Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Yangon Division News 2025 avatar
Yangon Division News 2025
Yangon Division News 2025 avatar
Yangon Division News 2025
YBS ယာဉ်မောင်းဆုရှိသူများကို ကျပ်သိန်း ၇၀၀ ကျော်ဆုချီးမြှင့်

   
ဖေဖေါ်ဝါရီ ၂၂                             

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆော င်ရေး ကြီးကြပ်မှုကော်မ တီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုနှင့် လူမှုကွန်ရက်မှ ပြည်သူ များရွေးချယ်သည့် ဝန် ဆောင်မှုကောင်း ယာဉ် မောင်းဆုရရှိသူများကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက်က YRTC ရုံးချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ကျပ်သိန်း ၇၀၀ ကျော် ဆုချီးမြှင့်ပေးခဲ့‌ကြောင်းသိရသည်။

၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူတစ်ဦးကို ၆ သိန်းကျပ်နှုန်းဖြင့် ယာဉ်မောင်း ၄၈ ဦး၊တာဝန်သိယာဉ်မော င်းဆုရရှိသူတစ်ဦးကို ကျပ် ၃ သိန်းနှုန်းဖြင့် ယာဉ်မောင်း ၁၄၈ ဦး၊ လူမှုကွန်ရက်မှ ပြည်သူ များက‌ ရွေးချယ်ပေးသည့် ဝန်ဆောင်မှုကောင်းယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ် ၃ သိန်းနှုန်းဖြင့် ယာဉ်မောင်း ၄ ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
09.02.202517:12
25.12.202416:26
25.12.2024


စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိတယ်လို့သိရပါတယ်။

https://t.me/Yangonnews2024
14.11.202408:22
ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနား ပြည်သူ့ရင်ပြင်၌ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုဈေးရောင်းပွဲတော်များနှင့် ပြပွဲများ ကျင်းပခြင်းကြောင့် နိုင်ငံ၏စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများသည် အဓိကမောင်းနှင်အား ဖြစ်သည့်အလျောက် MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုကို အားပေးရန်လိုအပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်ဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု၍ ဝယ်ယူအားပေးကြသည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကြီးအား ယနေ့မှ နိုဝင်ဘာ ၁၆ ရက်အထိ (၃)ရက်တိုင်တိုင် နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅၅၄)ခန်း ပါဝင်ပြသ ရောင်းချလျက်ရှိသည်။

ထို့ပြင် လုံခြုံရေးကိုလည်း စနစ်တကျစီစဉ်ထားပြီး မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

‌အောင်မြင့်(ပြန်/ဆက်)
အကြမ်းဖက်လှုံ့ဆော် အနုပညာရှင်များ၏ တေးသီချင်းများ FM များမှ ထုတ်လွှင့်ခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဖြေကြား
30-10-2024

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြိုနယ် တော်ကူးအနောက်ကျေးရွာအုပ်စု၊ တော်ကူးအနောက်ကျေးရွာမှ သံဃာတော်များ၊ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေးအဖွဲက အဆိုပါကျေးရွာရှိ အထက(တော်ကူး)၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
10.02.202509:40
ဒေါပုံရဲအချုပ် ဖောက်ပြေးသူတစ်ဦး ပြန်မိ


ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့မ ရဲစခန်းမှာ ဖေဖော်ဝါရီလ ၉ ရက်၊ မနက်အစောပိုင်း ၂ နာရီလောက်က အချုပ်သား ၄ ယောက် အချုပ်ခန်း ဖောက်ပြေးခဲ့ပြီး အဲဒီအထဲက အချုပ်သား ၁ ယောက်ကို ပြန်လည် ဖမ်းမိထား တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အချုပ်ခန်း ဖောက်ပြေးသူတွေဟာ အမျိုးသား အချုပ်ခန်းရှိ သံတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး အချုပ်ခန်း အနောက် ဘက် လေဝင်ပေါက်ရှိ သံဇကာကို ဖြုတ်ကာ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

အချုပ်ခန်းဖောက်ပြေးသူ လေးယောက်ဟာ ခိုးမှု၊ မူးယစ်မှုတွေနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး ရမန်နဲ့ ချုပ်နှောင်ထားသူ တွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အချုပ်ခန်း ဖောက်ပြေးသူတွေထဲက အချုပ်သားတစ်ယောက်ကို ပြန်မိထား တယ်လို့ သိရပြီး ကျန်တဲ့ ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း အမြန်ပြန်လည် ဖမ်းမိရေး ဆောင်ရွက်နေ တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

https://t.me/Yangonnews2024
18.01.202518:41
နေပြည်တော်၊ ဇန်နဝါရီ ၁၈ 
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ရေနံချောင်း တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များအား ယနေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည် ရုံးခွဲ (စိမ်းလဲ့မေ)၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ 
အားပေးဆောင်ရွက် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင် ကဏ္ဍသည် အရေးကြီးသောကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ယခုနှစ်အတွင်း “2025, The Year of Myanmar Energy" ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍ ခေတ်တစ်ခေတ် ဆန်းသစ်စေ ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ် ဘူမိဗေဒပညာရှင် များ၊ ရေနံအင်ဂျင်နီယာများ အပါ အဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာ များ၏ စွမ်းဆောင်ရည် မြှင့်တင် နိုင်ရေးအတွက် Stakeholder များက ဝိုင်းဝန်းပံ့ပိုးအားပေး ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားများအား Scholarship ပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ်၌ ရေနံ ဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့ သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာ သင်နှစ်မှ စတင်၍ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့များရရှိပြီး ချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံ ခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး ထို့နောက် တက်ရောက်လာ ကြသူများက ဘူမိဗေဒဘာသာရပ်၊ ရေနံအင်ဂျင်နီယာ ဘာသာရပ်၊ ဓာတုအင်ဂျင်နီယာ ဘာသာရပ် နှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ သင်ကြားမှုအခြေအနေ၊ လိုအပ်ချက်များနှင့် ပံ့ပိုးဆောင် ရွက်ပေးရမည့် လိုအပ်ချက်များ ကိုလည်းကောင်း၊ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ဗဟုသုတ များအပေါ် အခြေခံကာ ပိုမို ကောင်းမွန်သော သင်ကြားရေး စနစ်ဖြစ်စေရေး အကြုံပြုချက် များကိုလည်းကောင်း ဆွေးနွေး တင်ပြကြပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ ဆရာမ များကို Training For Trainer အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေး အရေးအကြီးဆုံးဖြစ် သည့် လူ့စွမ်းအားအရင်းမြစ် များ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မိမိတို့ကျရာ အခန်း ကဏ္ဍတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးစေကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 
10.12.202415:31
တာမွေမြို့နယ် စည်ပင်သာယာရုံးအနီး ဗုံးပေါက်ကွဲမှု

ရန်ကုန်၊ဒီဇင်ဘာ ၁၀

၁၀•၁၂•၂၀၂၄•ည(၇)နာရီအချိန်ခန့်တွင်တာမွေမြို့နယ်စည်ပင်သာယာရေးရုံးအနီတဝိုက်တွင်ဗုံးပေါက်ကွဲမူးဖြစ်ပွားခဲ့​ပြီး အသက်(၆၀)ဆယ်အမျိုးသမီးနင့်အသက်(၂၀)ကျော်အမျိုးသမီးငယ်ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။

ဖြစ်စဥ်အားလုံခြုံရေးအဖွဲ့များက စုံစမ်းဖော်ထုတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

https://t.me/Yangonnews2024
124 နှစ်ကွာသော် - ၁၉၀၀ ခုနှစ်ရန်ကုန် မြို့လယ်နှင့် ၂၀၂၄ ရန်ကုန်မြို့လယ်
Diploma in International Relations (DIR)
သင်တန်းလျှောက်လွှာခေါ်ယူခြင်း
အောက်တိုဘာလ၏ ပထမဆုံးအဖြစ် ကုန်ထုတ် လုပ်သားသစ်(၁၅၂)ဦး ကိုရီးယားသို့ရောက်ရှိ

အောက်တိုဘာလ၏ ပထမဆုံးအသုတ်အဖြစ် မြန်မာကုန်ထုတ်လုပ်သားသစ်(၁၅၂)ဦးသည် ယနေ့ အောက်တိုဘာ ၂၈ ရက်က ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ထံမှ သိရသည်။

၎င်းတို့အား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခြင်းဖြစ်ကာ ရန်ကုန်လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight)ခရီးစဥ်ဖြင့် အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသည့် မြန်မာကုန်ထုတ်လုပ်သားသစ်များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြား၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
09.02.202517:38
ဒလမြို့နယ်ကြက်ခြေနီ မီးဘေးသင့်အိမ်ထောင်စု (၆)စုအား အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ကူညီ

ဒလ ဖေဖဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ
(၉)လမ်းတွင် ဖေဖော်ဝါရီ ၅ ရက်နေ၊ ည(၀၈:၀၀) နာရီဝန်းကျင်က လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့်အိမ်ထောင်စု(၆)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော မိသားစုသုံးပစ္စည်းပါဝင်သော(family kit)၊ အိမ်ဆောက်အထောက်အကူပစ္စည်းပါဝင်သော(ရှယ်တာကစ်)နှင့်အဝတ်အထည်၊ ဝါတာဘလူးစသည့် ပစ္စည်းများအား ဒလမြို့နယ်ကြက်ခြေနီမှ ဥက္ကဌ ဦးသန်းဦး၊ မြို့နယ်တပ်ဖွဲ့မူး ဦးမြင့်သန်း၊ တပ်ခွဲမူး ဦးထိန်လင်းနှင့်တပ်ဖွဲ့ဝင်များက ဖေဖဝါရီ ၈ ရက်နေ့၊ မွန်းလွဲ ၀၂:၀၀ နာရီ အချိန်တွင် သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည်။

အဆိုပါ မီးလောင်မူကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်ထောင်စု(၆)စုအား ဒလမြို့နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့စည်းအသီးသီးက အလှူရှင်များ၊ ဒလမြို့နေ စေတနာရှင် အလှူရှင်များနှင့် ရပ်နီးရပ်ဝေးများမှ စေတနာရှင် အလှူရှင်များကအသီးသီးလှူဒါန်းလျှက်ရှိကြောင်းသိရသည်။

သတင်း - သန်းဇော်ဦး ဒလ
မြောက်ဥက္ကလာပမြို့နယ်တွင် လက်ပစ်ဗုံး များ တွေ့ရှိ

ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၂ ရပ်ကွက်တွင် လက်ပစ်ဗုံးများတွေ့ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းတည့်ပိုင်းတွင် ပ လုံလိုက်ကောက်သည့် ကလေးတစ်ဦးမှ အဆိုပါ လက်ပစ်ဗုံးများအား ကောက်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလုံလိုက်ကောက်သည့် ကလေးတစ်ဦး ကောက်ယူ ရရှိသည့် လက်ပစ်ဗုံးမှာ ၇ လုံးဖြစ်ပြီး အမှတ်၂ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် အပ်နှံထားကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းကာ အခြေခံ စားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥ များကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန် မြို့ တော် စ ည် ပ င် သာ ယာ ရေး ကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိ သူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Кайра бөлүшүлгөн:
Aung Moe Kyaw avatar
Aung Moe Kyaw
ပိုက်ဆံ

#AungMoeKyaw
ကန်တော်ကြီးပန်းကန်လုံးကျွန်းတွင်
ရေနစ်Tayဆုံးနေသည့်အမျိုးသမီး
အလောင်းတွေ့ရှိ

ရန်ကုန်၂၀၂၄အောက်တိုဘာ(၃၀)

ရန်ကုန်မြို့ကန်တော်ကြီးပန်းကန်လုံး
ကျွန်းတွင်အမည်နေရပ်မသိရေနစ်
Tayဆုံးနေသောအမျိုးသမီး
အလောင်းတွေ့ရှိခဲ့ကြောင်းနယ်မြေ
ခံလူမှုကူညီရေးအသင်းထံမှသိရ
သည်။

ယမန်နေ့အောက်တိုဘာ(၂၉)ရက်
နေ့ကကန်တော်ကြီးပန်းကန်လုံး
ကျွန်းတွင်ရေနစ်Tayဆုံးနေသော
အမျိုးသမီးအလောင်းတွေ့ရှိကြောင်း
ပန်းကန်လုံးကျွန်းပန်းဥယျာဥ်တာဝန်
ရှိသူများအကြောင်းကြားချက်အရ
ဒီဃာယုလူမှုကူညီရေးအသင်းမှ
သက်ဆိုင်ရာသို့ဆက်သွယ်
အကြောင်းကြားပြီးအခင်းဖြစ်နေရာ
မှရေနစ်Tayဆုံးနေသည့်အမည်
နေရပ်မသိ(စုံစမ်းဆဲ)ရုပ်အလောင်း
အားဆယ်ယူ၍အသင်းယာဥ်ဖြင့်
ရန်ကုန်ပြည်သူဆေးရုံကြီးရင်ခွဲရုံ
သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရ
သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍နယ်မြေခံရဲ
တပ်ဖွဲ့မှTayဆုံးသူအမျိုးသမီး၏
အမည်နေရပ်အားစုံစမ်းဆောင်ရွက်
လျက်ရှိပြီးသေဆုံးခြင်းအမှန်သိရှိ
နိုင်ရေးအတွက်သေမှုသေခင်းရေး
ဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်းသိရသည်။
28.10.202404:15
ပဲခူး - ရန်ကုန်နှင့် ရန်ကုန် - ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထားရှိ

အောက်တိုဘာ ၂၈

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက် ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန် - ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်ပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြား လျက်ရှိသည်။

အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှရန်ကုန်သို့ အလုပ်သွား အလုပ်ပြန်အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာ၌ ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းကြသူ များအတွက်ပါ အဆင်ပြေမှုရှိပြီးရထားစီးခရီးသည် စီးနင်းမှုများပြားခြင်းဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး အဆိုပါရထားအတွက် ဘူတာများတွင် လက်တန်းပါသံလှေကားများ ပြုလုပ်တပ်ဆင် ပေးထားပြီး ရထားဆိုက်ရောက်/ ထွက်ခွာချိန်များ၌ အဆင်ပြေလွယ်ကူစွာ လိုက်ပါစီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။
09.02.202517:13
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ
===============
===================

၁။ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု မင်းသားကြီးကြည်စိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ မောင်နှင်းမိုး

၂။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှ ကောင်းဇံ

၃။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင်တေးဂီတဆု “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီးမှ ဓိရာမိုလ်

၄။ ၂၀၂၄ ခုနှစ် အကောင်းဆုံးရုပ်ရှင် အသံဆု “မီး” ရုပ်ရှင်ဇာတ်ကားကြီးမှ အောင်မျိုးမြတ်နှင့် ရဲဝင်း

၅။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု-အာကာကျော်(နှောင်)

၆။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု-အေးသီရိကို

၇။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု-(ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်)Taurus V ရုပ်ရှင်ထုတ်လုပ်ရေး

၈။ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အထူးဆု-လုံလုံ(လင်္ကာဒီပ) (နှောင်)

၉။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုအကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု- အကယ်ဒမီများရှင်ရန်အောင်

၁၀။ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု- စိုးမိုးကြည်

၁၁။ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆု - ထက်အောင်ရှိုင်း

၁၂။ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုဆု- နန်းဆုရတီစိုး

၁၃။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု-ဝင်းလွင်ထက် (အိပ်မက်ကာရံ)

၁၄။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု- ခြူးလေး(ဘိုးတော်ကင်း)

၁၅။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု-အေးချမ်းမောင်(မီ)

၁၆။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု-ဝတ်မှုန်ရွှေရည်

၁၇။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု- နေတိုး (နှောင်)

#YDN
26.12.202404:12
အင်းစိန် တွင် လူ ၂ ဦးအား သေနတ် ၁ လက် ကျည်ဆံများ နှင့် အတူ ဖမ်းဆီးရမိ

ဒီဇင်ဘာ  ၂၆/၂၀၂၄

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ရွာသစ်အနောက်(၁) ရှိ အဆောင် တစ်ခုတွင် ဒီဇင်ဘာ ၂၄ရက် ည ၇နာရီကျော်ခန့်က လူ ၂ ဦးအား သေနတ် ၁ လက်နှင့်အတူ ကျည်ဆံများ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

အောင်ဆန်းရပ်ကွက်၊ရွာသစ်အနောက် (၁)  အမှတ် (၇၈၂) အဆောင်မှာ ငှားနေတဲ့  ဇော်ဇော်ဘို နဲ့ မနွေးနွေးအိ တို့ နှစ်ဦးကို သေနက်အတို တစ်လက်နှင့်အတူ ကျည်ဆံများ ပါ ဖမ်းဆီးရမိကြောင်း အောင်ဆန်းရပ်ကွက်နေသူ တစ်ဦးက Top Phoenix မီဒီယာကို​ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေအားပစ်ခတ်မှုတွင်ပါဝင်ကျူးလွန်ခဲ့​သူများဖြစ်​သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

Top Phoenix 
မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
31.10.202403:39
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
                                                                                         
                    
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ 66/11kV,10MVAရွှေထူးခွဲရုံ၏  66kV D/S  ထိန်း/ပြင်လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်  66kV GIS ဖီဒါ(၅)၊  ဓာတ်အားလိုင်းအား (၃၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက် သွား မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်များရှိ စက်မှုဇုန်နှင့်   ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည် ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေး အတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေး ပန်ကြားအပ်ပါသည်။
                                                                                                                               

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
Кайра бөлүшүлгөн:
MWD News avatar
MWD News
30.10.202414:47
ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးအနောက်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်သည်။
နေပြည်တော်၊ အောက်တိုဘာလ ၃၀ ရက်
ပဲခူး - ရန်ကုန်နှင့် ရန်ကုန် - ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထားရှိ
Көрсөтүлдү 1 - 24 ичинде 97
Көбүрөөк функцияларды ачуу үчүн кириңиз.