Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Shwe Myoe Taw (𝓝𝓮𝔀𝓼) avatar
Shwe Myoe Taw (𝓝𝓮𝔀𝓼)
Shwe Myoe Taw (𝓝𝓮𝔀𝓼) avatar
Shwe Myoe Taw (𝓝𝓮𝔀𝓼)
Мөөнөт
Көрүүлөрдүн саны

Цитаталар

Посттор
Репостторду жашыруу
20.02.202502:20
ပဲခူးမြို့ PREMIER KTV၌ မီးကြိုးအကူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
========
ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးမြို့၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ PREMIER KTVတွင် ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၀၂၁၀)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဥ်မှာ PREMIER KTVဆိုင်ရှိ VIPအခန်းအတွင်း လျှပ်စစ်မီးမပိတ်ထားရှိရာမှ လျှပ်စစ်မီးပြန်လာစဥ် ဆိုင်ခန်းအတွင်းမီးဆလိုက်သို့ ယာယီသွယ်တန်းထားသောဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် အသံထိန်းနံရံဖော့များနှင့် ဆိုဖာများသို့မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မီးလောင်ရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်မြေရဲစခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးစီးတပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ယာဥ်(၁)စီး၊ရေသယ်ယာဥ်(၂)စီး စုစုပေါင်း(၃)စီးဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ရာ ၀၂၂၀အချိန်မီးညွ့န်ကျိုးပြီး ၀၂၄၅အချိန်မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ကာလတန်းဖိုးငွေကျပ်(၅)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးအားပေါ့လျော့စွာ အသုံးပြုမှုကြောင့် မီးလောင်ကျွမ်းစေခဲ့သူ ဆိုင်မန်နေဂျာအောင်ကိုဝင်းအား အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
https://t.me/yangonnews100
15.02.202509:35
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေး
========
သာယာဝတီ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူ လယ်သမားသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅)အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းကြောင်း၊ တောင်သူများအနေဖြင့် မြေယာပြုပြင်ချိန်မှစတင်၍ ရိတ်သိမ်းချိန်အထိ ခေတ်မီနည်းစနစ်များကို သုံးစွဲမှသာ အထွက်နှုန်းတိုးပြီး လေလွင့်မှုလျော့နည်းသက်သာ မှာဖြစ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်မှာ ပန်းတိုင်အထွက်နှု်နး ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသတွင်း အသားစားသုံးမှုဖူလုံစေရေး အတွက် ဒေသကြက်၊ ဒေသဝက်၊ ဒေသဆိတ်နှင့် ဒေသနွားများအား တစ်ပိုင်တစ်နိုင်အဆင့်မှ စီးပွားဖြစ် အထိ တိုးချဲ့မွေးမြူသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပေါပေါများများ ထွက်ရှိမှ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံပြီး ကုန်စျေးကြီးမြင့်မှုအပေါ် အထိုက်အလျောက် ထိန်းချုပ် နိုင်မှာဖြစ်ကာ ပြည်ပပို့ကုန်လည်း တိုးတက်လာစေနိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ဒေသခံ တောင်သူများအတွက် အမှန်လက်တွေ့ကျပြီး အကျိုးကျေးဇူးကြီးမားသည့် သင်တန်းဖြစ်၍ ကြိုးစား လေ့လာ သင်ယူကြသွားကြရမှာဖြစ်ပြီး ရရှိလာသည့် စိုက်ပျိုးရေး/ မွေးမြူရေးဆိုင်ရာ နည်းပညာနှင့် ဗဟုသုတများအား မိမိတို့ရပ်ရွာရှိ တောင်သူများကို ပြန်လည်ဖြန့်ဝေပေးရန်နှင့် သင်ကြားသည့် နည်းပြများကလည်း တောင်သူများ နားလည်သဘောပေါက်စေနိုင်သည့် သင်ကြားမှုပုံစံများဖြင့် အထူး အလေးထား သင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ တောင်သူလယ်သမား သင်တန်းသား(၅၀)ဦးအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး သင်တန်းတွင် သင်ကြားပြသသွားမည့် စိုက်ပျိုးရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုခဲ့သည်။
အဆိုပါ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ်(၃/၂၀၂၅) သင်တန်းတွင် စပါးနှင့် အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး၊ မျိုးစေ့ရွေးချယ် သိုလှောင်ထိန်းသိမ်းခြင်း နည်းပညာ၊ သီးနှံကာကွယ်ရေးနှင့် ပိုးမွားနှိမ်နင်းခြင်း နည်းပညာ၊ မွေးမြူရေးဘာသာရပ်၊ မြေအသုံးချမှု၊ စိုက်ပျိုးရေးနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများ၏ သိမှတ်ဖွယ်ရာများ၊ မြေပြင်ကွင်းဆင်း လေ့လာခြင်းများအား စနစ်တကျ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/yangonnews100
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
14.02.202508:27
14-2-2025
ကျားဖြန့်တရားမဝင်လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအကြောင်း

Truth waves
၁၄.၂.၂၀၂၅ ရက်နေ့၊ ၀၃ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ သီရိရတနာဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာလျက်ရှိပါသည်။
Update
၀၄ ၁၀ အချိန် မီးထိန်းပါသည်။
Update
၀၄ ၁၃ အချိန် မီးငြိမ်းပါသည်။
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
13.02.202513:14
အဆိုးသံသရာ

ကျားဖြန့်ဂယက် ကရင်ပြည်နယ်ထဲမှာ
ရိုက်ခတ်မှုပြင်းထန်လာတာတွေ့တော့
လွန်ခဲ့တဲ့ ၁၅ နှစ် က တိုင်းပြည်အခြေ
အနေ ကို ပြန်သတိရမိတယ် ။ အဲဒီချိန်
က ကျွန်တော် ဟာကရင်ပြည်နယ်မှာ ရှိတဲ့ စစ်လက်နက်ပစ္စည်း တပ်တစ်တပ် မှာ
တာဝန်ထမ်း ဆောင်နေချိန်ပါ ။

နအဖ အစိုးရ ကလည်း ရွေးကောက်ပွဲ
လုပ်ဖို့ ပြင်ဆင်နေသလို တစ်ဖက်မှာလည်း
ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရ
အခက်ခဲ ဖြစ်မှာစိုးလို့ သူ့လက်ထက်မှာ
အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့
လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ကို
တက်နိုင်သရွေ့ အစိုးရ အောက်က တပ်
တွေလို ဖြစ်စေချင်လို့ ညှိနှိုင်းဆွေးနွေး
မှုတွေ လုပ်နေချိန်ဖြစ်ပါတယ် ။
ဒါ့ကြောင့် ဒီအဖွဲ့ ၁၇ ဖွဲ့ကို နည်းလမ်း
၂ ချက် နဲ့ စည်းရုံးခဲ့တာတွေ့ရတယ် ။

ပထမအ ချက် က
ပြည်သူ့ စစ်တပ်ဖွဲ့မလား ၊ နောက်တစ်ချက်
က BGF ခေါ် နယ်ခြားစောင့်တပ်ဖွဲ့မလား
ဆိုပြီး စည်းရုံးခဲ့ရာ ကောင်းခါး
တို့လို ပြည်သူ့စစ်ဖြစ်သွားတဲ့ အဖွဲ့တွေ
ရှိသလို BGF ဖြစ်သွားတဲ့ အဖွဲ့တွေလည်း
အများကြီးရှိခဲ့တယ် ။

ဒီထဲမှာ ကရင်ပြည်နယ်ထဲ က DKBA
အဖွဲ့တော်တော်များကတော့ ဦးစောချစ်သူ
ရဲ့ ဦးဆောင်မှု အောက် မှာ တပ်ရင်း ၁၃
ရင်း ဖွဲ့စည်းနိုင်ခဲ့လို့ မြန်မာပြည်မှာ အများ
ဆုံး အောင်မြင်ခဲ့တယ် ။ဒါပေမယ့် ပြဿနာ
က ကန့်သတ်ချက် အင်အားတွေနဲ့ ဖွဲ့စည်း
ခဲ့ရတဲ့ BGF ဟာ အင်အားရဲ့ တစ်ဝက်
လောက်သာ BGF ဖြစ်ခဲ့ပြီး ကျန်အဖွဲ့
တွေက DKBA ဒါမှမဟုတ် BGF အရံ
ပုံစံ ထားခဲ့တာတွေ့ရတယ်။တရားဝင်
BGF အဖွဲ့ ဖြစ်ခွင့်ရခဲ့တဲ့ တပ်ဖွဲ့တွေ
အနေနဲ့ စား ဝတ် နေရေး လစာပူစရာ
မရှိပေမယ့် ကျန်ခဲ့တဲ့ အဖွဲ့တွေ အတွက်
တော့ အခက်ခဲ ဖြစ်လာပြီး BGF
ခေါင်းဆောင်တွေ အပေါ် ရောက်လာ
ရတယ် ။ ဒါက BGF မှ မဟုတ်ဘူး ။
အစိုးရ အောက်က မဟုတ်တဲ့
လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ
အဲဒီ ဒုက္ခ ရှိကြတာကြီးပါပဲ ။

လက်နက်ကိုင်အဖွဲ့တွေ
ဟာ သူတို့ အဖွဲ့အသီးသီးရဲ့
ရပ်တည်ရေး အတွက် စား ဝတ် နေ ရေး
ကစလို့ လက်နက်တပ်ဆင်ရေး အထိ
ငွေ ရှာကြရတယ် ။ငွေရှိမှ ဖြစ်မှာကိုး ။
ဒါ့ကြောင့် စီးပွားရေးလုပ်ရတယ်။

စီးပွားရေးလုပ်ရတာချင်းအတူတူ
မြန်မာပြည်မြောက်ပိုင်း ကလက်နက်ကိုင်
အဖွဲ့တွေနဲ့ တောင်ပိုင်း အဖွဲ့တွေရဲ့ ရပ်တည်
ရပုံ ချင်းမတူကြဘူး ။မြောက်ပိုင်းမှာက
KIA ဆိုရင် သံယဇာတ အကျိုးစီးပွား
ရော မူးယစ်ဆေးဝါး အကျိုးစီးပွားနဲ့
ရပ်တည်လို့ ရသလို MNDAA TNLA
AA စတဲ့ မြောက်ပိုင်းအဖွဲ့တွေကတော့
မူးယစ်ဆေးဝါး ၊ တရားမဝင်ဆက်ကြေး
ကောက်ခံမှု ၊ ကျားဖြန့်လို တရားမဝင်
လောင်းကစားတွေက ရတဲ့ ငွေတွေနဲ့
ရပ်တည်နေကြတယ် တွေ့ရတယ် ။

ဒါပေမယ့် မြန်မာပြည်တောင်ပိုင်း က
လက်နက်ကိုင်အဖွဲ့တွေမှာတော့ မြောက်
ပိုင်း အဖွဲ့တွေလို သံယံဇာတ ၊မူးယစ်
ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့
ရပ်တည်လို့ အခြေအနေမပေးတဲ့ အခါ လောင်းကစားလို စီးပွားရေး လုပ်ငန်း
တွေဟာလည်း သူတို့ရပ်တည်မှုအတွက်
အားထားစရာ ဖြစ်လာခဲ့တယ်လို့ မြင်
မိတယ် ။ အခုတော့ ကျားဖြန့် ဆိုပြီး
မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ ကရင်
ပြည်နယ်မှာ ပွဲဆူလာရပြီ ။

အဓိက ပြဿနာ က လက်နက်ကိုင်မှ
ဖြစ်မယ် ဆိုတဲ့ လက်နက်ကိုင်
ယ ဥ်ကျေးမှု ထွန်းကားနေတဲ့ပြဿနာ။
ဒါကို မှားတယ်လို့ ပြောဖို့လည်းခက်
ပါတယ် ။လက်နက်ကိုင်ယ ဥ်ကျေးမှု
ဆိုတာက ကျွန်တော်တို့နိုင်ငံရဲ့
လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်
လို တစ်ပါတည်းပါလာခဲ့တာကိုး ။

လက်နက်ကိုင်မှ လူတွေ လေးစား
မယ်ထင်တယ် ။လူတွေလေးစား
ဖို့ လက်နက်ကိုင်တယ် ။လက်နက်
ကိုင်တော့ ငွေလို
တယ် ။ငွေ လိုတော့ ငွေရှာရတယ် ။
ငွေရှာတော့ တရားမဝင်လုပ်ငန်းတွေ
တရားဝင်ရော တရားမဝင် ရော
စီးပွားရေး တွေ လုပ်ငန်းတွေ ကို
လုပ်ကြရတယ် ။ဒီတော့ ကျားဖြန့်
လို ပြဿနာကြီး ပေါ်လာပြီး အဆိုး
သံသရာ လည်နေတော့တယ် ။

ဒါ့ကြောင့် ဒီအဆိုးသံသရာ ကြီးရဲ့
မြစ်ဖျားခံမှုက လက်နက်ကိုင်လမ်းစ ဥ်
ဖြစ်နေတယ် ဆိုတာတွေ့ရပါမယ် ။

ဒီထက်ပိုဆိုးတာက လက်နက်ကိုင်
လမ်းစ ဥ်ကြီး ထွန်းကားနေတော့
စစ်ပွဲဆိုတဲ့ အဆိုးသံသရာကြီးက
လည်း နိုင်ငံတော်ကို တိုက်ခိုက်ဖျက်
ဆီးလျက်ရှိတယ် ။ဒီစစ်ပွဲတွေကြောင့်
ပဲ တိုင်းပြည်ဟာ နစ်သထက် နစ်လာ
သလို ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံ
တွေကလည်း ကိုယ်တွေနိုင်ငံ ဆိုရင်
ခပ်ဝေးဝေးကနေ နေဖို့ လုပ်လာကြလို့
အခွင့်အရေးမှန်သမျှ လက်လွှတ်ဆုံးရှူံး
နေရတယ် ။

ဘယ်တော့များ လက်နက်ကိုင်လမ်းစ ဥ်
ကို စွန့်ကြမလဲ တွေးမိတဲ့အခါ
NCA မှာ DDR
SSR အကြောင်းပြောမိရင် ထမသတ်ရုံ
တမင် ဖြစ်ကြလို့ ထပ်ဆွေးနွေးလို့ မရ
တော့ဘူးဆိုပြီး ပြောခဲ့တဲ့ လူကြီးတစ်ယောက်
ရဲ့ စကားကို လည်း ပြန်ကြားယောင်နေမိ
တယ် ။

ဘာပြောပြောပေါ့
ဒီ အဆိုးသံသရာကြီး က လွတ်ဖို့လိုတယ် ။
လွတ်အောင်လုပ်ဖို့ အတွက်လည်း
ခေါက်ရိုးကျိုးနေပြီ ဖြစ်တဲ့
လက်နက်ကိုင် ယ ဥ်ကျေးမှုကို ဘယ်လို
လျှော့ချကြမလဲ ဆိုတာကို ဝိုင်းပြီး
အဖြေရှာကြစေချင်တယ် ။ဒါကို
အဖြေမရှာနိုင် မဖြေရှင်းနိုင်ဘူးဆိုရင်
ဒီအဆိုးသံသရာ ကြီးက ကျွန်တော်တို့ရဲ့
မျိုးဆက်ပေါင်းများစွာကို ဒုက္ခ ဆက်ပေး
နေလိမ့်မယ်။

https://t.me/truthwaves4arm
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
10.02.202511:20
အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်း ရှိ/မရှိ၊ ပြည်သူ့စစ်မှုထမ်းနှင့်ပက်သက်၍ ပြည်ပသွားလာခွင့် ပိတ်ပင်မှု ရှိ/မရှိတို့အပေါ် ကောလဟာလများအတွက် ဆွေးနွေးတင်ပြချက်

https://t.me/truthwaves4arm
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
16.02.202501:30
16-2-2025 တက္ကသိုလ်အရန်တပ်ရင်း၏ လေ့ကျင့် နေရမှုများအပေါ် ရင်ဖွင့်လာတဲ့ ညီမလေးတစ်ဦး 👀👀👀 👉🏼 https://t.me/truthwaves4arm/777
15.02.202505:16
15-2-2025 "ပြင်ကြစေချင်တယ်" 👉🏼👀 (SMT-002 Youtube channel) https://youtu.be/9kiKqY2uUMw?si=HQHYCl9oIswMyMlz 👉🏼👀 (Telegram SMT news) https://t.me/ShweMyoeTaw1/9888
14.02.202506:36
ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၄



၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှ စ၍ ရန်ကုန်မြစ်နှင့် တွံတေးတူးမြောင်း အတွင်း ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် စက်တပ်ရေယာဥ်(သမ္ဗန်)များ ခေတ္တရပ်နား ထားရာ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဥ်စီးခရီးသည်များ သွား လာရေး ခေတ္တမျှ အခက်အခဲဖြစ်ပေါခဲ့သည်။
ပဲခူးမြို့နယ် ညောင်အင်းကျေးရွာ၌ အမျိုးသမီးတစ်ဦးကြိုးဆွဲကျသေဆုံး
===========
ပဲခူး ဖေဖော်ဝါရီ ၁၃
ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအလယ်ရှိ ဒေါ်ထွေးရီးအဆောင်၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ ညနေ(၁၆:၃၀)နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်းသိရသည်။
သေဆုံးသူမှာ မသိင်္ဂီစိုး(၂၀)နှစ်၊ (ဘ) ဦးသန်းစိုး၊ ၇/ပခန(နိုင်) ၅၃၁၂၄၉၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ ညောင်အင်းကျေးရွာနေသူဖြစ် ကြောင်း သိရှိရပြီး ၎င်းသည် ဒေါ်ထွေးရီ၏ (၄)ခန်းတွဲအဆောင် အစွန်ဆုံးအခန်း မီးဖိုချောင်၀င်ပေါက်တွင် အမြင့်(၇)ပေခန့်ရှိ ထုတ်တန်း၌ အရှည်(၄)ပေခန့်ရှိ ပလပ်စတစ်သုံးလွန်းတင်ကျစ်ကြိုး အနီရောင်အားချည်ကာ တဖက်ကြိုးစအားလည်ပင်းတွင်ကွင်းလျောစွပ်လျှက် ဒူးထောက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
https://t.me/yangonnews100
13.02.202509:48
ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၃
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတက္ကသိုလ် ကျောင်းသား/သူများက “လူငယ့်အားမာန်” တေးသီချင်းဖြင့် ပဲခူးတိုင်း ဒေသကြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားအား သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံ၏ အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အားလျော်စွာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျက်မှောက်ကာလမှာ ရင်းနှီးမြှုပ်နှံခြင်းပြုလုပ်ဖို့ အလွန်အရေးကြီးပြီး အခြေခံကျကြောင်း၊ လူငယ်ဆိုတာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အလားအလာ အကောင်းအဆိုးများသည် လူငယ်များ၏ ဖွံ့ဖြိုး တိုးတက်နှင့် စွမ်းရည်အပေါ်မှာ တည်မှီနေကြောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော် ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွန်း လာစေရန်အတွက် လူငယ်များ အနေဖြင့် လေ့လာသင်ယူခြင်း၊ ဗဟုသုတရှာဖွေစူးစမ်းခြင်း၊ မိမိကိုယ်ကို ရပ်တည်နိုင်အောင်ကြိုးစားခြင်း၊ သမိုင်းကိုလေ့လာခြင်း၊ စာပေလေ့လာ ဖတ်ရှုခြင်းတို့ကို အမြဲမပြတ်ကြိုးစား ကာ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် လူကောင်းလူတော်များဖြစ်အောင် ကြိုးစားအားထုတ်ကြစေလို ကြောင်း အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံ့အနာဂတ် ကောင်းမွန် တိုးတက်စေရေး လူငယ်များတွင် တာဝန်ရှိမှုအပေါ် သိရှိနားလည်နိုင်စေရေး အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အမျိုးသားစာပေဆုရှင် မောင်ခြိမ့်က “လူငယ်တွေဘဝကို ဘာနှင့်မောင်းနှင်းကြမလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရင် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု(၈)ကြိမ်ဆုရှင်၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ မြင်းမူ မောင်နိုင်မိုး က “တိုင်းပြည့်သစ္စာစောင့်သိပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်စေရေး၊ နှလုံးရည်ပြည့်ဝစေရန် သုတ/ရသနှင့် စာပေ၏ အကျိုးကျေးဇူးများအား အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံ ပညာကိုယ်ရည်တို့လှမ်းချီ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တွင် ပါဝင်ဟောပြောခဲ့ကြသည့် စာရေးဆရာ/ ဆရာမကြီးတို့အား ဂုဏ်ပြုလက်ဆောင်နှင့် သီဆိုဖျော်ဖြေခဲ့ ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဲခူးတက္ကသိုလ်နှင့် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ချီးမြင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/yangonnews100
Кайра бөлүшүлгөн:
IT
Information Team Channel
10.02.202511:05
15.02.202523:26
အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း

( Representative List of The Intangible Culture Heritage of Humanity) သို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကျင်းပ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်အားပေး

ရန်ကုန် ဖေဖော်ဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် တပို့တွဲလပြည့်နေ့ ( မြန်မာ့သနပ်ခါးနေ့ ) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ပညာပေး အစီအစဉ်အဖြစ် ဖေဖော်ဝါရီလ ( ၇ ) ရက်နေ့မှစ၍ မတ်လ ( ၃၁ ) ရက်နေ့ထိ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်အဖြစ် ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်အားပေးသည်။

အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ် ဒုတိယထပ် Lobby တွင် ရှားပါး မြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့်မှန်တင်ခုံများ၊ Holographic Fan များ၊ ၆၂ လက်မ ရှိသော TV ဖြင့် အမျိုးသားပြတိုက် ( ရန်ကုန် ) ၏နေ့စဉ် သနပ်ခါးလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါးသီချင်းများကိုပြသလျက်ရှိရာ မေရီချက်(ပ်)မင်း ဆွံ့အနားမကြားကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများ ပြည်သူလူထုများ လာရောက်လေ့လာရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက် ( ရန်ကုန် ) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းနှင့် တာဝန်ရှိသူများက မြန်မာ့ သနပ်ခါး၏ အသုံးဝင်ပုံ၊ မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်း မြန်မာ့သနပ်ခါး၏ ထူးခြားမှု အကြောင်းများကို ပညာပေးဟောပြောပြီး လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများက ကိုယ်တိုင်သနပ်ခါးသွေး၍ ပျော်ရွှင်စွာ လိမ်းခြယ်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှု အစီအစဉ်ကို အမျိုးသားပြတိုက် ( ရန်ကုန် ) ရှိ ဒုတိယထပ် Lobby တွင် ရှားပါး မြန်မာ့သနပ်ခါး ကျောက်ပျဉ်နှင့် မှန်တင်ခုံများ၊ Holographic Fan များ၊ ၆၂ လက်မရှိသော TV ဖြင့် သနပ်ခါး၏ ပညာပေးလှုပ်ရှားမှုအစီအစဉ်ကာလအတွင်း သနပ်ခါး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုမှတ်တမ်းများ၊ သနပ်ခါးသီချင်းများကို ပြသထားသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာကို အစွဲပြု၍ ၂၀၂၁ ခုနှစ်တွင် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မှသည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆီသို့ သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်တစ်ခုဖြစ်ပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိပါသဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ သနပ်ခါးဆိုင်ရာ အထောက်အထား များကို ပြည်သူများမှပါဝင်ပြီး Practice of Thanakha Culture in Myanmar အချက်အလက်များ ဖြည့်သွင်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြတိုက်များတွင် ထားရှိသည့် QR Code ကို Scan ဖတ်၍လည်းကောင်း၊ Online စာမျက်နှာ ( https://docs.google. com/forms/d/e/1FAIpQLSeWCYIUWDb2Om36LyK9e_mgyaA6VXz8xioVZKnFNUNv6jWSog/viewform ) မှ Google Form တွင် သနပ်ခါးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းနိုင်ကြောင်း သိရသည်။
15.02.202504:19
15-2-2025 အမှတ်(၃၆၆)တပ်ရင်းမှူးနေအိမ်အနီး ဝင်ရောက်လာတဲ့အကြမ်းဖက်တွေကို droneနဲ့drop bomb ချချေမှုန်းတဲ့ ရုပ်သံမြင်ကွင်း 👉🏼👀 (Youtube channel SMT-001) https://youtu.be/9sLVMh1dn_U?si=rWuU-uExcKN1mpNe 👉🏼👀 (Telegram channel SMT news) https://t.me/ShweMyoeTaw1/9887
14.02.202506:12
14-2-2025 တောင်ခမ်းဒေသမှာ အကြမ်းဖက်သောင်းကျန်းသူတွေကို တပ်မတော်က ရှင်းထုတ်နေတဲ့ မြင်ကွင်း 👉🏼👀 (Youtube channel SMT-003) https://youtu.be/LMXqrJEnBHo?si=KVKMqVcEo1v2r8lC 👉🏼👀 (Telegram channel SMT-news) https://t.me/ShweMyoeTaw1/9877
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
13.02.202514:07
‎(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်
‎ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲကြီး နှစ်ရက်တိုး၍ ကျင်းပသွားမည်


‎နေပြည်တော် ဖေဖော်ဝါရီ ၁၃

‎(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြပွဲ စတင်သည့် ရက်မှစ၍ နေ့စဉ် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများ၊ MSME လုပ်ငန်းရှင်များ တစ်ခဲနက် လာရောက်ကြပြီး အထူး စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲကြသည့်အတွက် ပြပွဲကို ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက် နှစ်ရက်တိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သိရသည်။

‎Truth waves
Кайра бөлүшүлгөн:
Truth waves avatar
Truth waves
13.02.202507:58
#အင်တိုက်အားတိုက် တိုက်ဖျက်နေတဲ့ကျားဖြန့်

အခုတလောကျားဖြန့်ဂယက်က တစ်နေ့တစ်ခြား
ပိုပြီး ပြင်းထန်လာနေတာတွေ့ရတယ် ။အထူးသဖြင့်
မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်ထဲက
ထိုင်း-မြန်မာ နယ်စပ်က ရွှေကုက္ကိုလ်ဒေသ
ဟာ ကျားဖြန့်တိုက်ဖျက်ရေး ရဲ့ ပစ်မှတ်ဖြစ်လာ
နေပါတယ် ။ကျားဖြန့်နဲ့ ပတ်သက်ပြီး အိမ်နီးချင်း
နိုင်ငံတွေရော တရုတ်နိုင်ငံ က အားထည့်
လုပ်ဆောင်နေသလို မြန်မာနိုင်ငံ ကလည်း
ကျားဖြန့် တရားမဝင်လောင်းကစား လုပ်ငန်း
ကြီး ပပျောက်ကင်းစင်တဲ့ အထိ ရည်မှန်ထား
ဆောင်ရွက်နေရတာတွေ့ရတယ် ။

ဒါ့ကြောင့် လည်း အခုတလော မြန်မာပြည်
နယ်အနှံ့မှာ ကျားဖြန့်နှိမ်နင်းရေးကို စီမံချက်
ချဆောင်ရွက်နေလို့ ဖမ်းဆီးရမိတဲ့ ကျားဖြန့်
ဂိုဏ်းသားတွေကို သက်ဆိုင်နိုင်ငံတွေဆီကို
လွှဲပြောင်းပေးနေပါတယ် ။အစိုးရ ရဲ့ ထုတ်
ပြန်ထားတဲ့ သတင်းတွေအရတော့ ၂၀၂၅
ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ
ကျားဖြန့် ခေါင်းစ ဥ်အောက်ကနေ မြန်မာ
နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့
နိုင်ငံပေါင်း ၃၂ နိုင်ငံ က နိုင်ငံခြားသား
ကျား/မ ၅၅၈၄၁ ဦးကို လွှဲပြောင်းခဲ့ပြီး
ဖြစ်သလို ဒီနောက်ပိုင်းကာလတွေမှာ
လည်း ကျားဖြန့် နဲ့ ဆက်စပ်နေသူတွေ
ကို ဖမ်းဆီးရမိတိုင်း စ ဥ်ဆက်မပြတ်
လွှဲပြောင်းပေးလျက်ရှိပါတယ် ။

တစ်နေ့ က တရုတ်နိုင်ငံသား
၂၁ ဦးကို လွှဲပြောင်း
ပေးနိုင်ခဲ့သလို ထပ်မံဖမ်းဆီးရမိသူတွေ
ကိုလည်း စ ဥ်ဆက်မပြတ်လွှဲပြောင်း
ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ် ။
အထူးသဖြင့် တောင်ပိုင်းကျားဖြန့်ဒေသ
လို့ လူသိများတဲ့ မြဝတီမြို့နယ်ထဲက
ကျားဖြန့် နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး
နိုင်ရေး အတွက်
နစက အနေနဲ့ အင်တိုက်အားတိုက်
တိုက်ဖျက်နေကြပြီး ဖြစ်ပါတယ် ။

ထူးခြားတာက ဒီဒေသ မှာ ရှိတဲ့
BGF တွေကိုယ်တိုင်က ကျားဖြန့်နှိမ်နင်း
ရေး ကို တက်တက်ကြွကြွနဲ့ ပူးပေါင်း
ပါဝင် ဆောင်ရွက်ပေးနေလို့ ကရင်ပြည်
နယ် မကြာမီ ကျားဖြန့် ကင်းစင်ရေး
ဇုန်ကို ထူထောင်နိုင်တော့ မယ် သဘော
တွေ့ရပါတယ် ။

ဒါကို ကြည့်ချင်းအားဖြင့်
မြန်မာနိုင်ငံ ဟာ ကျားဖြန့်နှိမ်နင်း
ရေး ကို ဘယ်လောက်အလေးထားပြီး
ဆောင်ရွက်နေသလဲ ဆိုတာတွေ့မြင်ရ
မှာ ဖြစ်ပါတယ် ။ဒါ့ကြောင့် မကြာမီ
အချိန်ကာလ အတွင်းမှာ ကျားဖြန့်ဆိုတဲ့
တရားမဝင် အွန်လိုင်း လောင်းကစား
လုပ်ငန်းကြီး ဟာ အနှေးနဲ့ အမြန်ဆိုသလို
ကင်းစင် ပျောက်ကွယ်သွားလိမ့်မယ်
လို့ ယူဆမိပါတယ် ။

Truth Waves
10.02.202510:49
ဒေါပုံရဲစခန်း အချုပ်ခန်းဖောက်ပြေးသူလေးဦးအနက် တစ်ဦးသာ ဖမ်းဆီးရမိဟုဆို

၂၀၂၅၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ဒေါပုံရဲစခန်းအတွင်း အချုပ်ခန်းဖောက်၍ ထွက်ပြေးသွားသောဖြစ်ရပ်ကြုံတွေ့ပြီး လတ်တလောတွင် ထွက်ပြေးသူလေးဦးအနက် တစ်ဦးသာဖမ်းဆီးရမိထားကြောင်း ဒေသခံများမှ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရသည်။

“ရပ်ကွက်ထဲမှာလည်း လူတွေရုတ်စုရုတ်စုဖြစ်နေကြတယ်၊ ဘာဖြစ်မှန်းမသိဘူး၊ နောက်မှသိရတာက ရဲစခန်းထဲအချုပ်ခန်း ဖောက်ပြီးပြေးသွားကြလို့တဲ့၊ အသေးစိတ်တော့မသိဘူး”ဟုလည်း ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်မှာ ဖေဖော်ဝါရီ ၉ ရက် နံနက် အစောပိုင်းကကြုံခြင်းဖြစ်သည်ဟုဆိုထားပြီး ယင်းနေ့၌ပင် အချုပ်ခန်းဖောက်ပြေးသူလေးဦးအနက် တစ်ဦးကိုပြန်လည်ဖမ်းဆီးရမိထားကြောင်း၊ အချုပ်ခန်းဖောက်ပြေးသူ လေးဦးမှာ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရသူ နှစ်ဦး ခိုးမှုဖြင့်ဖမ်းဆီးခံရသူ နှစ်ဦးတို့ ဖြစ်ကြောင်း ဆိုထားကြသည်။

ထိုလေးဦးမှာ ဒေါပုံမြို့မရဲစခန်းမှ မယ(ပ)၂/၂၀၂၅၊ မယ(ပ)၃/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားသည့် ဒေါပုံ နွယ်အေးရပ်ကွက်နေ သူရဇော် (ခ) အောင်ရဲလင်း (၂၄ နှစ်)၊ ဒေါပုံမြို့နယ်၊ မေတ္တာလမ်း ဗိုလ်ထွန်းဇံရပ်ကွက်နေ ဝေယံအောင် (ခ) သင်္ဘောသီး (၃၃ နှစ်)၊ (ပ)၆၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်၅၄ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားသည့် ဒေါပုံမြို့နယ်၊ ဗိုလ်လရောင်လမ်း၊ ကြည်စုရပ်ကွက်နေ ညီညီခန့်(ခ) အသေးလေး (၂၀နှစ်)၊ လှိုင်သာယာမြို့နယ်၊ ဇောတိကလမ်း၊ (၁၁)ရပ်ကွက်နေ ကလေးသူငယ်တရားခံအဖြစ် ချုပ်နှောင်ထားသည့် ခန့်ထည်ဝါထွန်း (၁၇နှစ်) တို့ဖြစ်ကြောင်း၊ အမျိုးသားအချုပ်ခန်း၏ လက်ဘက်ထောင့် နှစ်တိုင်မြောက်သံတိုင်ကို အရှည် (၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့် ဖြတ်၍ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက် သံဇကာကိုဖြုတ်၍ ထွက်ပြေးသွားခြင်းမျိုးလည်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်ထားချက်အရ သိရှိရသည်။
15.02.202523:26
ရန်ကုန် ဖေဖော်ဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် တပို့တွဲလပြည့်နေ့ ( မြန်မာ့သနပ်ခါးနေ့ ) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များနှင့် ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ပညာပေး အစီအစဉ်အဖြစ် ဖေဖော်ဝါရီလ ( ၇ ) ရက်နေ့မှစ၍ မတ်လ ( ၃၁ ) ရက်နေ့ထိ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် ( ရန်ကုန် ) ၌ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်အဖြစ် ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်အားပေးသည်။https://t.me/ShweMyoeTaw1/9908
14.02.202509:29
ထန်းတပင်(ရန်ကုန်)၊ဖေဖော်ဝါရီ(၁၄)ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးလျာထားဧကထက် ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေးစီစဥ် ဆောင်ရွက် လျက်ပြီး ယနေ့အထိ နွေစပါးလျာထားစိုက်ဧကလေးသောင်းခုနှစ်ထောင်ကျော်ရှိသည့်အနက် ဧကသုံးသောင်း ရှစ်ထောင်ရှစ်ရာကျော်စိုက်ပျိုးပြီးစီးကြောင်းအဆိုပါဦးစီးဌာနမှသိရသည်။
14.02.202504:57
2024 ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှ အနုပညာရှင်များ၏ စကားသံများ
၁၃-၂-၂၀၂၅ (ဖေဖော်ဝါရီ ၁၃ ရက်နေ့အတွက် သတင်းမှန်များ ထုတ်လွှင့်ပြန်ကြားပေးမှု) 👉🏼👀 (Youtube channel SMT-001) https://youtu.be/aD78PbN6H4Q?si=L2yTxa0piv211GU1 👉🏼👀 (Tiktok SMT) https://www.tiktok.com/@shwe.myoe.taw/video/7470902228711214354?is_from_webapp=1&sender_device=pc&web_id=7359391421412066832
13.02.202500:34
13-2-2025 ကလေးမြို့နယ်မှာ CDF(ချင်းပဒက်)တွေ ဖရိုဖရဲထွက်ပြေးနေရပြီ 👉🏼👀(Youtube channel SMT-001) https://youtu.be/rDZHhc-Q9ps?si=MeRXbRK8wVg4_d2c
၂၀၂၅၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်မြို၊ ဒေါပုံမြိုနယ်ရှိ ဒေါပုံရဲစခန်းအတွင်း အချုပ်ခန်းဖောက်၍ ထွက်ပြေးသွားသောဖြစ်ရပ်ကြုံတွေ့ပြီး လတ်တလောတွင် ထွက်ပြေးသူလေးဦးအနက် တစ်ဦးသာဖမ်းဆီးရမိထားကြောင်း ဒေသခံများမှ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရသည်။
Көрсөтүлдү 1 - 24 ичинде 405
Көбүрөөк функцияларды ачуу үчүн кириңиз.