Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
ခင် ညို ချော avatar
ခင် ညို ချော
ခင် ညို ချော avatar
ခင် ညို ချော
ထိုင်း၊ မလေး၊ ဒူဘိုင်း ကိုပဲ စေလွှတ်တာမဟုတ်ဖူး ရုရှားကိုပါ စေလွှတ်တော့မယ်..

အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပေါလာတာ ကောင်းပါတယ်..
24.02.202509:41
23.02.202507:29
နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်
မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့်ဂိုဏ်းဝင်တွေကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှာ စတင်ကြားနာစစ်ဆေးနေ
……………………………………………

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

ရာဇဝတ်မှုတွေ တစ်သီတစ်တန်းကြီးကျူးလွန်ထားတဲ့ မြန်မာနိုင်ငံမှာ အခြေစိုက် ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) တစ် ခုရဲ့ အဖွဲ့ဝင် ၂၃ ဦးကို တရုတ်နိုင်ငံ တရားရုံးတစ်ခုက စတင်ကြားနာစစ်ဆေးနေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှာ ရေး သားဖော်ပြထားပါတယ်။
ယနေ့ကျင်းပပြုလုပ်တဲ့တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) အမှတ်စဉ် (၁၂၈) ကို တပ်ချုပ်ကိုယ်တိုင်ဆင်းပေးတာ ထူးခြားတယ်..

*သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တရားသောစစ်ကို ဆက်လက်ဆင်နွှဲမယ်ဆိုပြီး ပြတ်ပြတ်သားသားပြောကြားသွားတယ်။*

တိုက်ပွဲသတင်းစုံ
20.02.202504:02
သတိထားဖို့ပါ...
တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်လေးဖွဲ့ကို Facebook ပိတ်ပင်ဟုသိရ..
+++++
AA ရခွီး ၊ MNDAAကိုးကန့်၊KIA ဂျင်းဖော နဲ့ TNLA ပလောင်တို့ရဲ့စာမျက်နှာတွေကို Facebook ကုမ္ပဏီကဒီနေ့ဖယ်ရှားလိုက်ပါတယ်။

ဒီအဖွဲ့တွေဟာမြန်မာနိုင်ငံအကြမ်းဖက်မှုတွေမှာပါဝင်ပတ်သက်နေပြီးအရပ်သားတွေအပေါ်တိုက်ခိုက်မှုတွေအတွက်တာဝန်ရှိသူအကြမ်း ဖက်တွေဖြစ်တယ်ဆိုတဲ့အထောက်ထားတွေတွေ့ရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မြန်မာနိုင်ငံတိုင်းရင်း သားဒေသတွေမှာအကြမ်းဖက်မှုပြဿနာတွေရဲ့အရင်းအမြစ်ဟာရှုတ်ထွေးပြီး၊ Facebook လိုဆိုရှယ်မီဒီယာကုမ္ပဏီအနေနဲ့ မဖြေရှင်းနိုင်ကြောင်း၊ဒါပေမယ့်လှုံ့ဆော်တာတွေအမုန်းတရားဖြန့်ဝေတာတွေကိုတော့ အတတ်နိုင်ဆုံးကန့်သတ်သွားမှာဖြစ်ကြောင်းလည်းပါရှိပါတယ်။

အခုပိတ်ပင်ခံလိုက်ရတဲ့အဖွဲ့ ၄ ဖွဲ့လုံးဟာအစိုးရနဲ့အပစ်ရပ်စာ ချုပ်လက်မှတ်မထိုးသေးတဲ့အကြမ်းဖက်အဖွဲ့တွေဖြစ်ပါတယ်။

-KIA ၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်အကြမ်းဖက်တပ်ဖွဲ့တွေရဲ့အမှတ်တံဆိပ်များ။
24.02.202509:40
ရွှေကုက္ကိုလ် ကျားဖြန့်နောက်ကွယ်က ဖဒိုကွယ်ထူးဝင်း

ကျားဖြန့်online လိမ်လည်သူတွေကို မြန်မာတရုတ်ထိုင်းသုံးနိုင်ငံ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန်နှိမ်နင်းလျက်ရှိပါတယ်။

KNU ဥက္ကဌ ဖဒိုကွယ်ထူးဝင်း ထင်ထင်ရှားရှားပါဝင်ပတ်သက်နေတဲ့ မြဝတီမြို့အနီးက ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေမှာရှိတဲ့ကျားဖြန့်လုပ်ကိုင်နေသူ ပြည်ပနိုင်ငံသားတွေကို နစကအစိုးရဖက်မှ ဖမ်းဆီးထိန်းသိမ်းလျက်ရှိပါတယ်။

ယခုရက်ပိုင်း သတင်းတွေအရ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ပြည်ပနိုင်ငံသား ၂၂၂၀ ဦး ဖော်ထုတ်ထိန်းသိမ်းခဲ့ပြီး ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး နစကအစိုးရရဲ့ BGF တပ်မှူးစောချစ်သူကို ထိုင်းနိုင်ငံကဖမ်းဝရမ်းထုတ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် KNU ဥက္ကဌ ဖဒိုကွယ်ထူးဝင်း ပါဝင်ပတ်သက်မှုတွေကိုတော့ ထိုင်းဘက်ကအသံသိပ်မထွက်တာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဖဒိုကွယ်ထူးဝင်းရဲ့အိမ်ကို ထိုင်းရဲတွေ ဝင်ရောက်ရှာဖွေခဲ့ပေမယ့်လည်း ကျားဖြန့်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမတွေ့ရှိဘူးလို့ဆိုပါတယ်။ BGF တွေထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ လာရောက်လုပ်ကိုင်တဲ့ ကျားဖြန့် လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ KNU အဖွဲ့က အကျိုးအမြတ်တွေရရှိနေတာ ထိုင်းအာဏာပိုင်တွေကသိရှိပြီး ဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းတွေ စတင်ဆောင်ရွက်စဉ်က KNU အဖွဲ့ ပိုင်စီးပွါးရေးကုမ္ပဏီတွေနဲ့တရုတ်လုပ်ငန်းရှင်တွေ အဓိကပူးပေါင်းဆောင်ရွက်ထားတဲ့ စာချုပ်စာတမ်းများထွက်ပေါ်လာပြီး အဲ့ဒီအချိန်က တပ်မဟာ(၄) တပ်မဟာမှူး ဖြစ်ခဲ့တဲ့ ဖဒိုကွယ်ထူးဝင်းကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ခိုင်မာတဲ့သက်သေတွေလူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေရပါတယ်။

လက်ရှိရွှေကုက္ကိုလ်နယ်မြေကို ပြည်ပနိုင်ငံသားတွေရောက်ရှိလာဖို့အတွက် KNU အဖွဲ့ရဲ့ခွင့်ပြုချက်မရှိရင် လာရောက်ဖို့မဖြစ်နိုင်တဲ့အတွက် ယခုဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၂၀၀၀ ကျော်ဟာ KNU အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ရောက်ရှိလာသူများသာဖြစ်ပါတယ်။

အတည်ပြုဆဲသတင်းတွေအရ ဖဒိုကွယ်ထူးဝင်းဟာ သူ့နယ်မြေထဲမှာရောက်ရှိနေတဲ့ ကျားဖြန့် online လုပ်ကိုင်သူတွေကို လုံခြုံစိတ်ချရတဲ့ KNU ထိန်းချုပ်နယ်မြေများကို ပို့ဆောင်လျက်ရှိနေကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဖဒိုကွယ်ထူးဝင်းဟာ တရုတ်နိုင်ငံကအလိုရှိနေတဲ့ ထိုင်းနယ်စပ်က ကျားဖြန့်ခေါင်းကိုင် ဒုတိယပယ်ဆောက်ချိန် ဖြစ်နေမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် . . . . .
Aung Shinn
23.02.202506:50
ဆင်ဖြူတော် ဘဒ္ဒဝတီ (၅၃) နှစ် သေဆုံး

ဖေ ၂၂ ရက် နေ့လည်ပိုင်းအချိန်က ဆင်ဖြူတော် ဘဒ္ဒဝတီ(အမ) (၅၃)နှစ်သည် အစာစားနေစဉ် မူးလဲသွားပြီး ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားခဲ့ပါသည်။
-
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်၊ ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူ အထီး ၂ ကောင်၊ အမ ၅ ကောင်၊ ဆင်မဲ အထီး ၁ ကောင်၊ အမ ၂ ကောင်၊ ပေါင်း ၁၀ ကောင်ရှိသည့်အနက် ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူ(အမ) သေဆုံးခဲ့ခြင်း ဖြစ်သည်။
-
ဘဒ္ဒဝတီအား ၂၀၁၀ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာ၌ ပေါ်ထွန်းခဲ့ပြီး နေပြည်တော်သို့ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
21.02.202507:56
တရုတ်နိုင်ငံသား (၃၀၀) ဦး ထပ်မံလွှဲပြောင်းပေးအပ်
………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Crd
20.02.202509:28
ပေါက်ခေါင်းမှာ ppdfနေထိုင်ရာ နေရာများအား စက် တပ်လေထီးများနဲ့ ဗုံးကြဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်-ပေါက်ခေါင်း ကားလမ်းမှာ စစ်တပ် ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲနဲ့ အနီးတစ်၀ိုက် ရွာခြောက်ရွာခန့်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းမှ စတင်ပြီး စက် တပ်လေထီးများနဲ့ ဗုံးကြဲရှင်းလင်းတယ်လို့သိရပါတယ်။

မြောက်ကန်ကလေး၊ အိုင်ဇောက်၊ ကြို့ပင်၊ သစ်ရောင်းပြန်၊ ငှက်တော်ဦးနဲ့ နတ္တလင်းရွာတွေက ဒေသခံတွေဟာ ပေါင်းတလည်မြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေကို တိမ်းရှောင်ခဲ့ကြပါတယ်။

စစ်တပ်က မြေပြင်ကနေ စစ်ကြောင်းဝင်ရှင်းနေတာတွေရှိသလို မနေ့က ညပိုင်းမှာ စက်တပ်လေထီး သုံးစင်းနဲ့ ရွာတွေပေါ် ကင်းထောက်ဗုံးကြဲပြီး လက်ရှိမှာ ပေါင်းခေါင်းမြို့က တိုက်ပွဲဖြစ်ရာနေရာတစ်၀ိုက်မှာ အင်တာနက် လိုင်းပါ ဖြတ်တောက်ထားပြီး ပေါက်ခေါင်းမြို့ အဝင်အထွက်ကိုလည်း စစ်တပ်က ကန့်သတ်လိုက်ပြီလို့ ဆိုပါတယ်။

ပြည်-ပေါက်ခေါင်းကားလမ်းမှာ ခလရ(၅၃)မှ ပြည်မြို့မှာ ရိက္ခာထုတ်ပြန်လာသော စစ်ကားတစ်စီးကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေမှာ ပြည်ခရိုင် အမှတ် (၃၆၀၁) - မှ PPDF များက ပုန်းအောင်းပစ်ခတ်ကြရာ စစ်သားတချို့နှင့်အတူကိုယ်ဝန်ဆောင်မိခင်နှင့်သားဖွားအကူ အမျိုးသမီးပါသေဆုံးပြီး ကားပါမီးလောင်ခဲ့ပါတယ်။

file photo
20.02.202503:45
မိန့်ခွန်း ကောက်နုတ်ချက်။

Crd
24.02.202514:25
နယ်မြေအလိုက် အဆင့်မြင့်ဒရုန်းများ အစင်းပေါင်းသိန်းချီပြီး ထောက်ပံ့ထားကာအကြမ်းဖက်များကိုဆက်လက် အရှိန်မြှင့်တင်နိုမ်နင်းမည် ဟုသိရသည်။

#တပ်မတော်အဆင့်မြင့်ဒရုန်းတပ်ဖွဲ့
24.02.202509:39
ပြည်ထောင်စုဝန်ကြီးက “Mekong-Ganga Food Festival” ပွဲတော်မှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဥ်ကျေးမှု
အမွေအနှစ် ဟုသာ သုံးစွဲကြပါရန်
21.02.202507:33
နိုင်ငံရေးပါတီများ၏ လက်ရှိအခြေအနေ
20.02.202509:28
20.02.202503:44
လူအင်အား (၅၀၀၀) ပြည့်မီစေရန် ဖားကန့်တွင် KIO၊ KIA အကြမ်းဖက်အဖွဲ့က အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများပြုလုပ်နေ

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ KIO၊ KIA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ လူအင်အား (၅၀၀၀) ပြည့်မီစေရန် ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ မော်စီဆာ နေရာအနံ့တွင် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဖားကန့်မြို့ခံများထံမှသိရသည်။

Credit: Kyaw Win Maung
နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage နိုင်ပြီး ယင်းဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများပြတ်တောက်နိုင်
………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်ကြောင်း သိရသည်
24.02.202509:22
ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်အား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်
21.02.202513:58
#မြန်မာ့သနပ်ခါး
#UNESCO
21.02.202507:18
Breaking News‼‼‼
20.02.202505:42
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှုပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း
………………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှုပြီး အစိုးရ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
For your Information...
Паказана 1 - 24 з 154
Увайдзіце, каб разблакаваць больш функцый.