ဒေါ်လာနှင့်ယွမ်ငွေ သုံးသိန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေသုံးသိန်း ကျော်ကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရပါတယ်။
ထိုသိုရောင်းချရာတွင် ငွေလဲနှုန်း ၃၅၉၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၅၀,၂၆၅ နှင့် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၂၁၄,၈၃၀ တိုကိုလည်းဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ရောင်းခဲ့ ခြင်းဖြစ်ပါတယ်။
ထိုနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၁.၅၉၆ သန်း၊ တရုတ်ယွမ် ၂၀.၆၃၉ သန်းနှင့် ထိုင်းဘတ် ၅၇.၃၅၈ သန်း အလွှအပြောင်းရှိခဲ့ကြောင်း သိရပါတယ်။