22.02.202506:06
ရခိုင်ပြည်နယ်ရဲ့ ARSA/RSO ပြဿနာနောက်ဆက်တွဲ
လွန်ခဲ့တဲ့ ရက်တွေက ဘူးသီးတောင်၊ မောင်တောဘက်က AA စခန်းကို ARSA တွေဝင်တိုက်တယ်တဲ့။ စစ်ကူပေးဖို့ သွားတဲ့ AA တွေလည်း အခြေအနေမကောင်းဘူးတဲ့ ၊ ပုံမှန်အတိုင်းဆို AA အလိုကျ ထွန်းမြတ်နိုင်အကြောင်း အကောင်းရေးနေကြတဲ့ မီဒီယာတွေပဲတွေ့ရတာဆိုပေမယ့် ဒီတစ်ခေါက်မှာ RFA ရဲ့သတင်းတင်ဆက်ပုံက ထူးဆန်းပြီး ARSA ဘက်ကနေ အလေးပေး ရေးလာတာ ခံစားမိတယ်။
-
AA အနေနဲ့ တပ်ထက်ပိုပြီး ဂရုစိုက်ရမယ့် အရာတွေ အများကြီးရှိနေပါတယ်။ ရခိုင်မြေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့အတူ ရိုဟင်ဂျာပြဇာတ်ကို ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်ဆွဲခေါ်မယ့်အလားအလာမျိုးမြင်ရတဲ့အတွက် ARSA ကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ဘူး။ လူအင်အား/ လက်နက်အင်အားဆိုတာ အထောက်အပံ့တွေရှိလာတာနဲ့ ချက်ခြင်းပြောင်းလဲသွားနိုင်တာကို လူ ၂၆ ယောက်နဲ့စခဲ့တဲ့ AA အသိဆုံးဖြစ်မှာပါ။ ရိုဟင်ဂျာဇာတ်လမ်းကိုလည်း ခရေစေ့တွင်းကျ ရေးခဲ့ပြီးပါပြီ။ (လူမြိုမှ လူမျိုးပျောက်မယ်ဆိုတဲ့ ခေါင်းစဉ်ကို ပြန်ဖတ်ကြည့်ပါ)။
-
ARSA အခု တိုက်ကွက်ဖော်နေတဲ့ မောင်တောဆိုတာ မွတ်တွေအများဆုံးနေထိုင်ကြတဲ့နေရာဖြစ်တယ်။ ရခိုင်တစ်ပြည်လုံးမှာ မွတ်တွေဟာ ၁ သန်းအထက်ရှိပြီးတော့ ရခိုင်လူမျိုး နဲ့ နင်လားငါလား ဖြစ်တော့မယ့် အရေအတွက်ပါ။ တကယ်လို့သာ ARSA ဖြစ်စေ အခြား မူဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်စေ၊ ရခိုင်ပြည်နယ်ထဲက မြို့တစ်မြို့လောက်ကို ရရှိသွားခဲ့မယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေအများကြီးဖြစ်လာမှာပါ။
-
ဆိုကြပါစို့ ။ မောင်တောကို ARSA ကရသွားခဲ့ရင် သူတို့အရင်လုပ်မှာက ရခိုင်နယ်မြေထဲမှာ ပြန့်ကျဲနေတဲ့ မူဆလင်တွေ( အထူးသဖြင့် ရိုလို့ခေါ်တဲ့အဖွဲ့တွေ) ကို အဲ့ဒီမြို့ထဲကို အစုအပြုံ ခေါ်ပါလိမ့်မယ်။ ပြီးရင် ရခိုင်နယ်မြေထဲမှာ ဒုက္ခရောက်နေတဲ့ မူဆလင်တွေကို ကူညီပေးဖို့ ကမ္ဘာကို သတင်းဖြန့်ပါလိမ့်မယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း နောက်ကွယ်မှာ OIC နိုင်ငံတွေက အထောက်အကူရှိနေပါတယ်။
-
AA ကဖြစ်စေ၊ တပ်ဘက်က ဖြစ်စေ ပြန်တိုက်မယ်ဆိုရင် မူဆလင်အများအပြားကို မျိုးတုန်းသတ်ဖြတ်နေပါတယ်ဆိုတဲ့ ဂျီနိုဆိုက်အကွက်ထဲကို ဝင်သွားပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ စစ်တပ်တွေ AA တွေခွဲနေမှာ မဟုတ်ပါဘူး။ အာဂျင်တီးနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ကိုလည်း ဂျီနိုဆိုက်နဲ့ တရားစွဲထားတာ မမေ့ပါနဲ့။
-
တစ်ချိန်တည်းမှာပဲ အခြားမြို့ကြီးတွေမှာ ရှိနေတဲ့ မူဆလင်လူမျိုးတွေပါ ပါဝင်လာတဲ့ အဓိကရုဏ်းပုံစံတွေ ဖြစ်မလာဘူးလို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး။ ရှေးကတည်းက မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းစွာနေထိုင်ကြတဲ့ မူဆလင် လူမျိုးတွေကို အားနာပေမယ့် ဝါဒမှိုင်းတွေ ပြန့်လာတဲ့အချိန်ဆိုရင် ထိန်းချုပ်ရခက်လာမှာကို ကြိုတင်တွေးထားရမယ်။
-
ဒါက AA အရေးမဟုတ်ပါဘူး၊ ရခိုင်အရေးလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံအရေးပါ။ ထွန်းမြတ်နိုင်က ARSA/ RSO ကို တပ်က မွေးမြူတယ်လို့ ဧရာဝတီမှာ ရန်တိုက်ပေးတယ်။ သတင်းတော်တော်များများကလည်း ဒီအတိုင်း လိုက်ပြောလိုက်ရေးကြတယ်။ တကယ်တမ်းပြဿနာဖြစ်လာရင် ခံစားရမှာက ရခိုင်မြေက ရခိုင်တွေဆိုတာပါပဲ။ ဖွတ်မရ ဓားမဆုံး ဖြစ်လာတော့မှ ပေးဆပ်ရတဲ့ လူ့အသက်တွေဟာ အလဟဿဖြစ်ရပါလိမ့်မယ်။
-
အခုရေးနေတာကို လူမျိုးရေး/ ဘာသာရေး ရန်တိုက်ပေးတယ်လို့ လာပြောကြဦးမယ့် ကိုရွှေရခိုင်များကိုလည်း ကြိုပြောချင်တာက ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ အပြင် ဖြစ်နေတာကိုပါ မြင်အောင်ကြည့်ကြဖို့၊ ကိုယ့်လူမျိုးတွေ ဖွင့်ထားတဲ့ မီဒီယာတွေအပြင် အခြားသက်ဆိုင်တဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ မီဒီယာတွေကိုပါ လေ့လာဖို့၊ လွန်ခဲ့တဲ့ နှစ်ထောင်ချီက အာရကန်နိုင်ငံတော်ဟာ ယနေ့ခေတ်မှာ ဖြစ်နိုင်၏/ မဖြစ်နိုင်၏ စဉ်းစားကြဖို့ လိုအပ်ပါကြောင်း။
-
ရခိုင်လူမျိုးကို ကိုယ်စားပြုပါတယ်ဆိုတဲ့ AA ရဲ့လုပ်ရပ်တွေကိုပဲ ပြန်ကြည့်ပါ။ ပေါ်လာကတည်းက ထွန်းမြတ်နိုင် ကလိမ်ကျခဲ့တာတွေ အများကြီးပဲ။ ကိုယ်သာတယ်ထင်ရင် ဝင်တိုက်တယ်။ မသာတော့ဘူးဆိုရင် တပ်နဲ့ ငြိမ်းချမ်းရေးစကားပြောတယ်။ ၁၀၂၇ နဲ့ဆိုရင် ထွန်းမြတ်နိုင် ငြိမ်းချမ်းရေးစကားကို ချိုးဖောက်တာ ၂ ကြိမ်ရှိခဲ့ပါတယ်။ စစ်မှာ မတရားတာမရှိဘူး/ ဘာညာဆိုရင်တော့ ဝဋ်က နောက်မှာ ချက်ခြင်းလိုက်လာနေပြီလို့ပဲ သတိပေးပါတယ်။ AA အနားမှာ ဝိုင်းရံပေးနေတဲ့ မီဒီယာတွေက တစ်ချိန်ချိန်မှာ ဘက်ပြောင်းသွားပြီး RSO/ ARSA ဘက်က အော်ပေးတဲ့အချိန်ရောက်လာတဲ့အခါမှ သဘောပေါက်မယ်ဆိုရင်တော့ နောက်ကျသွားပါလိမ့်မယ်။
(ပိုင်စိုး)
တယ်လီဂရမ်တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1AAdJuB9bo/

22.02.202503:01
ဗန်းမော်မှာ KIA လူဘယ်လောက်ကုန်သွားသလဲဆိုတာ သိသာပါတယ် ။
#MinZawLwin
#MinZawLwin
17.02.202523:31

17.02.202511:16
ဗန်မော်တက္ကသိုလ် အပါအဝင် ဗန်မော်မြို့
တစ်မြို့လုံးကို တပ်မတော်က ထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်

17.02.202506:06
ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါက ရုရှားကို စစ်ရေးအရ အရေးယူမည်ဟု မိမိအနေဖြင့် ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း၊ ဝေါလ်စထရိဂျာနယ်(WSJ) သည် မိမိ၏ ပြောကြားခဲ့သည့် စကားလုံးကို မလိမ့်တပတ်လိမ်လည်၍ အဓိပ္ပါယ်မဲ့စွာ ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ JD VANCEက သူ၏ တွစ်တာတွင် ဖော်ထုတ် ရေးသား
17.02.202505:07
ရွှေတံခါးကြီးဖွင့်ပါဦး
ကဲ…. TNLA လည်း ဒီနေ့ဆို တပ်နဲ့ ကူမင်းမှာ စကားဝိုင်ထိုင်ကြပြီ။ ဒါက ဒီလိုပဲလာမယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ တွက်ထားကြမယ်လို ထင်ပါတယ်။ သဘောတူညီမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ TNLA ဟာ ကိုယ့်ဒေသကိုယ်ပြန်တာ ဒေသခံတွေအတွက်ရော သူတိုကိုယ်တိုင်အတွက်ရော အကောင်းဆုံးဖြစ်မယ်လိုထင်ပါတယ်။
-
သာကောကြီးက သူ့ရဲ့ BRI လိုခေါ်တဲ့ ၂၁ ရာစုပိုးလမ်းမကြီးအတွက် မြန်မာနိုင်ငံကို မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက်၊ နည်းနဲ့ ကစားတယ်။ ပွကြီးကတော့ သာကောကို လိုက်ရှုပ်ဖိုသက်သက်နဲ့ EAOs တွေကို ထောက်ပံ့တယ်။
အခုတော့ အဲ့ဒီအထောက်အပံ့တွေရပ်တန့်သွားတဲ့အချိန်ရောက်လာတာရယ်၊ တပ်မတော်ဘက်ကလည်း ဒရုန်းတွေ လေကြောင်းတိုက်ခိုက်မှုတွေက ထိရောက်လာတဲ့အချိန်မှာ စကားဝိုင်းထိုင်ရပြီပေါ့။ နဂိုကတည်းက ကိုယ့်နယ်မြေကို ကျော်လွန်ပြီး တစ်ခြားလူမျိုးတွေနေထိုင်တဲ့ မြိုတွေကို တိုက်ခိုက်တာဟာ စကားဝိုင်းထိုင်လိုကောင်းအောင်လို ကျွန်တော်ရေးခဲ့သလိုပါပဲ။
-
TNLA အနေနဲ့ မိုးကုတ်ကို ရကတည်းက စကားဝိုင်းထိုင်ခဲ့ရမှာဗျ။ ဒီလိုဆို လေကြောင်းတိုက်ခိုက်မှုတွေလည်း မခံရတော့ဘူး။ ဒေသခံတွေလည်း နည်းနည်းအသက်ရှုချောင်တာပေါ့ဗျာ။ အခုတော့ ကိုယ့်လူအင်အားတွေလည်း ဆုံးရှုး၊ ပြည်သူတွေလည်း ဒုက္ခတွေရောက်။ အခုကျမှတော့ ကိုယ့်ဘက်က အရေးနိမ့်လို ပြောရတဲ့ပုံစံရောက်သွားတာပေါ့။ (ဒါတောင် တအောင်းလွတ်လပ်ရေးနေ့က ထုတ်တဲ့စာအရဆိုရင် စကားဝိုင်းထိုင်ဖိုအကြောင်းမပါဘူး၊ အပြတ်အသတ် လှော်မယ်ဆိုတာကြီးပဲ၊ အခုလို သွားထိုင်တော့ နည်းနည်း ဟာသဖြစ်တာပေါ့)
-
ကျွန်တော်ကတော့ ဘယ်လိုပဲစကားပြောပြော၊ ကြိုဆိုပါတယ်။ အနည်းဆုံးတော့ သဘောတူညီမှုရသွားရင်ကို အဲ့ဒီဒေသက ပြည်သူတွေ နည်းနည်းအသက်ရှုချောင်တယ်ဗျ။ ဥပမာ အခု လားရှိးလိုပေါ့။ MNDAA ကိုလည်း စောင့်ကြည့်ရဦးမယ်။ လူမွေး၊ အားမွေးပြီး ၁၀၂၇ တတိယလှိင်းဆိုတာမျိုးကိုတော့ မလုပ်စေချင်တော့ဘူး။ အခုလောလောဆယ်ဖြစ်နေတဲ့ စစ်ပွဲတွေမှာ တပ်ဘက်က EAOs တွေရဲ့ အခြေစိုက်မြိုတွေ၊ နေရာတွေကို တိုက်ခိုက်တာမျိုး အခုထိ မတွေ့ရသေးဘူး။ သူတိုဆုတ်ပေးလိုက်ရတဲ့ မြိုတွေကိုပဲ ပြန်တိုက်ယူနေတာမျိုးပဲ တွေ့ရတယ်။ ဒါတောင်မှ ကချင်ဘက်မှာ KIA တွေ အခြေအနေမကောင်းဘူး။
-
ဆိုတော့ အာရှမှာ အဆင့်တစ်ခုရှိတဲ့ လေတပ်ကိုလည်း သွားအထင်သေးလိုမရဘူးဗျ။ တတိယလှိင်းလုပ်လို ကိုယ့်လူမျိုး အခြေစိုက်မြိုတွေကို ပေါင် ၅၀၀ ဗုံး ၃၊ ၄ လုံးလောက် သွားချရင်ကို လူမျိုးပျောက်သွားနိုင်တယ်။ ဆုံးဖြတ်ချက်တစ်ခုမှားရင် အရင်ဆုံးပေးဆပ်ရမှာ ကိုယ့်လူမျိုးတွေဆိုတာ ထည့်တွေးထားဖိုလိုမယ်။
AA ကတော့ စစ်တွေလိုလို၊ သာပေါင်းလိုလို ၊ မကွေးလိုလို ထိတွေ့မှုဖြစ်ရုံလောက် တိုက်ပွဲအဖြစ်ပြနေပြီး ဘယ်လမ်းကို လိုက်မလဲဆိုတာ မရေမရာလုပ်နေတယ်။ AA စစ်စခန်းတွေရှိတဲ့နေရာ အတိအကျ Tiktok မှာ ဂြိုလ်တုဓာတ်ပုံတက်လာတာကို သတိရောပြုမိရဲ့လားတော့မသိဘူး။ AAခေါင်းဆောင်ပါးနပ်တယ်ဆိုရင် အခုအချိန်က စားပွဲဝိုင်းထိုင်ဖို အကောင်းဆုံးအချိန်ပဲ။ အခေါက်ခေါက်အခါခါရေးခဲ့သလိုပဲ တိုက်ပြီးသွားတိုင်းလည်း အနိုင်ရတာမဟုတ်ဘူး။ ထိန်းသိမ်းနိုင်မှသာ အနိုင်ရတာဖြစ်တဲ့အတွက် ကိုယ်စစ်ပွဲ ဖော်ဆောင်မယ့်နေရာမှာရှိတဲ့ ပြည်သူတွေကို ငဲ့ကြဖို တိုက်တွန်းလိုတယ်။
-
ဘာတွေဖြစ်လာလဲဆိုတာ ထန်တလန်ကိုကြည့်၊ လွိင်ကော်ကိုကြည့်။ သိမ်းတယ်၊ မြိုတွေပျက်စီးတယ်၊ ပြီးတော့ဘာဆက်ဖြစ်သလဲ။ ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး ခဏတာပျော်ရွှင်မှုရရုံသက်သက်ပဲ ဖြစ်ခဲ့တာမဟုတ်ဘူးလား။ ခေါင်းဆောင်တွေကသာ စားပွဲဝိုင်းရောက်သွားရင် လက်ဆွဲနှုတ်ဆက်ကြမှာ၊ ပျက်စီးသွားတဲ့ မြိုတွေက အကောင်းအတိုင်းပြန်မဖြစ်လာဘူး။
ဒီတော့ ရွှေတံခါးကြီးကလည်း ဖွင့်ထားတုန်းပါပဲ။ စကားပြောလိုရတုန်းမှာ စကားပြောကြပါ၊ ညှိနှိင်းကြပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ အထူးဒေသတွေမှာ တပ်က ဘာတွေများ ဝင်စွက်ဖက်လိုလဲ။ ကွန်ဖယ်ဒရိတ်မပေးရုံတမယ် လက်နက်စက်ရုံနဲ့ ကိုယ်ပိုင်တပ်မတော်တွေနဲ့ ၊ လုပ်ပိုင်ခွင့် အပြည့်အဝရကြတာ။ ဒီအခွင့်အရေးတွေထက် EAOsတွေက ဘာတွေပိုလိုချင်နေတာလဲဆိုတာ စဉ်းစားလိုတောင် မရဘူး။
(ပိုင်စိုး)
Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1EYdjz5qt6/
Telegram

22.02.202504:56
ယနေ့ပြသမယ့် “အတ္တဆူး” ဇာတ်လမ်းတွဲမှာ သနားစရာကောင်းတဲ့ ကောင်မလေး ခြူးခြူးငယ်ဆိုတဲ့ ကာရိုက် တာနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ခြူးလေး
ပူပူနွေးနွေးအကယ်ဒမီ ရရှိထားတဲ့ မင်းသမီး အကယ်ဒမီခြူးလေးကတော့ မိသားစုဒရာမာဇာတ်လမ်းပုံစံ “အတ္တဆူး” ဇာတ်လမ်းတွဲမှာ သနားစရာကောင်းတဲ့ ကောင်မလေး ခြူးခြူးငယ်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ခြူးလေးက ဒီဇာတ်ကားမှာ သူများအိမ်မှာ ကပ်နေတဲ့ သနားစရာကောင်မလေး တစ်ယောက်ပေါ့။ ကိုယ်က ခြူးခြူးငယ်ဆိုတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ အဆင့်အတန်းခွဲခြားတဲ့ မိသားစု အိမ်မှာနေရတယ်ပေါ့နော်။ ဒီနာမည်အတိုင်းပဲ ဆူးတွေကြားထဲမှာ အလောင်မြိုက်ဆုံး ဆူးကတော့ အတ္တဆူးပါပဲ။ မထင်မှတ်ထားတဲ့ ဆူးလေးကြောင့် ခံစားရမယ် ဇာတ်ကားလေးပါ”လို သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။
“အတ္တဆူး” ဇာတ်လမ်းတွဲကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီတိုင်းမှာ M Entertainment Channel ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပြီးတော့ ပြန်လည်ပြသချိန် အနေနဲ့ နံနက် ၈ နာရီနဲ့ နေ့လယ် ၁ နာရီတို့မှာ ပြသမှာလည်းဖြစ်ပါတယ်။
#News

22.02.202502:39
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို တက်ရောက်စဉ် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်
#Speech
#Speech
17.02.202516:14
“ငပြူးကပဲ ပြဲရတယ်ရှိသေး”
============
သတင်းဌာန တစ်ခုမှာ တင်ထားတဲ့ သတင်းလေးတစ်ပုဒ်တွေ့ရင်း ပြောစရာလေး ရှိလာလိုပါ။ လောကမှာ တခါတလေ ငပြူးကများ ပြဲရတယ်ရှိသေးဆိုတဲ့ ကိစ္စတွေရှိတတ်တယ်။ ခုလက်ရှိ နစက အစိုးရက ပြဋ္ဌာန်း တဲ့ စစ်မှုထမ်းဥပဒေကြောင့် တချို လူငယ်တွေ နီးစပ်ရာ ထွက်ပြေးကြ တာတွေ ရှိတယ်။ တချိုကလည်း ထိုင်းဘက်ကို အောက်လမ်းနည်းနဲ့ပြေးကြတယ်။ တချိုကလည်း နည်းမျိုးစုံနဲ့ ရှောင်လိုရအောင် အောက်ခြေမှာ ညှိပြီး လုပ်နေတာတွေ လည်း ရှိတယ်။ ဒါက တပိုင်းသပ်သပ်ပဲ။ ဒါပေမယ့် သေချာတာကတော့ ဘယ်ကောင်မှ PDF ထဲ မပြေးဘူး။ EAO ထဲ မဝင်ဘူး။
-----
ရိုးရိုးလေးပဲ စဉ်းစားကြည့်။ စစ်မှုထမ်းရင်း သေမှာကြောက်လို ထွက်ပြေးရပါတယ်ဆို တဲ့မောင်တွေက အွန်လိုင်းမှာ သူတောင်းစားလို ဘတ်ဂျက်အတွက် LIVE လွှင့်တောင်းစား နေရတဲ့ အဖွဲအစည်းထဲကို၊ နည်းလမ်းပေါင်းစုံနဲ့ အခွန်ကြေးဆိုပြီး ဆက်ကြေးတောင်းစား နေတဲ့ အဖွဲထဲကို ဘာကိစ္စ ကြောင့် ဝင်ရမှာလဲ။ 🥹🥹🥹
---
ဂုဏ်သိက္ခာအရပဲ ကြည့်ဦး။ စစ်ကိုင်းတိုင်း ထဲမှာ PDF အချင်းချင်း သတ်လို သေတဲ့ မသာတွေ အများကြီး။ CDM လုပ်ပြီးထွက်ပြေး လာတဲ့ အမျိုးသမီးတွေကိုတောင် ခြေတော်တင် မုဒိန်းကျင့်တဲ့ကိစ္စတွေကိုတောင် NUG က လက်ရှိ အချိန်အထိ မဖြေရှင်းပေး နိုင်သေးဘူး။ ခုလည်း ထားဝယ်လောင်းလုံဘက်မှာ သာဂရမြိုဟောင်းကို အကွက်ရိုက်ပြီး မြေကွက်ရောင်းစားနေကြတာကလည်း ဒီ မောင် တွေပဲ။ ဒါတောင် ဒီတော်လှန်ရေးခေါင်းစဉ်တပ်ပြီး လက်နက်ကိုင်ကြတာ ၅ နှစ်မပြည့်သေးဘူး။ နောက်တစ်ခါ....ပုလဲ-ယင်းမာပင်ဘက်မှာ အလောင်းတော်ကဿပကြိုးဝိုင်းထဲက သစ်တွေကို တရုတ် ဘက် ရောင်းစားနေကြတာ လည်း ဒီ PDF တွေပဲ။
----
ဆိုတော့….PDF တွေကြောင့် ဂုဏ်သိက္ခာအရ ကောင်းစားသွားပါတယ်ဆိုတဲ့ ကိစ္စရှိရင်… တချက် လောက် ပြောကြည့်ပေါ့။ 😇😇😇တော်လှန်ရေးက ၂ နှစ်မကြာဘူးဆိုတဲ့စကားအောက် မှာတောင် CDM လုပ်ရင်း ဘဝပျက်သွားကြတဲ့သူတွေအများကြီးပဲမဟုတ်ဘူးလား။ လစာလည်း မရဘူး၊ ဥပဒေ အကာအကွယ်လည်း မရှိဘူး။ ခံစားခွင့်တောင် မယ်မယ်ရရ မရှိဘဲ ကိုယ့် MOD ကို ငွေပေးပြီး လက်နက်ပြန်ဝယ်ရတဲ့ အဖွဲအစည်းထဲကို ဘယ်သူတောင်းစားတွေက ဝင်မယ်ထင်လိုလဲ။
----
နရီမိုး

17.02.202509:37
အကောင်းမကုန်လို့ အကုန်မကောင်းတာပါ။😂😂😂
#MinZawLwin
#MinZawLwin

17.02.202505:51
တောထဲက PDF အကြမ်းဖက်တွေသာ သေကြေ၊ ငတ်ပြတ်၊ ဘဝပျက် ဒုက္ခရောက်နေကြပေမယ့် NUG အကြမ်းဖက်အဖွဲက လူ့အခွင့်အရေးဒုဝံချီး ဗဟန်းထန် တို မိသားစုကတော့ ၂၀၂၅ နှစ်သစ်ကူးချိန်မှာ ခွက်ခေါက်လိုရတဲ့ ပိုက်ဆံတွေနဲ့ ဗီယက်နမ်နိုင်ငံကို မိသားစုလိုက် အားလပ်ရက်ပျော်ပွဲစားခရီး ပျော်ပျော်ကြီးထွက်နေတာပဲ 😂😂😂
#MinZawLwin
#MinZawLwin

17.02.202504:47
PDF တွေက အလှူအိမ်ကို သေနတ်နဲ့ဝင်ပစ်လို ၁၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုမှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ NUG ရဲ့လက်အောက်ခံ PDF ဆိုသူတွေက အလှူအိမ်တစ်အိမ်ကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါဖြစ်စဥ်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပခုက္ကူမြို၊ ကွက်သစ်ရပ်ကွက်မှာရှိတဲ့ အလှူရှင် ဦးစည်သူထွန်း ဆိုသူရဲ့နေအိမ်ကို လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားတဲ့ PDF အုပ်စု ဆိုင်ကယ် ၅ စီးနဲ့ရောက်ရှိလာကာ သေနတ်နဲ့ပစတ်ခတ်ခဲ့ကြတာလို ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ဖိုးခွားဆိုသူကလေးငယ် သေဆုံးခဲ့ပြီး မောင်ကျော်မိုး အမည်ရှိတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပခုက္ကူမြိုရှိ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို သိရပါတယ်။

22.02.202504:15
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်
#Speech
#Speech

22.02.202500:23
တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin
#MinZawLwin
17.02.202513:54
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်
17.02.202507:19
“လည်တော့လည်တယ်။ အပတ်မပြည့်ကြဘူး”
======
၁။ NUG မှာ အောင်ကျော်မိုးကို ဒုဝန်ကြီးရထူး အလကားပေးထားတာ မဟုတ်ဘဲ။ အရေး ကြုံလာရင် ဘင်္ဂလီကို အကြောင်းပြုပြီး OIC ဘက်ကနေ မြိုးမြိုးမြတ်မြတ် လေးရဖိုက ဒီတလမ်းပဲရှိတာ မဟုတ်ဘူးလား။
---
၂။ ခုလည်း အာဂျင်တီးနားဘက်က ဝရမ်းကပ်တော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံနဲ့ နိုင်ငံတော်ရဲ့ သမ္မတ(ဟောင်း)ဆိုတဲ့သူတွေနဲ့ ပတ်သက်ပြီး NUG ဘက်က ဘာများကန့်ကွက်တာ တွေ့ရလိုလဲ။ တကယ်တော့ လူထုခေါင်းဆောင်လို နာမည်ခံထားတယ်ဆိုတာ သူတို လုပ်တဲ့ တော်လှန်ရေးအပေါ်မှာ ပြည်သူပါအောင် တံဆိပ်ကပ်ထားရုံထက် မပိုပါဘူး။ မြန်မာစကားပုံဆိုရင်တော့ မျောက်ပြပြီး ဆန်တောင်းစားတယ်လိုပဲ ဆိုရမယ်။
-----
၃။ ပုံမှန်အတိုင်းဆိုရင်တော့….ဒေါ်စုလည်း အကြမ်းဖက်လမ်းစဉ်ကိုထောက်ခံတဲ့သူ တော့ မဟုတ်ဘူး။ ခု NUG ခေါင်းဆောင်တွေ၊ NLD ရဲ့ CEC တချိုကိုယ်တိုင် လက်နက်ကိုင် လမ်းစဉ်လိုက်ပြီး အကြမ်းဖက် လူသတ်နေတဲ့အပေါ်မှာ ဒေါ်စုအနေနဲ့ရော လက်သင့်ခံ မယ်ထင်လိုလား။ ထင်တယ်လို ယူဆရင်…ဒေါ်စုက ဒီအကြမ်းဖက်လုပ်ငန်းစဉ်ကို တာဝန် ခံပေးရမလို ဖြစ်သွားမှာပေါ့။ သူလည်း အရူးမှမဟုတ်ဘဲ။
----
၄။ အစကတည်းကပြောခဲ့တယ်။ NUG ဆိုတာ ဒေါ်စု ပြန်လွတ်လာမှာကို အကြောက် ဆုံးပဲ။ ခုလည်း တော်လှန်ရေး ဘမ်းပြပြီး အလှူငွေတွေနဲ့ ကြီးပွားနေသလို တတိယနိုင်ငံ မျှော်လင့်ချက်အိမ်မက်တွေ ပျက်လုလုဆဲ ဖြစ်တဲ့အခါရောက်မှ အရူးချီးပန်းနဲ့ ဘင်္ဂလီဘက်လှည့် လာတာ သိပ်တော့မထူးဆန်းပါဘူး။ ရွေးကောက်ပွဲလည်း နီးပြီ မဟုတ်လား။ ဒေါ်စု မွေးနေ့ နား နီးရင်တော့ ဟက်ပီဘက်ဒေး အမေစု ဆိုပြီး အော်ကြဦး မှာပါ။ ဒါပေမယ့် ပြန်တော့ လွတ်စေချင်ပုံ မပေါ်ဘူး။
----
၅။ ခုလည်း ဒေါ်စု ဝရမ်းအကပ်ခံရတဲ့အပေါ်မှာ ဘယ်ဒူးမနာသားတွေက ကန့်ကွက်တာ မြင်ရလိုလဲ။

17.02.202505:28
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားကို မွန်ပြည်နယ်၀န်ကြီးချုပ်နှင့် ရတခ ဒုတိယတိုင်းမှူးတို တက်ရောက်ဂုဏ်ပြုခဲ့

17.02.202504:29
အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
22.02.202503:39
ကျားဖြန့်လုပ်ကိုင်သူ ပြည်ပနိုင်ငံသား ၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ၁၄၂၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို လွှပြောင်းပေးရန် အသင့်ဖြစ်နေပြီဟုဆို
အိမ်နီးချင်းနိုင်ငံအချိုကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီးနောက် ကရင်ပြည်နယ် မြဝတီမြို- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို အမြန်ဆုံးပြန်လည်လွှပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲများဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြထားပါတယ်။

18.02.202510:37
အကောင်းမကုန်လို့ အကုန်မကောင်းတာပါ။ ဘာခုမှ ဟိုလူ လွှဲချ၊ ဒီလူ့ လွှဲချ လုပ်နေတာလဲ?
#MinZawLwin
#MinZawLwin

17.02.202511:37
တောင်ခမ်းအား တပ်မတော်မှ
အပြည့်အဝ ပြန်လည်ထိန်းချုပ်
အပြည့်အဝ ပြန်လည်ထိန်းချုပ်

17.02.202507:00
နေပြည်တော် ဧလာလေဆိပ်အား ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး သိမ်းဆည်းရမိ
နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ အေးချမ်းသာအုပ်စု၊ အုတ်ဖိုရှောင်း ကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးတွင် ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး တွေ့ရှိရကြောင်း သိရပါတယ်။
ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ကို.......၊ ရေကာအုပ်စု၊ ဗွက်ကြီးရိုးကျေးရွာ၊ လယ်ဝေးမြိုနယ်နေသူမှ လှည်းမောင်းစဉ် ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိခဲ့သဖြင့် ရေကာအုပ်ချုပ်ရေးမှုးထံ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နေရာသို နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် နေပြည်တော် နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး ရဲမိုး အပါဝင် လုံခြုံးရေးပူးပေါင်းအဖွဲမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

17.02.202504:12
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Shown 1 - 24 of 183
Log in to unlock more functionality.