Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Tatmadaw Observation avatar

Tatmadaw Observation

Only For Military Observation
Part of TPWC
TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateJul 03, 2024
Added to TGlist
Mar 17, 2025
Linked chat

Records

10.05.202523:59
1.4KSubscribers
30.03.202515:51
1300Citation index
13.03.202520:30
1.7KAverage views per post
14.03.202501:48
1.7KAverage views per ad post
06.05.202517:09
40.00%ER
15.03.202512:36
292.79%ERR
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR
FEB '25MAR '25APR '25MAY '25

Popular posts Tatmadaw Observation

14.04.202502:17
ဂြိုလ်တုကိစ္စကို တစ်ဖြည်းဖြည်းနဲ့တော့ထုတ်ပြန်လာပြီ။ အဟီ

#Admin_Austen@Tatmadawobservation
#TatmadawObservation
https://t.me/Tatmadawobservation
8-2-2024

သွေးကြွေးဆိုတာ အချိန်တစ်ခုရောက်ရင် ပြန်ဆပ်ရမှာဘဲ။

မနွဲ့ကြေးပေါ့။


#TatmadawObservation
https://t.me/Tatmadawobservation
04.05.202512:17
ဘင်္ဂလားဒေ့ရှ်လေတပ်မှ ၎င်းတို့၏ အိုဟောင်းတိုက်လေယာဉ်များနေရာတွင်း အစာထိုးရန် J-10C များကို ‌ရွေးချယ်လိုက်ကြောင်းသိရပါတယ်။

ငွေကြေးအခက်အခဲအချို့ကြောင့် ၀ယ်ယူရန်စဉ်းစားနေဆဲ ဘင်္ဂလားဒေ့ရှ်လေတပ်ဟာ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲအတွင်း အစွမ်းပြသွားတဲ့ J-10 တွေကို တော်တော်လေး‌သဘောကျခဲ့ပါတယ်။ အဲ့တာကြောင့်စဉ်းစားဆဲအဆင့်ကနေ ၀ယ်ယူဖို့လုံး၀ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သို့သော် ၎င်းတို့၀ယ်ယူမည့်အရေအတွက်ဟာ အစင်းရေ 32 စင်းထိ ၀ယ်မည်ဟုသိရပြီး တစ်စင်းတန်ဖိုး ‌USD သန်း 40 ၀န်းကျင် ( ယခင်ဈေး ပါကစ္စတန်စစ်ပွဲအပြီး ဈေးများ ထပ်မံမြင့်တက်ခဲ့) ရှိသည့်အတွက် 32 စင်းအတွက်အနည်းဆုံး USD 1.3 ဘီလီယံကျသင့်မှာဖြစ်ပါတယ်။

ယခုအချိန်ထိလည်း ၀ယ်ယူရန်ဆုံးဖြတ်ချက်သာချလိုက်ပေမဲ့ ၀ယ်ယူဖို့ ပိုက်ဆံမတက်နိုင်သေးသည့်အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွင်း အကြပ်ရိုက်နေကြောင်းသိရပါတယ်။

#TatmadawObservation
https://t.me/Tatmadawobservation
ပျော်စရာကြီးဗျ

#TatmadawObservation
https://t.me/Tatmadawobservation
တရုတ်-အိန္ဒိယနယ်စပ်မျဉ်းမှ ကီလိုမီတာ 300 အကွာတွင် အရှည် 3.5 ကီလိုမီတာရှည်သော ပြေးလမ်းပါ၀င်သည့် လေတပ်စခန်းတစ်ခုကို အမြန်လမ်း( Highway )တစ်ခုအတွင်း အိန္ဒိယလေတပ်မှ တည်ဆောက်နေ။

#TatmadawObservation
https://t.me/Tatmadawobservation
စစ်ရေးလေ့လာတဲ့‌ကောင် ဆိုပြီး ကြမ်းကြမ်းတမ်းတမ်းကြီးမထင်ပါနဲ့

စိတ်ကနုနုလေးပါ😞

#Admin_Austen@Tatmadawobservation
#TatmadawObservation
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Sylhet မြို့သို့ မေလ 3 ရက်နေ့၌ အမေရိကန်စစ်သားများ ပါ၀င်သည့် အဖွဲ့ရောက်ရှိ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မေလ 15ရက်နေ့တွင်ကျင်းပမည့် 6 ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်-ဂျပန် နိုင်ငံခြားရေးရုံး အတိုင်ပင်ခံ (FOC) အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ စစ်‌လက်နက်တစ်ချို့ကို၀ယ်ယူရန် အဆိုပြုထား။


#TatmadawObservation
https://t.me/Tatmadawobservation
18.04.202512:36
ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖန်တီးမဲ့ Proxy War

Written by Austen

Proxy War ဆိုတာကိုကျွန်တော် စာဖတ်သူတို့နားလည်အောင်အရင်ရှင်းပြပါမယ်။ Proxy Warဆိုတာက နိုင်ငံတစ်နိုင်ငံကနေ တစ်ဖက်နိုင်ငံကို တိုက်ရိုက် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အဲ့နိုင်ငံမှာရှိနေတဲ့ လက်နက်ကိုင်တွေကို ထောက်ပံ့ပြီး ၎င်းတို့ကိုယ်စားတိုက်ခိုက်ခိုင်းတာပါ။ အိမ်ကြက်ချင်း ခွတ်ခိုင်းတဲ့ ပုံစံမျိုးပါ။ Proxy War ကကျွန်တော်နိုင်ငံမှာ ခဏခဏ အဖြစ်များပါတယ်။ အနီးစပ်ဆုံးပြောရရင် 1027 ရှမ်းမြောက်စစ်ဆင်ရေးပါ။ အဲ့တာဆိုရင် အင်အားကြီးနိုင်ငံတစ်ခုနေ ကြိုးကိုင်ဖန်တီးတဲ့ Proxy Warပါ။


April 15 ရက်နေ့က NORTHEAST NEWS သတင်းဌာနကနေ "Bangladesh Army to lead US-backed clandestine operations in Myanmar’s Rakhine State" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခုကိုတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ဒေသကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေနဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေ ဆောင်ရွက်နေ ဆိုပြီး ဖော်ပြထားပါတယ်။ သူ့ရဲ့ဖော်ပြချက်တွေမှာဆိုရင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က တပ်ရင်း (၃) ရင်းကနေ မြန်မာနိုင်ငံ ရခိုင်နဲ့ ချင်းပြည်မှာ ရှိတဲ့ လက်နက်ကိုင်တွေကို လိုအပ်တဲ့ စစ်ရေးအထောက်အပံ့တွေ ထောက်ပံ့နေကြောင်း၊ ဘူး‌သီးတောင်နဲ့ မောင်းတော‌ဒေသကိုလည်း ရိုဟင်ဂျာ ဒုက္ခသည် 80000 ‌ကျော် ( ရှစ်သောင်းကျော်) နေထိုင်ခွင့်ရရှိနိုင်ရေးဆောင်ရွက်နေကြောင်း ရေးသားထားပါတယ်။


တပ်ရင်း ၁၀/ ၁၇/ ၂၄ စတဲ့ တပ်ရင်းတွေကနေ မြန်မာနိုင်ငံ ရခိုင်ဒေသမှာရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို လိုအပ်တဲ့စစ်ရေးအထောက်အပံ့အကုန်ထောက်ပံ့မှာပါ။ သူတို့ကိုယ်တိုင်တော့၀င်မတိုက်ပါဘူး။ ထောက်ပံ့ရေးပစ္စည်းတွေမှာ သူတို့နိုင်ငံကထောက်ပံ့တာတွေအပြင် အမေရိကန်ကထောက်ပံ့တာတွေပါ ပါ၀င်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်း ၎င်းတို့သတင်းဌာနကဖော်ပြထားပါတယ်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို Cox's Bazar လေဆိပ်ကနေ ပေးပို့ထောက်ပံ့မှာလို့သိရပါတယ်။


Cox's Bazar လေဆိပ်ဟာဆိုရင် ၂၀၁၉ ခုနစ်ကတည်းက full operational air base အဖြစ်ကို အဆင့်မြှင့်တင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်စခန်းဖြစ်ပြီး C-130 / An-32
/Yak 130 / K-8 / PT-6 / Mil Mi-17 စတဲ့လေယာဉ်‌ ရဟတ်ယာဉ်တွေကို ထားရှိထားပါတယ်။ C-130 နဲ့ K-8 တွေကိုအဓိက အထိုင်ချ အုပ်တွေအဖြစ်ထားရှိမှာဖြစ်ပြီး အခုဆိုရင် မီတာ 2800 ရှည်တဲ့ လေယာဉ်ပြေးလမ်းကို မီတာ 3500 အထိ ရှည်အောင်ချဲ့ထွင်နေရတာကို တွေ့ပါတယ်။ အဲ့အပြင် ‌ပစ္စည်းသိုလှောင်ရုံတွေ၊ လေယာဉ် Hangar တွေ၊ ဒရုန်းတွေထားဖို့လို့ ယူဆရတဲ့ အဆောက်အအုံတွေနဲ့ Radar အသစ်တွေပါတည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံတွေအရ သိရပါတယ်။


ဆောင်းပါးရဲ့ဖော်ပြချက်တွေကိုသုံးသပ်ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ တပ်မတော်ရဲ့နယ်မြေဆုံးရှုံးမှုကို အခွင့်ကောင်းယူပြီး ARSA နဲ့ AAတပ်ဖွဲ့တွေကို ကြား၀င်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ AAတို့အနေနဲ့ ဘူးသီးတောင်နဲ့ မောင်းတော‌ဒေသကို ARSRလက်ထဲပေးရမှာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေတစ်ဆင့် အမေရိကန်ရဲ့အထောက်အပံ့ကိုရရှိမှာဖြစ်ပါတယ်။ အခုလက်ရှိစစ်ပွဲကိုကြည့်မယ်ဆိုရင်လည်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ပြည်ပနိုင်ငံတစ်ခုက၀င်ရောက်ကြိုးကိုင်နေတယ်ဆိုတာကို စစ်ရေးအကြောင်းနားလည်တဲ့သူတိုင်းသိပါတယ်။


ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ယခုလုပ်ရပ်ဟာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲ့အချုပ်အချာ အာဏာကို ပေါ်တင်ထိခိုက်စော်ကားလာတာလို့ ကျွန်တော်အနေနဲ့မြင်မိပါတယ်။ ၎င်းတို့အနေနဲ့ တပ်မတော်ရဲ့နယ်မြေထိန်းချုပ် အားနည်းမှုအပေါ်အခွင့်ကောင်းယူပြီး တပ်မတော်ဟာ ၎င်းတို့ကို စစ်ရေးအရ တန်ပြန်နိုင်မှုမရှိဘူးလို့ မှန်းဆထားပုံရပါတယ်။ လက်ရှိ AAအကြမ်းဖက်တွေဟာ နတ်ရေကန်တောင် စခန်းကိုအပြင်းအထန် တိုက်ခိုက်နေပါတယ်။ နတ်ရေကန်တောင်စခန်းဟာ တပ်မတော်အတွက်အရေးကြီးသလို ဘင်္ဂလားဒေ့ရှ်အတွက်လည်းအရေးပါ ပါတယ်။အဓိက ကနတ်ရေကန်တောင်စခန်းမှာရှိနေတဲ့ ဘင်္ဂလား‌ဒေ့ရှ်လေပိုင်နက်ထိပါ ထောက်လှမ်းနိုင်တဲ့ ရေဒါတွေကြောင့်ပါ။ မကွေးတိုင်းရှိ မြန်မာတပ်မတော် ကပစ စက်ရုံ၏ လေကြောင်းရန်ကာကွယ်ရေး နဲ့ ရေဒါစခန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်ဘဲ AAဟာ အပြင်းအထန်ကိုတိုက်ခိုက်နေတာပါ။


လက်ရှိမှာဆိုရင် မြန်မာနိုင်ငံဟာ သူများနိုင်ငံကဖန်တီးတဲ့ Proxy War ထဲမှာ စစ်ပွဲ‌နွံနစ်နေတုန်းပါ။ တပ်မတော်အနေနဲ့ ရခိုင်ဒေသကို ရှမ်းမြောက်ဒေသထက် စစ်ရေးအရ ပိုပြီးအလေးထားသင့်တယ်လို့ ကျွန်တော်အနေနဲ့မြင်မိပါတယ်။ ရခိုင်ဒေသကိုသာ လုံး၀လက်လွှတ်လိုက်မယ်ဆိုရင် ရခိုင်ဒေသဟာ အရင်ကသတင်းထွက်ခဲ့ဖူးတဲ့ ခိုး၀င်ကပ်ပါးရိုဟင်ဂျာတွေရဲ့ နိုင်ငံသစ် တစ်ခုဖြစ်လာမှာပါ။ အဲ့အတွက်ကြောင့် ရခိုင်ဒေသကို စစ်ရေးအရ အမြန်ဆုံးတုန့်ပြန်မှုလိုသလို ဘင်္ဂလားဒေ့ရှ်ကိုလည်း စစ်ရေးအရ စောင့်ကြည့် သတိပေးသင့်ပါတယ်။


#TatmadawObservation
https://t.me/Tatmadawobservation
25.04.202511:26
🇮🇳အိန္ဒိယ - 🇵🇰ပါကစ္စတန် update

ဧပြီ ၂၃ ရက် - 🇮🇳အိန္ဒိယ၏ လေယာဉ်တင်သင်္ဘော INS Vikrant သည် ပါကစ္စတန်နိုင်ငံဘက်ကို ရွေ့လျား။

ဧပြီ ၂၃ ရက် - 🇮🇳အိန္ဒိယနိုင်ငံမှ ပါကစ္စတန်နယ်စပ်အနီး လေယာဉ်မပျံသန်းဇုန် နှစ်ခုသတ်မှတ်။

ဧပြီ ၂၄ ရက် - 🇵🇰ပါကစ္စတန်မှ အိန္ဒိယနိုင်ငံပိုင် အစိုးရ၊ ပုဂ္ဂိုလ်က လေယာဉ်အားလုံးကို ၎င်းတို့လေပိုင်နက်အတွင်း ၀င်ရောက်ခွင့်အားပိတ်ပင်။

ဧပြီ ၂၄ ရက် - 🇵🇰ပါကစ္စတန်လေတပ်အား တပ်လှန်ထား။

ဧပြီလ ၂၅ ရက် မနက် ၇ နာရီ - အမေရိကန်လေတပ်မှ B-52 လေယာဉ် အိန္ဒိယနိုင်ငံ Jaipur လေဆိပ်သို့ဆင်းသက်၊ နာရီအနည်းငယ်အကြာ အစ္စရေး လေယာဉ်အချို့ ထပ်မံဆင်းသက်။

ဧပြီ ၂၅ ရက် ‌- 🇵🇰ပါကစ္စတန်၏ stock exchange ထိုးဆင်း။

ဧပြီ ၂၅ ရက် နေ့လည် ၁၁ နာရီ - 🇮🇳အိန္ဒိယလေတပ်မှ လေယာဉ်တစ်ချို့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်အနီးပျံသန်း။

ဧပြီ ၂၅ ရက် နေ့လည် ၁ နာရီ - 🇮🇳အိန္ဒိယအာကာသအေဂျင်စီမှ အိန္ဒိယပိုင် ဂြိုလ်တု အများအပြားအား နယ်စပ်အနီး ၂၄ နာရီစောင့်ကြည့်ရန် စေလွှတ်ထားကြောင်းထုတ်ပြန်။

<strike>ဧပြီ ၂၅ ရက် နေ့လည် ၂ နာရီ - 🇮🇳အိန္ဒိယနိုင်ငံ အချို့နေရာများ၌ ပါကစ္စတန်နိုင်ငံအား ချေမှုန်းပေးရန် ဆန္ဒပြပွဲများဖြစ်ပေါ်။</strike> ( သတင်းမှား)

ဧပြီ ၂၅ ရက် နေ့လည် ၃ နာရီ - 🇵🇰ပါကစ္စတန်လေတပ်မှ ဝေဟင်ဆီဖြည့်လေယာဉ်တစ်စီး ကင်းလှည့်ပျံသန်း၊ ၎င်းနှင့်အတူ တိုက်လေယာဉ်တစ်ချို့ပါ ပါ၀င်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ - 🇮🇳အိန္ဒိယအစိုးရမှ ပါကစ္စတန်နိုင်ငံသား ၁၂ ဦးအား နိုင်ငံတွင်းမှ ၄၈ နာရီအတွင်းထွက်ခွါရန် နောက်ဆုံးအကြိမ်သတိပေး။


#TatmadawObservation
https://t.me/Tatmadawobservation
လွန်ခဲ့သော ဧပြီလ ၂၅ ရက်နေ့
တပ်မတော််(လေ) မှ တောင်သာမြို့နယ်၊ မကြီးပင်တဲကျေးရွာ အတွင်းရှိ ပကဖ (
အကြမ်းဖက်PDF) များစုဖွဲ့နေသည့် နေရာသို့ Yak-130 ဖြင့် ဗုံးကြဲရှင်းလင်းမှုအား ဂြိုလ်တုဓာတ်ပုံများအရ တွေ့ရစဉ်။

#TatmadawObservation
https://t.me/Tatmadawobservation
30.04.202507:19
ဧပြီ ၉ ရက်နေ့ တပ်မတော်မှ ၀န်းသိုမြို့ရှိ အကြမ်းဖက်စခန်းသို့ ဗုံးကြဲ‌သည့်ဖြစ်စဉ်အား Satellite Image အရ တွေ့ရစဉ်။

အကြမ်းဖက်မီဒီယာများမှ ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပြည်သူများသေဆုံးဟု ခေါင်းစဉ်တပ်ကာ သတင်းအမှားဖြန့်ဝေ။

Satellite Image အရ ကျေးရွာအတွင်းသို့ ထိခိုက်မှုတစ်စုံတစ်ရာမတွေ့ရ။

ပုံ (၂) Google Mapဖြင့်ယှဉ်ပြထားပုံ။


#TatmadawObservation
https://t.me/Tatmadawobservation
14.04.202515:12
တပ်မတော်ရေ၏ တတိယမြောက်ရေငုပ်‌သင်္ဘော

မြန်မာ့တပ်မတော်ရေအတွက် နောက်ထပ်အရေးကြီးတဲ့ တိုးတက်မှုတစ်ခုအဖြစ် တတိယမြောက်ရေငုပ်သင်္ဘောတစ်စင်းအား စစ်ရေးရည်ရွယ်ချက်ဖြင့် တိုးချဲ့လာခဲ့ပါပြီ။ ထိုတိုးချဲ့မှုဟာ တပ်မတော်ရဲ့ ရေကြောင်းအင်အား တိုးတက်မှုအတွက် အရေးပါတဲ့အဆင့်ဖြစ်ပြီး မြန်မာ့ပင်လယ်အတွင်း နယ်နိမိတ်ကာကွယ်မှု၊ ရှာဖွေရေးနှင့် ထိတွေ့ တိုက်ခိုက်မှုဆိုင်ရာတုံ့ပြန်နိုင်မှုတို့တွင် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။


2023ခုနစ် ဧပြီလ ၃၀ ရက်ကရိုက်ကူးထားတဲ့ဂြိုလ်တု ဓာတ်ပုံတွေအရ မြန်မာတပ်မတော်မှာ အမျိုးအမည် မသိရသေးတဲ့ ရေငုပ်သင်္ဘောတစ်‌စင်း‌ကိုတွေ့ရှိခဲ့ကြပါတယ်။
အဲ့အပြင် လွန်ခဲ့တဲ့နှစ်တွေက မြန်မာ‌တပ်မတော်ရေမှာ တတိယ‌မြောက် ရေငုပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်နေပြီဖြစ်ကြောင်းနှင့် ပြည်တွင်းမှာလည်း ကိုယ်ပိုင်ရေငုပ်‌သင်္ဘောတည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ Observation Team ကလည်း ယနေ့မှာ မြန်မာ့ရေပိုင်နက်အတွင်းမှ ထွက်ခွာနေတဲ့ ကုန်တင်သင်္ဘောတစ်စင်းကနေ ရိုက်ကူးထားတဲ့ video အရ ကမ်းရိုးအနီးမှာ ရေငုပ်သင်္ဘောတစ်စင်းကိုတွေ့ရှိခဲ့ရပါတယ်။ video အရ သာမန်ရေငုပ်သင်္ဘောလို့ထင်ရပေမဲ့ သေချာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာပိုင်ဆိုင်တဲ့ Ming-class နဲ့ Kilo-class နဲ့ကွာခြားတာတွေကိုတွေ့ခဲ့ရပါတယ်။


ပုံအရ ယင်းရေငုပ်သင်္ဘောဟာ ယခင် Ming-class နဲ့ Kilo-class မျိုးစိတ်များနှင့်မတူဘဲ၊ နည်းပညာပိုမြင့်သည့် ရေငုပ်သင်္ဘော ဖြစ်နိုင်ကြောင်းခန့်မှန်းရတယ်။ Main sensor mast သုံးချောင်းနှင့် ထပ်တိုး radar/communication dome တစ်ခုပါဝင်နေတာဟာ သာမန်ရေငုပ်သင်္ဘောဒီဇိုင်းများနှင့်ကွာခြားနေပြီး၊ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုရှိနိုင်ကြောင်းပြသနေပါတယ်။ ထို့အပြင် sonar dome အသွင်အပြင် တစ်ခုလည်းပါရှိပြီး ၎င်းဟာ advanced submarine systems တွင်သာတွေ့ရသော sonar array configuration မျိုးဖြစ်ပါတယ်။


တပ်မတော်အနေနဲ့ ယင်းရေငုပ်သင်္ဘောအား မည်သည့်နိုင်ငံမှတဆင့်ရယူခဲ့ကြောင်း သတင်းအချက်အလက်တိတိကျကျထုတ်ထားတာကိုလည်း မ‌တွေ့ရေသေးပါဘူး။ သို့သော် လတ်တလောသတင်းများအရ တရုတ်နိုင်ငံ ဒါမှမဟုတ် ရုရှားဆီကနေ လက်ခံနိုင်ဖွယ်ရှိသလို ကိုယ်ပိုင်တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောလည်းဖြစ်နိုင်ပါတယ်။ ဒီဇိုင်းပိုင်းကိုလေ့လာချက်အရ ကျွန်တော်တို့ Observation Team ကတောင် အမျိုးအစားခွဲဖို့ခက်ခဲနေပါတယ်။ တောင်ကိုရီယားနိုင်ငံထုတ် Jang Bogo-class နဲ့ဒီဇိုင်းပိုင်းအရ နီးစပ်တာကိုတွေ့ရပါတယ်။ ဒီလိုဒီဇိုင်းမျိုးဟာ တရုတ်ရေတပ်နဲ့ ရုရှားရေတပ်မှာ မတွေ့ရပါဘူး။ ပုံရဲ့ resolution အရ Main Sensor mast 3 ခုသာကိုတွေ့ရပြီး ကျန် sensor တွေကို မတွေ့ရတာကလည်း အမျိုးအစားခွဲ့ဖို့ကိုခက်ခဲစေပါတယ်။


မည်သို့ပင်ဖြစ်စေကာ ယခုလိုမျိုးအချိန်တိုအတွင်း ရေငုပ်သင်္ဘော 3 စင်းအထိတိုးချဲ့လာနိုင်တဲ့ တပ်မတော်ဟာဆိုရင် ကျွန်တော် ‌စစ်ရေးလေ့လာသူတစ်ယောက်အနေနဲ့ အလွန်ချီးကျူးမိပါတယ်။ အဲ့အပြင် သံလျင်ရေတပ်ကျင်းမှာ တိုးချဲ့ထားတဲ့ သင်္ဘောကျင်းအရဆိုရင် နောက်ထပ် ဖျက်စွမ်းအားကြီးတဲ့ ‌စစ်ရေယာဉ်တွေ တည်ဆောက်လာနိုင်ဖွယ်ရှိပါတယ်။ အဲ့အကြောင်းကိုတော့ ကျွန်တော် အချက်အလက်ပြည့်စုံရင်တင်ပေးပါမယ်။


တတိယမြောက်ရေငုပ်သင်္ဘောကို ထပ်တိုးလာတာဟာ တပ်မတော်ရေရဲ့ ရေပိုင်နက်ကာကွယ်ရေးနှင့် မိမိနိုင်ငံ၏ရေကြောင်းဘေးအန္တရာယ်များကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် အရေးပါလှတယ်။ လှုပ်ရှားမှုနည်းလမ်းများနဲ့ နည်းပညာပိုင်းပိုမိုတိုးတက်လာခြင်းကြောင့် လာမည့်နှစ်များအတွင်း တပ်မတော်ရေဟာ ဒေသတွင်း ရေတပ်တွေမှာ အင်အားကြီးရေတပ် ဖြစ်လာဖို့အလားအလာ ပိုမိုများပြားလာပါတယ်။


ပုံ(၁) မြန်မာ့ရေပိုင်နက်အတွင်း‌ တွေ့ရှိခဲ့သော ရေငုပ်သင်္ဘော

ပုံ(၂) ကိုရီးယားရေတပ်မှ Jang Bogo-class နှင့် မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သော ရေငုပ်သင်္ဘော ယှဉ်ပြပုံ။

ပုံ(၃) မြန်မာ့တပ်မတော်မှ ပိုင်နှင့်ပြီးရေငုပ်သင်္ဘောနှစ်စီးနှင့် မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိခဲ့သော ရေငုပ်သင်္ဘော ယှဉ်ပြပုံ။

ပုံ(၄) ၂၀၂၃ ခုနစ်ကရိုက်ကူးခဲ့သော ဂြိုလ်တုဓာတ်ပုံ

#Admin_Austen@Tatmadawobservation
#TatmadawObservation
https://t.me/Tatmadawobservation
25.04.202511:26
14.04.202515:13
Log in to unlock more functionality.