Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Myo Chit Thu 😎😎😎 avatar
Myo Chit Thu 😎😎😎
Myo Chit Thu 😎😎😎 avatar
Myo Chit Thu 😎😎😎
अवधि
दृश्य की संख्या

उद्धरण

पोस्ट
रिपोस्ट छिपाएं
19.02.202513:20
ဘိန်းစား ပလောင်တွေက သိပ်မလည်ရှာဘူး။ ရောက်တဲ့နေရာ ရပ်တန့်ပြီး အပစ်ရပ်ဖို့ တပ်ကို တောင်းဆိုသတဲ့။

ရပ်နေချိန်မှာ လေယာဉ်မသုံးနဲ့၊ ဒရုန်း မသုံးနဲ့တဲ့။



(နရီမိုး)
19.02.202513:17
ဖေ​ဖော်ဝါရီလ (၁၉)ရက်နေ့ ဒီနေ့ညနေမှာ
တရုတ်က လုံခြုံရေးတပ်ဖွဲ့တွေ (၆၀၀)ကျော်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်လေဆိပ်ကို ရောက်ပါမယ် ။

အဲဒါကြောင့် ပြီးခဲ့တဲ့ရက်က
တရုတ် ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာန
ဒုဝန်ကြီး နေပြည်တော်ခရီးက ပြန်ရောက်တာနဲ့
နောက်နေ့မှာပဲမဲဆောက်ကိုလာခဲ့တာဖြစ်ပြီး မြဝတီမှာ
(၃)နိုင်ငံအစည်းအဝေးလုပ်ခဲ့တာ ဖြစ်ပါတယ် ။

ရလဒ်အနေနဲ့ မနက်ဖြန် ဖေဖော်ဝါရီ (၂၀)ရက်နေ့ကစလို့
ကျားဖြန့်မှာကုန်ကူးခံရသူတွေကို နေရပ်လိပ်စာတွေစိစစ်ပြီး
မဲဆောက်လေဆိပ်ကနေတဆင့်  ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။

နေပြည်တော်ခရီးစဥ်ကအပြန်
ရွှေကုက္ကိုလ်နဲ့ကျောက်ခက်ဒေသမှာရှိတဲ့ လူဦးရေစာရင်းအရ
KNA ထဲမှာ (၈၀၀၀)ကျော် ၊DKBA ထဲမှာ (၇၀၀၀)ကျော်ရှိတယ်ဆိုတဲ့
ကိန်းဂဏန်းတွေကို ပဏာမအနေနဲ့သိခဲ့ပုံရပါတယ်။

အဲဒီ့အတွက် မဲဆောက်လေဆိပ်ကနေ
တရက်ကို (၄-၆)ကြိမ်အထိ ပို့ဆောင်ဖို့လျာထားတယ်လို့သိရပြီး
ပျံသန်းမှုတကြိမ်မှာ ကျားဖြန့်ကုန်ကူးခံရသူ (၅၀)နဲ့
လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀၀)လိုက်ပါပို့ဆောင်ကြမှာဖြစ်ပါတယ်။

လိုအပ်တဲ့စာရင်းဇယားတွေဖြည့်စွက်ဖို့
မဲဆောက်မှာမနေ့တည်း ပြင်ဆင်နေတာဖြစ်ပြီးတော့
ယာယီစောင့်ဆ်ိုင်းရန်နေရာ ၊စာရင်းဖြည့်ရန်နေရာ စတဲ့
ပြင်ဆင်မှုတွေကို  ခရိုင်ရဲချုပ်ကိုယ်တိုင်လာရောက်ကြည့်ခဲ့ပြီး
ဒီနေ့မနက်ပိုင်းမှာ အပြီးလုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာဖက်က လွှဲပြောင်းမှုကို
ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂)တံတားကနေပြုလုပ်မှာဖြစ်ပြီး
ထိုင်းဖက်ကတော့ တရက်ကို (၄)ကြိမ်ပို့ဆောင်မယ်လို့ခန့်မှန်းထားပေမယ့်
တရုတ်ကတော့  (၆)ကြိမ် ပို့ဆောင်မယ်ဖို့ စိစဥ်ထားတယ်လို့သိရပါတယ်။

အဆိုပါလွှဲပို့ဆောင်မှုမှာ တရုတ်နိုင်ငံသားတွေ
ချည်းဖြစ်နိုင်တယ်လို့ သိရပြီး ပို့ဆောင်ခံရသူတွေက
KNA ထိန်းချုပ်နယ်မြေထဲကလား DKBA ထိန်းချုပ်နယ်​မြေထဲက
လူတွေလားဆိုတာတော့ မသိရသေးပါဘူး။

ဒါပေမယ့် ဒိနေ့ ဖေဖော်ဝါရီ (၁၉)ရက်နေ့မှာ DKBA ကကုန်ကူးခံရတဲ့
နိုင်ငံ (၂၁)နိုင်ငံကလူဦးရေ (၄၀၅)ယောက်ကို ထပ်မံ လွှဲပြောင်းခဲ့ပါတယ်။
ဒါကြောင့် ဒီရက်ပိုင်း DKBA လွှဲပြောင်းခဲ့တာက (၆၆၆)ဦးရှိပြီဖြစ်ပါတယ်။

ဒီနေ့လွှဲပြောင်းခဲ့တဲ့စာရင်းတွေမှာ
ကင်ညာနိုင်ငံက (၂၁)ယောက်နဲ့အများဆုံး
ဖိလစ်ပိုင်နိုင်ငံက ( ၁၉)ယောက်နဲ့ ဒုတိယဖြစ်ပြီး
အင်ဒိုနီးရှား နဲ့ အီသီယိုပီးယား (၁၆)ယောက်စီပါဝင်ပါတယ်။

ဒီတခေါက်လွှဲပြောင်းမှုမှာတော့ ဗဟိုအာဖရိကနဲ့
အာဖရိကနိုင်ငံ (၁၁)နိုင်ငံက နိုင်ငံသားတွေအများဆုံးပါဝင်ခဲ့ပါတယ်။

ဒီညနေ တရုတ်စစ်တပ်လာရောက်မှာဖြစ်လို့
လေကြောင်းလုံခြုံရေးအရ ထိုင်းလေတပ်က F-16 တွေ
တောက်လျှောက်ပျံတက်နေတယ်လို​့ သိရှိရပါတယ် ။

#HMM
#UnionPoliticsNews
#19Feb2025
19.02.202513:15
စစ်ပွဲဟာ အချိန်ကြာလာတာနဲ့အမျှ ဓနအင်အား၊ လက်နက်ခဲယမ်းအင်အားနဲ့ လူသားအရင်းအမြစ်တွေ မလွဲမသွေ လိုအပ်လာမှာပါပဲ။ ဘက်ပေါင်းစုံက ပိတ်ဆို့ နိုင်လေလေ နိုင်ငံရေး ထွက်ပေါက်ကို မျှော်လင့် လာ လေလေ မျိုး တွေးလို့ရတယ်။ လက်ရှိ ယူကရိန်း- ရုရှား စစ်က အကောင်းဆုံး နမူနာပဲ။ စစ်ပွဲဆိုတာ နယ်မြေသိမ်းပိုက်ထားရုံနဲ့ အဖြေရှာ မရဘူးဆိုတာကို တနည်းနည်းနဲ့တော့ လက်သင့်ခံ နားလည်ဖို့ လိုအပ်တယ်။
----
ကာကွယ်ရေး ဘတ်ဂျက်လို့ ပြောတဲ့ အခါ တချို့ လူပိန်းတွေက လက်နက်ဝယ်တာလောက်ပဲ အခြေခံအားဖြင့် ပြေးမြင်ကြတာ။ တပ်မတော်မှာက လစာနဲ့ စရိတ်တွေ ရှိမယ်။ တချို့သော စစ်လက်နက်တွေဟာ  အချိန်နာရီ ပြည့်လို့ စပယ်ယာဘက် လဲရတာ ရှိမယ်။ တချို့ လက်နက်တွေကို ဝယ်ဖို့ ကြိုတင် ပေးချေထားရတာတွေရှိတယ်။ ဒါတောင် တပ်မတော်သား တွေရဲ့ ကျန်းမာရေးနဲ့ သက်ချောင်လိုဟာမျိုးကို MEC လိုမျိုးနဲ့ ကာထားလို့သာ ရုပ်မပျက်သေးတာ။
-----
တဖက်က  EAO တွေမှာ သယံဇာတမှ ရောင်းမစားရရင် ၊ ခိုး မလုပ်ရရင် ရေရှည် ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး။ ခု ၁၀၂၇ စစ်ဆင်ရေးမှာ ပလောင်လူမျိုး၊ ကိုးကန့် လူမျိုး၊ AA ရခိုင်လူမျိုး ဘယ်လောက် ကုန်သွားမလဲ ဆိုတာ တချိန်ချိန်တော့ စစ်တမ်း ထွက်လာကြ ဦးမှာပါ။ ကိုယ့်လူမျိုး မရှိတော့လို့ ယာယီထိန်းချုပ်ထားတဲ့ အရပ်သားတွေကို အတင်း အဓမ္မ တပ်သားသစ် စု ဆောင်းလည်း လူမျိုးစုခြင်း မတူတဲ့ လက်နက်ကိုင်ထဲမှာ ဘယ်ပြည်သူက ကြာရှည် စစ်မှုထမ်းချင်မလဲ။ ဘယ် EAO မှ သူတို့ စစ်သည်တွေကို အခြေခံ လစာ ပုံမှန်မပေးနိုင်ဘူး။ ဒါ့ကြောင့်လည်း အကျိုးစီးပွားနဲ့ ယှဉ်လာရင် မဟာမိတ်လည်း စည်း မထားဘူး။ အမြီးကျက်ရင် အမြီးစား၊ ခေါင်း ကျက်ရင် ခေါင်းစားဆိုတာပဲ တွေ့လိမ့်မယ်။
--
တပ်မတော်မှာက ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့စစ် သင်တန်းက အပါတ်စဉ် ၁၀ အထိ ရောက်လာပြီ။ တပါတ်စဉ်ကို ၅ ထောင် ဆိုတဲ့အနေအထားမှာ အင်အား ၅ သောင်း စုမိနိုင်ပြီလို့ တွေးလို့ရတယ်။ စနိုက်ပါနဲ့  ဒရုန်းလက်နက်တွေကိုသာ ပေါပေါသီသီ တပ်ဆင် သုံးပေးနိုင်တဲ့ တနေ့ ၊ လက်နက်ကိုင်တွေကို တိုင်းရင်းသားနဲ့ အကြမ်းဖက်တွေဆိုပြီး သတ်သတ်မှတ်မှတ် ခွဲခြားလာတဲ့ တနေ့  တပ်မတော် အောင်ပွဲနေ့ တွေ ရောက်လာလိမ့်မယ်။
------
ခုလည်း TNLA နဲ့ ဆွေးနွေးပွဲ ပျက်သွားတယ်မလား။ လွမ်းစရာ မရှိပါဘူး။ လက်ရှိ တိုက်နေတဲ့ မြို့တွေကိုသာ ဒီပွင့်လင်းကာလမှ ရအောင် ယူပြလိုက်ပါ။ ကိုယ်အင်အားကြီးကြောင် ချပြလိုက်ပါ။ အုပ်ချုပ်ရေး ယန္တရား ထူထောင်လို့မရအောင် လေကြောင်း တိုက်ခိုက်မှု တွေ ခပ်စိတ်စိတ် လုပ်ပြလိုက်ပါ။ ပလောင်တွေ အသံ ထွက်လာပါလိမ့်မယ်။
-----
တခုတော့ ရှိတယ်။ တကယ်တော့ လုပ်။ မလုပ်ရင် ဘော ထင်သွားလိမ့်မယ်။


(နရီမိုး)
19.02.202513:12
😎          သမိုင်းတွေကိုပြောပြနေသော
               အင်္ကျီလေးတစ်ထည် 💪🏻

💝💝💝💝💝

ကျွန်တော့်ဆီမှာရှိနေသေးတဲ့
သတိရစရာ အမှတ်ရစရာ အများကြီးထဲက
အမှတ်တရလေးတစ်ခု အကြောင်း
ရေးပြချင်လို့ပါ ခင်ဗျာ ။ 

💚💚💚💚

စကားသံတွေဆိုတာ သက်ရှိတွေဆီကပဲ
ထွက်ပေါ်တတ်တာပါ ။
စကားပြောတယ်ဆိုတာကလည်း
သက်ရှိတွေကပဲ ပြောကြတာပါ။
အထူးသဖြင့်တော့ လူသားတွေပေါ ။

လူသားတွေဟာ အသံထွက်ကြပါတယ် ။
စကားတွေပြောကြပါတယ် ။
အဖြစ်အပျက်တွေ ပြောကြပါတယ် ။
အကျိုးအကြောင်းတွေ ပြောကြပါတယ် ။
ရာဇဝင်တွေကို
လက်ဆင့် ကမ်းကြပါတယ် ။
သမိုင်းဖြစ်စဉ်တွေကို မျှဝေပေးကြပါတယ် ။

ဒါဟာ လူသားတွေရဲ့သဘာဝပါ ။
တစ်ရံတစ်ခါမှာ သဘာဝနဲ့ဆန့်ကျင်တဲ့
အခြေအနေမျိူးလေးတွေနဲ့လည်း
ကြုံတွေ့ရတတ်ပါတယ် ။

အချို့သော သက်မဲ့ပစ္စည်းတွေဟာ
အသံထွက်ကြပါတယ်။
စကားတွေပြောကြပါတယ် ။
သမိုင်းတွေကို ထိန်းသိမ်းထားပြီး
နှောင့်းလူတွေကို
ပြန်ပြောင်း ပြောပြကြပါတယ် ။

မြန်မာနိုင်ငံမှာဆိုရင်
သမိုင်းအမှန်တွေကိုပြောပြနေတဲ့
အသက်မဲ့အဆောက်အဦးတွေ
အများကြီးရှိပါတယ် ။

ဥပမာအနည်းငယ်ပေးရရင်
လွတ်လပ်ရေးကျောက်တိုင်ကြီး၊
စကော့စျေးကြီး ၊
ဗိုလ်ချုပ်ပန်းခြံရှေ့ကဗိုလ်ချုပ်ရုပ်တု ၊
မိန်းထဲမှာရှိနေတဲ့
ဘွဲ့နှင်းသဘင်အဆောက်အအုံကြီး ၊
ရန်ကုန်ပြည့်သူ့ဆေးရုံကြီး ။

❗️❗️❗️❗️❗️

ကျွန်တော့် ဆီမှာလည်း
စကားပြောနေတဲ့ သက်မဲ့အရာလေး
တစ်ခုရှိပါတယ် ။
ထိုအရာလေးကတော့
ကျွန်တော်သိမ်းထားတဲ့
အင်္ကျီလေးတစ်ထည်ပါပဲ ။

ကျွန်တော် ဝတ်ထားတဲ့
တီရှပ်အဖြူရောင်လေးဟာ
ရုတ်တရက် ကြည့်လိုက်ရင်တော့
မိတ်ဆွေတို့ရဲ့အမြင်မှာ
သာမန်အင်္ကျီလေးပေါ့ ။ 

ဒါပေမယ့် ရင်ဘတ်မှာ ရိုက်ထားတဲ့
တံဆိပ်လေးနဲ့ စာသားတွေကို
ဖတ်ကြည့်လိုက်မယ်ဆိုရင်

ဒီအင်္ကျီလေးက
သမိုင်းပေါင်းများစွာ ၊
ရာဇဝင်ပေါင်းများစွာ ၊
အတ္ထုပတ္တိပေါင်း များစွာကို
ပြောပြနေတဲ့အသံတွေကို
ကြားရပါလိမ့်မယ် ။
ကြားနိုင်စွမ်းတဲ့ နှလုံးသားမျိုး
ရှိနေခဲ့မယ်ဆိုရင်
ထိုအင်္ကျီလေးက ပြောပြနေတဲ့
သမိုင်းပေါင်းများစွာကို ကြားခွင့်ရမှာပါ ။

ဒီအင်္ကျီလေး ရင်ဘတ်မှာ
ရိုက်နှိပ်ထားတဲ့ စာသားလေးတွေထဲမှာ
ဗိုလ်အောင်ကျော်လည်း ပါဝင်ပါတယ် ။
သခင်နုလည်း မကင်းပါဘူး ။
ငရဲခွေးကြီး လွတ်နေတဲ့ အကြောင်းလည်း
အသေအချာ ပါခဲ့တာပေါ့ ။
ပါမောက္ခ အိမ်မှာ ကျင်းပတဲ့ ညစာ စားပွဲမှာ
အမျိုးသမီးငယ်လေးတွေက
အင်္ကျီအပါးလေးတွေ ဝတ်ထားကြလို့
ကျောင်းသားကြီးတွေက
ခဲလုံးတွေနဲ့ ဝိုင်းပေါက်တာလည်း
ပါဝင်နေပါတယ် ။
ဆာရယ်ဂျီနယ်ဂရက်ဒေါက် ထွက်သွားဆိုတဲ့
အသံတွေကိုလည်း
ဆူညံနေအောင်ကို ကြားနိုင်ကြမှာပါ ။

ဖဆပလ ခေတ်တုန်းက ဘွဲ့နှင်းသဘင်မှာ
ဝန်ကြီးချုပ် ဦးနုက
ဘွဲ့ရတဲ့ကျောင်းသားတွေကို
အစစအရာရာမှာ နိမ့်ကျစပြုနေတဲ့
အမိမြန်မာနိုင်ငံတော်ကြီးအား
မောင်တို့မယ်တို့က ကိုယ်နိုင်တဲ့ဘက်ကနေ
ဝိုင်းကူထမ်းပေးကြပါဆိုတဲ့
သနားစရာမိန့်ခွန်းသံလေးကိုလည်း
ခပ်တိုးတိုး ကြားရပါလိမ့်မယ် ။

သမဂ္ဂ အစည်းအဝေးပွဲတွေမှာ
သခင်သန်းထွန်းကို သခင်အောင်ဆန်းက
လေသံမာမာနဲ့ ပြောလွန်းလို့
သခင်နုက ဝင်ထိန်းပေးခဲ့ရတဲ့
ခပ်ဖော့ဖော့လေသံလေးတွေလည်း
ပါဝင်နေတာပေါ့ ။ 

သခင်ကျော်ငြိမ်းနဲ့ သခင်သိန်းဖေတို့
ကွန်မြူနစ် ဝါဒအကြောင်းကို တိုးတိုး တိုးတိုး
ဆွေးနွေးခဲ့ကြတာလည်း
အင်္ကျီလေးရဲ့ ရင်ဘတ်မှာ ရိုက်နှိပ်ဖော်ပြထားတဲ့
ဒီနေရာလေးမှာပဲပေါ့ ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်ရဲ့ရုပ်အလောင်းကို
ကျောင်းသားတွေက လုယူလာပြီး
စျာပနာအခမ်းအနားကျင်းပခဲ့ကြတာ
မြှပ်နှံထားဖို့ ကြိုးစားခဲ့ကြတာလည်း
ဒီနေရာလေးမှာပဲပေါ့ ။

💪🏻💪🏻💪🏻💪🏻

ကျွန်တော်က ဘိုကလေးသားပါ ။

ဘိုကလေးသားမို့
ဘကုန်းနဲ့ အကျိုးပေးတယ် ထင်ပါရဲ့ ။
မေဂျာတွေခွဲတော့ ကျွန်တော်က
ဘူမိဗေဒ ဘာသာရပ်ကို သင်ကြားခွင့်
ရခဲ့ပါတယ် ။
ထိုစဉ်အချိန်တုန်းက ဘူမိဗေဒဘာသာရပ်ကို
တတ်ရောက်သင်ကြားခွင့်ရတဲ့
နယ်ကျောင်းသားဆိုရင်
မိန်းထဲမှာ အဆောင်နေခွင့်ရပါတယ် ။

ထိုသို့သော သတ်မှတ်ချက်အခံ
ရှိနေနှင့်တာကြောင့် ကျွန်တော်က
သထုံဆောင်မှာ နေခွင့်ရပါတယ် ။

သထုံဆောင်မှာ
အဆောင်နေ ကျောင်းသားအဖြစ်
ကျွန်တော်နေထိုင်ခွင့်ရနေစဉ်
အချိန်တွေတုန်းက ဆိုရင် ညဘက်တွေမှာ
အဓိပတိ လမ်းမကြီးပေါ်
တစ်ယောက်တည်း
လမ်းလျှောက်နေလေ့ရှိပါတယ် ။

တစ်ချိန်တုန်းဆီက ဒီလမ်းမထက်မှာ
ပြောဆိုဆွေနွေးတိုင်ပင်ခဲ့ကြတဲ့
ကျောင်းသားဟောင်းကြီး တွေရဲ့
စကားသံ တွေကို ကြားရလိမ့် နိုးနိုးနဲ့ပေါ့ ။
ကမ္ဘာမြေရဲ့ ဆွဲအားအကြောင်းရယ်
အသံတွေရဲ့ ဖရီကွမ်စီရယ်
မြေကမ္ဘာရဲ့ အပြင်ပတ်လမ်းအကြောင်းရယ်ကို
တီးမိခေါက်မိ ရှိထားသူအတွက်ကတော့
အတိတ်က အသံတွေကို ပြန်နားထောင်ခွင့်ရဖို့
ကြိုးစားတယ်ဆိုတဲ့ကိစ္စဟာ
အံ့ဩစရာ မရှိပါဘူး ။

🏅🏅🏅🏅

ကျွန်တော်ဝတ်ထားတဲ့ ဒီအင်္ကျီလေးကို
သိတဲ့သူ နည်းပါလိမ့်မယ် ။

သိခဲ့ရင်လည်း ထိုအင်္ကျီလေးကို
လက်ဝယ်မှာ ရှိနေသေးတဲ့သူ
နည်းပါး ပါလိမ့်မယ် ။
ရှိခဲ့ရင်လည်း အသစ်နီးပါး အခြေအနေမျိုးနဲ့
သိမ်းဆည်းထားတဲ့သူ ရှားပါလိမ့်မယ် ။
17.02.202514:35
“ငပြူးကပဲ  ပြဲရတယ်ရှိသေး”
============
သတင်းဌာန တစ်ခုမှာ တင်ထားတဲ့ သတင်းလေးတစ်ပုဒ်တွေ့ရင်း ပြောစရာလေး ရှိလာလို့ပါ။ လောကမှာ တခါတလေ ငပြူးကများ ပြဲရတယ်ရှိသေးဆိုတဲ့ ကိစ္စတွေရှိတတ်တယ်။ ခုလက်ရှိ နစက အစိုးရက ပြဋ္ဌာန်း တဲ့ စစ်မှုထမ်းဥပဒေကြောင့် တချို့ လူငယ်တွေ နီးစပ်ရာ ထွက်ပြေးကြ တာတွေ ရှိတယ်။ တချို့ကလည်း ထိုင်းဘက်ကို အောက်လမ်းနည်းနဲ့ပြေးကြတယ်။ တချို့ကလည်း နည်းမျိုးစုံနဲ့ ရှောင်လို့ရအောင် အောက်ခြေမှာ ညှိပြီး လုပ်နေတာတွေ လည်း ရှိတယ်။ ဒါက တပိုင်းသပ်သပ်ပဲ။ ဒါပေမယ့် သေချာတာကတော့ ဘယ်ကောင်မှ PDF ထဲ မပြေးဘူး။ EAO ထဲ မဝင်ဘူး။
-----
ရိုးရိုးလေးပဲ စဉ်းစားကြည့်။ စစ်မှုထမ်းရင်း သေမှာကြောက်လို့ ထွက်ပြေးရပါတယ်ဆို တဲ့မောင်တွေက အွန်လိုင်းမှာ သူတောင်းစားလို့ ဘတ်ဂျက်အတွက် LIVE လွှင့်တောင်းစား နေရတဲ့ အဖွဲ့အစည်းထဲကို၊ နည်းလမ်းပေါင်းစုံနဲ့ အခွန်ကြေးဆိုပြီး ဆက်ကြေးတောင်းစား နေတဲ့ အဖွဲ့ထဲကို ဘာကိစ္စ ကြောင့် ဝင်ရမှာလဲ။ 🥹🥹🥹
---
ဂုဏ်သိက္ခာအရပဲ ကြည့်ဦး။ စစ်ကိုင်းတိုင်း ထဲမှာ PDF အချင်းချင်း သတ်လို့ သေတဲ့ မသာတွေ အများကြီး။ CDM လုပ်ပြီးထွက်ပြေး လာတဲ့ အမျိုးသမီးတွေကိုတောင် ခြေတော်တင် မုဒိန်းကျင့်တဲ့ကိစ္စတွေကိုတောင် NUG က လက်ရှိ အချိန်အထိ မဖြေရှင်းပေး နိုင်သေးဘူး။ ခုလည်း ထားဝယ်လောင်းလုံဘက်မှာ သာဂရမြို့ဟောင်းကို အကွက်ရိုက်ပြီး မြေကွက်ရောင်းစားနေကြတာကလည်း ဒီ မောင် တွေပဲ။ ဒါတောင် ဒီတော်လှန်ရေးခေါင်းစဉ်တပ်ပြီး လက်နက်ကိုင်ကြတာ ၅ နှစ်မပြည့်သေးဘူး။ နောက်တစ်ခါ....ပုလဲ-ယင်းမာပင်ဘက်မှာ အလောင်းတော်ကဿပကြိုးဝိုင်းထဲက သစ်တွေကို တရုတ် ဘက် ရောင်းစားနေကြတာ လည်း ဒီ PDF တွေပဲ။
----
ဆိုတော့….PDF တွေကြောင့် ဂုဏ်သိက္ခာအရ ကောင်းစားသွားပါတယ်ဆိုတဲ့ ကိစ္စရှိရင်… တချက် လောက် ပြောကြည့်ပေါ့။ 😇😇😇တော်လှန်ရေးက ၂ နှစ်မကြာဘူးဆိုတဲ့စကားအောက် မှာတောင် CDM လုပ်ရင်း ဘဝပျက်သွားကြတဲ့သူတွေအများကြီးပဲမဟုတ်ဘူးလား။ လစာလည်း မရဘူး၊ ဥပဒေ အကာအကွယ်လည်း မရှိဘူး။ ခံစားခွင့်တောင် မယ်မယ်ရရ မရှိဘဲ ကိုယ့် MOD ကို ငွေပေးပြီး လက်နက်ပြန်ဝယ်ရတဲ့ အဖွဲ့အစည်းထဲကို ဘယ်သူတောင်းစားတွေက ဝင်မယ်ထင်လို့လဲ။
----

(နရီမိုး)
17.02.202513:21
လက်ရှိ AA ဖြစ်နေတာ “ဒေါင်း”တွေလိုပဲ
ရှေ့ကကြည့်ရင်သာ လှနေ/ကနေတယ် ထင်ပြီး ဝိုင်းချီးမြှောက်နေကြတာ
နောက်မှာတော့ ပြောင်သလောက်ရှိနေတယ်
လက်ရှိမှာတော့ စစ်ကျွံနေတဲ့ AA အဖွဲ့
နောက်ကနေထပ်ပို့မယ့် လူတွေကို စစ်သင်တန်းပေးနေတဲ့အချိန်တွေမှာ
တပ်က လေကြောင်းကနေတောက်လျှောက်လိုက်ကြဲနေလို့
ဒီကာလမှာအော်တက်လာတာ တွေ့လိမ့်မယ်
ဒါကဘာလည်းဆိုတော့ ရန်သူနောက်ပိုင်းနေရာတွေကို တပ်ကချေမှုန်းတိုက်ခိုက်နေတာ
တိုက်ပွဲနဲ့ စစ်ပွဲနဲ့မတူဘူးဆိုတာ ကျနော်တစ်ခါရေးပြပြီးသား
တိုက်ပွဲတိုက်လို့အောင်နိုင်တယ်ဆိုပါဆို့
အဲ့ဒီနေရာကို ကြာရှည်စွာ လူ/လက်နက်/ရိက္ခာ/ဆေးဝါး/ငွေကြေး စတာတွေနဲ့ ထိန်းသိမ်းထားမှ စစ်ပွဲကိုအောင်နိုင်မှာ
စစ်တွေကတပ်စခန်းတွေကို AA တိုက်နေပြီဆိုပြီး ပြီးခဲ့လ အစပိုင်းတည်းက မီဒီယာတွေမှာရော သူတို့လော်ဘီတွေမှာရော တင်နေကြတာ အားလုံးအသိ
နေ့တိုင်းကိုတင်တာ မနက်စောစောကတောင် ကိုကျော်ဇွာတို့ ဖုန်းဆက်ပြီး “စစ်တွေသူတို့လာတိုက်နေပြီလား”မေးလို့
တိုက်တာတော့မရှိဘူး... ဟိုဘက်ဒီဘက် လက်နက်ကြီးတွေနဲ့ ကြိုကြားကြိုကြား ပစ်နေတာတော့ရှိတယ်လို့ ပြန်ဖြေလိုက်သေးတယ်
သူတို့ဘက်က တိုက်ပွဲမဖြစ်ဘဲ ဖြစ်နေပြီ၊ စစ်တွေမြို့ကြီးပဲ သိမ်းနေသလိုလို ဘာလို့ ဝိုင်းတင်နေတာလည်းဆိုတော့
ရခိုင်မြောက်ပိုင်းက ရွာတွေမှာ AA လူသစ်စုသွားတဲ့ လူငယ်တွေ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တာ၊ အကျိုးအပဲ့တွေဖြစ်ကုန်တာ၊ ကျန်တဲ့မိသားစုတွေကို ဘာထောက်ပံ့ပေးမှုမှမရှိ၊ သေသလား.. ပျောက်သလားသွားမေးရင်တောင် ဆဲခံရတာတွေကြောင့် တိုက်ရမယ်ဆိုရင် မဝင်တော့ဘူး၊ မလိုက်တော့ဘူး ဖြစ်နေပြီ၊ ဒါကြောင့် AA စည်းရုံးရေးမှူးဆိုတဲ့ကောင်တွေက စစ်တွေလည်းရနေပြီ အကုန်လုံးရနေပြီ သိမ်းထားတဲ့စခန်းတွေမှာ လုံခြုံရေးလုပ်ရုံပဲဆိုပြီး လူသစ်လိမ်စုနေတယ်။
ဖုန်းလိုင်းတွေပြတ်တောက်တာ၊ အင်တာနက်မရတာတွေကြောင့် အဲ့ဘက်ကသူတွေက သတင်းတွေဘာဆိုဘာမှမသိတာ၊ သူတို့လိမ်သမျှကိုအဟုတ်ထင်နေကြတာ
ဒီသတင်းတွေပွလာတာနဲ့အမျှ စစ်တွေမြို့ထဲမှာရှိတဲ့ပြည်သူတွေ ပြေးကြမယ်ဆိုတာ သူတို့သိတယ်.... လူထုမရှိ စစ်တပ်နဲ့ရဲမရှိမှ သူတို့ယူချင်တာယူလို့ရမှာ သူတို့သိတယ်၊ ဒါကြောင့် လူထုကိုပြေးအောင် သတင်းတုတွေနဲ့လုပ်ဆောင်နေတာ
(ဒီကာလမှာ သူတို့တွေ သိမ်းထားတဲ့မြို့တွေမှာ ခိုးလို့ယူလို့ဝမှ ပြည်သူတွေကို ပြန်ဝင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေ၊ ဗွီဒီရိုဖိုင်တွေ ပျံ့နှံ့နေတာ သိကြမှာပါ)
စစ်တွေဆိုတာ ကျွန်လိုတည်ထားတဲ့မြို့
သူတို့ကမ်းတက်တိုက်မယ့်နေရာတွေမှာ အကုန်ပိတ်ဆို့ပြီးသား ပင်လယ်ကမ်းစပ်လိုနေရာတောင် သံခြံစည်းရိုးတွေ၊ မိုင်းတွေနဲ့ပိတ်ထားတာ
Normandy ကမ်းခြေတိုက်ပွဲလို လူထောင်ချီ၊ သောင်းချီ အသေခံတက်ခိုင်းပြီး တိုက်မှရမယ့်နေရာ
ပြီးခဲ့တဲ့လအစတည်းက AA ထိုးစစ်စပြီဆိုတာတွေ၊ စခန်းတွေတိုက်နေပြီဆိုတာတွေ တင်ခဲ့ကြတာ အခုထိ ဘာစခန်းတစ်ခုရလဲ…
လေလှိုင်းမှာသာတိုက်နေတာ မြေပြင်မှာ ဘာအနီးကပ်တိုက်ပွဲမှ မရှိဘူး
မယုံပါက စစ်တွေမှာရှိတဲ့သူတွေ ဖုန်းဆက်မေးကြည့်။
စစ်တွေအရှေ့မြောက်ဘက်က စခန်းအသေးတစ်ခုလာချဉ်းကပ်တာတော့ရှိတယ်
လူလေး ၂၀ လောက်နဲ့၊ ရေတပ်နဲ့ စခန်းကသူတွေဝိုင်းသမတာ အခုထိ ဘာသံမှ မကြားရတော့ဘူး။
ဘာလို့ တစ်လကျော်အကြာတိုက်နေတာမှာ စခန်းတစ်ခုမှမရလဲသိလား နောက်မှာ လူကိုမရှိတော့တာ
ကျောက်တော်၊ မြောက်ဦးဘက်တွေမှာဆို သူတို့စခန်းတွေမှာ လူ ဆယ်ယောက်မကျော်ဘူး၊ အစောင့်သာသာလောက်ပဲရှိတာ
တပ်ကလက်ရှိပြန်မတိုက်သေးတာကလည်း ပြန်လည်စုဖွဲပြင်ဆင်မှုတွေလုပ်နေလို့ ပြန်တိုက်ပြီဆိုတာနဲ့
လူ/လက်နက် သာလွန်မှုကြောင့် ခဏနဲ့ပြန်ရလိမ့်မယ်
စစ်ပွဲတစ်ခုဆိုတာ အချိန်တစ်ခုက စကားပြောသွားပါလိမ့်မယ်
လက်ရှိမှာတော့ AA က ဒေါင်းတွေလိုပဲ နောက်မှာတော့ ပြောင်နေပြီ…

.Crd@
24 News
19.02.202513:18
သံမဏိစိတ်ဓာတ် ဟူသည် ( ၆ )
==========================

                   ပေ ၁၅၀၀ အမြင့် တောင်ကုန်းထိပ်က မြန်မာစစ်သည် ကင်းသမားတွေ သတိမပျက် ကင်းစောင့်နေတုန်း  ခါတိုင်းကြားနေကျ လေယာဥ်ပျံသံ မဟုတ်ပဲ နှလုံးတုန်လောက်တဲ့ လေယာဥ်စက်သံကြီးကြောင့် ဖျက်ကနဲ မော့ကြည့်မိကြပါတယ် ။

          '' ဝေါ '' '' ဝေါ် '' နဲ့ အသံလှိုင်းတွေ ပြင်းထန်စွာ လှုပ်ခတ်ကြားနေရပေမယ့် လေယာဥ်ကိုတော့ အရိပ်အယောင်ပင် မမြင်လိုက်ကြပါဘူး  ။ မိမိ တပ်ရင်း ၂ ရင်း ရောက်တဲ့နေ့က စပြီး ယိုးဒယားတို့က စူပါဆောနစ် ဂျက်တိုက်လေယာဥ်တွေ စပြီးထုတ်ပြလာကြတာပါ ။

                အဲဒီကာလတွေတုန်းက မြန်မာ့တပ်မတော်မှာ စူပါဆောနစ်ဂျက် လုံးဝမရှိသေးပါဘူး ။ ( ယင်း ပြဿနာက လက်တို့လိုက်လို့သာ ဘရွှေကြီးက တရုတ်ထုတ် J 7 အစုတ်လေးတွေကို စျေးပေါပေါ နဲ့ ဝယ်ယူ လေ့ကျင့်စေပြီး မြန်မာ့ လေသူရဲများ စူပါဆောနစ် ဂျက်နဲ့ ရင်းနှီးလာမှ ယနေ့ အင်မတန် အသုံးဝင်နေသော ရုရှားထုတ် MIG 29 များ ဝယ်ယူပေးခဲ့တာပါ) ဒီအကြောင်းကိုလည်း သတင်းပို့ရတာပေါ့ ။

                      မိမိတပည့်သားမြေးတွေ အပေါ် တန်ဖိုးထား တဲ့ တပ်မှူးတွေမို့ 29 - 11 - 1992 မှာပဲ  ဗိုလ်မှူးချုပ်စိုးတင့် နဲ့ ဗိုလ်မှူးကြီး အောင်ကိုတို့ ထပ်မံ ရောက်လာကြပါတယ် ။ လိုအပ်တဲ့ ခံစစ်ပြင်ဆင်မှုတွေကို စစ်ဆေး မွှမ်းမံ ပြင်ဆင်စေခဲ့ပါတယ် ။ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေ ပြောရင်း သူတို့ရဲ့ ဂရုစိုက်မှုကို ပြသပေးခဲ့ကြပါတယ် ။

                     ကိုကိုကျော်ကလည်း သူ့ ရဲဘော်တွေကို အားလပ်ချိန်တိုင်း စုဝေးပြီး  မြန်မာ  ယိုးဒယား သမိုင်းကြောင်းတွေကို ပြန်ပြောပြပါတယ် ။ အရာရှိတိုင်းကို မိမိတို့ ဖတ်ဖူး မှတ်ဖူးသမျှ ယိုးဒယား နဲ့ မြန်မာတို့ရဲ့ တိုက်ပွဲ သမိုင်းကြောင်းတွေကို ပြန်ပြောပြစေခဲ့ပြီး မျိုးချစ်စိတ် နဲ့ ဇာတိမာန် တက်ကြွစေဖို့ ဆောင်ရွက်ခဲ့ပါတယ် ။ သူကိုယ်တိုင်ကလည်း ရဲဘော်တွေကို လက်ရှိအခြေအနေများအား ရှင်းပြရင်း.....

'' မင်းတို့ ဘန်ကောက်ကို ရောက်ဖူးကြလား.. ? အေး တို့တွေ ဘန်ကောက်မှာ အာမီရမ်သောက်ကြရလိမ့်မယ် ။ မင်းတို့ ဘာမှ မကြောက်နဲ့ တို့ကုန်းပေါ်ကို ရန်သူ့ ဗုံးတလုံး ကျတာနဲ့ တို့အကုန်လုံး ချွန်ဖုန်းကို ဝင်သိမ်းမယ် ။ ကုန်းပေါ်မှာ တယောက်မှ မနေခဲ့ရဘူး ကုန်ကုန်ပြောမယ် အစောင့်ပါ မကျန်လို့ ကုန်းပေါ် ခွေးတွေ တက်နေလဲ နေပါစေ တို့အကုန်လုံး ဆင်းပြီး ချွန်ဖုန်းကို သိမ်းမယ် ''

                  ကိုကိုကျော်ရဲ့ ရဲရဲတောက် ဟောပြော မှာကြားချက် အပြီးမှာတော့ ရှိသမျှ စစ်သည်အားလုံးရဲ့ သွေးတွေထဲမှာ တိုက်မယ် ခိုက်မယ် ဆိုတဲ့ ပိုးတွေ ထကြွသောင်းကျန်း လာပါတော့တယ် ။ ကိုကိုကျော် နဲ့ တွေ့သမျှ စစ်သည်တိုင်းက မေးခွန်းတခုတည်း အမြဲမေးနေကြတော့တာပါပဲ ။ အဲဒီမေးခွန်းက..

'' အဘ မချရသေးဘူးလား ''    တဲ့ ။

              ဒီလို အနေအထားမျိုးမှာ 1 - 12 - 1992 က စပြီး ယိုးဒယားဖက်မှာ ခါတိုင်းလို ညရောက်တိုင်း တပ်တည် တပ်ရွှေ့ ခဲယမ်းသယ် စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေကျ ကားသံ လူသံတွေ တိတ်နေပါပြီ ။

             2 - 12 - 1992 မှာ ရဟတ်ယာဥ် ၂ စင်းလာတယ် ။ တောင်ကုန်းပတ်လည် video ရိုက်ကြတယ် ။ ကုန်းထိပ်က မြန်မာ တပ်စခန်းကို ရိုက်နေတော့ ဒီဖက်က စစ်သည်တွေက လက်မြောက်ပြီး ဝှေ့ယမ်း နှုတ်ဆက်တောင် ပြလိုက်ကြသေးတယ် ။ Ch 7 က ညရောက်တော့ အဲဒီ ရုပ်သံဖိုင်တွေ လွှင့်တာပေါ့ ။

                  3 - 12 - 1992 မှာ ရဟတ်ယာဥ် ၂ စင်း နဲ့ ၄ ခေါက်တိတိလာကြတယ် ။ ဘာတွေ အလုပ်များနေကြမှန်းမသိဘူး ။ 4 - 12 - 1992 မှာ ဂျင်ဘရောင်းဆီက ဆက်သွယ်လာတယ် ။ သူနဲ့ ကိုကိုကျော် ၂ ယောက်ထဲ သိတဲ့ အိုင်ကွန်လိုင်းကနေ ဆက်သွယ်လာတာပါ ။

                ဒီကနေ့ စစ်ရုံးထဲမှာ အစည်းအဝေးလုပ်တော့ ထုံးစံအတိုင်း ကြည်းတပ်က မတိုက်ဖို့ ကန့်ကွက် ၊ လေတိုက်က တိုက်ဖို့ ဆော်သြ ၊ ကာချုပ်က ယောင်တောင်တောင် ဖြစ်နေတုန်း ဘုရင်က ခေါ်လို့ အခုပဲ နန်းတော်ထဲ သွားကြပြီတဲ့ ။ မနက်ဖြန် 5 - 12 - 1992 က ဘုရင့်မွေးနေ့မို့ ဘာထူးမလဲ မသိဘူး ဆိုပြီး သတင်းပေးလာပါတယ် ။

                  ယိုးဒယားဘုရင်က ပွှိုင့် ၁၅၀၀ တောင်ကုန်း နဲ့ ပတ်သပ်ပြီး အိမ်နီးခြင်း တိုင်းပြည်နဲ့ စစ်မဖြစ်သင့်ကြောင်း ၊ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းကြဖို့ အမိန့်ပေးတယ် ။ 8 - 12 - 1992 နေ့ မှာ ယိုးဒယား စစ်ဘက်ခေါင်းဆောင်တွေ မြန်မာပြည် သွားပြီး တောင်းပန်ကြပါ လို့ အမိန့်ချမှတ်လိုက်ကြောင်း ဂျင်ဘရောင်းက ထပ်ဆင့် သတင်းပေးလာပြန်ပါတယ် ။

                   6 - 12 - 1992 မှာ ယိုးဒယားရုပ်သံအဖွဲ လာရိုက်ကြပါသေးတယ် ။ 7 - 12 - 1992 မှာ မြန်မာဘက်က လစာပေးအဖွဲ့ ရောက်လာပါပြီ ။ 8 - 12 - 1992 မှာ ယိုးဒယား အဖွဲ့  ရန်ကုန်ကို ရောက်လာပြီး ဘုရင့်အမိန့်အတိုင်း ဆောင်ရွက်ကြပါတယ် ။ ဒီတော့မှ နဝတ ကနေ MRTV နဲ့ MWD တို့ကတဆင့် ရွာဟေ့လူ ပြဿနာကို တိုင်းပြည်အား ချပြခဲ့ကြပါတယ် ။
19.02.202513:14
ကျေးဇူးတရား ဟူသည်
======================

                          ကျနော် အင်မတန် ရင်းနှီးတဲ့ သူဌေးတယောက် ရှိတယ် ။ သူက ငယ်စဥ်တုန်းက အရမ်းဆင်းရဲခဲ့ဖူးပြီး တပါးသူတွေ ရဲ့ အကူအညီ ၊ သူ့ရဲ့ ကြိုးစား ရိုးသားမှု ထိုးထွင်းဥာဏ်တို့ကြောင့် ချမ်းသာလာသူ တယောက်ပါပဲ ။

                 သူက လူတယောက်ကို တွေ့တာ နဲ့ ကိုမျိုးရေ ဒါ ကျနော့်ကျေးဇူးရှင် ဘယ်တုန်းက ဘယ်ကိစ္စမှာ ဘယ်လို ကူညီခဲ့တာ ဆိုပြီး မိတ်ဆက်ပေးလေ့ရှိတယ် ။ ယုတ်ဆွ အဆုံး သူ့ထမင်းချက်တောင် ကျေးဇူးရှိတယ် ကိုမျိုးရေ သူချက်ကျွေးလို့ စားနေရတာ ဗျ တဲ့ ။

                   သီတင်းကျွတ်ဆိုရင် သူ့ထက်အသက်ကြီးသူ တော်တော်များများကို လိုက်ကန်တော့လေ့ ရှိတယ် ။ ကန်တော့ဖို့အသွား ကားမောင်းရင်း ပြောသေးတာ တကယ်တန်း ကန်တော့ရရင် အရပ် ဆယ်မျက်နှာလုံး ကန်တော့ရမှာ ကိုမျိုးရ. ကျနော့်ကျေးဇူးရှင်တွေက အဲသလောက်များတယ် တဲ့ ။ ခင်ဗျား အဲလို စိတ်ထားနဲ့  နိုးကြားတက်ကြွတဲ့ ဝီရိယရယ် ၊ ထိုးထွင်းဥာဏ်ရယ်ကြောင့် သူဌေးဖြစ်နေတာလို့ ပြောတော့ ရီနေလေရဲ့ ။

                 သူပြောသလိုပါပဲ ကျနော်လည်း တွေးမိတယ် ၊ ထောင်ကထွက်လာကထဲက မိတ်ဆွေဆီမှာ နေတယ် ။ ဆွေမတော် မျိုးမစပ် ရန်ကုန်လို နေရာမျိုးမှာ ကျောတခင်းစာ တန်ဖိုး ဘယ်လောက်ကြီးတယ် ဆိုတာ သိကြမှာပါဗျာ ။

                 ဒီလိုပါပဲ အခွင့်ကြုံတိုင်း ကိုမျိုးရေ ဆိုပြီး လာခေါ်ကာ လက်ဖက်ရည် တခွက် မုန့်တခု ကျွေးဖူးသူ ၊ ထမင်းကျွေးဖူးသူ ကျေးဇူးရှင်တွေ အများကြီးခင်ဗျ ။

               ဟိုတလောတုန်းက ( ဖြူဖြူထွေး ခြိမ်းခြောက်ခံရပြီး ကာလ) ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီက ရန်ကုန်ရောက်တုန်း ခဏလောက် တွေ့ချင်ပါတယ် ဆိုလို့ သူတို့ရုံး ( ရန်ကုန်) မှာ သွားတွေ့ရပါတယ် ( လာခေါ်ကြတာပါ မသွားတတ်ပါဘူး) ။

                 တွေ့ကြတော့ မိတ်ဆက်စကားပြောကြပါတယ် ။ သူ နဲ့ အတူ ယခင် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးပါ အတူ တွေ့ခွင့်ရပါတယ် ။ ခုလိုတွေ့ရတာ ပါတီကိစ္စ စည်းရုံးဖို့ မဟုတ်ကြောင်း စတင်ပြောလာပါတယ် ။ ကိုမျိုးဝင်းမှာ နေဖို့ စားဖို့ လုံခြုံရေး က အစ လိုအပ်ရင် ကြံခိုင်ရေး ရုံးထဲမှာ လာနေလို့ ရပါတယ်တဲ့ ။ မိသားစုပါ ခေါ်ခဲ့လို့ရပါတယ်တဲ့ ။

               ဒီလို ဖိတ်ခေါ်တာ ပါတီအတွက် ဘာရေးပေးပါ ညာရေးပေးပါ တောင်းဆိုဖို့ မဟုတ်ပါဘူးတဲ့ ။ ရေးနေကြပဲ လွတ်လွတ်လပ်လပ် ရေးပါ လို့ ပြောပါတယ် ။ သူတို့က အသက်အန္တရာယ် ရှိတဲ့ လူတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီတာပါ တဲ့ ။

                  ဖြူဖြူထွေးကိုတောင် လက်သုံးချောင်းထောင်ခဲ့ပေမယ့် အခုလို အနှောင်အဖွဲ့မရှိ ကူညီဖို့ ဆက်သွယ်သေးသတဲ့ ၊၊ ဒါတွေက ပါတီဥက္ကဌကြီး ကျနော့်ကို ပြောသွားတဲ့ စကားတွေ ဖြစ်ပါတယ် ။ အဓိက လူကို တွေ့ဖူးချင်တဲ့သဘောပါပဲ ။ ပါတီကိစ္စ ပါတီအကျိုးအတွက် တလုံးမှ မပြောပါဘူး ။

             ပြည်သူတွေအတွက် ဘယ်လို ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်ရင် အဆင်ပြေမလဲ ဘာညာ နဲ့ ပြောဆိုပြီး ကျနော်လည်း နှုတ်ဆက်ပြန်လာတာပါပဲ ။ 2025 ပြက္ခဒိန် နဲ့ လွတ်လပ်ရေးနေ့ ဖိတ်စာတစောင် လက်ဆောင်ပေးလိုက်ပါတယ် ။ ယူရဲရင် ပေးချင်ပါတယ် ပြောသေးတာ ဗျ 😂😂😂

                     သူ့ရဲ့ နှုတ်ထွက်ကူညီမှုကို ကျနော်လေးစားမိပါတယ် ။ သွားနေဖို့တော့ စိတ်မကူးမိပါဘူး အခုနေရတာက အရမ်းအဆင်နေပါတယ် ။ လူတွေမှာ လက်၏ဆောင်မခြင်း နဲ့ နှုတ်၏ဆောင်မခြင်း ဆိုတဲ့ ကျေးဇူး ၂ ပါးအနက်က နှုတ်၏ဆောင်မခြင်း ကျေးဇူးရှိခဲ့သူကိုလည်း မမေ့အပ်လို့ ယခုလို ရေးပြတာပါ ။

             သူတပါးရဲ့ ကျေးဇူးတရားကို အထူးအလေးထားသူ မိတ်ဆွေသူဌေးကြီးလို ချမ်းသာကြွယ်ဝချင်လို့ မဟုတ်ပါဘူး ( ကိုယ်ကလည်း သူ့လို ကြွယ်ဝရအောင် သူ့ဝိရိယရဲ့ ခြေဖျားတောင် မမှီဘူး) သို့သော် မိတ်ကောင်းဆွေကောင်းတွေ နဲ့ တွေ့ဆုံပေါင်းသင်းရသခိုက်မှာ ကောင်းသော အချက်တွေကို အတုခိုးဖို့ လိုအပ်တာကြောင့် ကျေးဇူးရှင်မှန်သမျှကို ရင်ထဲက မှတ်သားထားဖို့ သင်ယူခဲ့ရတယ်ပေါ့ဗျာ ။

             အခုခေတ်မှာက မနေ့က အဆင်ပြေ ဒီနေ့အဆင်မပြေတာနဲ့ ကျေးဇူးကန်းဖို့ ဆို ၂၄ နာရီ အသင့်ဖြစ်နေတဲ့ လူညံ့တွေ များနေလို့ သတိတရားလေးတွေ ကပ်ကြဖို့ တင်ပြလိုက်ရတာပါဗျာ ။

             ကိုရွှေမျိုးဝင်း
“ငပြူးကပဲ  ပြဲရတယ်ရှိသေး”        (နရီမိုး)
19.02.202513:18
                 9 - 12 - 1992 ဟာ လပြည့်နေ့ ဖြစ်လို့ ပွှိုင့် ၁၅၀၀ ကုန်းမှာ ဘုရားပွဲထိုးပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပကြပါတယ် ။ 10 - 12 - 1992 မှာ ဂျင်ဘရောင်း ရောက်လာပြီး ကိုကိုကျော့်အား'' ဒီ ပွဲမှာ မင်းတို့ နိုင်တယ် ၊ သေနတ်တချက်မှ မဖောက်ရပဲ နိုင်သွာတာ ၊ မင်းတို့ ဒီကုန်းကနေ တလက်မမှ ဆုတ်မပေးဘူး ဆိုတာ ယိုးဒယားနိုင်ငံသားတွေ သိသွားပြီ ၊ ချွန်ဖုန်းပြည်နယ်ကလည်း ပြဿနာ မရှာတော့ဘူး ''

             အဲလို ပြောပြီး ဂျင်ဘရောင်းက စိတ်ဝင်စားဖွယ် စစ်ရုံးက အစည်းအဝေးမှာ ဖြစ်ခဲ့တာကို ဆက်ပြောပြပါတယ် ။

'' စစ်ရုံးမှာ တိုက်ရေး နဲ့ မတိုက်ရေး  အပြင်းအထန် ငြင်းနေတော့ စစ်ရုံးက စစ်ဦးမှူး ဗိုလ်ချုပ်သီရာဆပ်သွန်ရာသီ ( ပဲ မွှေတဲ့ ဝါးဒလက်ဟောင်း တောင်းသွားသူ) က ပြောတယ် ၊ ယိုးဒယားအနေနဲ့ လေကြောင်းအလေးသာမှု  ယန္တယားတပ် အလေးသာမှု ရှိနေတာ မှန်ကန်ကြောင်း သို့သော် အရေးကြီးတဲ့ စိတ်ဓာတ်ပိုင်းမှာ ယိုးဒယားတို့ မြန်မာကို ဘယ်လိုမှ မယှဥ်နိုင်ဘူးလို့ ပြောရင်း ဝါးဒလက်ဟောင်းလေးကို ထုတ်ပြကာ ဒါမျိုးလေး ရှိနေသရွှေ့ မြန်မာစစ်သားတွေအတွက် စစ်တိုက်ဖို့ အခက်အခဲ မရှိနိုင်ဘူး လို့ ပြောဆို တားမြစ်ခဲ့တယ် ''

'' သြော် ဒါကလည်း စစ်မဖြစ်ဖို့ အရေးပါတဲ့ အကြောင်း တခု ဖြစ်ခဲ့တာပေါ့ ''

'' အေး ဟုတ်တယ် အဲလို ငြင်းနေတုန်း ဘုရင်ကြီးက ချက်ခြင်းလာကြဆိုပြီး စစ်မတိုက်ဖို့ အမိန့်ပေးလိုက်တာပဲ ကွ ''

                   အဲသလို ယိုးဒယား အတွင်းသတင်းတွေကို ဝမ်းသာအားရ ပြောပြီး ဂျင်ဘရောင်းလည်း ပြန်သွားပါတယ် ။ 15 - 12 - 1992 မှာတော့ တိုင်းမှူး ဗိုလ်ချုပ်ကက်စိန် ကိုယ်တိုင် ရောက်လာပြီး ကိုကိုကျော်ရဲ့ စွမ်းဆောင်မှုကို မမေ့မလျှော့ ချီးမွှမ်းစကား လာပြောပါတယ် ။

                ကိုကိုကျော်လည်း နှလုံးသားထဲက ရွာဟေ့လူ ဆိုတဲ့ ပြဇာတ်တပုဒ်ကို တပ်ရင်း ၃ ရင်းထဲက ဝါသနာရှင် ရဲဘော်တွေ နဲ့ ကပြခဲ့ပါသေးတယ် ။ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကတော့ ကာနယ် ဂျင်ဘရောင်းပေါ့ဗျာ ။ ပြဇာတ်ကနေတော့ သရုပ်ဆောင် ဂျင်ဘရောင်းကို အားပါးတရ လက်ခုပ်တီးပြီး အားပေးနေသူက အော်လဂျင်နယ် ဂျင်ဘရောင်းကြီး ဖြစ်နေမယ် ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး ဗျာ ။

              ကိုရွှေမျိုးဝင်း

( စိတ်ရှည်လက်ရှည် ဖတ်ပေးနေကြတဲ့ မိတ်ဆွေများအား အထူး ကျေးဇူးတင်ပါတယ်ဗျာ)
19.02.202513:17
မနေ့က ညနေ ၅ နာရီ လောက်မှာ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါင်းတလည်ကြားက တောင်ဆင်း၀ကွေ့အနီးမှာ ကိုယ်၀န်ဆောင်တွေ ဆေးခန်း
သွားပြတဲ့ကား ကို အပြန်မှာ PDF 3061တပ်ရင်းက
တိုက်ခိုက်ပြီး မီးရှို့ခဲ့တယ်။

ကားထဲမှာပါတဲ့ ကိုယ်၀န်ဆောင်တွေနဲ့ တခြား အမျိုးသမီးတွေပါ မီးထဲမှာ ပါသွားတယ်လို့ သိရတယ်။

အဲ့ဒီဖြစ်စဉ်ကို PDF နဲ့ ထောက်ခံအားပေးတဲ့ မီဒီယာတွေက
သတင်းကိုဘယ်လိုတင်လဲဆိုရင် စစ်တပ်ကား
ရိက္ခာပို့တာကို ကြားဖြတ်တိုက်တယ်ဆိုပြီး
ရေးထားတယ်။

ဒီလောက်ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို
ထောက်ခံအားပေးတဲ့အပြင် သတင်းအမှားပါ
တင်ပြီး ဝါဒဖြန့်ပေးသေးတယ်။

အကြမ်းဖက်သမား PDF တွေနဲ့ အကြမ်းဖက် အားပေး မီဒီယာတွေ အောက်တန်းကျတဲ့
လုပ်ရပ်ပဲ။

Htimyataung
19.02.202504:06
(၁၉၊ ၂၊ ၂၀၂၅) မြန်မာ-ထိုင်းနှင့် အိမ်နီးချင်း တောင်အာရှနိုင်ငံများကို အလိမ်ဂိုဏ်းများ မင်းမူသည့် တိုင်း ပြည်များအဖြစ် ထိုင်ဝမ် သတ်မှတ်။ ကျားဖျန့်ဟာ ထောင်ကဲ ထောက်လှမ်းရေးလား
===
လိမ်လည်လှည့်ဖျားမှု ဂိုဏ်းများ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ထိုင်းနိုင်ငံကို အန္တရာယ်များတဲ့ အရှေ့ တောင်အာရှ ၅-နိုင်ငံစာရင်းမှာ ထိုင်ဝမ်ပြည်ထဲဝန်ကြီးဌာနက ထည့်သွင်းလိုက်တယ်လို့ “အေအင်န်အေ” ဒစ် ဂျစ်တယ်သတင်းအေဂျင်စီ (18 February 2025) က ရေးပါတယ်။
.
ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများသို့ ခရီးသွားရောက်ကြမယ့်သူများအတွက် သူတို့ရဲ့ လေယာဉ်လက်မှတ်များမှာ အဲ့ဒီအကြောင်း သတိပေးချက်နဲ့ ခရီးသွားဘေးကင်းရေး အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်ဆွဲကြရန် အကြံပြုထားကြာင်း တွေ့မြင်ရတယ်လို့ ထိုင်ဝမ်သတင်းစာများက ရေးသားကြပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထိုင်ဝမ်နိုင်ငံသားအတော်များများတို့ဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံများကို သွေးဆောင် ခေါ်ယူခံရပြီး လိမ်လည်မှုဂိုဏ်းများမှာ အတင်းအကျပ် အလုပ်ခိုင်းစေတဲ့ ဖြစ်ရပ်များ ရှိခဲ့တယ်လို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
.
လွန်ခဲ့တဲ့ ရက်သတ္တပတ် မြန်မာနိုင်ငံက (ကျားဖျန့်) အလိမ်ဂိုဏ်း စင်တာတစ်ခုမှ နိုင်ငံခြားသား ၂၆၀ -ဦးတို့ လွတ်မြောက်စေခဲ့ရာမှာ ထိုင်ဝမ်နိုင်ငံသား ၇ ဦးလည်း ပါဝင်ခဲ့ကြောင်း၊ ထိုင်းရဲများက စစ်ဆေးမေးမြန်းနေတဲ့ အတွက် အိမ်ပြန်လာနိုင်ကြမယ်လို့ မျှော်လင့်ရကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။
.
(ထိုင်ဝမ်) နိုင်ငံသားတွေ အလိမ်ဂိုဏ်းများမှာ သားကောင်ဖြစ်မသွားစေရေး အဲ့ဒီကိစ္စမှာ ပတ်သက်နေတဲ့ နိုင်ငံများကို ခရီးသွားမယ့်သူများအတွက် နိုင်ငံကူးလက်မှတ်ဌာနနှင့် လေကြောင်းရဲတပ်ဖွဲ့တို့ရဲ့ ကြိုးပမ်း အားထုတ်မှုများကို လေဆိပ်များမှာ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

လေကြောင်းလိုင်းများအနေနဲ့သူတို့ရဲ့ အီလက်ထရွန်းနစ် ခရီးသွားလက်မှတ်များမှာ သတိပေးချက်များကို ထည့်သွင်းဖော်ပြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပါရန် တိုက်တွန်းထားပါတယ်။

ခရီးသွားများအနေဖြင့်လည်း ၂၀၂၂ ခုနှစ်ကတည်းက အသုံးပြုနိုင်ပြီးဖြစ်တဲ့ ခရီးသွားလာမှု လုံခြုံရေးလမ်း ညွှန်အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်ဆွဲယူခြင်းဖြင့် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်များကို ရရှိနိုင်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
.
((ကျားဖျန့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီက Conspiracy စဆရကများ ရမ်းကြိတ်ရာမှာ  အဲ့ဒီ ငွေလိမ်ဂိုဏ်း ဟာ ထောင်ကဲကြီးရဲ့ MSS ထောက်လှမ်းရေးဖြစ်ကြောင်း စွပ်စွဲကြခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် လက်လှမ်း မီသမျှ ရှာဖွေကြည့်ရာမှာ အဲ့ဒီလို ပြောရလောက်တဲ့ အထောက်အထား တစ်ခုမှ မတွေ့ရှိရပါဘူး။ ဖြစ်စရာရှိရင် တလုတ်ဖြူ ထောက်လှမ်းရေးသာ ဖြစ်ဖို့ များပါတယ်။
.
အဲ့ဒီ အနှုတ်လက္ခဏာ သဘော ပြောဆိုမှုဟာ “ကျွန်တော်အကုန်သိတယ်” လို့ ဆိုလေ့ရှိပြီး “မြန်မာ-အမေ ရိကန်သတင်းဌာန” လို့ သူ့ဖာသာ အမည်ပေးထားတဲ့ ဆြာကြီးရဲ့ လက်ချက်မှ စတင်ပုံရပါတယ်။ အဲ့ဒီဆရာ ကြီးရဲ့ ကောက်ချက်မှာ “ကျားဖျန့်ကိစ္စ ထိုင်ဝမ်-ဟောင်ကောင်နဲ့ မကာအို ဒုစရိုက်သမားတွေ ပါဝင်တယ်လို့ သာ ဆိုတယ်၊ ဖမ်းမိပြီး ပြန်ပို့သူအားလုံးမှာ အဲ့ဒီနိုင်ငံတွေ တစ်နိုင်ငံမှ မပါဝင်ကြောင်း၊ တရုတ်ပြည်ကိုချည့် ဖြစ် နေတယ်” လို့ ပြောဆိုခြင်းက စတင်လွဲမှားပါတယ်။

တရုတ်ပြည်မှာ “One China Policy” ရှိကြောင်း လူအတော်များများ သိကြပါတယ်။ ဟောင်ကောင်-မကာအို သာမက ထိုင်ဝမ်တို့ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းများဖြစ်ပြီး အဲ့ဒီမှာ နေထိုင်သူအားလုံးကိုလည်း တ ရုတ်နိုင်ငံသားများအဖြစ် ပေကျင်းက သတ်မှတ်ပါတယ်။ ထိုင်ဝမ်နေသူတစ်ဦးဦး တရုတ်ပြည်မကြီးကို ရောက် ရှိသွားလျှင် သူ့အတွက် အဝေးရောက် တရုတ်နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်လေးထုတ်ပေး ပါလိမ့်မယ်။ အဲ့ဒီတိုင်းပြည်တွေကို ဘယ်နှစ်ကြိမ်ရောက်ဖူးတယ်လို့ ပြောနေသူဟာ ဒါတွေကို သိနိုင်ပါတယ်။
.
နောက်တစ်ချက်က ကျားဖျန့်ကို 1027 မှာ ထည့်သွင်းဖော်ပြရင်း ကမ္ဘာသိဖြစ်သွားတဲ့ MNDAA ကိစ္စပါ။ သူတို့ ဟာ ဟန်တရုတ်ဖြစ်ကြောင်း ဘယ်လိုပဲပြောပြာ ကိုးကန့်ကာကွယ်ရေးတပ်များနဲ့ ဘိန်းကုန်ကူးခြင်းလို ဒုစ ရိုက်မှုများကို တလုတ်ဖြူနဲ့ CIA တို့က မွေးဖွားပေးခဲ့ကြောင်း အတိတ်သမိုင်းကို ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင် ခြင်း ဖြစ်ပါတယ်။  ။ #HtayOung, #OungMarine)))
.

https://asianews.network/taiwan-lists-thailand-vietnam-myanmar-cambodia-and-laos-as-high-risk-destinations/
===
17.02.202514:35
17.02.202512:29
နယ်မြေလိုချင်ရင်
နောက်အစိုးရတက်မှ တောင်းတဲ့...!

ကဲ...ဒါကို ကြည့်ချင်းအားဖြင့်
နိုင်ငံရေးကို တီးမိခေါက်မိရှိတဲ့ ပြည်သူတွေကတော့
သဘောပေါက်ကျလိမ့်မယ်ထင်ပါတယ်။

သဘောမပေါက်တဲ့
ပြည်သူတွေကိုတော့ ကျနော်ရှင်းပြပေးပါ့မယ်။

* နောက်အစိုးရတက်ဖို့အတွက်
   ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ရမည်

* ရွေးကောက်ပွဲကလည်း
   တိုင်းပြည်အေးချမ်းမှ လုပ်လို့ရမည်

* တိုင်းပြည်အေးချမ်းဖို့အတွက်
   သူပုန်တွေကို မူလအတိုင်း နေရာမှန်ပြန်ရောက်အောင်
   လုပ်ရတော့မည်

* ရွေးကောက်ပွဲလုပ်လို့ နောက်အစိုးရတက်လာလည်း
   ထိုအစိုးရက နယ်မြေပေးဖို့ မသေခြာ

ဆိုတော့...

နယ်မြေလိုချင်လို့မှ စစ်တိုက်တယ်
အပိုင်နယ်မြေရပြီဆိုမှ ဖအေတရုတ်ကို
ငိုပြပြီး နယ်မြေတောင်းခိုင်းတယ်။

နစကအစိုးရကလည်း
သူတို့ထက် လည်တော့
နောက်အစိုးရတက်မှ တောင်းဆိုပြီး
ပိတ်ချလိုက်တယ်။

ဒီတော့
သူပုန်တွေအတွက် အနာမခံရဖို့
နည်းလမ်းက နှစ်လမ်းဘဲရှိတယ်။

(၁) နေပြည်တော်အထိ ရအောင်သိမ်းဖို့ရယ်

(၂) အလုံးစုံ လက်နက်စွန့်ဖို့ရယ်

အဲ့လိုမှ မဟုတ်ရင်တော့
ကမ္ဘာ့မျိုးသုဥ်းပျောက်ကွယ့်မည့် သတ္တဝါစာရင်းမှာ
သူပုန်မျိုးနွယ်စုတွေက တစ်ပြေးနေပါလိမ့်မည်။

အခုဆိုရင်
​ဝေဟင်က တိတိကျကျ ကြဲနေတဲ့
ဗုံးတွေကို ကြောက်နေကြရတဲ့အပြင်

တရုတ်ရဲ့ သဘောထားကိုလည်း
အရင်လို သိပ်ပြီးဂရုမစိုက်တော့တဲ့
တပ်မတော်ရဲ့လုပ်ရပ်ကြောင့် သူပုန်တို့ဘဝဟာ
ဖွတ်မရ ဓားမဆုံးကိန်း ဆိုက်လို့နေပါပြီ။

" မင့်တို့က ဖေဖေပုကို သိပ်ပြီးလျော့တွက်ကြတာကိုး "

   သေရွာပြန်
      ဖိုးမှန်
တော်တော်တရားကျဖို့ ကောင်းချက်ပဲ...ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ သီလရှင် အများအပြားကို PDF/ပသုံးလုံး အကြမ်းဖက်တွေက ခေါင်းစဉ်မျိုးစုံတပ်ပြီး ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတုန်းက NUG အကြမ်းဖက်အဖွဲ့နဲ့ ပြည်ဖျက်မီဒီညာတွေက ဘာသံမှ မထွက်ခဲ့ကြဘူး...အခု ရွှေဘိုမြို့နယ်က ကက်သလစ်ခရစ်ယာန်ဘုန်တော်ကြီးကို PDF အကြမ်းဖက်တွေက ရက်ရက်စက်စက် ဓားနဲ့ခုတ်သတ်ခဲ့တဲ့ကိစ္စမှ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း၊ ဘာလုပ်ပါ့မယ်၊ ညာလုပ်ပါ့မယ်နဲ့ အသံမျိုးစုံထွက်လာတာ ဘာသဘောလဲ...? PDF/ပသုံးလုံး အကြမ်းဖက်တွေက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်တွေကို ဖမ်းဆီးသတ်ဖြတ်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပွဲတော်တွေကို ပိတ်ပင်တားဆီး၊ ဖောက်ခွဲဖျက်ဆီးခဲ့တုန်းက ဝမ်းသာအားရနဲ့ ဘာမှအရေးမယူခဲ့တဲ့ NUG အကြမ်းဖက်အဖွဲ့က တခြားဘာသာဝင်တွေကို PDF အကြမ်းဖက်တွေက သတ်ဖြတ်မှ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း၊ အရေးယူမယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ပြောဆိုတဲ့လုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လုံးဝကို လက်မခံသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်...
19.02.202513:12
ဒီအင်္ကျီလေးရဲ့ ဖြစ်တည်လာမှု
အဆင့်ဆင့်ကို ဇစ်ဇစ်မြစ်မြစ် သိတဲ့သူက
ပိုပြီးတော့တောင် ရှားပါလိမ့်မယ် ။ဘာကြောင့်လည်းဆိုတော့
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ

သမိုင်းနဲ့ပတ်သက်လာရင်
ခြေခြေမြစ်မြစ် သိနိူင်အောင်
ကြိုးစားကြတဲ့ သူက ရာခိုင်နှုန်း
အတော်နည်းတာကြောင့်မို့ပါ ။

ကျွန်တော်ကတော့ ရာဇဝင်တွေ ၊
သမိုင်းတွေကို စိတ်ဝင်စားပါတယ် ။
တိတိကျကျ ရေရေရာရာ
သိနိုင်အောင်လည်း
အတတ်နိုင်ဆုံး ကြိုးစားလေ့လာပါတယ် ။

ပြီးတော့
မြတ်နိုးသင့်တဲ့အရာ ၊
တန်ဖိုးထားသင့်တဲ့ အဖွဲ့အစည်း ၊
လေးစားသင့်တဲ့ လူတွေအပေါ် မှာလည်း
မြတ်နိုးပါတယ် ။ လေးစားပါတယ် ။
တန်ဖိုးထားပါတယ် ။

💖💖💖💖💖

ကျွန်တော်ကတော့
ကျွန်တော် တန်ဖိုးထားတဲ့ ၊
မြတ်နိုးတဲ့အရာတွေနဲ့ ပတ်သက်လာရင်
မှတ်မှတ်ရရ ရိုရိုသေသေ
သိမ်းဆည်းတတ်တဲ့ အကျင့်ကို
အခုချိန်အထိ မဖျောက်နိုင်သေးပါဘူး ။

သေသွားရင် အရာအားလုံးကို
ထားရစ်ခဲ့ရမယ်ဆိုတာ
သေသေချာချာ သိပါတယ်။
အချိန်မရွေး
ထားရစ်ခဲ့ရနိုင်တယ်ဆိုတာကိုလည်း
လက်သင့်ခံထားနှင့်ထားပြီးသားပါ ။

သို့သော်လည်းပဲ
ကိုယ်က မြတ်နိုးတဲ့အရာလေးတွေ
ကိုယ့်ရဲ့ဖြစ်တည်မှုမှာ နက်နက်ရှိုင်းရှိုင်း
ပါဝင်ပတ်သတ်ခဲ့တဲ့
အရာလေးတွေ အပေါ်မှာတော့
ယုယမြတ်နိုးစိတ်နဲ့ ဂရုတစိုက်
သိမ်းဆည်းထားနေမိတုန်းပါ ။

ဒါကလည်း
လူအဖြစ်မှာပဲ ရှိနေသေးတာကြောင့်
လူစိတ်ကလေးက
ကိန်းဝပ်နေသေးတာကြောင့်
လူပီသနေတုန်းပဲလို့ ပြောမယ်ဆိုလည်း
ပြောလို့ရပါတယ်။

ထို့အတူပါပဲ
ကျွန်တော့်မှာ လူစိတ်ကလေးက
မကုန်နိုင်သေးတာကြောင့်
အစွဲလေးတွေလည်း
မကင်းနိုင်သေးပါဘူး ။

ဒါကြောင့်မို့လည်း ကျွန်တော်က
တန်ဖိုးထား လေးစားတဲ့
လူုပုဂ္ဂိုလ်အပေါ်မှာ ၊
အဖွဲ့အစည်းအပေါ်မှာ
တန်ဖိုးထားကြောင်း
လေးစားကြောင်း ကိုလည်း
မရေးဘဲ မပြောဘဲ မနေနိုင်သေးပါဘူး ။

ပုထုဇဉ် ဆိုတော့လည်း
လူစိတ်ကလေးက
ကပ်တွယ်ငြိနေတုန်းပေါ့ဗျာ ။

အဆောက်အဦးတွေဆီက
သက်မဲ့အရာတွေဆီက
ထွက်ပေါ်လာကြမယ့် စကားသံတွေကို
ကြားချင်စိတ်ရှိတယ်ဆိုရင်
ထိုအရာတွေအပေါ်မှာ
စိတ်ဝင်စားကြည့်လိုက်ပါ။

သူတို့အပေါ်မှာ စိတ်ဝင်စားမိပြီဆိုတာနဲ့
သူတို့နဲ့
ပတ်သတ်ဆက်နွယ်ခဲ့ဖူးတဲ့လူတွေ
အခြေအနေတွေ
အဖြစ်အပျက်တွေ
သမိုင်းကြောင်းတွေကို
သိချင်စိတ်ဖြစ်လာပါလိမ့်မယ်။

သိချင်စိတ်ဖြစ်လာရင်
လေ့လာကြည့်ချင်စိတ် ပေါ်လာပါလိမ့်မယ်။
လေ့လာကြည့်မိခဲ့ရင်
ဖြစ်ရပ်မှန်တွေ
သမိုင်းကြောင်းတွေ
သမိုင်းအမှန်တွေကို သိခွင့်ရလာပါလိမ့်မယ်။

အဖြစ်အပျက်အမှန်
အခြေအနေအမှန်
သမိုင်းအမှန်တွေကို သိနိုင်စွမ်းလာကြပြီဆိုရင်

အခင်းအကျင်းတစ်ခုကို
လေ့လာသုံးသပ်ကြတဲ့အချိန်မှာ
အယူမှား
အတွေးမှားတွေကင်းပြီး
အမှန်ကိုအမှန်အတိုင်း
သိမြင်နားလည်လက်ခံလာနိုင်ကြပါလိမ့်မယ်။

တိုင်းပြည်တခု ကြီးပွါးတိုးတတ်ဖို့ဆိုတာ
အစိုးရအဖွဲ့စည်းတစ်ခုထဲ
ကောင်းနေရုံတော်နေရုံနဲ့မလုံလောက်ပါဘူး။

ထိုတိုင်းပြည်အတွင်းမှာ
မှီတင်းနေထိုင်ကြတဲ့
နိုင်ငံသားတွေအနေနဲ့လည်း
နိုင်ငံအရေး
နိုင်ငံ့အရေးကို စိတ်ဝင်စားကြဖို့လိုပါတယ် ။

သမိုင်းအမှန်တွေကို သိနိုင်ကြဖို့လိုပါတယ်။

သမိုင်းအမှန်တွေသိထားကြတဲ့
နိုင်ငံသားအများစုရှိနေရင်
ထိုတိုင်းပြည်ကို ပြင်ပကနေ
ဘယ်လိုအနှောင့်အယှက်မျိုးမှ
ဝင်မလာနိုင်ပါဘူး။

ကိုယ့်ခံအားကောင်းတဲ့
နိုင်ငံသားတွေများလာရင်
တိုင်းပြည်ကြီးလည်း
ကိုယ်ခံအားကောင်းလာပါလိမ့်မယ်
ခင်ဗျာ ……. ။       ။
မင်းအုပ် စိုး
18.02.202504:48
နောက် လေး နှစ် ဆို က မ္ဘာ ကြီး တော် တော် သန့် သွား မယ် ။မြန် မာ နိုင် ငံ လည်း USAID မ ရှိ တော့ လို့ အ မေ ရိ ကန် မ ထောက် ပံ့ တာ နဲ့ ၊ တ ရုတ် ကို အ မေ ရိ ကန် ထိုင် ဝမ် ဖက် မှာ ဖိ အား ပေး လို့ သူ့ လက် ဝေ ခံ တွေ ကို အ ရမ်း မြှောက် မ ပေး နိုင် ဘူး ဆို ရင် ပြည် တွင်း စစ် တော် တော် ငြိမ် သွား လိမ့် မယ် ။

အ နိုင် ကျင့် ဗိုလ် ကျ လာ တဲ့ သူ တွေ အ လှည့် ကျ တော့ မ နွဲ့ ကြ နဲ့ ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၈ ၊ ၂ ၊ ၂၀၂၅

                                          မိုး တင့် ဆွေ
                                      ၁၈ ၊ ၂ ၊ ၂၀၂၅
                                              အ င်္ဂါ ။
से पुनः पोस्ट किया:
မောင်သစ္စာ 🇲🇲 avatar
မောင်သစ္စာ 🇲🇲
မအေလိုး ခွေးသား

အခုတော့ အဖမ်းခံရမှာ
ကြောက်ပြီး စေတနာ အမှားတဲ့

မင်း လုပ်ကွက်တွေက
ရွှေကုက္ကိုလ် မှာ
နိုင်ငံခြားသားတွေ
ထောင်ချီမိနေတယ်လေ😉

ကရင်ပါတ်ကညောထဲမှာ
အဲ့ဒီကရင်က လေးဘက်ချွန်

ချွန်စရာ မရှိရင် ဖျင်ပေါက်ကနေ ချွန်မဲ့ကောင်

KIA က သူ့ကို သမချင်နေတာကြာပီ
တပ်က ကာနေလို့

လွှတ်ပေးလိုက်ရမှာ😉😉😉

မောင်သစ္စာ🇲🇲
दिखाया गया 1 - 24 का 121
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।