ကမ္ဘာဟာလုံးသလား
ပြားသလားဆိုတော့
ကမ္ဘာဟာမမတင့်ပါ
(1)
တေးသီဖောင်ဖွဲ့နေတဲ့ငှက်နှစ်ကောင်
လှလှပပရစ်နှောင်ချည်ပတ်ထားကြ
လက်ပံပွင်တွေသုပ်စားကြမယ်
ကြက်သွန်မြိတ်လေးတွေ
အုပ်ထားတဲ့ငပိချက်တစ်ခွက်
ဘာဟင်းမှထပ်မလိုပဲ
စားကောင်းပါပေတယ်
(2)
နွေလေရူးတွေထံက
သတင်းစကားတိုးတိုးလေးဟာ
မမတင့်ပျော်နေကြောင်းပေါ့
အချစ်တွေပါမမတင့်ရယ်
အပြစ်တွေမဟုတ်ပါဘူး
မနဲ့မကြားမှာကျွန်တော်တို့ပျော်ခဲ့ကြ
ငိုခဲ့ကြ စျေးခြင်းတောင်းထဲက
ပန်းသီးကလေးတစ်လုံး
ဘယ်သူဖို့များလဲ
(3)
နာရီလက်တံတို့လဲအိုမင်း
ယို့ယွင်းလာကြပြီ
စားချိန်မမှန်အိပ်ချိန်မမှန်
မကောင်းသောလူခန္ဓာပါ
ဘာဆိုဘာမှမကောင်းဘူး
ကုန်စျေးနှုန်းကအစ
အုပ်ချုပ်သူအဆုံးပေါ့
ခုလို့ညနေစောင်းဆို
အိပ်မရတဲ့ငှက်တွေများစွာ
အတွေးတွေများစွာ
ကဗျာတွေထဲမှာ
စီးကရက်တွေဟာမြေစာပင်
မီးလောင်ရာနဲ့သွေးရင်းကောင်
(4)
ရုပ်ပျက်ဆင်းပျက်နဲ့
အတွေးတစ်ချို့
အသွားနဲ့မခုတ်ပဲ
ဓားနောင့်နဲ့ခုတ်နေတဲ့
စကားလုံးလေးဟိုတစ်စု
ဒီတစ်စု မသေမရှင်
ခုတ်ကြသတ်ကြ
မြန်မာပြည်နှစ်ခြမ်းကွဲတော့
ကျွန်တော် ဖာကြည့်တယ်
ဒီမိုကရေစီအကြောင်း
ဖာနိုင်ငံကလူတွေကို
ပြောပြရတာ အာပေါက်တာပဲရှိမယ်
(5)
တစ်ကောင်စနှစ်ကောင်စ
ငှက်တစ်အုပ်ကိုလိုက်ရေတယ်
လွမ်းတဲ့စိတ်ဟာတိုက်စားလွန်းတော့
မျက်ခမ်းပါးတွေပြိုကြရှာပြီလေ
မမတင့်ထွက်သွားတဲ့ရက်တွေ
ထဲမှာညညအိပ်၍မပျော်
တစ်ညလုံးကဗျာထိုင်ရေးတယ်
ခက်ပါတယ် မမတင့်ရယ်
အလွမ်းတွေဟာ သိပ်ကိုခက်တယ်
မေးခွန်းတွေထုတ်ချင်ခဲ့မိတယ်
အတွေးတွေကိုရပ်တန့်ပစ်လိုက်တယ်
ကျွန်တော်ဟာလူသေကောင်နည်း
ထုတ်သုံးပစ်လိုက်တယ်
ဝှက်ဖဲလေးတစ်ချို့သိမ်းထားပါရဲ့
မျက်ရည်စတစ်ချို့လဲရှိပါရဲ့
ဆေးလိပ်တွေဖျက်လိုက်တယ်
အဆုတ်တွေဘယ်ပျောက်ကုန်ပါလိမ့်
သတင်းစကားတွေမကြားရတာလဲ
ကြာရှည်လွန်းလှပါပြီ
ဒီနှစ်နွေဆိုတာကလဲ
ပူလောင်အုံးမယ်
(6)
တင့်မေတ္တာတွေမရှိတဲ့နောက်
ယိုင်တိယိုင်တိုင်
လုလင်ပျိုတစ်ဦး မလုပ်နိုင်ခဲ့ဘူး
အတိတ်တွေကိုထွေးပွေ့ထားတယ်
နွေမျက်ရည်တွေကြား မှုန်ဝါးလာတယ်
ရေးတေးတေးလေးမြင်နေရတဲ့
စာလေးတစ်ဆောင် ဆောင်ကြပါလေ
ဆောင်ကြပါလေ...။
#Mgki