#တောင်းဆိုမှုတွေများတဲ့_ပလောင်_နဲ့_ဆွေးနွေးပွဲ_အဖြေမထွက်
____________
ဖေဖော်ဝါရီ (၁၆)ရက်နေ့က စတဲ့ ကူမင်းက
နစက နဲ့ TNLA ဆွေးနွေးပွဲ မနေ့ကအထိ အဖြေမထွက်ခဲ့ပါဘူး။
ဒီနေ့ တတိယနေ့ ထပ်မံဆွေးနွေးမှုမရှိဘူးလို့လဲကြားနေရပါတယ်။
အဓိကက TNLA အနေနဲ့ TPCC ရဲ့
အစည်းအဝေးဆုံးဖြတ်ချက်ကိုအကြောင်းပြပြီး
၁၀၂၇ စစ်ဆင်ရေးအတွင်းသိမ်းထားတဲ့မြို့တွေကိုသာမက
ကျန်နေတဲ့မြို့တွေကိုပါ ငြိမ်းချမ်းရေးအကြောင်းပြ
အ ချောင် နှိုက်ဖို့စဥ်းစားထားတာကြောင့်လို့ဆိုရမှာပါ။
ဒီနေရာမှာ TNLA ဖက်က ဦးဆောင်ပါဝင်သူ
မိုင်းဂျုတ်ဂျာအကြောင်းနဲ့ စတင်ရမယ်ထင်ပါတယ်။
(၁၉၉၁)ခုနှစ်က
နဝတ အစိုးရနဲ့ PSLO/PSLA အပစ်ရပ်လိုက်တဲ့အချိန်
အပစ်မရပ်ချင်တဲ့အစွန်းရောက် (၇)ယောက်ရှိပါတယ် ။
အဲဒီမိုင်းတင်မောင် ခေါ် မိုင်းဒွယ်ဝေါင်း၊ မိုင်းဂျုတ်ဂျား၊
မိုင်းအိုက်ဘုန်း၊ မိုင်းအိုက်ပန်း၊ မိုင်းအောင်ဆာ၊ မိုင်းဘအေးနဲ့
မိုင်းစိန်ထွန်းတို့ဖြစ်ပြီး လက်ရှိကူမင်းဆွေးဆွေးပွဲဦးဆောင်နေတာ
ဗဟိုကော်မတီဝင်ဖြစ်ခဲ့တဲ့ မိုင်းဂျုတ်ကျား ဖြစ်နေလို့ပါပဲ။
ပြောရရင်တော့ ပလောင် လနကိုင်လမ်းစဥ်က
(၁၉၆၃)ခုနှစ်မှာ PNF အနေနဲ့စတင်ခဲ့ပြီး
(၁၉၇၆)ခုနှစ်မှာ PSLO/PSLA အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ့နောက် (၁၉၉၁) ခုနှစ်မှာ နဝတ အစိုးရနဲ့ အပစ်ရပ်ပြီး
(၁၉၉၅)ခုနှစ် မန်တုံဘောလုံးကွင်းမှာ လနစွန့်ခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ နိုင်ငံတော်ဖက်က
ဖက်ဒရယ်မူချဥ်းကပ်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အနာဂတ်ရည်မှန်းချက်တွေထားရှိခဲ့လို့
ပလောင် လနကိုင်လမ်းစဥ်တခန်းရပ်ခဲ့တယ်လို့ထင်ခဲ့ရပေမယ့်
မိုင်းဂျုတ်ဂျားတို့က ပေးထားချက်တွေကျော်လွန်ပြီး
လဖက်ခူးရင်း ပလောင် နိုင်ငံတော်စိတ်ကူးယဥ်ခဲ့တာကြောင့်
PSLO/PSLA ခွဲထွက် PSLF ကိုဖွဲ့စည်းခဲ့ကြလို့ပါ။
ဆိုလိုတာက
မိုင်းဂျုတ်ဂျားရဲ့နိုင်ငံရေးခံယူချက်က အစွန်းရောက်ဖြစ်နေလို့ပါပဲ ။
ဒီတော့ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုတွေနဲ့
ဆွေးနွေးပွဲတက်လာတာကြောင့် အဖြေမထွက်ခဲ့တာလို့ ယူဆလို့ရပါတယ်။
ဆိုတော့ (၁၉၉၁) ခုနှစ်မှာ အပစ်ရပ်ပြီးနောက်
အပစ်မရပ်ချင်တဲ့ ဂျုတ်ဂျားတို့က (၁၉၉၂) ခုနှစ်မှာ
KNU ရဲ့ မာနယ်ပလောဖက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး
PSLO/PSLA ခွဲထွက်အဖွဲ့အဖြစ် လက်ရှိ PSLF ကို
(၁၉၉၂)ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြပါတယ်။
(၁၉၉၂)ခုနှစ်ကနေ (၂၀၀၉)ခုနှစ်အထိ KNU ဒေသမှာပဲ
ကရင်တွေ ပေးတာယူ ကျွေးတာစား
မှောင် Kho လုပ်ငန်းလုပ် အချိန်ဖြုန်းရင်းနဲ့ နေခဲ့ကြပေမယ့်
(၂၀၁၀)ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလကို အခွင့်ကောင်းယူပြီး
PSLF ရဲ့ တတိယအကြိမ်ညီလာခံကနေ
(၂၀၀၉)ခုနှစ် အောက်တိုဘာမှာ TNLA ကိုဖွဲ့စည်းခဲ့ကြပါတယ်။
ဒါကြောင့်
PSLF မွေးဖွားလာပုံနဲ့ TNLA မွေးဖွားလာပုံ ရေခံမြေခံက
ပလောင်နိုင်ငံတော်ထူထောင်ရေးကို အခြေခံထားတာဖြစ်ပြီး
မိုင်းတင်မောင် မိုင်းဂျုတ်ဂျားတို့က လူလတ်ဖြစ်တဲ့ တာဘုန်းကျော်နဲ့
တာအိုက်ပေါင်းတို့ကို TNLA ကိုဦးဆောင်စေခဲ့တာဖြစ်ပါတယ် ။
(၂၀၁၁)ခုနှစ် အောက်တိုဘာလမှာ KNU မာနယ်ပလောကနေ
ကချင် KIA ဒေသကို ခိုးဝင်ပြီးတော့ စစ်သင်တန်းတက်ရာကနေ
လနကိုင် လမ်းစဥ်ကိုတကျော့ ပြန်လည်ဝင်ရောက်ခဲ့ကြတာပါ။
အဲဒီနောက် အင်အားပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီး
တရုတ်ကောင်းမှုကြောင့်
၁၀၂၇ ပထမပိုင်းမှာ MNDAA ဦးဆောင်မှုမှာပါဝင်ခဲ့သလို
၁၀၂၇ ဒုတိယပိုင်းမှာ PDF တွေကိုဦးဆောင်ပါဝင်ခဲ့ပါတယ် ။
သီပေါမြို့အပါအဝင် မြို့နယ် (၁၂)မြို့ကို ထိန်းချုပ်ထားပါတယ် ။
လက်ရှိမှာ TNLA က တပ်မဟာ (၉)ခုနဲ့
တပ်ရင်း (၄၅)ခုအထိအင်အားချဲ့ထွင်ထားတယ်ဆိုပေမယ့်
တောင်ခမ်း တိုက် ပွဲ မှာ အင်အားထောင်ချီပြုန်းတီးထားသလို
ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ နစက လေ ကြောင်း ကြောင့်
မြို့အုပ်ချုပ်ရေးကို အပြည့်မဝမလည်ပတ်နိုင်သေးပါဘူး
ဒါပေမယ့် သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်းထဲအထိ
TNLA အင်အားတချို့စိမ့်ဝင်နေရာယူထားပြီးဖြစ်ပါတယ်။
အခုလို နယ်မြေချဲ့ဝင်ရောက်မှုတွေကို နစကဖက်က
မထိန်းချုပ်သေးတာကလဲ နိုင်ငံရေးအကျပ်အတည်းတခုပါပဲ။
#ဆွေးနွေးပွဲပျက်ရခြင်း_အစ
_________
ဒီနေရာမှာ ဆိုလိုရင်းကို ပြန်ဆက်ရရင်
ကူမင်းဆွေးနွေးပွဲမှာ TNLA ဖက်ကဆွေးနွေးကြမယ့် ခေါင်းစဥ်က
တအောင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC ရဲ့မူအရ
သူတို့လျာထားတဲ့ နယ်မြေသတ်မှတ်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီလို နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေကြောင့်
(၂၀၂၄)ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ နိုင်ငံရေးနည်းလမ်းနဲ့
ဖြေရှင်းလိုတယ်ဆိုတဲ့ Statement တစောင်ကို TNLAထုတ်ခဲ့ပြီး
(၂၀၂၄)ခုနှစ် ဒီဇင်ဘာ ပထမပတ်မှာ တရုတ် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမယ့် (၂၀၂၅)ခုနှစ် ဇန်နဝါရီ (၁၂)ရက်နေ့ PSLF/TNLA
နှစ်ပတ်လည်မှာ နစကကို အမြစ်ပြတ်ချေမှုန်းမယ်လို့
စစ်ကြေညာခဲဲ့တဲ့အတွက် ဇန်နဝါရီ (၂၁)ရက်နဲ့ (၂၂)ရက်နေ့မှာ
နစကဖက်က နောင်ချို နဲ့ ကျောက်မဲက TNLA အမာခံနေရာတွေ ၊
နောက်တန်းထောက်ပို့နေရာတွေကို လေ ကြောင်း က တိုက်ခိုက်ခဲ့ပါတယ်။