9 - 12 - 1992 ဟာ လပြည့်နေ့ ဖြစ်လို့ ပွှိုင့် ၁၅၀၀ ကုန်းမှာ ဘုရားပွဲထိုးပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပကြပါတယ် ။ 10 - 12 - 1992 မှာ ဂျင်ဘရောင်း ရောက်လာပြီး ကိုကိုကျော့်အား'' ဒီ ပွဲမှာ မင်းတို့ နိုင်တယ် ၊ သေနတ်တချက်မှ မဖောက်ရပဲ နိုင်သွာတာ ၊ မင်းတို့ ဒီကုန်းကနေ တလက်မမှ ဆုတ်မပေးဘူး ဆိုတာ ယိုးဒယားနိုင်ငံသားတွေ သိသွားပြီ ၊ ချွန်ဖုန်းပြည်နယ်ကလည်း ပြဿနာ မရှာတော့ဘူး ''
အဲလို ပြောပြီး ဂျင်ဘရောင်းက စိတ်ဝင်စားဖွယ် စစ်ရုံးက အစည်းအဝေးမှာ ဖြစ်ခဲ့တာကို ဆက်ပြောပြပါတယ် ။
'' စစ်ရုံးမှာ တိုက်ရေး နဲ့ မတိုက်ရေး အပြင်းအထန် ငြင်းနေတော့ စစ်ရုံးက စစ်ဦးမှူး ဗိုလ်ချုပ်သီရာဆပ်သွန်ရာသီ ( ပဲ မွှေတဲ့ ဝါးဒလက်ဟောင်း တောင်းသွားသူ) က ပြောတယ် ၊ ယိုးဒယားအနေနဲ့ လေကြောင်းအလေးသာမှု ယန္တယားတပ် အလေးသာမှု ရှိနေတာ မှန်ကန်ကြောင်း သို့သော် အရေးကြီးတဲ့ စိတ်ဓာတ်ပိုင်းမှာ ယိုးဒယားတို့ မြန်မာကို ဘယ်လိုမှ မယှဥ်နိုင်ဘူးလို့ ပြောရင်း ဝါးဒလက်ဟောင်းလေးကို ထုတ်ပြကာ ဒါမျိုးလေး ရှိနေသရွှေ့ မြန်မာစစ်သားတွေအတွက် စစ်တိုက်ဖို့ အခက်အခဲ မရှိနိုင်ဘူး လို့ ပြောဆို တားမြစ်ခဲ့တယ် ''
'' သြော် ဒါကလည်း စစ်မဖြစ်ဖို့ အရေးပါတဲ့ အကြောင်း တခု ဖြစ်ခဲ့တာပေါ့ ''
'' အေး ဟုတ်တယ် အဲလို ငြင်းနေတုန်း ဘုရင်ကြီးက ချက်ခြင်းလာကြဆိုပြီး စစ်မတိုက်ဖို့ အမိန့်ပေးလိုက်တာပဲ ကွ ''
အဲသလို ယိုးဒယား အတွင်းသတင်းတွေကို ဝမ်းသာအားရ ပြောပြီး ဂျင်ဘရောင်းလည်း ပြန်သွားပါတယ် ။ 15 - 12 - 1992 မှာတော့ တိုင်းမှူး ဗိုလ်ချုပ်ကက်စိန် ကိုယ်တိုင် ရောက်လာပြီး ကိုကိုကျော်ရဲ့ စွမ်းဆောင်မှုကို မမေ့မလျှော့ ချီးမွှမ်းစကား လာပြောပါတယ် ။
ကိုကိုကျော်လည်း နှလုံးသားထဲက ရွာဟေ့လူ ဆိုတဲ့ ပြဇာတ်တပုဒ်ကို တပ်ရင်း ၃ ရင်းထဲက ဝါသနာရှင် ရဲဘော်တွေ နဲ့ ကပြခဲ့ပါသေးတယ် ။ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်ကတော့ ကာနယ် ဂျင်ဘရောင်းပေါ့ဗျာ ။ ပြဇာတ်ကနေတော့ သရုပ်ဆောင် ဂျင်ဘရောင်းကို အားပါးတရ လက်ခုပ်တီးပြီး အားပေးနေသူက အော်လဂျင်နယ် ဂျင်ဘရောင်းကြီး ဖြစ်နေမယ် ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး ဗျာ ။
ကိုရွှေမျိုးဝင်း
( စိတ်ရှည်လက်ရှည် ဖတ်ပေးနေကြတဲ့ မိတ်ဆွေများအား အထူး ကျေးဇူးတင်ပါတယ်ဗျာ)