို စွန့်လွှတ်ခဲ့သော်လည်း ယူကရိန်း၏ အဓိက တောင်းဆိုချက်ဖြစ်သည့် ခိုင်မာသည့် လုံခြုံရေးအာမခံချက်ကို မပေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အဆိုပါသဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း ဝါရှင်တန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ထိုသဘောတူစာချုပ်ချုပ်ဆိုမှုအတွက် အပြန်အလှန်အနေဖြင့် ယူကရိန်းအတွက် ဆက်လက်တိုက်ခိုက်ခွင့် ရရှိလိမ့်မည်ဟု ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး သဘောတူညီချက် ရရှိခဲ့သည့်အချက်ကိုမူ အတည်မပြုခဲ့ပေ။
"သူတို့က အရမ်းရဲဝံ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ငွေကြေး အကူအညီ၊ စစ်ရေး အကူအညီမရှိရင် ဒီစစ်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားပါလိမ့်မယ်" ဟု ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ယူကရိန်းကို ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဆက်လက်ထောက်ပံ့မည် ဟုတ်၊ မဟုတ် မေးမြန်းခံရချိန်တွင်လည်း ထရန့်က "ရုရှားနဲ့ ကျွန်တော်တို့ သဘောတူညီမှု မရမချင်း ဆက်ပြီး ထောက်ပံ့ပေးဖို့ ဖြစ်နိုင်ပါတယ်။ သဘောတူညီမှုရဖို့လိုပါတယ်။ မရဘူးဆိုရင်တော့ ဆက်ပြီး ထောက်ပံ့သွားမှာပါ" ဟု ဖြေကြားခဲ့သည်။
ယူကရိန်းနိုင်ငံတွင် လစ်သီယံ၊ တိုက်တေနီယံ၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ရေနံနှင့် ယူရေနီယံများအပါအဝင် ဒေါ်လာဘီလျံချီသည့် သဘာဝသယံဇာတ များစွာရှိသည်။
ယခု သဘောတူညီချက်ကြောင့် အမေရိကန်သည် ယူကရိန်းအတွက် အသုံးပြုထားသည့် ငွေကြေး ပမာဏထက် ပိုမိုများပြားစွာ ပြန်လည်ရရှိလိမ့်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားခြင်းမရှိသေးပေ။
ယူကရိန်းအစိုးရ၏ သတင်းရင်းမြစ်တစ်ခုကမူ သဘောတူညီစာချုပ်၏ ကနဦးသတ်မှတ်ချက်များကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ Ref:BBC
■ Photo: AFP

25.02.202513:19
■ ဖေဖော်ဝါရီ ၂၅ ရက်ညပိုင်းသတင်းအစီအစဉ်(ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု)
■ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်
■ ရွှေဘိုမြို့နယ်၊ခွန်တောင်းကြီးကျေးရွာတွင် PDF များ၏ ပစ်ခတ်မှုကြောင့် လယ်ယာလုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံ သုံးဦး ဒဏ်ရာများ ရရှိ
■ ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်နေ့ ပြင်သစ်ရှိ ရုရှားကောင်စစ်ဝန်ရုံးအနီး ပေါက်ကွဲမှုအချို့ဖြစ်ပွား
■ အမေရိကန်ကို မှီခိုခြင်းမရှိသော ကာကွယ်ရေးကို တည်ဆောက်ရမည်ဟု ဂျာမနီ၏ ဖရိုင်းဒရစ်မာ့ဇ် ပြောကြား
■ ဘာစီလိုနာအသင်းရောင်းထုတ်ရန် ရည်ရွယ်ထားသည့် ဒီယွန်းကို ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့်အပြိုင် အယ်လ်အစ်တီဟတ် ကမ်းလှမ်းရန် စီစဉ်နေ

25.02.202511:02
ယူကရိန်းအရေး ဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများသာမက အခြားနိုင်ငံများလည်း ပါဝင်နိုင်သည်ဟုရုရှားသမ္မတ ဗလာဒီမာပူတင် ပြောကြား
ဥရောပနိုင်ငံများသာမက အခြားနိုင်ငံများသည် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ဆွေးနွေးပွဲများတွင် ပါဝင်နိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် များပြားလှသော အချက်များတွင် သဘောတူညီချက်ရရှိခဲ့သည်ဟု အစိုးရပိုင်ရုပ်သံနှင့်ပြုလုပ်သော အင်တာဗျူးတွင် ပူတင်က ထုတ်ဖော်ပြောကြားခဲ့သည်ဆိုသော်လည်း ဥရော ပနိုင်ငံများသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးတွင် အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နိုင်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်က အဲဒါနဲ့ပတ်သက်လို့ မှားနေတာကို မတွေ့ပါဘူး”ဟု ယူကရိန်းအရေးဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများက အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နိုင်ပါသလားဟု မေးမြန်းရာတွင် ပူတင်က ဖြေကြားခဲ့သည်။
■ Read More >>> https://news-eleven.com/article/300575

25.02.202509:05
ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊ နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်
ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်းလုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုအား ကုမ္ပဏီ/လုပ်ငန်းအမည်၊လုပ်ငန်းရှင်အမည်/နေရပ်လိပ်စာအပြည့်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။
Read More - - - >>> https://news-eleven.com/article/300568

25.02.202500:57
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ လစာငွေ သိုမဟုတ် အခြားဝင်ငွေကို ဘဏ်လမ်းကြောင်းမှ လွှပိုငွေ၏ ငါးရာခိုင်နှုန်းဖြင့် EV ကား တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်
- ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း မီးလောင်မှု ၁၁၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦးသေဆုံးကာ ကျပ်သန်း ၉၄၀၀ကျော် ဆုံးရှုး
- ကမ္ဘောဒီးယားတွင် RPG ထိပ်ဖူးဟောင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံး
- ဆူဒန်တွင် ရေမှတစ်ဆင့် ကူးစက်သော ရောဂါကြောင့် လူ ၂၄ ဦး သေဆုံး
- မေဂျာလိဂ်ပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်း၏တန်ဖိုး တစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးမြင့်တက်

Показано 1 - 24 из 383
Войдите, чтобы разблокировать больше функциональности.