25.02.202514:10
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ရောင်တော်ဖွင့်ကုသိုလ်ပြု
ဖေဖော်ဝါရီ ၂၅
ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ရောင်တော်ဖွင့်ကုသိုလ်ပြုခြင်းအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပခဲ့ပါတယ်။
စိန်ဖူးတော်အား တရော်ကင်ပွန်းရေ၊ ပရိတ်ပဋ္ဌာန်းရေ၊ နံသာရေများဖြင့် ကုသိုလ်ပြုရောင်တော်ဖွင့်ခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့် စုံလင်းနှင့် တာဝန်ရှိသူများ၊ စေတီတော်မြတ်ကြီး၏ ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ဝင်များက ကုသိုလ်ယူပြုလုပ်ခဲ့ကြပါတယ်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား အနီးကပ်ဖူးမျှော်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။

23.02.202511:34
23.02.202503:24
23.02.202503:13
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး
ရန်ကုန် ဖေဖော်ဝါရီ ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိစစ်ဆေးသည်။
ဦးစွာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသော အနောက်တိုင်းလှေ၊ ရိုးရာလှေနှင့် ကနူး/ကယက် လှေလှော်အားကစားသမားများ၊ နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ စားရိပ်သာ၊ လှေများ ထိန်းသိမ်းထားသောနေရာ၊ အမျိုးသား/အမျိုးသမီးအိပ်ဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

15.02.202516:56
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ -၁၅
နေပြည်တော် ဖေဖော်ဝါရီ -၁၅
15.02.202504:53
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲ တက်ရောက်
ဖေဖော်ဝါရီ ၁၅
မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များ ပူးပေါင်းတိုက်ဖျက် ရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

25.02.202513:32
မြန်မာနိုင်ငံသားများသို့ အသိပေးကြေညာခြင်း
#Myanmagone
#Myanmagone
23.02.202510:07
နေပြည်တော်ရှိ မြို့နယ် (၈) မြို့နယ်တွင် ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးမည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် (၈) မြို့နယ်တွင် ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်မှ မတ်လ (၅) ရက်အထိ အခမဲ့ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ် (၈) မြို့နယ်မှာ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ဥတ္တရသီရိ ၊ လယ်ဝေး တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ လာရောက်ထိုးနှံနိုင်ကြောင်း အသိပေးကြေညာထားသည်။

23.02.202503:22
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ “RC-Investments” Foundation မှ Director အား လက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ “RC-Investments” Foundation မှ Director Mr. Alexander S. SHATIROV အား ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဓာတ်သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Қайта жіберілді:
Aung Moe Kyaw

23.02.202503:06
ဖေဖော်ဝါရီလ ၂၃ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw

15.02.202516:46
အထူးသတင်း
:::::::::::::::::::::::
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
#MyanmaGone

23.02.202514:10
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀၉ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၃
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၃

23.02.202503:25
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ထိုင်းဘုရင့်တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee အား လက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ထိုင်းဘုရင့်တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသရှိ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

23.02.202503:21
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ဂုဏ်ပြုညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံသည်။

22.02.202505:55
TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့နောင်ချိုကို ဗုံးကြဲ၊ TNLA ထိန်းချုပ်ရာဒေသများ ရက်ဆက်တိုက်ခိုက်ခံရမှုကြောင့် ၆ ဦးသေ
၂၂. ၂. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့ နောင်ချိုကို ထပ်မံဗုံးကြဲချေမှုန်းခဲ့တာကြောင့် သုံးဦးသေပြီး ခုနစ်ဦး ဒဏ်ရာရမှု ဒီကနေ့ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၁၅ မိနစ်ကနေ နံနက် ၁ နာရီခွဲအချိန်ထိ Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို နဲ့ တောင်ရှည်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခက်ခဲ့တာကြောင့် တိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရတဲ့အပြင်အကြမ်းဖက်တွေနေထိုင်တဲ့ နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာပါ။
ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂၂ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် TNLA နယ်မြေလုယက်ထိန်းချုပ်ထားရာမြို့တွေမှာ ၆ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့အပြင် TNLA လက်နက်ကိုင်တွေတပ်စွဲထားတဲ့ ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၁၁)လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

15.02.202515:39
မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်သွေးကြွ အကြမ်းဖက်သမားများ က နေအိမ်သို့ လာရောက် ပစ်သတ်သွားကြောင်း သိရ
ဖေဖော်ဝါရီ ၁၅
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာအုပ်စု၊ ခွက်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွေးအား ယနေ့ နေ့လည်ပိုင်းက အကြမ်းဖက်စစ်သွေးကြွများက နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
လူမဆန်သော လုပ်ရပ်နှင့် ပတ်သက်၍ သာယာဝတီခရိုင် အကြမ်းဖက်အဖွဲ့မှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဆိုင်ကယ်၊ ဖုန်းနှင့် တံဆိပ်တုံး၊ စာရွက်စာတမ်းများအား ယူဆောင်သွားကြောင်း သိရသည်။

14.02.202515:09
23.02.202511:34
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အုတ်ရေနုတ်မြောင်းနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အုတ်ရေနုတ်မြောင်းနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပီမိုးနင်းလမ်းနှင့် တပင်ရွှေထီးလမ်းအကြား ရန်ကုန်-ညောင်တုန်းကားလမ်းဘေးတွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရေးအတွက် အရှည် ၂၅၀၀ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ အနက် ၅ ပေခွဲ အပေါ်ဝအကျယ် ၈ ပေရှိ ဇလားပုံသဏ္ဌာန် အုတ်ရေနုတ်မြောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် လမ်းဘေးတွင် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိရန် စသည်တို့ကိုမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင် တိုးချဲ့ပန်းခြံအတွင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မူပိုင်ခွင့်ချိုးဖောက်မှုများတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၃
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့်မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့်ချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာတရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights)ကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိလေးဦး၊ ကျောက်တံတားခရိုင် တရားရုံးနှင့် ပဲခူးမြို့နယ် တရားရုံးတို့မှ တရားသူကြီးနှစ်ဦး စုစုပေါင်းခြောက်ဦးတို့က မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် Trademark Protection in Myanmar ၊ Criminal Litigation regarding with Trademark in Myanmar ၊ Protection of Well-known Trademark ၊ Protection of Online Copyright Infringement in Myanmar ၊ Monetary Relief for Copyright Infringements နှင့် Comparative Study of Damages Resulting from Trademark Infringement: Focusing on Statutory Damages ခေါင်းစဉ်များဖြင့် အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများတက်ရောက်ခဲ့ကြပြီး လူကိုယ်တိုင်တက်ရောက်သူ ၁၇၆ ဦး၊ အွန်လိုင်းဖြင့် တက်ရောက်သူ ၇၀၁ ဦး စုစုပေါင်း တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

23.02.202503:19
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ဖေဖော်ဝါရီ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။

17.02.202515:53
နမ့်စန်မြို့နယ်တွင် အမျိုးသမီးတစ်ဦး အား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
ဖေဖော်ဝါရီ ၁၇
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ လွယ်ဆိုင်းကျးရွာ အနီးတွင် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မနန်းဆိုင်အောင် ၊၁၇ နှစ်၊မိုးနဲမြို့နေသူဖြစ်ပြီး ဦးခေါင်းနောက်စေ့ဖူးရောင် ဒဏ်ရာ ၁ချက်၊ယာချိုစောင်းတွင် ပွန်းပဲ့ဒဏ်ရာ ၁ချက်၊ဝဲယာ တံတောင်ဆစ်နှင့် လက်ကောက်ဝတ်တို့တွင် ပွန်းပဲ့ ဒဏ်ရာ ၁ချက်စီနှင့် ပးစပ်နှင့်နှာခေါင်းတို့တွင် သွေးများထွက်၍ ပက်လက်အနေအထားဖြင့် သေဆုံးနေတယ်လို့သိရပါတယ်။
သေဆုံးသူရဲ့ ဒဏ်ရာ အခြေအနေကိုကြည့်ခြင်းအားဖြင့် ယာဉ်တစ်စီးပေါ်က ပြုတ်ကသော်လည်းကောင်း၊ယာဉ်တစ်စီးမှ တိုက်မိ၍သော်လည်းကောင်း သေဆုံးတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

15.02.202504:55
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ တောင်ငူ-ပျဉ်းမနားလမ်းပိုင်း၌ ရထားလမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းများအား RBE ရထားဖြင့် လိုက်ပါစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားဘူတာမှ RBE ရထားဖြင့် လိုက်ပါ၍ ပျဉ်းမနား - တောင်ငူရထား လမ်းပိုင်း ၅၉ မိုင်အတွင်း ရထားများ အမြန်နှုန်းမြှင့်တင်ပြေးဆွဲ နိုင်ရေးအတွက် သံလမ်းနှင့် တံတားများ အဆင့်မြှင့်တင်နေမှုလုပ်ငန်းခွင်များကို စစ်ဆေးကြည့်ရှုသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် တရုတ်ပြည်သူ့လုံခြုံရေး ဆိုင်ရာ ဝန်ကြီးဌာန လက် ထောက်ဝန်ကြီး H.E. Mr. Liu Zhong Yi တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
ဖေဖော်ဝါရီလ ၁၄
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား)နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)ရှိ ပြည်ထဲရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်း ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အတူ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန် ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ ကိုယ် စား လှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

Көрсетілген 1 - 24 арасынан 206
Көбірек мүмкіндіктерді ашу үшін кіріңіз.