Lee Eun Hoဆိုတဲ့အမည်လွှကိုသုံးပြီး အလုပ်လာလုပ်တဲ့ ဂျိုဆွန်းရဲ့ မင်းသား Lee Eun၊ ယောက်ျားလေးဟန်ဆောင်ထားတဲ့ Hong Deok Soo၊ Yongcheonruရဲ့ အမွေဆက်ခံသူ Chun Jun Hwaနဲ့ အင်အားနည်းလာတဲ့မိသားစုကို ပြန်လည်တည်ဆောက်ချင်တဲ့ Go Soo Raတို လေးယောက်သား Yongcheonruမှာအလုပ်အတူတူလုပ်ကြရင်း တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ ခင်မင်မှုတွေကို ရိုက်ပြထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးဖြစ်ပါတယ်
01.02.202505:31
My Sweet Mobster (2024)
အရင်က လူမိုက်တစ်ယောက်ဖြစ်ခဲ့တဲ့ Seo Ji Hwan ဟာ သူ့ရဲ့ပြဿာအိုးဘဝကြီးကို စွန့်လွှတ်ပြီး ခရီးတစ်ခုစတင်ထွက်ဖိုလုပ်ခဲ့ပါတယ် သူ့ရည်ရွယ်ချက်ကတော့ ကိုရီးယားအနှံခရီးသွားရင်း ဒုစရိုက်အဖွဲအစည်းတွေကို ဖြိုဖျက်ပြီး အပြစ်သားဟောင်းတွေကို အသစ်ပြန်စဖိုလက်ကမ်းပေးဖိုပါ ဒီလိုဘဝသစ်ပြန်စဖိုကြိုးစားနေတဲ့လမ်းမှာ ကလေးတွေအတွက်ဗီဒီယိုလေးတွေဖန်တီးရိုက်ကူးပေးတဲ့ ငယ်သူငယ်ချင်း Go Eun Ha ကို ပြန်တွေ့ခဲ့ရပါတယ် Eun Ha ကတော့ ငယ်စဉ်တုန်းက တစ်ဦးတည်းသောသူငယ်ချင်း၊ သူ့အတွက် ကာကွယ်သူကြီးဖြစ်ခဲ့တဲ့ Ji Hwan ကိုပုံစံယူပြီး နွေးထွေးကြင်နာမှုရှိတဲ့ ဗီဒီယိုလေးတွေကို ကလေးတွေအတွက်တင်ဆက်ပေးနေတာဖြစ်ပါတယ် သူတိုတွေပြန်တွေ့ချိန်မှာ Eun Ha တစ်ယောက်Ji Hwan ရဲ့ အပြင်ပိုင်းကြမ်းတမ်းတဲ့ပုံကို ဖောက်ထွင်းမြင်ပြီး အတွင်းက နူးညံ့ကြင်နာတတ်တဲ့ တစ်ဖက်ခြမ်းကို မြင်သာအောင်လုပ်ပေးကာ Ji Hwan ရဲ့ မကောင်းတဲ့အတိတ်ကနေ နောက်တစ်ကြိမ်အသစ်ပြန်လည်စတင်နိုင်အောင် မျှော်လင့်ချက်ပေးကူညီသွားမှာပဲဖြစ်ပါတယ် ချစ်စရာအသွင်အပြင်တွေအပြည့်ရှိတဲ့ Eun Ha ၊ ကြမ်းကြမ်းတမ်းတမ်းကိုကိုလူမိုက်ကြီး တို့ကိုကြည့်လိုက်ကြရအောင်
နာမည်ကြီးမင်းသား Lee Min Ho နှင့် မင်းသမီး Gong Hyo တို့ကအဓိကပါ၀င် သရုပ်ဆောင်ထားပြီး အာကာသစခန်းမှာ အလုပ်လုပ်ကိုင်ကြတဲ့ Commander Eve ဆိုတဲ့ ကောင်မလေးနဲ့ Gong Ryong ဆိုတဲ့ ကောင်လေးတို့ရဲ့ ဆန်းကြယ်လှတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တဲ့ ဒရာမာလေးကို Jan 4 ရက်နေ့မှာစလွှင့်ပါမယ်