Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Truth waves avatar
Truth waves
Truth waves avatar
Truth waves
၂၅-၂-၂၀၂၅ (Onlineလိမ်လည်မှုနှင့် ဒုစရိုက်မှုတွေမှာပါဝင်ခဲ့တဲ့ သူတို့ရဲ့စကားသံများ)

👉🏼👀 (Youtube - TW) https://youtube.com/shorts/X20Kho0dFjg?si=ZQqHaU8IefWWzKdE

👉🏼👀 (Telegram - TW) https://t.me/truthwaves4arm/1326

👉🏼👀 (Tiktok-TW) https://www.tiktok.com/@truthwaves0/video/7475387115186965767?is_from_webapp=1&sender_device=pc&web_id=7359391421412066832
သမ္မတ Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ဟာ တနင်္လာနေ့က အိမ်ဖြူတော်အရှေ့ဘက်ခန်းမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး Macron က ယူကရိန်းပဋိပက္ခအတွက် ဆုံးဖြတ်ချက်ကို လာမည့်သီတင်းပတ်များအတွင်း ရရှိနိုင်မည်ဟု ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

Truth waves
24.02.202513:41
ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား အလုပ်သမားများကိုနေရပ်ပြန်ပို့

ဖေဖော်ဝါရီ ၂၄

၂၀၂၅ ဖေ ၂၄၁၁၄၅ ချိန်တွင် ကော့သောင်းမြို့၊ ဘုရင်‌နောင်ရပ်ကွက် ၊ ရှိ အမှတ်(၂) ဘုရင့်နောင်ဆိပ်ခံ‌ ဗောတံတားသို့ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးရဲစခန်း အချုပ် (IDC )၌ ထိန်းသိမ်းထားရှိသော အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား အလုပ်သမား ဖြိုးကို၊ ၂၅ နှစ်၊ (ဘ)ဦးစိုးကြည်၊ ရွှေပြည်သာရပ်ကွက်၊ ကော့သောင်းမြို့ နေသူပါ ကျား ၁၉၈ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၀၀ ဦးတို့အား ရနောင်းမြို့၊အခြေစိုက် အလုပ်သမားသံအရာရှိ ဦးမိုးဇော် ဦးဆောင်၍ ပဲ့ချိတ်စက်လှေ ၁၄ စီးဖြင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ရောက်ရှိလာခဲ့ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူဟိန်းစိုး၊ မြို့နယ်ရဲမှူး ဝေလင်းကို၊ မြို့နယ်လဝက ဦးစီးမှူး ချမ်းမြေ့ဇေယျာဦး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လ/ထညွှန်မှူး ဦးညီမောင်ရွှေ၊ လူကုန်တားဌာနစိတ်(၂)မှ ဒုရဲမှူး အောင်ဆန်းဝင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ခင်မာထွေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ထင်ပေါ် နှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း၊ ၁၂၂၀ နာရီတွင် ၎င်းနေရပ်ပြန်များအား မော်တော်ယာဉ် များဖြင့် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ နဝရတ် အားကစားခန်းမသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ၁၂၄၅ နာရီတွင် ရောက်ရှိခဲ့ပြီး  ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံရမှုရှိ/မရှိစစ်ဆေးခြင်း၊ တာဝန်ရှိသူများက ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ PDF အကြမ်းဖက်သမားများ၊ CDM ဝန်ထမ်းများ၊ အမည်မည်းစာရင်း တွင် ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့် အလိုရှိသူများနှင့် လူကုန်ကူးခံရသူများ၊ တရားခံ ပြေးများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေး ပြီးနောက် ၊ကော့သောင်းဒေသခံများမှအပ ကျန် ထောင်လွတ် အလုပ်သမားများကို ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှစီစဉ် ပေးပါသည်။

#SittNaing
‎တူကီယဲနိုင်ငံမှာ အရက်တုများသောက်သုံးမှုကြောင့် လူပေါင်း(၁၃၀)ကျော်သေဆုံး



‎တူကီယဲနိုင်ငံမှာ အခုနှစ်အစကတည်းက အရက်တုများသောက်သုံးမှုကြောင့် အနည်းဆုံး လူပေါင်း(၁၃၃)ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ လူပေါင်း တစ်ဒါဇင်ကျော်ကလည်း ဆေးရုံတင်ထားရဆဲဖြစ်ကြောင်းနဲ့ တူကီယဲနိုင်ငံမှာ အရက်အပေါ်အခွန်မြင့်မားမှုဟာ တရားမဝင်အရက်ထုတ်လုပ်မှုကို ပိုမိုများပြားစေခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ရဲ့စီးနင်းမှုများအတွင်း အရက်တုလီတာ ထောင်ပေါင်းများစွာနဲ့ အရက်ချက်စက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။.....

Truth waves
24.02.202512:44
ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းများတို့ရဲ့ ကံကြမ္မာ
(သို့မဟုတ်)
ခေါင်း-ပုံ-ဖြ-တ်ခံရသော ရှမ်းမြောက် လူနေမှုဘဝ
========================
ယခုနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း
တစ်ကျောလုံးမှာ ပြည်သူလူထုဘဝတွေ
လူငယ်ကစ သက်ကြီးရွယ်အိုအဆုံး
ဒုက္ခရောက်ကြတဲ့ လူတွေ ဒူးနဲ့ဒေးပါ။

#လူငယ်ပိုင်း-
အခုနောက်ပိုင်းမှာ လက်နက်ကိုင်
လူသစ်စုဆောင်းရာမှာ စာသင်ကြားရမယ့်
လူငယ် လူမမယ်များလည်း မလွတ်ကြတော့ဘူး။
ရှမ်းမြောက်မှာ လက်နက်ကိုင်အဖွဲ့လည်း များသလို
လူသစ်စုဆောင်းခြင်း ခံရတာလည်း
၁၀နှစ် နှင့် အထက် အသက်မပြည့်‌ေသးတဲ့ ကလေးများလည်း ပါဝင်နေပါတယ်။
သူတို့ အနာဂတ် လှပဖို့အတွက်
လူ့အခွင့်အရေးဆို ဘာမှ အော်ခွင့်မရှိ လက်နက်ကိုင် လမ်းစဉ်သို့ လျှောက်လှမ်းခဲ့ကြရပြီ။ သူတို့အနာဂတ် အတွက်တော့ မတွေးဝံ့စရာပါပဲ။

#လူလတ်ပိုင်း
လူလတ်ပိုင်း အများစုက စစ်သားပဲ။
ကိုယ့်ရဲ့မိသားစုအတွက်ရော မိဘအတွက်ပါ ဘာမှ မလုပ်ကျွေးရပဲ အချိန်ပြည့် လက်နက်ထမ်းပြီး တိုက်ပွဲဝင်နေကြတာပါ။

#လူကြီးပိုင်း
လေးငါးဆယ် ဝန်းကျင် လူကြီးပိုင်း အများစုကလည်း
လက်နက်ကိုင် အဖွဲ့တို့ လူသစ်စုဆောင်း မခံရပေမယ့်
ဘိန်းစွဲ ဆေးစွဲဘဝနဲ့ပဲ ဘဝကို ကုန်ဆုံးစေကြတော့တယ်။

#အိမ်ရှင်မ
အိမ်ရှင်မ အများစုကလည်း ကိုယ့်အားကိုကိုးပြီး မိသားစု အတွက် လှုပ်ရှား ရုန်ကန်ရှာဖွေ ကျွေးမွေးကြရတဲ့ ကြားထဲက ဟိုအဖွဲ့ရောက်လာရင် အဆမတန် အခွန်တွေ ဆောင်လိုက် ဒီအဖွဲ့ ရောက်လာပြန်ရင်လည်း အခွန်ဆောင်ပေးလိုက်ရတာ များလို့ လယ်ရှိ လယ်ရောင်း၊ ယာရှိ ယာရောင်း ဘဝနဲ့ ဆက်နေနေကြရတာ။ တစ်ချို့လည်း ရှိတဲ့ အိမ်ခြံလေး ရောင်းပြီး ထိုင်းပြေးကုန်ကြတယ်။

#သက်ကြီးရွယ်အို
ဒုက္ခရောက်နေကြတဲ့ သက်ကြီးရွယ်အို အစွမ်းမှီခိုသူများလည်း ရှိနေကြသေးတယ်။ သူတို့ဘဝကလည်း အလွန်သနားစရာကောင်းတယ်။ တစ်ချို့ မြို့နဲ့ ဝေးတဲ့ တောရွာမှာဆို ထမင်းနပ်မှန်အောင် မစားရပဲ တုန်ရိ တုန်ရင်နဲ့ အသက်ဆက်နေကြရတယ်။

ရှမ်းမြောက် လူနေမှုဘဝဟာ အင်မတန် ရင်နာစရာကောင်းသလို လက်နက်တပ်ဖွဲ့တို့ရဲ့ ခေါင်း-ပုံ-ဖြ-တ်ခံနေရတယ်ဆိုတာလည်း ထင်ရှားပြန်ပါတယ်။

ဒီအတိုင်း နောက်ဆယ်နှစ်လောက်
ဆက်သွားကြမယ်ဆိုရင် လယ်ယာအိမ်ပိုင်ရှင် အများစုက
တရုတ်နဲ့ ကုလားပဲ ဖြစ်မယ်ဆိုတာ မြေကြီးလက်ခက် မလွဲပါ။

Khun Sar
25.02.202515:23
(၂၅-၂-၂၀၂၅) ရှမ်းမြောက်မှာ နယ်မြေပျောက်တော့မယ့် KIA

👉 YouTube https://youtu.be/w5Szo0oWVOU

👉 Telegram
https://t.me/truthwaves4arm/1325
ယူကရိန်းသို အက်စတိုးနီးယားက အမြောက်ကျည် ၁၀,၀၀၀နှင့် ရိက္ခာထုပ် ၇၅၀,၀၀၀ ပေးပို့ထောက်ပံ့သွားမည်ဟု အက်စတိုးနီးယားဝန်ကြီးချုပ်က ကြေညာခဲ့

Truth waves
25.02.202502:18
Merz (သို့) U.S ကို အာခံသူ
*******

“ဥရောပကို ပိုအားကောင်းအောင် လုပ်ပြီး အမေရိကန်ရဲ့ အထောက်အပံ့ကနေ ကင်းလွတ်တဲ့ လွတ်လပ်တဲ့ ဒေသဖြစ်အောင် လုပ်မယ်။”

ဒီစကားကို ပြောလိုက်သူကတော့ မနေ့က ဂျာမနီရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဂျာမနီအဓိပတိဖြစ်လာမယ့် Merz ပါပဲ။ သူဟာ ပူတင်နဲ့ ရုရှားကို မုန်းတီးသလို Trump နဲ့ Elon Musk တို့အဖွဲ့ကိုလည်း အင်မတန်ရွံရှာပါတယ်။ ရွေးကောက်ပွဲနိုင်ပြီးပြီးချင်း နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ Trump နဲ့ Musk တို့ရဲ့ ဂျာမနီရွေးကောက်ပွဲကို ဝင်နှောင့်ယှက်တာဟာ စိတ်ပျက်စရာကောင်းပြီး ရုရှားလိုပဲ ကျင့်ဝတ်မရှိဘူးလို့ ပေါ်တင်ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ဥရောပမှာ စစ်အင်အားတွေ တိုးချဲ့ပြီး အမေရိကန်ရဲ့ အထောက်အပံ့ကို စောင့်နေစရာမလိုပဲ ကိုယ့်လွတ်လပ်ရေးကို အာမခံနိုင်တဲ့ အဆင့်ထိ အားကောင်းအောင် လုပ်ကြဖို့လည်း ပြောသွားပါတယ်။

Elon Musk အကြီးအကျယ် မဲဆွယ်ပေးခဲ့တဲ့ AfD ပါတီကတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ၈၀% သော ဂျာမနီတွေဟာ အဲဒီပါတီနိုင်သွားမှာစိုးလို့ မဲထွက်ပေးခဲ့ကြပါတယ်။ ဂျာမနီအဓိပတိ Merz ဟာ အစိုးရအဖွဲ့ကို အလျင်အမြန်ဖွဲ့စည်းမှာဖြစ်ပြီး မကြာခင် ဥရောပခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး ယူကရိန်းကို ကူညီဖို့ လုပ်မယ်လို့ ပြောကြားသွားပါတယ်။ ရုရှားနဲ့ ငြိမ်းချမ်းရေးလုပ်လို့ မရဘူး။ တကယ်ငြိမ်းချမ်းရေးရချင်ရင် ကျနော်တို့ဟာ မှန်ကန်တဲ့ဘက်က ရပ်တည်ရမယ်။ ကျနော်ကတော့ အမြဲတမ်း ယူကရိန်းနဲ့ အတူရှိတယ်လို့ ပြောကြားသွားပါသေးတယ်။ သူဟာ ယူကရိန်းဘက်က အမြဲထောက်ခံခဲ့သူဖြစ်ပြီး သမ္မတဇာလန်းစကီးကိုလည်း အားပေးသူဖြစ်ပါတယ်။

Trump ကတော့ ရွေးကောက်ပွဲအနိုင်ရတဲ့ Merz ကို ဝမ်းသာကြောင်းပြောခဲ့ပေမယ့် Merz ကတော့ တုံ့ပြန်ခြင်းမပြုခဲ့ပါဘူး။ EU မှာ ခေါင်းဆောင်က ဂျာမနီပါပဲ။ ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၄ မှာရှိပြီး ဂျာမနီစစ်တပ်ရဲ့ လက်နက်တွေဟာ ထိပ်တန်းပါ။ လက်ရှိဂျာမနီအဓိပတိဖြစ်တဲ့ Scholz ဟာ Biden တို့လိုပဲ အရာရာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပေမယ့် Merz ကတော့ ပြတ်သားတဲ့ သူမျိုးပါ။ သူက Scholz ယူကရိန်းကို ပေးဖို့ ငြင်းခဲ့တဲ့ Taurus ဒုံးကျည်တွေကို အခုတော့ ယူကရိန်းကို ပေးမယ်လို့ ပြောခဲ့သူဖြစ်ပြီး ရုရှားနိုင်ငံထဲထိ ထိရောက်အောင် ပစ်နိုင်မှ ဒီစစ်ပွဲက အမြန်ပြီးမယ်လို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ ဥရောပနိုင်ငံတွေ ပါဝင်ရမယ်လို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိသူဖြစ်ပြီး Trump ရဲ့ ရုရှားနဲ့ စာချုပ်ကို လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောထားပါတယ်။

မတ်လ ၃ ရက်နေ့မှာ ပြင်သစ်မှာ ဥရောပထိပ်တန်းခေါင်းဆောင်တွေ ထပ်မံဆုံတွေ့ဖို့ ရှိပါတယ်။ Trump ရဲ့ ရုရှားဘက်ပင်းတဲ့ မူဝါဒကြောင့် ဥရောပဟာ နိုးထလာပြီဖြစ်ပြီး ဥရောပစစ်တပ်တခုဖွဲ့ဖို့နဲ့ ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးကို သူတို့မပါပဲ ဆွေးနွေးခွင့်မရှိအောင် ပြုလုပ်မယ့်အကြောင်းတွေ ပါဝင်ပါတယ်။ ဥရောပဟာ စီးပွားရေးစူပါပါဝါပြန်ဖြစ်ဖို့နဲ့ စစ်ရေးစွမ်းအားမြှင့်တင်ဖို့ လုပ်တော့မယ်ဆိုရင် သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျာမနီက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဥရောပကသာ ဒုတိယကမ္ဘာစစ်မတိုင်မီက အခြေအနေမျိုးထိ ပြန်သွားနိုင်မယ်ဆိုရင် အမေရိကန်ရဲ့ Global Power ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဥရောပဟာ လက်ရှိမှာ ကနေဒါနဲ့ တရုတ်ကို တိုက်ရိုက်ကုန်သွယ်ဖို့လည်း စဉ်းစားနေသလို စစ်ရေးစွမ်းရည်ကိုလည်း အစွမ်းကုန်မြှင့်ဖို့ ပြင်ဆင်နေချိန်မှာ Trump ကို ရဲရဲအာခံရဲတဲ့ Merz တက်လာတာဟာ ဥရောပအတွက်တော့ မျှော်လင့်စရာပါပဲ။

တခါက အင်မတန်ကြီးကျယ်တဲ့ ရောမအင်ပါယာကြီးကို အာခံသူ Spartacus ပေါ်ထွက်လာခဲ့သလိုပဲ အခုလည်း Trump နဲ့ အမေရိကန်ကို အာခံရဲတဲ့ သူတယောက်ကတော့ EU ရဲ့ ခေါင်းဆောင်နိုင်ငံကြီးဆီမှာ ပေါ်ထွက်လာခဲ့ပါပြီ။ ကမ္ဘာကြီးရဲ့ World Order ဟာ ဘယ်ဘက်ကို ယိမ်းသွားမလဲ။ ၄ နှစ်အကြာမှာ ဘယ်သူတွေ ပျက်ဆီးပြီး ဘယ်သူတွေ တိုးတက်ရစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါစို့။

Nay Thway
24.02.202513:10
ပြည်သူများကို အကြမ်းဖက်ခံနေရမှုများမှ ကယ်တင်ဖို့ တရားသောစစ် ဆက်လက်ဆင်နွှဲစို့
အာဏာကို လိုချင်တက်မက်လွန်းတဲ့ နီပိတ်တွေဟာ ဘာနဲ့တူသလဲဆိုရင် အရူးကို အမဲသား ကျွေးမိတာနဲ့ တူတယ်ထင်ပါရဲ့။ နွားမြင်တာနဲ့လက်ညှိုးထိုးသလိုပဲ နီပိတ်တွေဟာလည်း အာဏာရဖို့ အတွက် ရွေးကောက်ပွဲကို မနိုင် နိုင်အောင် မဲခိုးတော့ပါပဲ။ မဲခိုးတော့ ကျန်တဲ့ ဆန့်ကျင်ဘက် အတိုက်အခံပါတီတွေက ဖြေရှင်းပေးဖို့တောင်းဆိုမှုတွေ၊ တပ်ဘက်ကပါ ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ လုပ်လာတဲ့အခါမှာ အာဏာမရမှာကြောက်ပြီး အတင်းအဓမ္မ လွှတ်တော်ကို ဇွတ်ခေါ်ပြီး အာဏာယူဖို့ ကြိုးစားပါတော့တယ်။
အကျဉ်းချုံးပြီး တင်ပြရရင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားရင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေငြာရမှာမို့ ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေငြာပြီး ကာချုပ်ကို အာဏာထိန်းခိုင်းခဲ့တာဖြစ်တယ်။ အဲဒီအခါကျတော့ နီပိတ်တွေခမျာ ပါးစပ်အနားရောက်ခါနီး အသားတုံးကြီး ပုပ်ချခံလိုက်ရတာကို မကျေနပ်လို့ အာဏာပြန်ရရေး နည်းမျိုးစုံနဲ့ ကြိုးစားပါလေရောဗျာ။ အာဂ အာဏာရူးတွေပါပဲ။ သူတို့အာဏာ မရရင် တိုင်းပြည်ပျက်စီးစေရမယ် ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံကို ကျဆုံးနိုင်ငံမဖြစ်ဖြစ်အောင် နေရာအနှံ့ ဆူပူအကြမ်းဖက်မှုတွေကို ဦးစီးဦးဆောင် လုပ်နေကြတာဟာ အာဏာရူးနီပိတ်အုပ်စုဝင်တွေ ဖြစ်ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လက်တစ်ဆုံးနှိုက်တာက EAOs အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေပါ။ သူတို့ရဲ့ ရည်မှန်းချက်က ပိုပြီးကြောက်ဖို့ကောင်းပါတယ်။ တိုင်းရင်းသားဒေသတွေမှာ သူတို့အာဏာကို ပိုပြီးတည်ဆောက်နိုင်ဖို့ ကျဆုံးနိုင်ငံထက်ပိုတဲ့ ပြိုကွဲ နိုင်ငံဖြစ်အောင်၊ ကျွန်တော်တို့တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာပြိုကွဲအောင် အာဏာရူး နီပိတ် တွေရဲ့ ဆူပူအကြမ်းဖက်မှုတွေကို ဝိုင်းပြီး ဓာတ်ဆီလောင်း အားဖြည့်ပေးခဲ့ကြတာကို တွေ့ရပါတယ်။
အရင်က EAOs အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေ အခြေပြုလှုပ်ရှားတဲ့ နေရာဒေသ တွေမှာ တပ်က စစ်ဆင်ရေးလုပ်ခဲ့တာပါ။ အကြမ်းဖက်သောင်းကျန်းသူတွေ မရှိတဲ့ ဒေသတွေဟာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတို့တက်တာကို မနာလိုမရှု့စိမ့်တဲ့ EAOs အမည်ခံ အကြမ်းဖက် သောင်းကျန်းသူတွေဟာ တည်ငြိမ်အေးချမ်းတဲ့ အဲဒီဒေသတွေကို စစ်မီးကူးအောင် အာဏာရူး နီပိတ်တွေနဲ့ ပေါင်းပြီးကြံစည်လုပ်ဆောင်ခဲ့ကြပါတယ်။ အရင်က အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက် ခဲ့တဲ့ဒေသတွေဟာ အခုဆို စစ်တလင်းဖြစ်နေခဲ့ရပါပြီ။ စစ်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် မီးလောင်ပြာကျနေ ကြရပါပြီ။
အကြမ်းဖက်သောင်းကျန်သူတွေအနေနဲ့ သူတို့မတရား သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာ အကြောက်တရားနဲ့ အုပ်ချုပ်ရေးတည်ဆောက်နိုင်ဖို့ ဒလန်လို့ခေါင်းစဉ်တပ် စွပ်စွဲပြီး အပြစ်မဲ့သူတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီလိုသတ်ဖြစ်မှုတွေကြောင့် သေဆုံးသွား ခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူလူထု ယောကျာ်းမိန်းမ အရေအတွက်ဟာ အခုဆိုရင် ခုနှစ်ထောင့်ခုနှစ်ရာကျော် သွားပါပြီ။ ပြည်သူတွေ နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်း တည်ဆောက် ခဲ့ရတဲ့ လူမှုစီးပွားဘဝတွေဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံး နေရပါတယ်။ မြို့ရွာတွေကနေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို၊ သူတို့ပိုင်ဆိုင်သမျှအရာတွေကို အကြမ်းဖက်သမားတွေရဲ့ မတရား လုယက်ယူငင်တာကို ခံနေကြရပါတယ်။ အပြစ်မဲ့ ပြည်သူတွေ နေထိုင်တဲ့ မြို့ရွာတွေကို ဦးတည်တိုက်ကွက်ဖော်တဲ့အတွက် မြို့ရွာတွေအတွင်းမှာ တိုက်ပွဲတွေဖြစ်ပြီး မြို့ရွာတွေ ပျက်စီး နေရပါတယ်။
အခုလို ပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခဝေဒနာတွေကို ကုစားနိုင်ဖို့၊ အကြမ်းဖက် သမားတွေရဲ့ဥပဒေမဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကနေကယ်တင်နိုင်ဖို့၊ ပြည်သူတွေရဲ့ မျက်ရည်ကို သုတ်ပေးနိုင်ဖို့အတွက် လက်ရှိ တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်ချုပ်ကနေ ရဲဘော်အဆင့် အထိက မဖြစ်မနေ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါကို တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးကလည်း ဝန်းရံထောက်ခံ အားပေးနေပါတယ်။ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ ပြည်သူလူထု၊ အစိုးရနဲ့ တပ်မတော်တို့ရဲ့ ပေါင်းစည်းအား၊ ညီညွတ်တဲ့ စိတ်ဓာတ်တွေနဲ့ အတူတကွလုပ်ဆောင်သွား ကြရမှာပါ။ ဒီလို နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်မှာ ကျရောက်နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ ကာကွယ်ကယ်တင်နိုင်ဖို့ လုပ်ဆောင်တာဟာ တရားသော စစ်ကို ဆင်နွှဲတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများကို အကြမ်းဖက်ခံနေရမှုများမှ ကယ်တင်ဖို့ တရားသောစစ် ဆက်လက်ဆင်နွှဲကြပါစို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

မောင်ဇော် (Truth waves)

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားမှု သုံးနှစ်အတွင်းသို့ရောက်ရှိ


‎ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားလာတာဟာ ဒီကနေ့ တနင်္လာနေ့မှာဆိုရင် ၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ယူကရိန်းဒုက္ခသည် (၆.၈)သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူပေါင်းသောင်းနဲ့ချီကာ သေကြေဒဏ်ရာရခဲ့ပါတယ်။ ယူကရိန်းဟာ ၎င်းရဲ့ မြေ (၁၁) ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။ ယူကရိန်းရဲ့ မျိုးဆက်တစ်ခုလုံးဟာလည်း ပဋိပက္ခအတွင်း အကြောက်တရားနဲ့ ကြီးပြင်းလာနေရပါတယ်။ ယူကရိန်းသမ္မတ “ဇီလန်းစကီး” ဟာ တစ်ချိန်က အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ အမြင်မှာ ရုရှားကို တိုက်ထုတ်တဲ့ သူရဲကောင်းတစ်ဦးဖြစ်နေခဲ့ပေမယ့် အခုအခါမှာတော့ အဆင်မပြေတဲ့ အနေအထားမှာရှိနေတာကို တွေ့ရှိနေရပါတယ်။.....

Truth waves
‎ဂျာမနီနိုင်ငံ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက ၎င်းတို့အနိုင်ရရှိကြောင်း အခိုင်အမာ ပြောကြားခဲ့



‎ဂျာမနီနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ၎င်းတို့အနိုင်ရရှိခဲ့တယ်လို့ ကွန်ဆာဗေးတစ်ပါတီက အခိုင်အမာ ပြောကြားလိုက်ပါတယ်။ မဲတွေကိုတော့ ဆက်လက်ရေတွက်နေဆဲဖြစ်လို့ ဘယ်ပါတီက ဘယ်လောက်ရရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အခုဆိုရင်တော့ ကွန်ဆာဗေးတစ် CDU ပါတီက ပါတီခေါင်းဆောင် ဖရစ်ဒရစ် မာ့ဇ် က နောက်လာမဲ့ ဂျာမနီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှာဖြစ်ပေမယ့် ၎င်းဟာ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ဆွေးနွေးမှုတွေမှာတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။.....

Truth waves
25.02.202505:27
25-2-2025 (ပြန်လည်ဆုတ်ခွာပြေးနေတဲ့AA/PDFအကြမ်းဖက်တွေကို Drop Bomb ချ လိုက်လံရှင်းလင်းနေတဲ့မြင်ကွင်း) 👉🏼👀(Youtube - TW) https://youtu.be/yXjITGJ9ls8?si=q24qQCfN8KGUbDxH 👉🏼👀 (Telegram - TW) https://youtu.be/yXjITGJ9ls8?si=q24qQCfN8KGUbDxH
25.02.202503:05
တောင်ကိုရီးယား တံတားပြိုကျမှုတွင် ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
24-2-2025 ရွှေဘိုမြို့နယ်မှာ PDF အမည်ခံအကြမ်းဖက်သမားတွေက လယ်ယာလုပ်ကိုင်နေတဲ့
အမျိုးသမီး ၃ဦးကို လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်သွား


👉🏼👀 (Youtube -TW) https://youtu.be/V9UOY3ElCfo?si=ZARWXvSjjhDIabAD

👉🏼👀 (Telegarm -TW) https://t.me/truthwaves4arm/1284 👉🏼👀 (Tiktok -TW) https://www.tiktok.com/@truthwaves0/video/7474999059200101640?is_from_webapp=1&sender_device=pc&web_id=7359391421412066832
(၂၄-၂-၂၀၂၅) ပြည်သူများကို အကြမ်းဖက်ခံနေရမှုများမှ ကယ်တင်ဖို တရားသောစစ် ဆက်လက်ဆင်နွှဲစို့...

ဆက်လက်ဖတ်ရှုရန်
အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားဆေးရုံတစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့‎


‎အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ ဆေးရုံတစ်ခုရဲ့အထူးကြပ်မက်ဆောင်မှာ အမျိုးသားတစ်ဦးက ဓားစာခံတွေကို ဖမ်းဆီးဖို့ ကြိုးစားနေတဲ့ အမျိုးသားရဲ့ ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ရဲအရာရှိ သေဆုံးပြီးနောက် ရဲတွေဘက်က ပြန်လှန်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် သေနတ်သမား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လူအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။.....

Truth waves
24.02.202510:51
စက်ရုပ်ကုမ္ပဏီ 1X ဟာ ၎င်းရဲ့ နောက်ဆုံးပေါ် အိမ်သုံးစက်ရုပ် Neo Gamma ကို ဖေ ၂၁ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

Neo Gamma သည် အိမ်ပတ်ဝန်းကျင်တွင် စမ်းသပ်ရန် ဒီဇိုင်းထုတ်ထားသော ရှေ့ပြေးပုံစံဖြစ်ပြီး ကော်ဖီဖျော်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် ဖုန်စုပ်ခြင်းအပါအဝင် အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်ကြောင်း ပြသထားတာကို တွေ့ရှိရတယ်။ ထို့အပြင် ၎င်းအား လူသားများနှင့် ထိတွေ့ရာတွင် ထိခိုက်မှုမရှိစေရန် ပျော့ပျောင်းသော ဝတ်စုံနှင့် ထုတ်လုပ်ထားတာကို တွေ့မြင်ရတယ်။

1X သည် Neo Gamma မည်မျှထုတ်လုပ်သွားမည်ကို မဖော်ပြထားသော်လည်း ယခုမိတ်ဆက်ပွဲမှာ ပါလာတဲ့ Neo Gamma ရဲ့ အိမ်ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနိုင်တယ်ဆိုတာကို ယခု video မှာ ရှုမြင်နိုင်မှာပဲ ဖြစ်ပါတယ်။

Truth waves
25.02.202505:17
25-2-2025 နိဂုံးချုပ်တော့မယ့် မတ္တရာက အကြမ်းဖက် ပဒက်တွေရဲ့ အခြေအနေတွေ 👉🏼👀 (Yotube TW) https://youtu.be/moHxSFNT_Ek?si=Cg0_ftgkmz8ay9Dp 👉🏼👀(Telegram - TW) https://t.me/truthwaves4arm/1292
25.02.202502:20
ပြည်တွင်း ပြည်ပ သတင်းအစုံအလင်နဲ့ ကဗျာ ဆောင်းပါး ဗဟုသုတရဖွယ် အကြောင်းအရာများအား အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေသဖြင့် ဝင်ရောက်လေ့လာကြည့်ရှုပေးပါခင်ဗျ🥰🥰🥰
👇👇👇👇👇👇👇👇👇
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
‎စပိန်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်‌တွေဟာ လူကုန်ကူးခံရသော အမျိုးသမီးတွေကို ကယ်တင်နိုင်ခဲ့


‎စပိန်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များဟာ လူကုန်ကူးတဲ့ အဖွဲ့ထံကနေ အမျိုးသမီး (၄၈) ဦးကို ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ အလီကန်တဲ နဲ့ မာစီးယားမြို့တို့မှာ သံသယရှိသူ လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ နိုက်ကလက် များမှာ ရာဇဝတ်မှုကျူးလွန်သူများဟာ အမျိုးသမီး တစ်ထောင်ကျော်ကိုအသုံးချခဲ့ကြောင်း စပိန်နိုင်ငံမှ တာဝန်ရှိသူများက ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။.....

Truth waves
‎အိန္ဒိယနိုင်ငံမှာ ဥမင်လှိုင်ခေါင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အလုပ်သမားများ ပိတ်မိနေ


‎အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ ဥမင်လှိုင်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမားများ လွတ်မြောက်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။ ထဲလန်ဂါးနား ပြည်နယ်မှာ  တည်ဆောက်ရေးလုပ်နေစဉ်အတွင်း ဆည်မြောင်းစနစ် ဥမင်လိုဏ်ခေါင်းရဲ့  အစိတ်အပိုင်းများ ပြိုကျခဲ့တဲ့အတွက် လူရှစ်ဦးဟာ  အသက်ရှင်လျက် ပိတ်မိနေနိုင်ကြောင်း သိရှိရပါတယ်။.....

Truth waves
24.02.202510:01
နစက ဘက်က တန်ပြန်ချပြခဲ့တဲ့ စီးပွားရေးStrategy 
==============
ကျားဖြန့်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က  သံတမန် နည်းလမ်းအရ ဖြေရှင်းနေချိန်မှာ စီးပွားရေးအရလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက် မက်လုံးတစ်ခု ကို သမ္မတ ရှီနဲ့ အဆိုပြုခဲ့ကြတယ်ဆိုတဲ့ သတင်းလေး မှတ်မိကြဦးမယ် ထင်ပါတယ်။ တရုတ်နိုင်ငံက နေ လာအိုကို ဖြတ်ကျော်ပြီး၊ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ မလက္ကာရေလက်ကြားကို ဖြတ်ချမယ့် ဒီသတင်းဟာ အာဆီယံနိုင်ငံတွေ အကြား အတော်လေးလည်းဟော့ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ဘက်က ကြည့်ကြည့်၊ ဒီပင်လယ်ထွက်ပေါက်ဟာ တရုတ်အတွက် လုံးဝ ပြည့်စုံတဲ့ ထွက်ပေါက် တစ်ခု မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဓိက ကတော့ ထိုင်းဟာ လက်ရှိဖြစ်နေတဲ့ မြဝတီ ကျားဖြန့် အရေးမှာတင် အမေရိကန်ကိုရော၊ တရုတ်ကို ပါ မျှခြေကစားနေတာကို ကြည့်ရင် တရုတ်ဘက်က လုံးဝဥသုန် ယုံကြည်မယ့် ဟန် တော့ မရှိပါဘူး။
-----
ဒီကနေ့ နစက ချပြခဲ့တဲ့ စီးပွားရေး စီမံကိန်းတစ်ခုက ရက်ပိုင်းအတွင်း မြန်မြန် ဆန်ဆန် ပဲ ထွက်ပေါ်လိုလာတာတွေ့ရတယ်။ ပဥ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို နေပြည်တော်က ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရုရှားဘက်က စီးပွားရေး ဖွံဖြိုးတိုးတက် ရေးဝန်ကြီး တွေ့ဆုံမှုအပြီးမှ စီမံကိန်း(၉)ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို ရုရှားနိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားတာပါ။  စီမံကိန်း(၉)ခုအထဲမှာမှ ရုရှားအစိုးရ စီးပွားရေးဖွံဖြိုး တိုးတက်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်တဲ့ သတင်းမှာ ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု အပါအဝင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက် ဖိုအတွက် မြန်မာနဲ့ရုရှား နှစ်နိုင်ငံကြား မှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးလိုက်ပြီ ဆိုတာပါပဲ။
----------
ဒီနေရာမှာ နစက ရဲ့ သံခင်းတမန်ခင်း ကစားတတ်ဖိုက  သိပ်အရေးကြီးပါတယ်။ အိန္ဒိယရဲ့အရှေ့ မျှော် မူဝါဒလည်း အကျုံးဝင်အောင် ၊ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် အတွက်လည်း အလေး ပေးသယောင်ယောင်ရှိအောင်၊ မိတ်ဆွေ မဟာမိတ်ဖြစ်တဲ့ ရုရှားလိုပဲ  ၃ နိုင်ငံ အကျိုးစီးပွား အပြိုင်ဖြစ်အောင် ကစားသင့်တယ်ဆိုတာ သတိပြု ရပါ့မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ထားဝယ်စီးပွားရေးဇုန်ရဲ့ အရေးပါအရာရောက်မှုနဲ့ ကြီးကျယ် ခမ်းနားမှုကို  နည်းမျိုးစုံနဲ့ ပိတ်ဆိုကစားနေတဲ့ စင်ကာပူနဲ့ မလေးရှား တိုကိုလည်း ကောင်းကောင်း ဒုက္ခ ပေးနိုင်မှာ ဖြစ်ပါတယ်။
-----------
Aden ပင်လယ်ကွေ့ရဲ့ ထိပ်မှာ ထီးထီးကြီးရှိနေတဲ့ Djibouti မှာ  အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ တရုတ်နဲ့ ဂျပန် ဆိုတဲ့ စစ်အခြေစိုက်စခန်းတွေ အပြိုင်ထားတဲ့ အခင်းအကျင်း မျိုးကို နစက အနေနဲ့ ပုံဖော်သင့်ပါတယ်။ ဒါကစီးပွားရေးအရလည်း ရေရှည်အပြိုင် ဖြစ်စေတဲ့ မက်လုံးဖြစ်သလို လုံခြုံရေးအပိုင်းမှာလည်း ကြိုတင် ကာကွယ်ပြီးသား ဖြစ်စေ မှာပါ။
------
ယူဆချက်သာ မမှားဘူးဆိုရင်…မကြာတော့တဲ့ ဒီကာလအတွင်းမှာ ကြီးကြီးမားမား အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ရုရှား-မြန်မာ စီးပွားရေး ပုံရိပ်တွေလည်း ထပ်ပြီး မြင်တွေ့လာပါလိမ့်ဦးမယ်။

(နရီမိုး)
Truth waves
Көрсетілген 1 - 24 арасынан 244
Көбірек мүмкіндіктерді ашу үшін кіріңіз.