Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Pae Toe Media avatar
Pae Toe Media
Pae Toe Media avatar
Pae Toe Media
26.02.202501:36
#Line &Net Cutter....

ရခိုင်ဘက်မှာရော၊ ချင်းတွင်းနဲ့
ဧရာဝတီတလျောက် တပ်က သ
င်္ဘောတွေ သွားမရအောင် ပိုက်
တွေချ၊ အနှောင့်အယှက်ပေးပြီး
ပန်ကာနဲ့ပိုက်တွေငြိ လို့ သင်္ဘော
ရပ်သွားရင် သကသတွေက

Drone နဲ့ ဗုံးချတိုက်တာတို့ ၁၀၇
မမတို့ နဲ့ပစ်တာတို့ရှိခဲ့ဘူးတယ်လို့သိရ
ပါတယ်။ အခုပုံမှာ ပြထားတာ
တွေကတော့ ပန်ကာမှာ တပ်သုံး
တဲ့ပိုက်ကွန်ဖြတ်တဲ့ ကိရိယာလေး
ပါ။ လက်ရှိသုံးနေပြီဆိုရင်လဲ OK
ပါ။ မသိသေးသူတွေအတွက်
ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။

မြစ်တွင်းသွားတွေ နဲ့ ကမ်းထိုး
တွေမှာ ပိုလိုမယ်ထင်ပါတယ်။
ကျောက်တော်ကိစ္စပြီးတော့ ဒီလို
မျိုး Post တစ်ခု တခါတင်ဘူးပါ
သေးတယ်။ အခု လိုအပ်မယ်ထင်
လို့ ထပ်တင်တာပါ။
(ko ko thant)

စောပေတိုး
13.02.202500:36
BGF ခေါင်းဆောင် ၃ ဦးကို ဝရမ်းထုတ်ရန် သက်သေမလုံလောက်ဟု အမှုစစ်ရှေ့နေများဆုံးဖြတ်

ကရင်နယ်ခြားစောင့်တပ် (BGF) မှ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံနှင့် ဗိုလ်မှူးတင်ဝင်းတို့ကို ဝရမ်းထုတ်ရန် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) ၏ တောင်းဆိုမှုသည် သက်သေမလုံလောက်သေး၍ သက်သေထပ်မံစုစောင်းရန် လူကုန်ကူးမှု အမှုစစ်ရှေ့နေများက ဆုံးဖြတ်လိုက်ကြောင်း ထိုင်းသတင်း The Nations Thailand က ဖော်ပြသည်။

ယခုသတင်းပတ်အစောပိုင်း၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Pol Lt-Col Surawut Rangsai နှင့်အဖွဲ့သည် လူကုန်ကူးမှု အခင်းဖြစ်ပွားမှု အမှတ် (၁) ၏ အထူးအမှုစစ်ရှေ့နေ Sakda Klairomsai နှင့်တွေ့ဆုံ၍ ဗိုလ်မှူးကြီးစောချစ်သူအပါ BGF ထပ်တန်းခေါင်းဆောင် သုံးဦးကို ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးမှုများနှင့်ပတ်သက်၍ သံသယဖြင့် ဝရမ်းထုတ်ရန်ဆောင်းဆိုခဲ့ခြင်းဟု ဖော်ပြသည်။

ထို့နောက် နယ်စပ်ဒေသ လူကုန်ကူးမှုများအပေါ် စုံစမ်းစစ်ဆေးနေသည့် အမှုစစ်ရှေ့နေများသည် ကနဦး ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် သက်သေအထောက်အထားများသည် တရားရုံးမှ ဝရမ်းထုတ်ရန်မလုံလောက်သေးဟု တွေ့ရှိခဲ့ကြကြောင်း ဆိုသည်။

ထို့ကြောင့် DSI အနေဖြင့် တရားရုံးသို့ ဝရမ်းထုတ်ရန် မတင်သွင်းမှီ ယခုထက်ပိုမိုသော စုံစမ်းစစ်ဆေးမှုများနှင့် သက်သေစုဆောင်းမှုများပြုလုပ်သင့်သည်ဟု အမှုစစ်ရှေ့နေများက အကြံပြုခဲ့ကြောင်းကိုလည်း The Nations Thailand က သတင်း ဖော်ပြသည်။

စုံစမ်းစစ်ဆေးသူများဘက်မှ သက်သေခိုင်လုံစွာတင်ပြနိုင်မှ တရားရုံးဘက်မှလည်း ဝရမ်းထုတ်ရန် အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ တရားရုံးမှ ဝရမ်းထုတ်ရန် အတည်ပြုပါက စုံစမ်းစစ်ဆေးသူများက ဆက်လက်လုပ်ဆောင်ရမည့် ဖမ်းဆီးရေးကိစ္စများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

The Nation.
12.02.202501:54
ဘောပိတွေ ရေးတာ လျှောက်ဖတ်ရင်း နားမလည်လို့ မေးကြည့်တာပါဗျာ....

ကမ္ဘောဒီးယားက ကျားဖျန့်လုပ်ငန်းတွေကို သွားပင့်လာတာက KNU
မြေငှားခ လခရစောင့်လျှောက်ခ တွေဘတ်သန်းနဲ့ချီ ရယူထားတာက KNU

အဲ့ဒီ ကျားဖျန့်ကောင်တွေဝင်လာတဲ့ visaက
ထိုင်း သံရုံးက visa 😁
စီးလာတာက ထိုင်း လေဆိပ်ကလေယာဥ်ပျံ
မဲဆောက်အထိ ငှားလာတာက ထိုင်းက Taxi 😁
စားတာက သင်္ဘောသီးထောင်းနဲ့ကွေ့သယို
သောက်တဲ့ဟာက ထိုင်းထုတ်ရေသန့်
နဲ့ ဘီယာ
လိမ်ဖို့ သုံးနေတဲ့ အင်တာနက်က Thai က Local Area Network
လိမ်ရသမျှပိုက်ဆံကို ထိုင်းဘတ်ပြောင်း ထိုင်းဘဏ်ထဲထည့် သုံးတာဗျာ😁

ခုမှ ဘောက်မဲ့ကြောင့် မြန်မာနဲ့ BGF ကအဓိက တရားခံတွေဖြစ်ရတာတုန်း ရှင်းပြပါဦး😁

ချန်နယ် တံဆိပ်ကြီးကပ်ထားတာက တပ်မတော်ကို လေတခြမ်းပါဖြတ်အောင်ချစ်နေသူတဲ့ ကျားဖျန့်ကိစ္စမှာ ထိုင်းအကြောင်း
KNU အကြောင်း လည်းမဖေါ်ပြရဲ ဖေါ်ပြတာလည်းမတွေ့ရ တခါလာလည်း ချစ်သူ
...ချစ်သူနဲ့ ...BGF... ဦးမင်းအောင်လှိုင်နဲ့ဗျာ အဲ့ဒီတော့
ပေတိုး ခင်ဗျားတို့ကို ခပ်တိုးတိုးလေး ကပ်မေးပါရစေ  KNUနဲ့ ကျားဖျန့်ကုမ္ပဏီ စီက နင်တို့ ဘယ်လောက်ရ လိုက်သတုံး 😄

စောပေတိုး
10.02.202517:30
ကိုယ့်လူကြီး မျက်နှာ ပွင့်နိုင်စေဖို့ အောက်ခြေမှာ ကင်းကိုက်ပြီပေါ့။ သီအိုရီတွေနဲ့ ဖော်ထုတ်ထားတဲ့ မှုခင်းကျဆင်းရေးနည်းလမ်းတွေ၊ အစဉ်အလာဆောင်ရွက်ခဲ့တဲ့ နည်းလမ်းတွေ ကျင့်သုံးပေမဲ့ အမှုတွေက တိုးလို့တိုးလို့ ဖြစ်လာတဲ့အခါ အောက်လမ်းနည်းတွေ မသုံးမဖြစ် သုံးကြရပါတော့တယ်။

နည်းလမ်းတွေကတော့

(၁) ကျွန်တော်တို့ မှတ်ထားလိုက်ပါမယ်၊ သတင်းတစ်ခုခု ရရင် လာပြောပါ အမှုဖွင့်ပြီး ဖမ်းပေးပါမယ်လို့ ပြောပြီး ပြန်လွှတ်တဲ့နည်း၊

(၂) FIR မဟုတ်တဲ့စာအုပ် (FIR စာအုပ်အတု)မှာ ရေးမှတ်ထားလိုက်တဲ့နည်း၊

(၃) တိုင်တဲ့သူ စိတ်ညစ်အောင် အချိန်ဆွဲ၊ ဟိုမေး သည်မေး၊ ဟိုပြော သည်ပြောလုပ်တဲ့နည်း၊

(၄) အမှုတိုင်ရင် အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ငွေကုန်မယ်၊ လူပင်ပန်းမယ်၊ တရားရုံးတွေ ဘာတွေသွားရမယ်၊ ရှေ့နေငှားရမယ် ဆိုတာတွေ ပြောပြီး စိတ်ပျက်စေတဲ့နည်း၊

(၅) အခြားရဲစခန်းအပိုင်မှာ ဖြစ်တာကြောင့် ဆိုင်ရာရဲစခန်းကိုသွားပါလို့ ပြောလွှတ်တဲ့နည်း၊

(၆) ခိုးမှုကို ခိုးမှုမသင်္ကာဆိုတာနဲ့ ရေးဖွင့်တဲ့နည်း၊ အမှုကြီးကို အခြားသေးငယ်တဲ့ပုဒ်မတပ်ပြီး ဖွင့်တဲ့နည်း၊

(၇) စခန်းမှူးမရှိဘူး နောက်မှ လာဖွင့်ပါ၊ တိုင်ချက်စာအုပ် မြို့နယ်မှူးယူသွားလို့ နောက်မှလာဖွင့်ပါလို့ ပြောတဲ့နည်း၊

(၈) လုံးဝကို ဖွင့်မပေးတဲ့နည်း စတဲ့ နည်းလမ်းတွေပါပဲ။ နောက်ထပ်တောင် ရှိနေဦးမလားမသိဘူး။

ရဲတပ်ဖွဲ့ရဲ့ ပင်မလုပ်ငန်းက ပြည်သူတွေအတွင်းမှာ ဖြစ်ပွားပေါ်ပေါက်တဲ့ ရာဇဝတ်မှုခင်းတွေကို အမှုဖွင့်လှစ်၊ စစ်ဆေးဖော်ထုတ်ပေးပြီး တရားစွဲတင်ပို့၊ ကျူးလွန်သူ အပြစ်ကျသည်အထိ ဆောင်ရွက်ရမယ့်လုပ်ငန်း ဖြစ်ပါတယ်။

အခြားသော တာဝန်တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ရဲစခန်းတစ်ခု အနေနဲ့ကတော့ မှုခင်းလုပ်ငန်းက အဓိကပါ။ ဒီလုပ်ငန်းကလည်း ပြည်သူတွေနဲ့ တိုက်ရိုက် ဆက်ဆံ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲလည်းဖြစ်၊ ဥပဒေအရလည်းဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်နေတာကြောင့် မဖြစ်မနေ အမှုဖွင့်စစ်ဆေး ပေးရပါမယ်။ မဖွင့်ဘူးဆိုရင် တာဝန်ပျက်ကွက်တာ ဖြစ်သလို ပြည်သူတွေအပေါ် သစ္စာဖောက်ရာလည်း ကျပါတယ်။ ပြည်သူတွေရဲ့ မုန်းတီးမှုကိုလည်း ခံရပါမယ်။ ခံလည်း ခံနေရပါပြီ။

ပြည်သူတစ်ယောက်ကို အမှုဖွင့်မပေးလိုက်လို့ ဒီတစ်ယောက်က ရဲကို မကျေနပ်တော့ဘူးဆိုရင် သူ့မိသားစု၊ သူ့ဆွေမျိုးတွေ၊ သူ့မိတ်ဆွေအပေါင်းအသင်းတွေ ဆက်ပြီးဆက်ပြီး ရဲကို မကျေနပ်တဲ့သူတွေ ဘယ်လောက်တိုးပွားလာမလဲ။ Facebook မှာပါ တင်လိုက်ပြီဆိုရင် ရဲကို မုန်းသွားမယ့် ပြည်သူအရေအတွက်ကို တွက်ချက်ကြည့်လိုက်စေချင်ပါတယ်။

ဒါကြောင့် အထက်လူကြီးတွေကလည်း မှုခင်း ကျဆင်းရေး၊ မှုခင်းတွေ လျှော့ချရေး မှုခင်းတွေ မဖြစ်ပွားရေး ဆိုတာကိုဇောင်းပေးမနေတော့ဘဲ အမှုဖြစ်တယ်ဆိုတာ သဘာဝအရဖြစ်တာ၊ လူဦးရေများလာရင် အမှုတွေ တိုးလာမယ်၊ နိုင်ငံစီးပွားရေး ကျဆင်းရင် အမှုတွေများ လာမယ်ဆိုတဲ့ အချက်တွေကို နားလည်လက်ခံပေးပြီး မှုခင်းကျဆင်းရေးအတွက် အလွန်အမင်း တွန်းအားပေးတာမျိုး မလုပ်သင့်တော့ပါဘူးလို့ ပြောပါရစေ။

တကယ် မှုခင်းမဖြစ်ပွားအောင် တွန်းအားပေးတာထက် ဖြစ်ပွားတဲ့ အမှုတွေကို ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ဖို့အတွက်သာ ဦးစားပေး ဆောင်ရွက်သင့်တဲ့ကာလ ရောက်နေပါပြီလို့လည်း ပြောပါရစေ။

ပြည်သူတွေကို သိစေချင်တာက အမှုဖြစ်လာရင်၊ ရဲအရေးပိုင်တဲ့အမှု ဆိုရင် ရဲစခန်းကို တိုင်ရမှာပါ။ တိုင်ရင်ရဲက ဖွင့်ကို ဖွင့်ပေးရမယ်ဆိုတာ သိစေချင်ပါတယ်။ ရဲအရေးမပိုင်တဲ့အမှု ဖြစ်နေရင်တောင် ရဲက ကူညီဆောင်ရွက်ပေးရမှာတွေ ရှိနေပါသေးတယ်။ အထက်မှာ ဖော်ပြတဲ့နည်းတွေနဲ့ ဝေ့လည်ကြောင်ပတ် လုပ်ပြီး အမှုဖွင့်မပေးဘူးဆိုရင် ရဲရဲတင်းတင်း ပြောရုံပါပဲ။

ရဲကို ပြည်သူက ကြောက်နေရတယ် ဆိုတဲ့ခေတ် မဟုတ်ပါဘူး။ အမှုဖွင့်မပေးရင် မီဒီယာကနေ ဖွင့်ချရုံပါပဲ။ အထက်ကို တိုင်ကြားရုံပါပဲ။ ကျွန်တော်တို့ပြည်သူတွေက အားနာတတ်တာကြောင့် ရှိပါစေတော့လို့လည်း လျှော့မပေးသင့်ပါဘူး။ အမှုတစ်မှု မဖွင့်လိုက်ဘူးဆိုရင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို အကဲဖြတ်တဲ့နေရာမှာ အချက်အလက် မပြည့်မစုံ ဖြစ်စေနိုင်ပါတယ်။

ပြည်သူတွေအနေနဲ့ ဥပဒေကို နားမလည်ဘူးဆိုပြီး ရဲကပြောသမျှကို လက်ခံယုံကြည်ပေးဖို့လည်းမလိုပါဘူး။ ဥပဒေ ဆိုတာကို ထိုက်သင့်သလောက် လေ့လာထားသင့်ပါတယ်။ ဒီဆောင်းပါး ရေးရတာ အမှုတိုင်တန်းတာနဲ့ ပတ်သက်လို့ ရဲမှာ ဘာတာဝန်ရှိတယ် ဆိုတာ ပြည်သူတွေ သိစေချင်လို့ပါ။ အမှုဖွင့်ပြီးရင်လည်း စစ်ဆေးပေးရပါဦးမယ်။ မစစ်ဆေးရင် ရဲကို ပြောရပါမယ်။

မေးရပါမယ်။ ရဲစခန်းမှာ အခက်အခဲတွေ ရှိနေတာ မှန်ပါတယ်။ ဒါက ရဲကိစ္စပါ။ ရဲလူကြီးတွေ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ အမှုက ချက်ချင်းကို လုပ်ဆောင်ပေးရမယ့်ကိစ္စ ဖြစ်နေရင် ချက်ချင်း စစ်ဆေး ဆောင်ရွက်ပေးရပါလိမ့်မယ်။ မစစ်ပေးရင် မေးရပါမယ်။

ဒီလို သိထားမှ ရဲ‌တွေရဲ့ လိမ်ညာလှည့်ပတ်ခြင်းကို မခံရမှာပါ။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ဥပေဒပညာရပ်ကို တတ်နိုင်သမျှ လေ့လာထားဖို့ လိုအပ်ကြောင်းနဲ့ ရဲတွေကို ကြောက်စရာ၊ အားနားစရာ မလိုအပ်ပါကြောင်း အသိပေးလိုက်ပါတယ်။

အမှုတိုင်တာကို ရဲက ဖွင့်မပေးရင် ခုဖွင့်ပေးမှာလား ဖွင့်မပေးဘူးလားလို့ ဗြောင်မေးလိုက်ရုံပါပဲဗျာ။
အကုန်လစ်ကုန်ရမှာဗျ၊ ဒါမှတိုင်းပြည်မြန်မြန်အေးချမ်းမယ်။
ဒီနေ့ ဗန်းမော်မှာ တွေ့ရတဲ့ ရုပ်သံတစ်ခုဆိုရင် ဒရုန်းနဲ့ ရှေ့ပြေး ချေမှုန်းပြီးမှ စစ်သည်တွေက အနီးကပ်ရှင်း တဲ့သဘောမျိုး။ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိဘယ်နေရာမှာ ဖြစ်ဖြစ် ကျင့်သုံးဖို့ အကောင်းဆုံး နည်းဗျူဟာပဲ။ ကိုယ်သိမ်း ပိုက်ချင်တဲ့မြို့/ရွာကို လေကြောင်းပစ်ကူတွေ၊ အမြှောက်နဲ့ ဒရုန်းတွေသုံးပြီး ဦးနှိမ် ချေမှုန်း။ ပြီးမှ ကိုယ့်စစ်သည်တွေက အောင်မြေချဲ့ယူ။ ဒီနည်းက ကိုယ့်စစ်သည်တွေ အလွင့်အပါး နည်းစေတယ်။ အောင်မြင်မှုရရင် ဘာဖြစ် မလဲဆိုတော့… စစ်မှုထမ်းဥပဒေ ကိုပါအကျိုးဆက်ကလာ ရိုက်ခတ်လိမ့်မယ်။
26.02.202502:19
" ငါတို့ရတာ - - - "
"ဘာလဲကွ မင်းတို့တပ်ခွဲက ငါတို့က ဘန်ကာကိုသိမ်းပြီးမှရောက်လာတာ "
"ငါတို့တပ်ခွဲက ဖိုးချိုက ရန်သူစနိုက်ပါနဲ့ ပွိုင့်ဖိုက်ကို ရှင်းထုတ်လိုက်လို့ မင်းတို့တပ်ခွဲပြေးတက်လာတာ - - ဒီလက်နက်ကြီးက ငါတို့ရတာလေ - - "
တပ်ခွဲနှစ်ခွဲသူရသည် ငါရသည်ဖြင့် စစ်သည်များပွဲဆူနေသည်။
ဇော်မောင်တပ်ခွဲမှူးနှင့်ကျွန်တော့်မှာ အငြင်းပွားနေကြသော စစ်သည်များကို ကြည့်၍ ပြုံးလိုက်ကြသည်။
"အစ်ကိုကြီးရေ ဘယ်ကောင်ကို စစ်မြေပြင်အဆင့်တိုးပေးရမလဲ - - အစ်ကိုကြီးပဲ ဆုံးဖြတ်တော့ဗျာ - - ဟား - - ဟား "
"ကိုယ့်ညီဆီက အရင်တိုက်တာလေကွာ ငါကစစ်ကူပဲလိုက်လာတာ မင်းပဲဆုံးဖြတ် "
" ဗိုလ်ကြီး ရမာကြီးလိုက်လာနေပြီခင်ဗျ "
ဆက်သွယ်ရေးဆရာက သတင်းပို့လာသည်။
" ဗိုလ်ကြီး ဒဏ်ရာရစစ်သည်သုံးယောက် လူသစ်တစ်ယောက်ပါတယ် ၊ ရန်သူ့အလောင်း ၁၈လောင်း ၊ သေနတ်၉လက်၊ ပွိုင့်ဖိုက်တစ်လက်၊ စနိုက်ပါပျက်ဆီးတစ်လက်"
ဇော်မောင်တပ်ခွဲက စစ်သည်သုံးယောက်ဒဏ်ရာရသည်။ လူသစ်တစ်ယောက်ပါသည်ဆို၍ကျွန်တော့်တပ်ခွဲမှ လူသစ်များကို စိတ်ပူလျက်မေးလိုက်ရသည်။
" ဗိုလ်လေး ကျွန်တော့်ဆီကကော - - - "
" မရှိပါဘူးတပ်ခွဲမှူး - - - "
"အင်း - - - - "
ကျွန်တော့်တပ်ခွဲကို တပ်စုတပ်စိတ်များလူစစ်ဆေးခိုင်းလိုက်သည်။
" ကိုယ့်ညီ လုပ်ဆောင်ချက်ကောင်းတယ် ၊ ဒါပေမယ့် သတ်ကွင်းကြီးထဲကို ဖိုးချိုကိုခေါ်သွားတာတော့ငါသဘောမကျဘူး "
"ကျွန်တော်စိတ်ချလိုက်ခေါ်သွားတာပါ တပ်ခွဲမှူး "
"အေး - - တစ်ခုခုဖြစ်လျှင် မင်းနဲ့ငါ တပ်ရင်းမှူးအကြိတ်ခံရမှာ ထည့်စဉ်းစား "
"ကျွန်တော်ဖိုးချိုကိုစိတ်ချတယ်၊ဒီကောင်က စကားနည်းပြီး အလုပ်လုပ်တာ တည်ငြိမ်တယ်၊ ဆုံးဖြတ်ချက်လည်းမှန်တယ်၊ ဒါကြောင့်စနိုက်ပါကျွန်တော့်တပ်စုရုံးကို ပေးထားတော့ ဖိုးချိုကိုကိုင်ခိုင်းပြီး လေ့ကျင့်ခိုင်းကြည့်တယ်၊ ဒီကောင် သင်တန်းမှာတုန်းကလက်ဖြောင့်ဆုရထားတာလို့သိရတယ်။ နောက်တစ်ခုက မနေ့ကတိုက်ပွဲမှာ ဖိုးချို အာပီဂျီပစ်တာကို ကျွန်တော်မြင်တွေ့ရပြီးကတည်းက ဗိုလ်လေးနဲ့တိုင်ပင်ပြီး ကျွန်တော်ဆုံးဖြတ်လိုက်တာပါ "
စစ်သည်တစ်ယောက်၏ အရည်အချင်းကို စစ်မြေပြင်တွင် မည်သို့ဆွဲထုတ်သုံးစွဲရမည်ကို ဗိုလ်လင်းယုသိထားပေသည်။ ကျွန်တော် ဘာမှမပြောတော့။ ရင်ထဲကပီတိကို အသာမြိုချလိုက်ပါသည်။
စစ်ကြောင်း( ၁ ) ရောက်ရှိလာသည်။
တပ်ရင်းမှူးထံသို့ တိုက်ပွဲဖြစ်စဉ်ကို အသေးစိတ်တင်ပြခဲ့သည်။ ဒဏ်ရာရစစ်သည်များကို စစ်ကြောင်းရုံးသို့ လွှဲပေးနေသည်။
" အစ်ကိုတပ်ခွဲက ဖိုးချိုအကြောင်း တပ်ခွဲတွေပြောသံကြားတယ် "
" ဘာများလည်းကွာ - - ငါတောင်သတိမထားမိဘူး "
"အစ်ကိုကြီး တပည့်ကို စစ်ကြောင်းလက်ဖြောင့်ကို မခေါ်ပါဘူးဗျာ - - ဟား - - ဟား"
" ဟား- - ဟား - - ဟား "
စစ်ကြောင်း အိုင်အိုက ဖိုးချိုအကြောင်းပြောလာသည်။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်၍ ရောယောင်ရယ်လိုက်ပါသည်။
တပ်ခွဲသို့ပြန်ရောက်ချိန်တွင် ဖိုးချိုမှာ ဆေးပေါ့လိပ်အတိုလေးကို ကိုက်လျက် နဂိုအတိုင်းသူမဟုတ်သလို ဆရာဇာလှိုင်ထန်းထမင်းချက်နေသည်ကို ဝိုင်းကူလုပ်ကိုင်နေသည်ကိုတွေ့လိုက်ရသည်။
" ဖိုးချို - - ဖိုးချို "
" လက်ယဉ်တယ်၊ စကားနည်းတယ် ၊ စိတ်တည်ငြိမ်တယ် "ဟု တပ်စုမှူးဗိုလ်လင်းယုစကားကို ကျွန်တော်ပြန်လည်ကြားယောင်နေပါသည်။
" ဖိုးချို - - - - အရပ်သားတုန်းက ဘာအလုပ်လုပ်ခဲ့လဲ - - - "

ဆက်ရန် - - - >>>>>

သန်းဝင်းထွန်း( ဆွာ )

https://www.facebook.com/share/p/1A3qkC1v88/ အခန်း( ၂ )
15.02.202515:48
Feb-15

## တောင်ခမ်း ##

ကျနော်တို့ မျှော်လင့်ထားသလိုဘဲ

တစ်နေ့က ကမ္ဘောဇရပြီးတဲ့နောက်…..

နားရှိုးရွာ ဒီနေ့ရပါတယ်..။

မန်မော်ကုန်းနဲ့ ဆယ်တောင်ပြည့်မှာရှိနေတဲ့ ရန်သူတွေ ပြေးဖို့ပြင်နေပြီ။

ဗမာပဒတ်လေးတွေရဲ့ မိဘတွေ ကိုယ့်သားသမီးကို ဖုန်းဆက်ပြီး မိဘဝတ္တရားကျေကြစေလိုတယ်။

ကိုခိုင်ဇော်

၁၇:၅၀

ဖေဖေါ်ဝါရီ  ၁၅ ၂၀၂၅
12.02.202516:47
❇️❇️❇️ဒီလောက်နည်းပညာတွေမြင့်မားနေတဲ့ခေတ်မှာ Old School နည်းတွေလည်းမေ့လို့မရဘူးလို့ သက်သေပြနေတဲ့ အိန္ဒိယရဲတပ်ဖွဲ့

❇️❇️❇️အိန္ဒိယရဲတပ်ဖွဲ့ဟာ ငှက်များကို အသုံးပြုပြီး ဒရုန်းတွေကို နှိမ်နင်းနေတဲ့ ဗီဒီယိုတွေကို ထုတ်ပြန်ခဲ့ပါတယ်

❇️❇️❇️အဆိုပါ ငှက်တွေကို အဓိကအားဖြင့် အရေးကြီးနေရာတွေနဲ့  လူစုလူဝေးများတဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်

❇️❇️❇️အိန္ဒိယအပြင် နယ်သာလန်(ဟော်လန်)နိုင်ငံကလည်း အဆိုပါနည်းလမ်းကို လုံခြုံရေးအတွက် စတင်လုပ်ဆောင်လျက်ရှိသည်။
#ModernWarfareNews
# ကျားဖျန့် MPT

ဖေဖေါ်ဝါရီ ၁၀ရက်နေ့ ည၂၀း၀၀နာရီ မိမိဖုန်းထဲ မွေးစားသမီးက  Bill ၂သောင်းဖိုးဖြည့်ပေးသည်။ မိမိက package ဝယ်လိုက်သည်။

ဖေဖေါ်ဝါရီ ၁၁ရက်နေ့ မနက် ၀၀း၂၃နာရီတွင် ပြန်စစ်တော့ ထည့်သွင်းငွေ အကုန်ဖြတ်သွားတာ ခံရပြီး လက်ကျန်ငွေ မလုံလောက်တဲ့ဗျ ခိုးချက်က ပက်ပက်စက်စက်ပါပဲ တော်တော်ဆိုးဆိုးပါပဲ။

စောပေတိုး
10.02.202517:30
ဥပဒေလည်းရှိပြီး၊ အထက်လူကြီးတွေလည်း မလိုလားတဲ့ ဒီကိစ္စကြီးက ပပျောက်မသွားဘဲ ပိုပြီးဆိုးရွားလာတာ ဘာကြောင့် များပါလိမ့်လို့ စဉ်းစားကြည့်မိပါတယ်။ ရဲစခန်းတွေမှာ အမှုဖွင့်မပေးတဲ့ကိစ္စ အကြောင်းအရင်းခံတွေ အများကြီး ရှိပါတယ်။ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

ရဲစခန်းတွေမှာ အမှုစစ်အရာရှိ အင်အားက လျော့နည်းနေတဲ့အပြင် အမှုစစ်လုပ်ငန်းမဟုတ်တဲ့ ပြင်ပလုပ်ငန်းတွေကလည်း များနေလေတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ အမှုတွေကို နိုင်အောင် မစစ်နိုင်ကြဘူး။ အချို့သော မြို့ကြီးတွေက ရဲစခန်းတွေမှာ အမှုစစ်တစ်ယောက်မှာ အမှုရာချီပြီးရှိတယ်လို့ သိရပါတယ်။

ဘယ်လိုမှ နိုင်နင်းအောင် စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ပြည့်စုံခိုင်မာအောင်လည်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ တရားခံ
အပြစ်ကျနိုင်လောက်တဲ့ သက်သေ အထောက်အထားတွေလည်း ဘယ်လိုမှရှာဖွေ တင်ပြနိုင်မယ် မဟုတ်ပါဘူး။ နောက်အခက်အခဲ တစ်ခုက မြို့ပေါ်မှာဖြစ်ပွားတဲ့ အမှုဆိုရင်တောင် ဖြစ်တဲ့နေရာကိုသွားဖို့၊ သက်သေ ရှိတဲ့နေရာကိုသွားဖို့၊ သက်သေခံပစ္စည်း ရောက်သွားတဲ့ နေရာမှာ သွားသိမ်းဖို့ စတာတွေအတွက် လမ်းလျှောက်သွားလို့၊ စက်ဘီးနဲ့သွားလို့ ရတဲ့ခေတ် မဟုတ်တော့ပါဘူး။

သက်သေခံပစ္စည်းအတွက် ထင်မြင်ချက် တောင်းခံဖို့ နေပြည်တော်က ဓါတုဗေဒဝန်ရုံးကို သွားရမယ်ဆိုရင် လမ်းစရိတ်ကလည်း မသေးလှပါ။ အမှုစစ်စရိတ် ပေးတာ ရှိပါတယ်။ ဒါပေမဲ့ လောက်ငှနိုင်ပါ့မလား။
ဒီတော့ အမှုစစ်တွေ လက်ထဲမှာ အမှုတွေပုံနေပြီပေါ့။ ဘယ်စခန်းမှူး၊ ဘယ်မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှုထပ်ဖွင့်ချင်ပါ့မလဲ။

ခုပြောခဲ့တာ ရဲစခန်းတွေဘက်က ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ပါ။ အခြားလည်း ရှိပါဦးမယ်။ (နောက်ပိုင်းမှာ ထပ်မံတင်ပြပါမယ်) အမှုတွေ ဖွင့်မပေးကြတဲ့ ကိစ္စမှာ အဓိကကျတယ်လို့ ကျွန်တော်ထင်မြင်တဲ့ အချက်ကတော့ မှုခင်းကျဆင်းရေး ဆိုတာကို လွဲမှားစွာ ဆောင်ရွက်ကြတာကြောင့် ဖြစ်တယ်လို့ မြင်မိပါတယ်။

ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ မှုခင်းကျဆင်းရေးဆိုတဲ့ လုပ်ငန်းစဉ် ရှိပါတယ်။ မှန်ပါတယ်၊ ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းတွေ ကျဆင်းအောင် လုပ်ဖို့ တာဝန်ရှိတာ မှန်ပါတယ်။ သို့သော်လည်း လူရှိရင် အမှုရှိတာပဲဆိုတဲ့ စကားနဲ့အညီ လူဦးရေ များလာရင် အမှုတွေ ပိုများလာမယ်ဆိုတာ သဘာဝယုတ္တိ ရှိပါတယ်။

နိုင်ငံမှာ စီးပွားရေး ကျဆင်းလာရင် ဒုစရိုက်မှု ကျူးလွန်တာတွေ ပိုဖြစ်မယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးပြီး အလုပ်လက်မဲ့တွေ များလာပြီဆိုရင်လည်း အမှုအခင်းတွေ ပိုဖြစ်လာမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

နောက် အရက်သေစာ၊ မူးယစ်ဆေးဝါးတွေ သောက်သုံးကြတာကလည်း မူခင်းဖြစ်ပွားမှုကို ပံ့ပိုးပေးနေတဲ့ အချက်ပါ။ လောင်းကစားသမားများကတော့ လောင်းကြေးရှုံးရင် ငွေအစား ပြန်ရလိုမှုကို အကြောင်းပြုပြီး အမှုတွေ ကျူးလွန်ကြပါဦးမယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေကဘယ်လောက် တိုးပွားလာနေတယ်ဆိုတာ သန်းကောင်စာရင်း မကောက်ရင်တောင် သိသာတဲ့ အခြေအနေပါ။ ကိုယ့်နိုင်ငံစီးပွားရေးအကြောင်းလည်း ကိုယ်အသိဆုံးပါ။ အလုပ်လက်မဲ့ ဆိုတာလည်း လူဦးရေရဲ့ ရာခိုင်နှုန်းမည်မျှလို့ မပြောနိုင်ပေမဲ့ အလုပ် လိုအပ်နေသူတွေ ဒုနှင့်ဒေးပါ။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလို့ ပြည်ပကို တရားဝင်ရော တရားမဝင်ပါ သွားလုပ်နေကြတာတွေကြောင့် ရွာတွေမှာ လူငယ်တွေ မရှိသလောက် ဖြစ်နေပါပြီ။

အရက် ဆိုတာကလည်း ပေါမှပေါ၊ မူးယစ်ဆေးဝါးကျတော့ သမ္မတကြီးကိုယ်တိုင် ပါဝင်နေရပါသည် မဟုတ်ပါလား။ လောင်းကစား ဆိုတာကလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ကစားနိုင်သည်ဆိုတော့ ဘာပြောကောင်းမလဲပေါ့။

ဒီအခြေအနေက မှုခင်းတွေ တိုးတက်ဖြစ်ပွားစေမယ့် အခြေအနေတွေပါ။ ဒါကိုအမှုတွေကျအောင် ချရမယ်လို့ ဆင့်ကဲဆင့်ကဲ ညွှန်ကြားနေမယ်၊ ဖိအားပေးနေမယ်ဆိုရင် လက်တွေ့ ဖြစ်ပေါ်နေတဲ့အတိုင်း အမှုဖွင့်မပေးဘူးဆိုတဲ့ ပြဿနာ ဆက်ရှိနေဦးမှာပါ။

တပ်မတော်အစိုးရလက်ထက်က လေးလပတ် အစည်းအဝေး ကျင်းပပြီဆိုရင် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည်ကောင်းလို့ နိုင်ငံတစ်ဝှမ်းမှာ အမှုကြီးတွေ ဘယ်လောက်ထိအောင် ကျဆင်းသွားပါပြီ၊ ဒုစရိုက်မှုတွေဆိုလည်း ဘယ်မျှအထိ နှိမ်နှင်းလိုက်ပါပြီ ဆိုပြီး တင်ပြကြပါတယ်။ ဘယ်သူကမှ အမှုတွေ တိုးဖြစ်နေပါတယ်လို့ မတင်ပြချင်ပါဘူး၊ မတင်ပြရဲပါဘူး။ မင်းမလုပ်နိုင်ဘူးလားလို့ ဘယ်အမေး ခံချင်ပါ့မလဲ။

တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ လေးလပတ် အစည်းအဝေး ကျတော့လည်း ထုံးစံအတိုင်းပါပဲ၊ ကျွန်တော်တို့တိုင်းကျွန်တော်တို့ ပြည်နယ်မှာ မှုခင်းတွေ ကျပါတယ်ခင်ဗျပေါ့ ဒီလိုမပြောခဲ့နိုင်ရင် ကိုယ့်ဒေသ ပြန်ရောက်တဲ့အခါ လက်အောက်ကို ဖိအားပေးကြတော့တာပါပဲ။ မင်းတို့မလုပ်နိုင်ရင် ခရိုင်ရဲတပ်ဖွဲ့မှူးမလုပ်နဲ့။။ မြို့နယ်ရဲတပ်ဖွဲ့မှူး မလုပ်နဲ့လို့ ဆိုကြတော့တာပေါ့။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လေးလပတ်အစည်းအဝေးမှာ မှုခင်းလျှော့ချနိုင်မှု့ဆု ဆိုတာလည်း ရှိနေတော့ ပြည်နယ်၊ တိုင်းတပ်ဖွဲ့မှူးတွေ ဆုရချင်ကြတာပေါ့။ အပြိုင်အဆိုင် အမှုတွေ ကျပြရတာပေါ့။ ဒီလိုဆုမျိုးတွေ ရတဲ့ ပြည်နယ်တိုင်းတပ်ဖွဲ့မှူးတွေ မျက်နှာပွင့်တာပေါ့။
26.02.202502:19
"ရထားပါ ဇော်ပျံ ကျောက်ခဲတွေထိချက်မှန်တယ် ၊ ဇော်ဂျီသားတွေ ခိုင်ထူးပါရထား"
ဇော်ဂျီတပ်ခွဲ တက်လုံးနေသည်။ ရန်သူမှာ ယာပြင်ရွာဖက်သို့အပြင်းဆုတ်ခွာနေကြောင်းကြားသိရသည်။
"ဇော်ပျံမှဇော်အောင် အကြောင်းပြန် - - - "
"ဇော်အောင် ရထားပါ "
" ဇော်အောင်နဲ့ သားတစ်ယောက် ဇော်မောင်ဆီပုလဲလုပ်ပါ "
"ရထားပါ - - - "
နောင်တောတွင် တိုက်ပွဲဖြစ်နေသော ဇော်မောင်တပ်ခွဲသို့ ကျွန်တော့်တပ်ခွဲလိုက်ရန်ပြင်သည်။
" ဗိုလ်အောင်စိုးသူတပ်စုက တပ်စိတ်တစ်စိတ် ခွဲရုံးကိုလာပေါင်းမယ် ၊ ဗိုလ်လင်းယုတပ်စု အသင့်လုပ်မယ် "
တပ်စု( ၂ )တပ်စုရုံးနှင့်တပ်စိတ်နှစ်စိတ်ကို စစ်ကြောင်းသို့ သတင်းပို့စေပြီး ကျွန်တော်နှင့်တပ်စု( ၁ ) တပ်ခွဲရုံး တပ်စိတ်ငါးစိတ်တို့ နောင်တောသို့ချီတက်သည်။
နောင်တောသည်ရန်သူ့အခိုင်အမာခြေကုပ်ယူထားသည့်စခန်းဖြစ်သည်။ ဇော်မောင်တပ်ခွဲအလစ်အငိုက်ဝင်တိုက်သော်လည်း ရှေ့ကာကင်းစခန်းငယ်များသာရရှိသည် ၊ပင်မနေရာမှရန်သူသည် အပြင်းအထန်ခုခံနေသည်။ နောင်ချိုနှင့်နီးသောကြောင့်ရန်သူ့စစ်ကူများဆင်းလာနိူင်သည်။
"ဆရာစိုးတင့်တပ်စိတ် ပွိုင့် "
ကျွန်တော်တို့စစ်ကူတပ်ခွဲသည် အလေးအပင့်များကို နောက်ချန်တပ်စုတွင်ထားခဲ့သောကြောင့် ခရီးတွင်သည်ဟုဆိုရမည်။
စစ်ရည်ပြည့်ဝနေသော ဆရာများသည် ဘာဖြစ်ချင်သည်ကို ပြောစရာမလိုတော့ ၊ စစ်သည်များကို ထိန်းကျောင်းသွားသည်က သူတို့၏အရည်အချင်းပင်ဖြစ်သည်။ စစ်ကြောင်း( ၁ )ကလည်း ဒရုန်းများအသုံးပြုပြီး ချေမှုန်းရန်ပျံတက်လာခဲ့သည်။
ကျွန်တော့်တပ်ခွဲက ရောက်ရှိနေသည့်နေရာသို့ ထိုး/ခွဲတိုင်း ‌ခြောက်လုံးချပေးလိုက်ပါသည်။
" ဇော်အောင် မှဇော်မောင် ဇော်အောင်မှဇော်မောင် အသံဘယ်လောက်ကြားလဲ "
" ဇော်အောင်ရထားပါ "
ဇော်မောင့်ခြောက်လုံးချပေးသည်။ မိမိတို့တပ်ခွဲ ဇော်မောင့်အနောက် မီတာ - - - တွင်ရောက်ရှိနေကြောင်း ၊ ဇော်မောင့်သားသမီးများမာလာမဖြစ်စေရေးနှင့် တောင်ပံမှဝင်ရောက်မည်ဖြစ်ကြောင်း ဆက်သွယ်လိုက်သည်။ စက်များဖွင့်ထားသောကြောင့်စစ်ကြောင်း( ၁ )ကလည်း ကြားသိနေပြီးညွှန်ကြားချက်ပေးသည်။
" ခမရ ( - - - ) ခွဲ ( - )ကွ - - "
ဗိုလ်လင်းယု တပ်စုက ညာမှပန်းတက်ပြီးချေမှုန်းသည်။ ကျွန်တော့်တပ်ခွဲရုံးနှင် နှစ်စိတ်က ပစ်ကူပေးပြီး တက်ရှင်းသည်။
"ဟိုက ဘယ်သူပြေးတက်သွားတာလဲ "
"ဖိုးချိုပါဗိုလ်ကြီး - - - "
" ဟာ - - ဗိုလ်လေးထွန်းမောင် ဖိုးချိုကိုအနားခေါ်မကပ်ထားဘူးလား "
"တပ်စုမှူး ခေါ်သွားတာဗိုလ်ကြီး ဖိုးချို စနိုက်ပါပစ်နိူင်တယ်ဆိုလို့ - - - - "
ရန်သူနှင့်ကျွန်တော်တို့က အလွန်မှနီးကပ်နေသည်။ လက်နက်ကြီးပစ်ပါက မိမိလူပါပြန်ထိနိူင်သည်။ ဇော်မောင်တပ်ခွဲသည်လည်း ရန်သူနှင့်လက်တကမ်းအကွာတွင် တိုက်ပွဲဝင်နေသည် ။ ထို့အပြင်ရန်သူ့စနိုက်ပါများက ချီတက်မှုနှေးကွေးရန်အဟန့်အတားဖြစ်နေသည်။
" ဖိုးချို ဒီကနေပစ် - - ငါယောင်ပြပစ်ပေးမယ် မင်းက ပစ်မှတ်ရှာ ကြားလား "
"ဟုတ်ကဲ့ ဗိုလ်ကြီး - - - "
ရန်သူ့ခံစစ်က စနိုက်ပါများအသုံးပြုနေသောကြောင့် မိမိတို့ရှေ့မတိုးနိူင်ရှိနေသည်။ မြေပြင်သည် ညီညာနေ‌ပြီး သတ်ကွင်းကို ရွာပတ်လည်တွင် အပြောင်ရှင်းထားပြန်သည်။
ဗိုလ်လင်းယုနှင့်ဖိုးချိုမှာ သတ်ကွင်းအစပ်ရှိ တောင်ကုန်းငယ်နှင့် သစ်ပင်ငယ်အချို့တွင်အတင်းပစ်တက်တက်ပြီး နေရာယူထားခဲ့သည်။
ရန်သူက ဗိုလ်လင်းယုဆီသို့မဲပစ်လာသည်။
" ဗိုလ်လေးထွန်းမောင် ဆရာထောင်ဇာခမ်းတပ်စိတ်ကို ဖိုးချိုတို့အနောက်ကို ရအောင်ပေါင်းခိုင်း - - - "
ဖိုးချိုဆီမှ ပစ်ခတ်သံတစ်ချက်မှမကြားရ၍ ကျွန်တော်စိတ်ပူသွားသည်။ ဆရာထောင်ဇာခမ်းတပ်စိတ်ပြေးတက်ချိန်တွင် ရန်သူ့စနိုက်ပါက ဆရာထောင်ဇာခမ်းတပ်စိတ်ဆီသို့ဦးတည်သွားသည်။
" ဒိုင်း - - - "
" ဒိုင်း - - - "
ရန်သူ့စနိုက်ပါ ငြိမ်သက်သွားသည်။ ထို့အတူ ထယ်ထိုးသလိုပစ်ခတ်နေသော ရန်သူပွိုင့်ဖိုက်လည်း အသံမကြားရတော့ ။
" ဟင် - - - "
" တက် - - - "
" ခွဲ ( - ) ကွ - - - "
ကျွန်တော်တို့ကျားထိုးသံဖြင့်အတူ ဇော်မောင်တပ်ခွဲလည်း ကျားတက်ထိုးလေပြီ။ ရန်သူစိုးမိုးထားသော ရွာထဲသို့ ဒရုန်းဗုံးများက ချိန်သားကိုက်ကျလာသည်။
" ဇော်မောင် - - ဇော်အောင် ဆယ်လုံးချပေးမယ်ရထားလား - - - "
" ရထားပါ ဇော်ပျံ - - - - "
ကျွန်တော်တို့တပ်ခွဲနှစ်ခွဲ ရှေ့ဆက်မတိုးပဲ နောင်တောရွာစပ်ခံစစ်ကိုပြန်ယူလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှဂျက်ဖိုက်တာများက လက်စွမ်းပြနေပါတော့သည်။
" ဝုန်း - - - "
" ဂျိမ်း - - - "
မြေကြီးပါတုန်လှုပ်သွားသော မိုးကြိုးပစ်သံသည် ကျွန်တော်တို့စစ်သည်များအတွက်အားဆေးတစ်ခွက်ပင်ဖြစ်သည်။ ထိုနောက်ဂျက်ဖိုက်တာများသည် နောင်ချိုသို့အပြင်းဆုတ်ခွာနေသော ရန်သူလေးလုံးကောင်များအနောက်သို့ လိုက်လံအစာကောက်နေသံကို ကြားလိုက်ရပြန်သည်။
ကလေး နဲ့ ဂန့်ဂေါကြား
ကမ်းပါးနီ စခန်းအား အကြမ်းဖက်များက နာရီပိုင်းသာထိမ်းချုပ်နိုင်ပြီး ယခုညတွင် တပ်မတော်/ပြည်သူ့စစ်များက အောင်မြင်စွာပြန်လည်ထိမ်းချုပ်

အကျအဆုံးများစွာဖြင့် ကစဉ့်ကလျှားထွက်ပြေးနေသော အညာပဒက် AA များအား နယ်မြေချဲ့ထွင်ရှင်းလင်းလျှက်ရှိကြောင်းသတင်းရရှိသည်။

————

မန္တလေး မတ္တရာဒေသ ထန်းပင်ကုန်းအား လက်နက်ကြီးပစ်ကူရယူ၍ မြေပြင်တပ်များသိမ်းပိုက်ထိမ်းချုပ်လိုက်ကြောင်းသိရ။

13-2-2025
12.02.202516:18
#တရုတ်_ကျားဖြန့်နှိမ်နှင်းရေး နစကအပေါ် ရိုးသားရဲ့လား

ပြီးခဲ့တဲ့ နာရီပိုင်းက
တရုတ် ကျားဖြန့် လုပ်ငန်းမှာ ဖမ်းဆီးခံရတဲ့
နိုင်ငံခြားသား( ၂၆၁ )ယောက်ကို  DKBA ဖက်က မဲဆောက်မှာရှိတဲ့
ထိုင်းရဲတပ်ဖွဲ့ဆီ လွှဲပေးခဲ့တယ် ။ထိုင်းဖက်ကတော့
Truck (၁၀) စီးနဲ့အတူ Hammer (၈)စီးနဲ့လာရောက်စောင့်ပေးခဲ့တယ် ။

အဲဒီ့လွှဲပြောင်းမှုနဲ့ပတ်သက်ပြီးတော့ 
If We don't Succeed this time,
I think that there is no time that we will succeed.
This Time, we have to move  Forward in order to succeed

ဒီအချိန် မအောင်မြင်ရင် ငါတို့ အောင်မြင်ဖို့ အချိန်မရှိဘူးလို့ ထင်ပါတယ်။
ဒီအချိန်ဟာ အောင်မြင်ဖို့အတွက် ရှေ့ကို လျှောက်လှမ်းရမယ်လို့
ထိုင်းရဲမှူး Natthakorm က ပြောဆိုသွားပါတယ် ။

ဒါပေမယ့် K N U ရဲ့company မုလအိအလင်းပါဝင်ပတ်သက်နေတဲ့
KK Park ကတော့ ငြိမ်သက်နေသလို
နှုတ်ဆိတ်နေဆဲဖြစ်နေတာက သံသယဖြစ်ဖို့အလွန်ကောင်းပါတယ် ။

K N U  ဆိုတာ 
ကျားဖြန့်လုပ်ငန်းကိုလုံခြုံရေးပေးရတဲ့
လုံခြုံရေးကြေးတင်တလကို ဘတ် (၂၃)သိန်းရှိတာဆိုတော့
ဘတ်သိန်း (၁၁၀၀)ကျော် ရယူပြီးပါပြီ ဒါက လုံခြုံရေးကြေးသီးသန့်ပါ
တခြားအကျိုးအမြတ် ပထမ (၁၅)နှစ်အတွက်
အမြတ် (၁၅)ရာခိုင်နှုန်းနဲ့ မြေငှားရမ်းခ တွေမပါသေးဘူး

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး
ထိုင်းရော တရုတ်ရော K N U နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတယ်
K N A နဲ့ D K B A က နစက Back Door ရှိပြီး
K N U က အမေရိကန်ရဲ့ K3C Back Door မို့လို့လား

ပြောရရင် ကျားဖြန့်နှိမ်နင်းရေးက
နစက လက်တံတွေကို ရိုက် ချိုး ပြီးတော့.
နစကကို ပိတ်ဆို့ရေးနဲ့ ခပ်ဆင်ဆင်တူနေတယ်
UnionPoliticsNews

ပေတိုးမီဒီယာ
#12_Feb_2025
10.02.202517:35
စိတ်ကူးယဥ်မြန်မာ့  DOGE
==========================

                 အမေရိကန်မှာ ထရမ့် တက်လာပြီးနောက် အီလွန်မတ် ကို DOGE ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းစေပြီး တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးမရှိတဲ့ လုပ်ငန်းတွေကို ရပ်တံ့ပစ်ဖို့ စီစစ်ကြပါတယ် ။

              DOGE အီလွန်မတ်ကနေ သြဇာအာဏာ လုပ်ပိုင်ခွင့် ခွဲပေးထားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်သားကနေ ၁၉ နှစ်သားအထိ လူငယ်လေးတွေဟာ ရေပန်းစားနေကြလေရဲ့ ။

               တသက်လုံးက ပေါက်ကရ ခေါင်းစဥ်တွေ နဲ့ တိုင်းပြည်ဘဏ္ဍာသုံးဖြုန်းနေကြတဲ့ ခေါင်းစဥ်အမျိုးမျိုးအောက်က စားဖားကြီးတွေ ကား နေကြတာပေါ့ ။

             FBI / CIA နဲ့  ပင်တာဂွန်ကိုပါ ချမ်းသာမပေးတဲ့ DOGE အဖွဲ့ကြောင့် ပြည်သူတွေကြား အလွန်ရေပန်းစားနေကြပါတယ် ။ ပေါက်ကရ လုပ်ခဲ့ကြတာတွေလည်း ကြည့်အုံးလေ....

- ပြေးစက်ပေါ်မှာ ပုဇွန်ဆိတ်က ဘယ်လောက်ပြေးနိုင်မလဲ သိရဖို့ သုတေသန လုပ်တာ ဒေါ်လာ ၃ သန်း တို့ ၊ တိရိစ္ဆာန်တွေကို လိင်ပြောင်းတာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်တယ်တို့လို ပေါက်ကရ အလုပ်တွေ အများကြီးကိုးဗျ ။

                ကျနော်ပြောချင်တာ ထရမ့်ရဲ့ သူ့တိုင်းပြည်အတွက် ပြောင်းလဲရေး လုပ်ငန်းစဥ်ကို တွေးကြည့်စေချင်တာပါ ။ သူတို့ စစ်ဆေးချင်တဲ့ လုပ်ငန်းတွေကို AI မှာ မေးကြည့်ကြတယ် ။ အဖြေကို YES or NO နှစ်မျိုးပဲ ပေးပါလို့ တောင်းဆိုပြီး မေးတာ ။

              ဥပမာ USAID သည် အမေရိကန်အား အကျိုးရှိစေသလား.. ? အဖြေက NO ဆိုရင် အဲဒါ ဖျက်သိမ်း ။ ပြည်ပမီဒီယာလုပ်ငန်းတွေကို ထောက်ပံ့နေတာ အမေရိကန်အတွက် အကျိုးရှိပါသလား  ..? အဖြေက No ဒါဆို ဖျက်သိမ်း   .... အဲသလို ပြတ်ပြတ်သားသား ဆော်ပစ်တာဗျ ။

             တာဝန်ပေးတော့လည်း ကြည့်အုံး အိုကြီး အိုမ စားနေကြ ကြောင်ဖားဝန်ထမ်းကြီးတွေကို တာဝန်မပေးဘူး ။ အထက်ကရေးခဲ့တဲ့ လူငယ် ပညာတတ်လေးတွေကို တာဝန်ပေးတယ် ။ မလိုအပ်တဲ့ ဝန်ထမ်း ကွန်ပြူတာနဲ့ ရှာတယ် တွေ့ရင် အလုပ်ထွက်ဖို့ နို့တစ်ပေးတယ် ၊ ငဖြူ ငညို မခွဲဘူး သူတို့အလုပ်ကိုသူတို့က တိတိကျကျ လုပ်ကြတယ် ။.

             ကဲ အဲသလိုများ ကျုပ်တို့ တိုင်းပြည်မှာ မြန်မာ့ DOGE ဆိုပြီး လူငယ်တွေအများစု နဲ့ အဖွဲ့ ဖွဲ့မယ် ။ ပြီးရင် အားမနာတမ်း စစ်ဆေးကြပ်မက် ဆော်လိုက်ကြစို့ ဆိုရင်တော့...

-  လက်တွေ့အသုံးချ အကျိုးရှိမယ့် နည်းပညာရလာဒ် လက်ဆုပ်လက်ကိုင် မပြနိုင်ကြတဲ့ သုတေသန ဌာနပေါင်းစုံ ( ပြနိုင်သူများ မပါ)

- ပြည်သူ့အကျိုးအတွက် လက်တွေ့ အလုပ် မလုပ်ပြနိုင်ပဲ ဟန်ပြ  ဖွဲ့ရုံဖွဲ့ထားကြတဲ့ ကော်မတီ ပေါင်းစုံ

- တိုင်မှ အရေးယူပါ့မယ် ဆိုတဲ့ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးကော်မရှင်
( ပြည်သူ့အကျိုးအတွက် ဒါမျိုးတော့ အသွင်ယူ စုံစမ်း အရေးယူဖို့ ထိုးထွင်း မကြံစည်ပဲ ရုံးပေါ်ကပဲ ငုတ်တုတ်ထိုင် အမှုမျှော်နေတဲ့ အပျင်းကြီး တွေပေါ့ဗျာ)

- စာတိုက်လုပ်ငန်း ၊ စီးပွားကူးသန်း ၊ သမဝါယမ ၊ မီးရထား ၊ အစရှိတဲ့ လူအင်အားလျှော့လို့ ရမယ့် ဌာနတွေ ...

                
             အမြဲလူရှုပ် အလုပ်ရှုပ် နေကြရတဲ့ လဝက / စည်ပင် / ပက်စ်ပို့ / ယာဥ်လိုင်စင်ဌာန. တွေကို  ထိရောက်မြန်ဆန်အောင် အဆင့်မြင့် ကွန်ပြူတာတွေထပ်တပ်မလား...မလိုပဲ ရစ်လို့ရတဲ့ ကြိုးနီစနစ် ဖျက်သိမ်းမလား... မလိုပဲ ရစ်စိန်လုပ်နေတဲ့ ဝန်ထမ်းဖြုတ်မလား   ......

         အဲသလို အချက်အလက်မှန်တွေ သိနိုင်ဖို့  အပျံစား AI လိုမယ်မထင်ပေါင် ။ ရလာဒ်တွေနဲ့သာ ပိုင်းဖြတ်လိုက် ။ ဥပမာ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးကြည့် ၊၊ ဘယ်မြို့တွေ သင်တန်းပေးပြီးပြီလဲ ၊ ဘာလက်နက်တွေ တပ်ဆင်ထားလဲ မေးကြည့်  ထိထိရောက်ရောက် မရှိတာ တွေ့ရလိမ့်မယ် ။ လိမ်နေကြတာ ခပ်တည်တည်ပဲ ။

   
            အမေရိကန်ရဲ့ DOGE လိုမျိုး  မြန်မာက အတုခိုးပြီး ဖွဲ့စည်း  စီစစ်ကြည့်လိုက်ပါ အကောင်းဖက်တော့ ရွေ့လာမှာ သေချာတယ်ဗျ ။ စိုးရိမ်စရာရှိတာက. ဆော်ရင်း ဆော်ရင်း  နဲ့  အဆောက်အဦး နဲ့ ပရိဘောဂလောက် ကျန်နေရင် ဘာလုပ်ရမလဲ ကြိုတွေးဖို့တော့ လိုမယ်ထင်တာပဲ ဗျို့ ။

            ကိုရွှေမျိုးဝင်း
10.02.202517:30
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ

ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)
အမှန်တရားဘက်တော်သားများအုပ်စု

@highlight
10.02.202512:28
အလှူငွေဘတ်ဂျက် Vs နိုင်ငံတော်ဘတ်ဂျက်
--------------------------------------------------------------------------
(၁၀.၂.၂၀၂၅)

တကယ်တော့ ဒီစာကို (ရေတို/ရေရှည်) ဆိုပြီးခေါင်းစဉ်တပ်ချင်တာ။ ခေါင်းစဉ်မြင်တာနဲ့ ဘာကိုဆိုလိုချင်တာလဲ သိစေချင်လို့ အလှူငွေဘတ်ဂျက်နဲ့ နိုင်ငံတော်ဘတ်ဂျက်ဆိုပြီးပဲ တပ်လိုက်တယ်။

အားလုံးသိတဲ့အတိုင်း ၂၀၂၁ ဆန္ဒပြပွဲတွေ အပြီးမှာ PDF ပေါ်လာတော့ ပြည်တွင်းပြည်ပက ကောက်ခံရရှိတဲ့ အလှူငွေ/ထောက်ပံ့ငွေတွေနဲ့ လ-က်န-က်တွေတပ်ဆင်ခဲ့ကြတယ်။ ဒရုန်းနည်းပညာနဲ့ ဗုံ-းတပ်အသုံးပြုနည်းပညာတွေကို ပြည်ပက နည်းပညာရှင် (ပေါက်ဖော်/ CIA) တွေ နယ်စပ်မှာ EAOs နယ်မြေတွေမှာ သင်တန်းတွေပေးခဲ့ကြတယ်။

၂၀၂၃ မှာတော့ ၁၀၂၇ နဲ့အတူ ဒရုန်းနည်းပညာအသုံးချနိုင်မှု၊ လူအင်အားသာလွန်မှုတွေကြောင့် EAOs တွေနဲ့ PDF တွေ အောင်မြင်မှုတွေ ရသင့်သလောက်ရခဲ့ကြပါတယ်။ ဒါတောင်မှ အလှူငွေတွေအားလုံးဟာ မြေပြင်ဆီ အလုံးစုံမရောက်ပဲ ကိုယ်ကျိုးအတွက်သုံးစွဲတာမျိုးတွေ ရှိနေခဲ့လို့၊ မရှိနေခဲ့ရင် ဒီထက် ပိုပြီး ဒရုန်းတွေသုံးနိုင်မယ်၊ လ-က်န-က်တွေသုံးနိုင်မယ်၊ ဒီထက်ပိုပြီးလည်း နယ်မြေတော်တော်များများမှာ တိုက်စစ်တွေဆင်နိုင်ကောင်း ဆင်နိုင်မှာပေါ့။

ဒါပေမယ့် ကျွန်တော် အရင်ကစာတွေမှာ ရေးဖူးခဲ့သလို စ-စ်ပွဲတစ်ပွဲဟာ နေရာတစ်နေရာကို တို-က်ခို-က်လိုက်လို့ ရသွားတာနဲ့ အောင်နိုင်တာမဟုတ်ဘူး။ ဒီနေရာကို ထိန်းသိမ်းနိုင်မှ၊ ကိုယ့်ဆီက ပြန်ပြီး တို-က်ခို-က်ယူမယ့်သူ မရှိတော့မှ အလုံးစုံအောင်နိုင်တယ်ဆိုတဲ့အကြောင်းကို။

PDF ဆိုတာက ပြည်သူ့အလှူငွေနဲ့ အသက်ဆက်ရတဲ့အဖွဲ့ပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်လို့မရဘူး၊ ကိုယ့်လ-က်န-က်ကိုယ် ဝယ်မသုံးနိုင်ဘူး၊ စားဖို့သောက်ဖို့တောင် ပြည်တွင်း/ပြည်ပက အထောက်အပံ့ရှိနေမှ အဆင်ပြေတဲ့အနေအထားမျိုးပါ။ ဆိုတော့ လ-က်န-က်ကိုင်ပြီး တပ်ကိုတိုက်တဲ့နေရာမှာ အချိန်တိုအတွင်း အောင်မြင်အောင် တိုက်ခိုက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အလှူငွေမလုံလောက်တော့တာ၊ လ-က်န-က်ခဲယမ်းတွေ မလုံလောက်တော့တာ၊ ဒရုန်းတွေပျက်စီးလာတာ စသဖြင့် ပြဿနာအမျိုးမျိုး သေချာပေါက်ကြုံလာရမှာပါ။ ဒါတောင် EAOs တွေက PDF တွေကို မလိမ့်တပတ်နဲ့ နောင်ချိုတို့၊ မိုးကုတ်တို့ပေးမယ်ဆိုပြီး တို-က်ခိုင်းတဲ့ပြဿနာတွေ၊ မတူမတန်ဆက်ဆံခံရတဲ့ ပြဿနာတွေမပါသေးဘူး၊ ငွေကြေးပြဿနာနဲ့တင် တော်တော် ရုန်းကန်လာရပါပြီး  လမ်းပေါ်တက်ပြီး ကားတွေကိုငွေကောက်ခံတာမျိုးတွေလုပ်လာရတာ တွေ့ရတယ်။

အခုနောက်ပိုင်း တပ်ဘက်ကလည်း ဗန်းမော်မှာ KIA ကို ဒရုန်းနည်းပညာနဲ့ ပြန်တို-က်ခို-က်နေတာတွေ တွေ့ရတော့ PDF တွေရဲ့ အားသာချက်ကို ပြန်အသုံးချနေပြီး ကြာလာတာနဲ့အမျှ တပ်ဘက်က နိုင်ငံတော်အဆင့်ဘတ်ဂျက်သုံးစွဲနိုင်မှုနဲ့ PDF ဘက်က အလှူငွေဘတ်ဂျက်ဟာ ကွာဟချက်တွေဖြစ်လာမှာကို တွက်ဆမိတယ်။

မြန်မာနိုင်ငံအနှံ့မှာ ဖြန့်ကျက်ထားတဲ့ တပ်စခန်းတွေမှာ  အများဆုံးရှိရင် စခန်းတစ်ခု စစ်သား ရာဂဏန်းပေါ့။ စခန်းတစ်ခုတည်းကိုပဲ ပူးပေါင်းအဖွဲ့တွေက ဒရုန်း ၁၀ စီးလောက်နဲ့ လူ ၁၅၀၀၊ ၂၀၀၀ လောက် သွားတို-က်တာ၊ တို-က်တိုင်းနိုင်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာပါပဲ။ လက်မောင်းလှဲပွဲတွေလို စလှဲတဲ့သူတိုင်းနိုင်တာမှမဟုတ်တာ။

ဒရုန်းဟာ အခုမျက်မှောက်ခေတ်ရဲ့ စ-စ်ပွဲတွေမှာ အဓိကဇာတ်ကောင်ပါပဲ။ ကမ္ဘာမှာလည်း စ-စ်တွေဖြစ်နေတဲ့အတွက် ဒရုန်းတွေဟာ ကမ္ဘာနဲ့ချီပြီး လိုအပ်ချက်ဖြစ်နေပါတယ်။ NUG ရဲ့ အထောက်အပံ့တွေကနေတစ်ဆင့် ဝယ်ပေးမှ ဆင်ပေးမှရတဲ့ PDF တွေအတွက်တော့ အသစ်တွေထပ်ရဖို့ဆိုတာ မလွယ်ပါဘူး (ပေါက်ဖော်ကြီးဆီကလည်း မလွယ်တော့သလို/ အနောက်အုပ်စုဘက်ကလည်း ထရမ့်ကြောင့် မလွယ်တော့ပါဘူး)။ အကယ်၍ တပ်ဘက်ကသာ  စစ်ရေး/ သံတမန်ရေး ဆက်ဆံမှုရှိနေတဲ့ နိုင်ငံတွေဆီက ဒရုန်းတွေ ဖောဖောသီသီ ဝယ်သုံးလို့ရသွားမယ်ဆိုရင် အခု စခန်းသိမ်းထားတဲ့ နယ်မြေတွေအတွက်လည်း တို-က်စစ်တွေဖွင့်လာမှာ အသေအချာပါပဲ။

ဆိုတော့
ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ?  ဒရုန်းတွေပျက်စီးသွားလို့ အသစ်ထပ်မရတော့ရင် ဘယ်လိုလုပ်မလဲ?
FB ပေါ်က Fund Raising ပရောဂျက်တွေက ဘယ်အချိန်အထိ အလုပ်ဖြစ်မလဲ? EAOs တွေကရော ဘယ်လောက်အထိ ယုံလို့ရမလဲ?
ဘာရယ်မဟုတ်ပါဘူး။ တွေးမိတာလေး ချရေးတာ။ ဟုတ်မဟုတ်ကတော့ ကိုယ့်ဘာသာ စဉ်းစားကြပါကုန်။
(ပိုင်စိုး)

စောပေတိုး
26.02.202502:18
" ငါတို့သည် - - - - - "

အခန်း( 3 )

ရှမ်းမြောက်အအေးဓာတ်ကစိမ့်ဝင်နေသည်။ မြူများကကျနေဆဲ။ တပ်ခွဲအားလုံး ဆက်လက်ချီတက်ရန် စစ်ကြောင်း၏အမိန့်ကို စောင့်မျှော်နေသည်။
ဘယ်ကိုချီတက်မည်ဆိုသည်ကမသိနိူင်။
" ဗိုလ်ကြီး လက်ဖက်ရည် - - - "
တပ်ခွဲရုံးက တပ်သားသစ်အောင်ထူး လက်ဖက်ရည်ပူပူလေးလာပေးသည်။
" အောင်ထူး - - ရှေ့တန်းလိုက်လာတာ စိတ်ကောပါရဲ့လားကွ "
"ဗျာ - - ဗိုလ်ကြီး - - ပါတာပေါ့ ဗိုလ်ကြီး ၊ ကျွန်တော်က နဂါးလေးတို့ ဝင်းရွှေတို့လို တပ်စိတ်တွေကို သွားချင်တာ ၊ နဂါးလေးနဲ့ဝင်းရွှေဆို တပ်စိတ်ကဆရာတွေက ချီးကျူးကြတာ နားထောင်မဆန့်ဘူး ဟီး - - ဟီး ကျွန်တော်က ဗိုလ်ကြီးကိုမပြောရဲလို့ - - - "
မခံသည့်မခံသာ အောင်ထူးသတင်းပို့ခြင်းဖြစ်သည်။
စစ်ဆင်ရေးထွက်လာသည်မှာ တစ်လအတွင်းဝင်လာပြီဖြစ်သည်။ တိုက်ပွဲကြီးများလို့မဆိုသာသော်လည်း ရင်ဆိုင်တိုက်ပွဲများက ကြိုးကြာကြိုးကြာဖြစ်နေခဲ့သည်။ ထိုတိုက်ပွဲတို့တွင် တစ်ပတ်စဉ်ထဲ ဖိုးချိုနှင့်အောင်ထူးတို့ လက်စွမ်းပြခဲ့ကြသည်။ လူသစ်ပီပီ စိတ်သစ်လူသစ်အားမာန်သစ်ဖြင့် အောင်ထူးလည်းလက်စွမ်းပြချင်ကြောင်း ကျွန်တော်သဘောပေါက်သည်။
"အေးပါကွာ - - တပ်ခွဲရုံးမှာနေရတာလည်း အတူတူပါပဲကွ၊ စစ်တိုက်တာတော့ မပူနဲ့မင်းတိုက်ရမှာပါ ဟုတ်လား အောင်ထူး "
"ဟုတ် - - ဟုတ်ကဲ့ပါဗိုလ်ကြီး "
"မင်းက အ‌ခြေခံအထက်တန်းထိကျောင်းနေခဲ့တာမဟုတ်လား "
" ဟုတ်ပါတယ် ဗိုလ်ကြီး - - "
"အေးလေ ဒါကြောင့်လည်း တပ်ခွဲရုံးမှာ ဆက်သွယ်ရေးနဲ့ထလရဆရာတွေဆီ မင်းကိုပို့ထားတာပေါ့အောင်ထူး ၊ မင်း စိတ်ဝင်စားတယ်မဟုတ်လား "
" ဟုတ် - - - "
တိုက်ခိုက်ရေးစစ်သည်ကမရှိမဖြစ်လိုအပ်သလို ပညာရပ်ဆိုင်ရာများနှင့်ဆက်နွယ်သော စစ်သည်ကလည်းတပ်မတော်တွင်လိုအပ်ပါသည်။ ဒါကြောင့်လည်း အတန်းပညာ၁ဝတန်းအထိပညာသင်ကြားခဲ့သောအောင်ထူးကို ကျွန်တော် တပ်ခွဲရုံးခေါ်ထားလိုက်ခြင်းဖြစ်သည်။
စစ်မတိုက်ရမှာကို စိတ်ပူစရာမလိုပေ။ တိုက်ရမည်ဖြစ်သည်။ ကျွန်တော်တို့ ယခုတစ်ပတ်စစ်ဆက်ရေးသည် စခန်းထိုင်မပါကြောင်းသိထားသည်။ ရှုံးဆုံးခဲ့သည့်နယ်မြေများကို အတိုးကောအရင်းပါပြန်ယူရန် တပ်မတစ်မလုံး လှုပ်ရှားဝင်နေရခြင်းဖြစ်သည်။ရသမျှစခန်းများကို တိုက်ခိုက်ချေမှုန်းရန် ခြေလျင် ၊တင့် ၊ဒရုန်း ၊ ဝေဟင်ဖြင့်ဟန်ချက်ညီညီချီတက်တိုက်ခိုက်နေသည့်စစ်ဆင်ရေး ။
ရန်သူသည် မိမိတပ်မတော် ထိုးစစ်ကြောင့် ရရှိပြီးသား နေရာများကို စွန့်ခွာနေသည်။ မိမိတပ်မတော်ကလည်း ပြန်လည်ရရှိသည့် မြေကို နောက်ချန်တပ်မတစ်မက အခိုင်အမာခြေကုပ်ယူပြီး စိုးမိုးနယ်မြေဖြစ်ရန် တပ်ဖွဲ့ဝင်များကို နေရာချထားခဲ့သည်။
ကျွန်တော်တို့တပ်မကတော့ ချေမှုန်းရေးတာဝန်သာဖြစ်သည်။
" ဆက်ထွက်မယ် - - - - "
ဇော်ဂျီတပ်ဖွဲ့ ပွိုင့်သွားမည်ဖြစ်သည်။ စစ်ကြောင်းရုံးရှေ့သို့တက်ရောက်လာပြီး ကျွန်တော့်တပ်ခွဲနောက်ပိတ်ဖြစ်သည်။
နံဘေးနယ်မြေများတွင် ကျွန်တော်တို့တပ်မ၏ စစ်ကြောင်းများက ဟန်ချက်ညီညီ လက်ယှက်ထိုး စစ်ဆင်နေသည်။
" ဗိုလ်ကြီး ဇော်ပျံစက်ခေါ်နေပါတယ် "
" ဇော်အောင် ၅၆ ပါ"
စစ်ကြောင်း( ၂ )သည် မဲပုတ်ရွာနှင့်နောင်လင်ရွာအကြားတွင် ပွဲကနေကြောင်း၊ တောင်ခမ်းအထိုင်က အမြောက်ပစ်ကူပေးပြီး ရန်သူကိုချေမှုန်းနေကြောင်း ၊ မိမိတို့စစ်ကြောင်း(၁ )သည်လည်း နောင်ချိုနီးကပ်လာပြီဖြစ်တာကြောင့် တပ်ဖွဲများ ၃၁ဖြစ်ရန်လိုအပ်ကြောင်း၊ ဇော်မောင်တပ်ခွဲ ခွဲထွတ်သွားသည့် တိုက်ခိုက်ရေးကွန်မန်တိုတပ်ခွဲကို ပွဲကလာပါက ဇော်အောင်လိုက်နိင်ရန်ညွှန်ကြားလာသည်။
ရန်သူသည်နောင်ချိုမြို့ထဲတွင်ခြေကုပ်ယူပြီး ဘေးနံတလျားရှိရွာများစွာတွင် ရန်သူ့တပ်ဖွဲများဖြန့်ကျဲလျက် အမာခံနယ်မြေတည်ဆောက်လျက်ရှိနေသည်။ မိမိတို့တပ်မတော်သည် ရန်သူစိုးမိုးသည့်‌နယ်မြေကို ပြန်လည်သိမ်းပိုက်နိူင်ရေး ဦးတည်လျက်စစ်ဆင်ခြင်းဖြစ်သည်။ လိုအပ်ပါက တောင်ခမ်းမှ လက်နက်ကြီးပစ်ကူနှင့် ဝေဟင်မှစစ်ကူပေးရန်အသင့်ရှိနေသည်။
" ဂျိမ်း - - - "
" ဒိုင်း- - ဒိုင်း - - ဒိုင်း "
စစ်ကြောင်းသည် သရက်ချိုရွာမှထွက်ခွာလာပြီး ရေချောင်းရွာ အဝင်တွင် ရန်သူကဆီးကြိုတိုက်ခိုက်သည်။ ပွိုင့်မှဇော်ဂျီတပ်ခွဲသည် ရွာကိုစိုးမိုးထားသောရန်သူကို ဝိုင်းပတ်ပိတ်ဆို့ထားလိုက်သည်။ စစ်ကြောင်းမှကင်းထောက်ဒရုန်းနှင့်ချေမှုန်းရေးဒရုန်းကိုတပြိုင်ထဲလွှတ်တင်လိုက်သည်။ ရန်သူကလည်း လက်နက်ကြီးကိုအသုံးပြုလာသည်။
မကြာခင် ဒရုန်ဗုံးပေါက်ကွဲသံဖြင့်အတူ ဇော်ဂျီတပ်ခွဲ၏ တက်ရောက်ချေမှုန်းသံများဆူညံစွာကြားလိုက်ရသည်။ ထို့အတူ ညာဘက်အခြမ်းတွင်ရှိသော ဇော်မောင်တပ်ခွဲသည် နောင်တောရွာတွင်အခြေပြုနေသည့် ရန်သူစခန်းကို ဝင်ရောက်တိုက်ခိုက်နေသည်။
" ဇော်ဂျီ - - ပွဲအခြေအနေ အာလူးကမာလုပ်ပါ ရထားလား "
13.02.202500:55
တရုတ်model ကရင်ပြည်နယ်အခြေစိုက် ကျားဖျန့် အကြပ်အတည်းမှာ ထိုင်းမီဒီယာတွေနဲ့ တဖက်ပိတ်မီဒီယာတွေ ကို မြန်မာအစိုးရဖက်က မီဒီယာတွေနဲ့ ဘောမတွေက မယှဥ်နိုင်ပါဖူး
ထိုင်းအစိုးရက ထိုင်းမီဒီယာတွေကို ဦးစားပေးတယ်၊သူတို့မီဒီယာတွေအနေဖြင့်
သူ့တို့ တိုင်းပြည်ပုံရိပ်အတွက် ရေးသားမှုအတွက် အစိုးရက ငွေကြေးပံ့ပိုးပါတယ်။မြန်မာအစိုးရက အမှားစောင့်တယ် မှားလျှင်တာလဘောခေါ်ကျွေးတယ် ဘောမတွေက ဝိုင်းဆော်ကြတယ် အဲ့ဒီလို အခြေအနေခြင်းကွာပါတယ်။

စောပေတိုး
12.02.202514:31
--------------------
တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို
မိမိတို့ထိန်းချုပ်နယ်မြေထဲသို့
ပေးမနေနိုင်တော့ဘူးလို့DKBA
ကရင်လက်နက်ကိုင်ကွပ်ကဲရေးမူး
စိုင်းကျော််လှအတည်ပြုပြောကြားပါတယ်

DKBAစစ်အရာရှိဦးစိုင်းရှမ်း
စိုင်းကျော်လှဟာဟိုးအရင်က
SSPP/SSAဝမ်ဟိုင်းအဖွဲ့ထဲမှာ
တာဝန်ထမ်းဆောင်တယ်လို့
ကြားရသော်လည်းဘယ်ကနေ?
ဘယ်လို?ဝင်ငွေကောင်းတဲ့
ထိုင်းနယ်စပ်အခြေပြုDKBA
ကရင်တပ်ဖွဲ့ထဲရောက်ရှိနေပါလိမ့်
အဓိကဝင်ငွေစားပေါက် ကောင်းမွန်သောကြောင့်
ခုတော့သံသရာလည်တိုင်ပါတ်
အခက်ကြုံတွေ့နေရပါတယ်

မကြာမှီတရုတ်အထူးတပ်ဖွဲ့တွေ
ဝင်ဖမ်းဖို့ဖြစ်နိုင်ချေများပြားကြောင်း
ငွေမျက်နှာတခုပဲကြည့်ကာ
မကောင်းတာအကုန်လုပ်စားတဲ့
ဖိုးကရင်တွေတော့အခုဆို
ထိုင်းလည်းကူးမရမြန်မာဖက်လည်းမသွားရဲ
တရုတ်နဂါးကြီးကမျက်ခြေမပျက်
စောင့်ကြည့်ခြင်းခံနေရပါ၏။

crd#
10.02.202517:30
#လူတိုင်းသိထားသင့်တယ်
********
ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)

ကျွန်တော်ပြောချင် (ရေးချင်)နေတာ ကြာပါပြီ။ မီဒီယာများ (အထူးသဖြင့် Facebook)မှာ မကြာခဏ တွေ့နေရသည့် ရဲစခန်းသို့ ရာဇဝတ်မှုများ သွားရောက် တိုင်တန်းသည်ကို (သတင်းပေးသည်ကို) အမှုဖွင့်ခြင်း မပြုသည့် ကိစ္စဖြစ်ပါတယ်။

တကယ်တော့ ရဲစခန်းမှာ အမှုတိုင်လျှင် အမှုဖွင့်ပေးရမည်မှာ ရဲများ၏ မဖြစ်မနေ (မလွဲမသွေ) လုပ်ရမည့်အလုပ် ဆိုသည်ကို ရဲတိုင်းသိကြပါတယ်။ အချို့သော နားလည်နှံ့စပ်သည့် ပြည်သူများနှင့် ဥပဒေပညာရပ် တတ်ကျွမ်းသူများလည်း သိကြပါ တယ်။

မသိကြသေးသော ပြည်သူများ သိနိုင်အောင် ရေးပြရလျှင်ဖြင့် ရာဇဝတ်မှု (ရဲအရေးပိုင်သောအမှု) ဖြစ်ပွားကြောင်း ရဲစခန်းသို့ လာရောက် တိုင်ကြားလျှင် ရဲတွေခေါ်နေကြတဲ့ FIR ဆိုတာ First In formation Report ဖြစ်ပါတယ်။ မြန်မာလိုတော့ ပထမသတင်းပေးတိုင်ချက်ပါ။ ဒီလိုမှုခင်း ဖြစ်ပွားကြောင်း ရဲထံပထမဆုံးပေးတဲ့သတင်းလို့ ဆိုတာဖြစ်ပါတယ်။

တိုင်ချက်လို့ အတိုခေါ်ကြပါတယ်။ဒီလိုရာဇဝတ်မှု ရဲအရေးပိုင်တဲ့အမှု ဖြစ်ပွားခဲ့ရင် ကာယကံရှင်ကိုယ်တိုင် လာရောက် တိုင်ကြားမှသာ အမှုဖွင့်ပေးရမှာ မဟုတ်ပါဘူး။ နစ်နာသူကာယကံရှင်ကိုယ်တိုင် တိုင်ကြားနိုင်သလို ကြားက သိရှိသူ၊ မြင်တွေ့သူကလည်း တိုင်ကြားနိုင်ပါတယ်။

ဒါကို သတင်းပေးတယ်လို့ ဆိုပါတယ်။ ဘယ်သူတိုင်တိုင် FIR ဖွင့်ပေးရမှာ အမှုဖွင့်စစ်ဆေးပေးရမှာ ရဲအလုပ်ပါ။ တိုင်တဲ့အခါမှာလည်း ရဲစခန်းကို ကိုယ်တိုင်လာရောက်တိုင်ကြားရမှာ ဖြစ်ပေမဲ့ မလာရောက်နိုင်လို့ စာရေးသား ပေးပို့တိုင်တာ၊ ကြေးနန်းစာ ပေးပို့တိုင်တာလည်း လုပ်လို့ရပါတယ်။

ဖုန်းဆက်ပြီးတော့လည်း တိုင်နိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့ တိုင်ရင်လည်း အမှုဖွင့်ရမှာပါပဲ။ ဘယ်လိုနည်းနဲ့ တိုင်တိုင် ပထမသတင်းပေးတိုင်ချက်ဆိုတဲ့ FIR ကို ချက်ချင်း ဖွင့်ပေးရပါမယ်။ ချက်ချင်း ဖြစ်ပါတယ်။ အချိန်ဆွဲခွင့်လည်း မရှိပါဘူး။ ဖြစ်ပွားပုံ ဖြစ်ပွားသည့်နေရာကို သွားရောက် စစ်ဆေးပြီးခါမှ FIR ဖွင့်လို့လည်း မရပါဘူး။

တိုင်ပြီဆိုတာနဲ့ ဖွင့်ရမှာပါ။ ဒါကို ပြည်သူတွေသိထားရင် အခုဖွင့်ပေးမှာလား မဖွင့်ပေးဘူးလားလို့ ဗြောင်ပြော ဗြောင်မေးလိုက်ရုံပါပဲ။ အမှုဖြစ်ပွားတဲ့ အပိုင်နယ်မြေရဲစခန်းမှာ တိုင်မှ အမှုဖွင့်ပေးရတာလည်း မဟုတ်ပါဘူး။ မြစ်ကြီးနားမှာဖြစ်တဲ့အမှု ကော့သောင်းက ရဲစခန်းမှာတိုင်ရင်တောင်မှ ကော့သောင်းရဲစခန်းက ဖွင့်ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားမှာ သွားတိုင်ပါလို့ ပြောခွင့်မရှိပါဘူး။ ဘယ်စခန်းမှာတိုင်တိုင် ရပါတယ်။ FIR ဖွင့်တယ်ဆိုတာကလည်း ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ စတင်ဆောင်ရွက်ခြင်းပါ။ FIR ဖွင့်ပြီးတာနဲ့ ဒီအမှုကို စစ်ဆေးဖော်ထုတ်ဖို့ ရဲမှာတာဝန်ရှိသွားပါပြီ။ ဒီလို FIR ဖွင့်ရမယ်ဆိုတာ ကျင့်ထုံးဥပဒေနဲ့ ရဲလက်စွဲမှာအတိအကျ ပါပြီး၊ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

ရှောင်လွှဲဖယ်သွေခွင့် မရှိပါဘူး။ယုတ်သွအဆုံး အမှု တကယ်မဖြစ်ပါဘဲ အမှုဖြစ်ပွားပါတယ်၊ ကျူးလွန်ခံရပါတယ်၊ နစ်နာပါတယ်ဆိုပြီး လိမ်လည်တိုင်တန်းတာကို (လိမ်လည်တိုင်မှန်း သိနေသည့်တိုင်အောင်) အမှုကို ဖွင့်ပေးရပါမယ်။

တစ်ခါ အမှုဖြစ်ပြီး အတော်ကြာမှ တိုင်တာကြောင့်လည်း ဖွင့်လို့မရဘူး ဆိုတာမျိုး မရှိပါဘူး။ ရဲအရေးပိုင်မှု မှန်လျှင် ဖွင့်ပေးရပါမယ်။ အခြားရဲစခန်းအပိုင်မှာ ဖြစ်တဲ့အမှု ကိုယ့်စခန်းမှာ လာတိုင်တာ၊ အမှုမဖြစ်ဘဲ လိမ်လည် တိုင်တန်းတာ တွေအတွက် ဘယ်လိုလုပ်ရမယ် ဆိုတာလည်း ရဲတွေမှာ လုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားပါ။

ဒါ ရဲအလုပ်ပါ။ ရဲစခန်း အလုပ်ပါ။ကျွန်တော် ဆိုခဲ့တဲ့အတိုင်း ဥပေဒ လုပ်ထုံးလုပ်နည်းတွေ ရှိနေပါလျက်၊ ရှိနေကြောင်းလည်း သိနေပါလျက် ရဲတွေက အမှုဖွင့်မပေးလို့ ဆိုတဲ့အသံတွေ၊ ပြည်သူတွေရဲ့ မကျေမနပ်သံတွေ၊ ဆဲဆိုသံတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။

ရဲတွေကို နှိမ်ချပြောဆို ရေးသားနေကြတာတွေ၊ ချိုးဖဲ့၊ လှောင်ပြောင်တာတွေ ကြားနေရတော့ နှစ်ပေါင်းများစွာ ရဲအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်လို့ ကျွန်တော် ရှက်လာမိပါတယ်။ ပြည်သူတွေဘက်ကနေပြီးလည်း မခံမရပ်နိုင် ဖြစ်လာမိပါတယ်။
ဒါကြောင့်ပဲ ဒီဆောင်းပါးကို ရေးမိတာပါ။ ဒီလိုလုပ်ရပ်တွေကြောင့် နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတွေပါ ဖြစ်ပေါ်နေကြောင်း ကြားရတော့ ပိုပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။

ဒါကြောင့် အမှု ဖွင့်မပေးရတဲ့ အကြောင်းအရင်းကို ပြန်လည် သုံးသပ်ကြည့်မိပါတယ်။ တကယ်တော့ ဒီလို အမှုဖွင့်မပေးတဲ့ကိစ္စတွေက ခုမှဖြစ်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်ကတည်းက တွင်ကျယ်လာတာဖြစ်ကြောင်း လေ့လာမိပါတယ်။

ဒီလို ရှိခဲ့လို့လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရဲတပ်ဖွဲ့အကြီးအကဲကိုယ်တိုင် အရပ်သားဟန်ဆောင်ပြီး ရဲစခန်းတွေမှာ အမှုသွားတိုင်တာမျိုး လုပ်ပါတယ်။ အမှုဖွင့်မပေးရင် အရေးယူတာတွေလည်း လုပ်ပါတယ်။ အမှုဖွင့်မပေးရင် ထောင်ချသည်အထိ အရေးယူမှာဖြစ်ကြောင်းလည်း ရဲစခန်းတွေမှာ အများမြင်သာအောင် စာရေး ကပ်ထားစေပါတယ်။
10.02.202511:47
စိတ်ကူးယဥ်မြန်မာ့  DOGE
==========================

                 အမေရိကန်မှာ ထရမ့် တက်လာပြီးနောက် အီလွန်မတ် ကို DOGE ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းစေပြီး တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးမရှိတဲ့ လုပ်ငန်းတွေကို ရပ်တံ့ပစ်ဖို့ စီစစ်ကြပါတယ် ။

              DOGE အီလွန်မတ်ကနေ သြဇာအာဏာ လုပ်ပိုင်ခွင့် ခွဲပေးထားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်သားကနေ ၁၉ နှစ်သားအထိ လူငယ်လေးတွေဟာ ရေပန်းစားနေကြလေရဲ့ ။

               တသက်လုံးက ပေါက်ကရ ခေါင်းစဥ်တွေ နဲ့ တိုင်းပြည်ဘဏ္ဍာသုံးဖြုန်းနေကြတဲ့ ခေါင်းစဥ်အမျိုးမျိုးအောက်က စားဖားကြီးတွေ ကား နေကြတာပေါ့ ။

             FBI / CIA နဲ့  ပင်တာဂွန်ကိုပါ ချမ်းသာမပေးတဲ့ DOGE အဖွဲ့ကြောင့် ပြည်သူတွေကြား အလွန်ရေပန်းစားနေကြပါတယ် ။ ပေါက်ကရ လုပ်ခဲ့ကြတာတွေလည်း ကြည့်အုံးလေ....

- ပြေးစက်ပေါ်မှာ ပုဇွန်ဆိတ်က ဘယ်လောက်ပြေးနိုင်မလဲ သိရဖို့ သုတေသန လုပ်တာ ဒေါ်လာ ၃ သန်း တို့ ၊ တိရိစ္ဆာန်တွေကို လိင်ပြောင်းတာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်တယ်တို့လို ပေါက်ကရ အလုပ်တွေ အများကြီးကိုးဗျ ။

                ကျနော်ပြောချင်တာ ထရမ့်ရဲ့ သူ့တိုင်းပြည်အတွက် ပြောင်းလဲရေး လုပ်ငန်းစဥ်ကို တွေးကြည့်စေချင်တာပါ ။ သူတို့ စစ်ဆေးချင်တဲ့ လုပ်ငန်းတွေကို AI မှာ မေးကြည့်ကြတယ် ။ အဖြေကို YES or NO နှစ်မျိုးပဲ ပေးပါလို့ တောင်းဆိုပြီး မေးတာ ။

              ဥပမာ USAID သည် အမေရိကန်အား အကျိုးရှိစေသလား.. ? အဖြေက NO ဆိုရင် အဲဒါ ဖျက်သိမ်း ။ ပြည်ပမီဒီယာလုပ်ငန်းတွေကို ထောက်ပံ့နေတာ အမေရိကန်အတွက် အကျိုးရှိပါသလား  ..? အဖြေက No ဒါဆို ဖျက်သိမ်း   .... အဲသလို ပြတ်ပြတ်သားသား ဆော်ပစ်တာဗျ ။

             တာဝန်ပေးတော့လည်း ကြည့်အုံး အိုကြီး အိုမ စားနေကြ ကြောင်ဖားဝန်ထမ်းကြီးတွေကို တာဝန်မပေးဘူး ။ အထက်ကရေးခဲ့တဲ့ လူငယ် ပညာတတ်လေးတွေကို တာဝန်ပေးတယ် ။ မလိုအပ်တဲ့ ဝန်ထမ်း ကွန်ပြူတာနဲ့ ရှာတယ် တွေ့ရင် အလုပ်ထွက်ဖို့ နို့တစ်ပေးတယ် ၊ ငဖြူ ငညို မခွဲဘူး သူတို့အလုပ်ကိုသူတို့က တိတိကျကျ လုပ်ကြတယ် ။.

             ကဲ အဲသလိုများ ကျုပ်တို့ တိုင်းပြည်မှာ မြန်မာ့ DOGE ဆိုပြီး လူငယ်တွေအများစု နဲ့ အဖွဲ့ ဖွဲ့မယ် ။ ပြီးရင် အားမနာတမ်း စစ်ဆေးကြပ်မက် ဆော်လိုက်ကြစို့ ဆိုရင်တော့...

-  လက်တွေ့အသုံးချ အကျိုးရှိမယ့် နည်းပညာရလာဒ် လက်ဆုပ်လက်ကိုင် မပြနိုင်ကြတဲ့ သုတေသန ဌာနပေါင်းစုံ ( ပြနိုင်သူများ မပါ)

- ပြည်သူ့အကျိုးအတွက် လက်တွေ့ အလုပ် မလုပ်ပြနိုင်ပဲ ဟန်ပြ  ဖွဲ့ရုံဖွဲ့ထားကြတဲ့ ကော်မတီ ပေါင်းစုံ

- တိုင်မှ အရေးယူပါ့မယ် ဆိုတဲ့ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရေးကော်မရှင်
( ပြည်သူ့အကျိုးအတွက် ဒါမျိုးတော့ အသွင်ယူ စုံစမ်း အရေးယူဖို့ ထိုးထွင်း မကြံစည်ပဲ ရုံးပေါ်ကပဲ ငုတ်တုတ်ထိုင် အမှုမျှော်နေတဲ့ အပျင်းကြီး တွေပေါ့ဗျာ)

- စာတိုက်လုပ်ငန်း ၊ စီးပွားကူးသန်း ၊ သမဝါယမ ၊ မီးရထား ၊ အစရှိတဲ့ လူအင်အားလျှော့လို့ ရမယ့် ဌာနတွေ ...

                
             အမြဲလူရှုပ် အလုပ်ရှုပ် နေကြရတဲ့ လဝက / စည်ပင် / ပက်စ်ပို့ / ယာဥ်လိုင်စင်ဌာန. တွေကို  ထိရောက်မြန်ဆန်အောင် အဆင့်မြင့် ကွန်ပြူတာတွေထပ်တပ်မလား...မလိုပဲ ရစ်လို့ရတဲ့ ကြိုးနီစနစ် ဖျက်သိမ်းမလား... မလိုပဲ ရစ်စိန်လုပ်နေတဲ့ ဝန်ထမ်းဖြုတ်မလား   ......

         အဲသလို အချက်အလက်မှန်တွေ သိနိုင်ဖို့  အပျံစား AI လိုမယ်မထင်ပေါင် ။ ရလာဒ်တွေနဲ့သာ ပိုင်းဖြတ်လိုက် ။ ဥပမာ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးကြည့် ၊၊ ဘယ်မြို့တွေ သင်တန်းပေးပြီးပြီလဲ ၊ ဘာလက်နက်တွေ တပ်ဆင်ထားလဲ မေးကြည့်  ထိထိရောက်ရောက် မရှိတာ တွေ့ရလိမ့်မယ် ။ လိမ်နေကြတာ ခပ်တည်တည်ပဲ ။

   
            အမေရိကန်ရဲ့ DOGE လိုမျိုး  မြန်မာက အတုခိုးပြီး ဖွဲ့စည်း  စီစစ်ကြည့်လိုက်ပါ အကောင်းဖက်တော့ ရွေ့လာမှာ သေချာတယ်ဗျ ။ စိုးရိမ်စရာရှိတာက. ဆော်ရင်း ဆော်ရင်း  နဲ့  အဆောက်အဦး နဲ့ ပရိဘောဂလောက် ကျန်နေရင် ဘာလုပ်ရမလဲ ကြိုတွေးဖို့တော့ လိုမယ်ထင်တာပဲ ဗျို့ ။

            ကိုရွှေမျိုးဝင်း
Shown 1 - 24 of 76
Log in to unlock more functionality.