ကမ္ဘာပေါ်မှာ ပိုက်ဆံ
ဘယ်လောက်များများ ရှိပါသလဲ။
ဒီမေးခွန်းက လွယ်မယောင်နဲ့ ခက်ပါတယ်
ပိုက်ဆံလို့ ဆိုလိုက်တဲ့အခါမှာ
ဘာကိုပြောတာလဲ ထပ်မေးရပါတယ်။
စီးပွါးရေးပညာရှင်တွေက
ငွေကို ၃ မျိုးထပ်ခွဲပါတယ် M0, M1, M2 ပါ။
M0 ဆိုတာက ကိုင်လို့ရတဲ့ ပိုက်ဆံ၊ အကြွေစေ့နဲ့
ဘဏ်တွေက အရန်ငွေကြေးတွေကို ခေါ်တာပါ။
M1 ဆိုတာက ချက်လက်မှတ်လိုအရာတွေကိုခေါ်ပြီး
M2 ဆိုတာက ဘဏ်ငွေစာရင်း၊ အာမခံ
ဘွန်းစတဲ့အရာတွေကို ဆိုလိုပါတယ်။
M0 ငွေသားသက်သက်အနေနဲ့ ပြောရရင်
တကမ္ဘာလုံးမှာ ဒေါ်လာ ၈ ထရီလီယံလောက်ရှိပါတယ်။
M1 က ဒေါ်လာ ၂၈.၆ ထရီလီယံဖိုး ရှိပါတယ်။
M2 က ဒေါ်လာ ၈၂.၆ ထရီလီယံဖိုး ရှိပါတယ်။
ငွေ အကြောင်းပြောမယ်ဆိုရင်
ရွှေကို မေ့ထားလို့ မရပြန်ပါဘူး
ရွှေတန်ဖိုးက ဒေါ်လာ ၁၇.၇ ထရီလီယံဖိုး ရှိပါတယ်။
ခရစ်တိုငွေကြေးက
ဒေါ်လာ ၃.၅ ထရီလီယံဖိုး ရှိပါတယ်။
ကမ္ဘာ့ GDP တန်ဖိုးက ၂၀၂၄ ခုနှစ်မှာ
၁၁၀ ထရီလီယံဖိုး ရှိပါတယ်။
ပုဂ္ဂလိကလူတွေနဲ့ ကုမ္ပဏီတွေ ပိုင်ဆိုင်မှုက
၄၅၄.၄ ထရီလီယံဖိုး ရှိပါတယ်။
အကြွေးကလည်း တကမ္ဘာလုံးမှာ
ဒေါ်လာ ၃၀၀ ထရီလီယံဖိုး ရှိပါတယ်။
၁ ထရီလီယံ = ၁၀၀၀ ဘီလီယံ
M1 = M0 + M1
M2 = M0 + M1 + M2
Ref: Interesting Facts