Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ဖောင်းကားစားဖိုးကဲကြီး avatar
ဖောင်းကားစားဖိုးကဲကြီး
ဖောင်းကားစားဖိုးကဲကြီး avatar
ဖောင်းကားစားဖိုးကဲကြီး
April-30

▪️ရဟန်းသံဃာတော်တွေကို အမျိုးမျိုးစော်ကားသတ်ဖြတ်နေကြတဲ့
ဘာသာ သာသနာဖျတ် ပြည်ဖျတ်တွေတော့ သာသနာစောင့်နတ်မင်းတွေက ဒဏ်ခတ်နေပြီ။

▪️ငရဲက နောင်ဘဝမကူးဘူးနော်။
23.04.202511:46
ထို့အပြင် လီကွမ်ယူက ဒေါ်စုကြည်ရဲ့ အရည်အချင်းနဲ့ မြန်မာနိုင်ငံကို နိုင်နင်းအောင် ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် ဒီမိုကရေစီရဲ့ ပြယုတ်အနေနဲ့သာ နေသင့်ကြောင်း ပြင်းထန်မှန်ကန် တိကျစွာ ဝေဖန်ခဲ့ပါတယ် ။

1991 မှာ တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ လက်နက်ဖိုး US$ 400 သန်းအား စင်္ကာပူဘဏ်မှ တဆင့် ပေးချေခဲ့ပါတယ် ။ ဒါကြောင့် ဥရောပနိုင်ငံများမှ စင်္ကာပူသည် မြန်မာအား လက်နက်များ တိုက်ရိုက်ရောင်းချပေးရုံ မကဘူး တဆင့်ခံ Gray Maret အဖြစ်ပါ ဆောင်ရွက်ပေးနေတယ်လို့ ဝေဖန်ခဲ့ပေမယ့် ဇီးရွက်လောက် စင်္ကာပူက သောက်ရေးတောင် မလုပ်ခဲ့ပါဘူး ။

၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ရာမှာ ပြည်ပ ရင်ူနှီးမြှပ်မှုများ အလုံးအရင်း နဲ့ ဝင်လာကြရာ တိုင်းပြည်လည်း ချက်ခြင်းဖွံ့ဖြိုးလာပါတယ် ။

ပြည်သူတွေအတွက် အလုပ်အကိုင် ဝင်ငွေ များပြားလာပြီး လူသုံးကုန်ပစ္စည်းများ ပေါများလာခြင်းတို့ကြောင့် အာဏာသိမ်း စစ်အစိုးရ ၊ 1990 ရွေးကောက်ပွဲကို အာဏာမလွှဲတဲ့ စစ်အစိုးရဆိုတဲ့ အမြင်တွေ မရှိကြတော့ပါဘူး ။

ရိုးသားတဲ့ ပြည်သူတွေ တိုးတက်ပျော်ရွှင်နေကြပြီး စစ်အစိုးရကို အပြစ်မမြင်တော့တာကို မရှုစိမ့်တဲ့ ဒေါ်စုကြည်ဟာ မြန်မာပြည်ကို စီးပွါးရေး ပိတ်ဆို့ပေးဖို့ ယုတ်မာစွာ တောင်းဆိုလိုက်ပါတယ် ။

အညွှန့်တလူလူ တက်နေတဲ့ မြန်မာ့စီးပွါးရေးဟာ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုကြောင့် ပြန်လည်ရုတ်သိမ်းသွားတဲ့ စက်ရုံလုပ်ရုံတွေနဲ့ အတူ လျောကျနိမ့်ဆင်း သွားရပြန်ပါတယ် ။ ဗိုလ်ချုပ်တွေ ခိုးလို့ တိုင်းပြည်ဆင်းရဲနေတာ မဟုတ်ပါဘူး ဒေါ်စုကြည် ယုတ်မာလို့ ဆင်းရဲခဲ့ရတာပါ ။

စီပွါးရေး ပိတိဆို့လိုက်လို့ မြန်မာတွေ ရုတ်ချည်း အခြေပျက်သွားချိန်မှာ စင်္ကာပူဟာ 1997 မှာ US$ 1•1 ဘီလီယံ ရင်းနှီးမြှပ်နှံပြီး မြန်မာ့စီးပွါးရေးကို ကျားကန်ပေးခဲ့ပါတယ် ။

ပရောဂျက်ပေါင်း 50 ကျော်အနက် ဒေါ်လာ 166 သန်း ရင်းနှီးမြှပ်နှံခဲ့တဲ့ သံလျှင် ကျောက်တန်း စက်မှုဇုံစီမံကိန်း နဲ့ ဒေါ်လာ သန်း 50 ရင်နှီးမြှပ်နှံခဲ့တဲ့ သီလဝါဆိပ်ကမ်း တည်ဆောက်ရေးတို့ဟာ ထင်ရှားလှပါတယ် ။

ဥရောပ အုပ်စုက ပိတိဆို့ထားတဲ့ လက်နက်ရောင်းဝယ်မှုကို မြန်မာက စင်္ကာပူကတဆင့် ရရှိအောင် ဆောင်ရွက်ခဲ့ရာမှာ တဆင့်ခံဖြစ်နေလို့ စျေးနှုံးမြင့်မားကောင်း မြင့်မားနေမှာ ဖြစ်ပေမယ့် မြန်မာ့တပ်မတော်အတွက် မရှိမဖြစ် လိုအပ်လှတဲ့ လက်နက်ခဲယမ်း ကွင်းဆက်ပျက်မသွားအောင် စီမံနိုင်တာကိုက ချီးမွှမ်းဖို့ ထိာက်တန်ပါတယ် ။

ထိုအချိန်က စင်္ကာပူမှတဆင့် အရေးကြီးလက်နက်တွေ အဖြစ် M 16 နဲ့ 7•62 ကျည်ဆံများ ၊ ဆက်သွယ်ရေးကရိယာများ ၊ 120 mm ၊ 81 mm ၊ 60 mm တို့လို အကြီးစား အလတ်စား အပေါ့စား မော်တာများ နဲ့ ကျည်ဆံများ ၊ မြေမြှပ်မိုင်းများ ၊ တင့်ဖျက်မိုင်းများ တဆင့်ခံ ဝယ်ခဲ့ရပါတယ် ။

1991 ထုတ် Asian Aviation ဂျာနယ်ကတော့ စင်္ကာပူကနေ BAe ဒိုင်းနမိုက် Bloodhound MK 2 SUM မြေပြင်မှဝေဟင်ပစ်လက်နက် အများအပြားနဲ့ ဒုံးပျံပစ်မှတ်များကို အထောက်အကူပြု ထင်ရှားစေသော စကော်ပီယွန် ရေဒါ ၃ ခုကို ပေးခဲ့တယ် လို့ ဖော်ပြထားပါတယ် ။

ထောက်လှမ်းရေးနည်းပညာများ ၊ အထူးစစ်ရေးလေ့ကျင့်မှုများ ၊ ကာကွယယ်ရေးနည်းပညာများ ကူညီပေးခဲ့ပါတယ် ။ ဒီ့အပြင် Bilateral ဆက်ဆံရေးမျိုး တည်ဆောက်ပြီး စင်္ကာပူစစ်တက္ကသိုလ်မှာ မြန်မာအရာရှိတွေ သင်တန်းတက်ခွင့်ပေးခဲ့ပါတယ် ။

လေတပ်အရာရှိများ နဲ့ လေထီးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ပါတယ် ။ ထို့နောက် မြန်မာပြည်သို့ စင်္ကာပူ စသ်တက္ကသိုလ်မှ နည်းပြများလာရောက်ပြီး မြန်မာ့အမြှောက်တပ်ကို ပစ်ခတ်လေ့ကျင့်မှုများ ပေးကြရာမှာတော့ မြန်မာ့အမြောက်တပ်ရဲ့ အတွေ့အကြုံ နဲ့ စွမ်းရည်ကို စင်္ကာပူတွေ လေးစားသွားကြပါတယ် ။

စင်္ကာပူဟာ ဖော်ကာ 50 သို့မဟုတ် C 130 လေယာဉ်တွေနဲ့ မြန်မာပြည်ကို ပုံမှန်လာရောက်ပြီး Navigationcl training နဲ့ လှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း Intelligence Collection များ ပုံမှန်ဆောင်ရွက်ခဲ့ကြပါတယ် ။

အဲဒီနောက် စင်္ကာပူဟာ ကာကွယ်ရေးဝန်ပြီးဌာနရဲ့ ကွန်ပြူတာများကို အဆင့်မြှင့်တင်ပေးပြီး Regional Military Command 12 ခုကို အဆင့်မြင့် ဆက်သွယ်ရေးစနစ်များနဲ့ လဲလှယ် တပ်ဆင်ပေးခဲ့ပါတယ် ။

တပ်မတော်အတွက် သူတို့ အကျွမ်းကျင်ဆုံးနယ်ပယ်ဖြစ်တဲ့ Ministary 's Cyber War Center ကို ဖွင့်လှစ်ပေးခဲ့ပါတယ် ။ ဒီတော့ သောင်းကျန်းသူတွေ ရဲ့ အချင်းချင်း ဆက်သွယ်မှုတွေကို ထောက်လှမ်းသိရှိနိုင်ခဲ့ပါတယ် ။

ဒီလိုနဲ့ ခေတ်မမှီတော့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စနစ်ဟောင်းများကို ပြေင်းပြန်လှန်ပြီး စနစ်သစ်နဲ့ လဲလှယ်ပေးလိုက်တဲ့ စင်္ကာပူရဲ့ ကူညီမှုကြောင့် ကာကွယ်ရေးဝန်ကြီး ဌာနဟာ ကီးပတ်ဖုန်း ကနေ နောက်ဆုံးပေါ် I phone ပြောင်းကိုင်ရသလို ပြောင်းလဲ တိုးတက်သွားပါတယ် ။

ဦးသန်းရွှေက ဦးနေဝင်းရဲ့ မိတ်ဆွေကောင်း Fritz Wsrner နေရာမှာ စင်္ကာပူကိုရွေးချယ်နိုင်ခဲ့ကြတာဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ကြောင်း ချီးကျူးက
ရွှေဖီဉီး ပစည်းပျက်နေသော်လည်း ရွှေဖီဦးတိုက်မည်ဟု သွေးဆောင်ဖျားယောင်းခံရသည့် ပြည်သူစစ်တဉီး
19.04.202511:37
Decision that does not match the will.

ကျွန်မတို့ စစ်ရှောင်ထွက်လာတုန်းက ကိုယ့်အိမ်ကိုယ် ပြန်ရမှာမဟုတ်တော့ဘူး တရပ်တကျေးမှာ အခြေချရလိမ့်မယ်လို့ တခါမှ မတွေးခဲ့မိဘူး၊ တနေ့နေ့တော့ ကိုယ့်ဒေသ ကိုယ့်ရပ် ကိုယ်ရွာ ပြန်နိုင်မှာပါလို့ ယုံကြည် မျှော်လင့်ခဲ့တယ်၊

သင်္ကြန်မတိုင်ခင် (၂)ရက်အလို ကျွန်မယောကျ်ား အိမ်ရောက်လာတယ်၊ အင်းလေးဒေသ ငလျင်ဘေးသင့်လူထု ပြန်လည်ထူထောင်ရေးအတွက် ထိုင်း၊ ရှမ်းတောင်၊ ရှမ်းမြောက် သွားလိုက်လာလိုက် ပင်ပန်းလာလို့ သင်္ကြန်ရက်မှာ စစ်ရှောင်နေရတဲ့ ဇနီး သား သမီး မိသားစုနဲ့ အေးအေးဆေးဆေး နားဖို့ ခွင့်ပေးလိုက်တယ်တဲ့၊

သူအနားယူပြီးရင် ထိုင်းမှာအခြေချဖို့တော့ အရင်ကလည်း ခဏခဏ ပြောဖူးတယ်၊ ကျွန်မ စိတ်မဝင်စားခဲ့ပါဘူး ကိုယ့်ရပ်ကိုယ့်ရွာမှာပဲပျော်ပါတယ်၊ သူအနားယူခွင့်ရဖို့က အချိန် နှစ်အပိုင်းအခြား သတ်မှတ်ချက်ရှိတာမဟုတ်လို့ အဲဒီအချိန်ကျရင် သား သမီးတွေလည်း အိမ်ထောင်ကျ မြေးတွေတောင်ရနေလောက်ပြီ၊ ကိုယ့်အရပ် ကိုယ်ဒေသမှာ သား သမီး မြေးတွေနဲ့ အခြေတကျရှိနေတော့မှ အဖိုးကြီး အဖွားကြီးတွေဖြစ်တဲ့ ကျွန်မတို့လင်မယား ဟိုပြောင်းသည်ရွှေ့ လုပ်ဖြစ်မှာလည်း မဟုတ်ပါဘူး၊ ခုအချိန်မှာတော့ သူ့ဟာသူ လွတ်လွတ်လပ်လပ် စိတ်ကူးယဥ်ပါစေဆိုပြီး တခါမှ အတိုက်အခံ အငြင်းအခုံ မပြောခဲ့ပါဘူး၊

မြန်မာနိုင်ငံ အခြေအနေအရပ်ရပ်ရပ်ကို ပြောပြလာတယ်၊ ကျွန်မလည်း သတင်းတွေထဲမှာ တွေ့နေ သိနေရတာမို့ အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ထူးဆန်းတာက မယ်ဟောင်ဆောင်မှာ (၁၀)နှစ် အရစ်ကျပေးနဲ့ အိမ်တလုံးဝယ်ဖို့ ပြောထားတယ်တဲ့၊ အိမ်ဖိုး ငွေတဝက်သွင်းနိုင်တဲ့နေ့ သွားနေလို့ရတယ်၊ လွယ်လင်က အစ်ကိုကြီးဆီလည်း ပြောထားတယ်၊ အရင် ssna အကြီးအကဲဟောင်း ရပ်မိရပ်ဖတချို့ဆီလည်း အကူအညီတောင်းထားတယ်၊ ညီမလေးတို့မိသားစု ထိုင်းမှာ ရှိနေသရွေ့ အမေနဲ့အတူ ကျွန်မတို့ညီအစ်မ မိသားစုတွေ ချင်းမိုင်မှာပဲ အတူနေကြမယ်၊ ညီမလေးတို့ လားရှိုးမှာ လုပ်ကိုင်စားဖို့ ငွေ အရင်းအနှီးရလို့ ပြန်ကြမယ်ဆိုရင် ကျွန်မတို့မိသားစု မယ်ဟောင်ဆောင်ကိုရွှေ့နေနိုင်ဖို့ သူ့အစီအစဥ်တွေ ပြောပြတယ်၊ ကျွန်မ ဘာမှပြန်မပြောဖြစ်ပါဘူး၊

မယ်ဟောင်ဆောင်၊ ချင်းမိုင် ထိုင်းမြောက်ပိုင်းမှာ မြန်မာနိုင်ငံ ရှမ်းတောင် ရှမ်းအရှေ့ ဆက်စပ်ဒေသတွေက ရှမ်းတွေနဲ့ မြန်မာစစ်တပ်ရယ် uwsa ရယ် tnla ရယ် sspp တို့ ပေါင်းပြီး rcss ကို ရှမ်းမြောက်ကနေ တိုက်ထုတ်ခဲ့ကြစဥ်က စစ်ဘေးရှောင်ခဲ့ကြတဲ့ သီပေါ၊ ကျောက်မဲဖက်ကရှမ်းတွေ အများကြီး အခြေချနေထိုင်ကြတာတွေ ရှိပါတယ်၊

လားရှိုးကို မြန်မာအစိုးရ ပြန်အုပ်ချုပ်နိုင်လို့ ညီမလေးတို့မိသားစု ပြန်နေလို့ရရင်တောင် ကျွန်မတို့မိသားစုက ပြန်လို့မရနိုင်ပါဘူး၊ ကျွန်မတို့ နမ့်ပေါင်နယ်က ယခင် မန်ပန်ဌာနေပြည်သူ့စစ် ထိန်းချုပ်တဲ့ဒေသပါ၊ 1027 proxy war လားရှိုးမြို့သိမ်း တိုက်ပွဲကာလမှာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မန်ပန်ဌာနေပြည်သူ့စစ်အားလုံး mndaa နဲ့ ပူးပေါင်းခဲ့ကြရပါတယ်၊

မန်ပန်ဌာနေပြည်သူ့စစ်နယ်မြေက အကျယ်ကြီးပါ၊ ခုတော့ မန်ပန်ဌာနေပြည်သူ့စစ် ထိန်းချုပ်နယ်မြေတွေကို နမ့်ဆုန်ရဲ့အထက်ပိုင်း မန်ပန်၊ နောင်လိုင်-နမ့်မူစယ်ဒေသ တန့်ယန်းမြောက်ဖက်ခြမ်း တခွင်လုံးကို uwsa က ထိန်းချုပ်ပြီး ဆက်ကြေးကောက် လူသစ်စုတာတွေလုပ်ပါတယ်၊ နမ့်ဆုန်ရဲ့ အောက်ဖက်ခြမ်း နမ့်ပေါင်-လားရှိုးအထိ mndaa က တရုတ်အစိုးရရဲ့ သံလွင် ကွပ်ကဲရေးရုံး instructions နဲ့ အုပ်ချုပ်ပြီး ဆက်ကြေးကောက် လူသစ်စုတာတွေလုပ်ပါတယ်၊

တရုတ်ကားနီကြီးတွေ "ဝ"ဒေသ၊ ကချင်ဒေသက၊ စစ်ကိုင်းတိုင်း အလောင်းတော်ကဿပဒေသတွေက သယံဇာတတွေ နေ့ ည မနား ဥဒဟို ခိုးထုတ်နေကြပြီး ရှမ်းမြောက် တရုတ်လက်ဝေခံတွေ သိမ်းပိုက်ထားတဲ့ နမ္မတူ ဘော်တွင်း၊ မုန်းဝီး ဘော်ဟိုကျန်၊ တာလီ၊ မိုင်းငေါ့၊ မိုးမိတ် ဒေသတွေမှာလည်း တရုတ် ကားနီကြီးတွေနဲ့ မြန်မာ့ သယံဇာတမျိုးစုံ ဥဒဟို ခိုးထုတ်နေကြသလို mndaa & တရုတ် မှောင်ခိုဂိုဏ်းတွေကလည်း နမ့်ပေါင်ချောင်းမှာ စက်ယန္တယားတွေနဲ့ ရွှေမျောတွေဆင်ပြီး ရွှေကြင် ရွှေတူး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်နေပါတယ်၊ မပြေးနိုင်တဲ့ ဒေသခံတွေပေါ်တာဆွဲခံရပြီး အဲဒီရွှေလုပ်ငန်းခွင်မှာ အသက်ဆုံးကြရတာတွေလည်း အများကြီးပါ၊ တရုတ်ကွန်မြူနစ်လက်အောက်မှာ ငရဲကျခံရသလိုဖြစ်နေတဲ့ အဲဒီနယ်မြေတွေကို မြန်မာအစိုးရ ပြန်လည်စိုးမိုးနိုင်ဖို့ဆိုတာ အိပ်မက်တောင်ထဲတောင် ဖြစ်နိုင်မှာမဟုတ်သလို ကျွန်မတို့ အိမ်ပြန်နိုင်ဖို့ဆိုတာလည်း အိပ်မက်ထဲတောင် ဖြစ်နိုင်မှာ မဟုတ်သေးပါဘူး၊

ခု လားရှိုးအနေအထားက မြန်မာအစိုးရ ယန္တယားကို uwsa & mndaa တို့က ပူးတွဲစောင့်ကြည့်ပြီး တရုတ်အစိုးရရဲ့ command အောက်မှာပဲ အကျယ်ချုပ်ဆန်ဆန် ရပ်တည်ရမဲ့ အခြေအနေပါ၊ ကမ္ဘာ့မြင်ကွင်းမှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဗိသုကာအဖြစ်ပုံဖော်ပြီး သူ့ကုန်သွယ်ရေး လည်ပတ်နိုင်ဖို့နဲ့ BRI လုပ်ငန်းစဥ်တွေအတွက်ပဲ စီစဥ်ခဲ့တာပါ၊
19.04.202505:30
ကမ္ဘာကြီး အံ့သြသွားတဲ့ မလေးရှားရဲ့ရိုက်ချက်

(ကိုယ်တိုင်ရေး ဆောင်းပါးတစ်ပုဒ်နဲ့ အသိပေးချင်ပါတယ် ။ )

ကျော်တော့လှေသူကြီး ၊ ညားတော့လှေထိုးသားတဲ့ ။ ကြားဖူးကြမှာပါ ။

အာဏာသိမ်းခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းမှာတွေ့ကြမယ်ဆိုတော့ ဟိုဘက်ရော ၊ ဒီဘက်ရော ၊ ကမ္ဘာကြီးရော ခေါင်းထောင်လာကြတယ် ။

နိုင်ငံရေးဂုရုကြီးတွေက

" စစ်တပ်ကို တရားဝင်ခွင့်ပေးဖို့ အာဆီယံမူကို ချိုးဖောက်တာ ၊ လွမ်းစရာမရှိဘူး ။ "

" ကမ္ဘောဒီးယားက ဟွန်ဆန်တုန်းကလည်း ဒီလိုပါဘဲ ။ "

" သက်ဆင်နဲ့ပေါင်းပြီး တရားဝင်မှု့ပေးတော့မယ် ၊ ဆန့်ကျင်ကြ "

ဆိုသလို ပွဲမစခင်မှာ ထင်ကြေးပေးကြတယ် ။

ဟုတ်တော့လည်း ဟုတ်တယ် ။ အာဆီယံမူ ၅ ချက်ကို မလိုက်နာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အာဆီယံမူအရ တွေ့လို့မရဘူး ။ အာဆီယံကနေ စစ်ခေါင်းဆောင်တွေကို ဖယ်ကျဉ်ထားခဲ့ကြတာကိုး ။

အခုလို မလေးရှားဝန်ကြီးချုပ်က အာဆီယံမူ ချိုးဖောက်ပြီး မျက်နှာချင်းဆိုင် တွေ့တော့မယ်ဆိုတော့ မဲခိုးတယ်ဆိုပြီး လိမ်ဦးမယ့် အချက်အရ မလေးရှားလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ ပြန်သွားလေမလား ၊ စစ်ခေါင်းဆောင်တွေကို အသိအမှတ်ပြုလိုက်မလားဆိုပြီး မြန်မာရော ၊ ကမ္ဘာရောက အန်နဝါရဲ့ ထိုင်းခရီးကို စိတ်ဝင်စားကြတယ် ။

သို့ပေမဲ့ အာဏာသိမ်းခေါင်းဆောင်နဲ့တင်မဟုတ်ပဲ ပြည်သူ့ကိုယ်စားပြုအစိုးရနဲ့ပါ တွေ့ဖို့လုပ်လိုက်တော့ အန်နဝါရဲ့ ကျောမှာဝှက်လာတဲ့ဓားဟာ အာဏာသိမ်းခေါင်းဆောင်တွေကို မထိုးပဲ အချက်ပေါင်းများစွာထိသွားတယ် ။

ကမ္ဘာကြီး မျက်လုံးပြူးသွားတယ် ။

နိုင်ငံတကာသတင်းဌာနတွေ ဒီသတင်းကို အလုအယက်လိုက်ကြတယ် ။ အလုအယက်တင်ကြတယ် ။

နွေဦးတော်လှန်ရေး အစကတည်းက အားပေးတဲ့နိုင်ငံတွေ ရှိနေပေမဲ့ အခုလို လူသိထင်ရှား မတွေ့ရဲကြဘူး ။ အဲ့ဒါကြောင့်လည်း NUG က တရားဝင်တွေ့ဖို့ တောင်းဆိုလိုက်တာ ။

သတ္တိရှိတဲ့ အန်နဝါကလည်း

"တရားဝင်တွေ့ခွင့်တောင်းတော့ ၊ တရားဝင်တွေ့တယ်ကွာ "

ဆိုသလိုအချိုးမျိုး လုပ်လိုက်တာပါ ။ NUG နဲ့ တွေ့မယ့်အကြောင်းကို ကြိုပြောမထားတဲ့အတွက် ကမ္ဘာကြီးက လှေသူကြီးကိုပဲ အာရုံစိုက်နေပေမဲ့ အန်နဝါရဲ့ သံတမန်နည်းဗျူဟာမှာ ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြရပါတယ် ။

" မလိုအပ်တဲ့ ရန်လိုမှု့တွေကို အဆုံးသတ်ပေးဖို့လိုပါတယ် ။ အဲ့လိုမှမဟုတ်ရင်တော့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကျင့်ဝတ်တွေ ဆုံးရှုံးရပါလိမ့်မယ် "

လို့ မိန့်ခွန်းစချွေလိုက်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်ဟာ အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံးဆွေးနွေးဖို့ စတင်ချိန်မှာပဲ ဒီလိုပြောခဲ့ပါတယ် ။

တစ်ရက်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ်ဟာ NUG နဲ့ တွေ့ဆုံမှု့လုပ်တဲ့အကြောင်းကို ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြပါတယ် ။ NUG ကိုတော့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာပါ ။ သို့ပေမဲ့ ကမ္ဘာသိ တရားဝင် တွေ့ဆုံမှု့ဖြစ်တဲ့အတွက် မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှု့မှာ အာဏာသိမ်းစစ်တပ်က သိက္ခာကျပြီး NUG ကတော့ တရားဝင် ကမ္ဘာသိ စကားပြောခွင့် ၊ ဆွေးနွေးခွင့် ၊ တောင်းဆိုခွင့်တွေ ရလိုက်ပါတယ် ။

မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာတစ်ပြည်လုံးကို လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေ နေရာမရွေး သွားဖို့ တောင်းဆိုပါတယ် ။ ငလျင်ဘေးနဲ့ စစ်ဘေးဒေသတွေမှာ ဆေးရုံတွေဖွင့်ဖို့နဲ့ ပဋိပက္ခရပ်ဆဲဖို့အတွက် နှစ်ဘက်စလုံးနဲ့ အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ် ။

အနှစ်ချုပ်ရရင် ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားက NUG ကို ကမ္ဘာသိ တရားဝင် တွေ့ဆုံလိုက်တဲ့အတွက် ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကလည်း တရားဝင်စကားပြော အသိအမှတ်ပြုလာပါတော့မယ် ။

နွေဦးဟာ ထန်းရည်မူးသလို ရင်မော့ ကျောကော့ပြီး ရီဝေဝေလျှောက်လှမ်းလာရသလိုပါဘဲ ။

ဘကြီးအောင် LA
18 April, 2025
19.04.202504:21
တပ်မတော်သတင်းမှန်ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မေး:: လားရှိုးပြန်ရဖို့ ဘယ်လိုမျိုး ညှိနိုင်းခဲ့ပါသလဲ။
ဖြေ::ဘယ်သူက မေးခိုင်းတာလဲ ဘာရည်ရွယ်ချက်နဲ့မေးတာလဲ။

မေး::လားရှိုးမှာ ကာကွယ်ရေးက သူတို့ကာကွယ်ရေးဆိုတော့အခုလိုနယ်‌ေမြ‌ေသး‌ေသး‌ေလးပြန်ရတဲ့ အခါ သွားနေရတဲ့တပ်မတော်အရာရှိတွေအနေနဲ့ လခရ စိုးရိမ်ရသလို အကျယ်ချုပ်ပုံစံမျိုးနေနေရတဲ့အပေါ် ရေရှည်ဒီတိုင်းဆက်သွားမှာလား။
ဖြေ::အာ့ကျကျ အာကျ အာ့ကျ

မေး::ပြည်တွင်းရေးကို တရုတ်ခေါ်ညှိပေးရတဲ့ အဆင့်ဆိုတော့ တပ်မတော်နဲ့ သူပုန်တွေရဲ့ တရုတ်ဆက်ဆံရေးက သားအဖ ဆက်ဆံရေးလား ဒီလိုဆို ပြည်သူက ငထွားခါးနာတဲ့ အပေါ် ဘယ်လို ပြန်လုပ်ပေးမှာလဲ။

ဖြေ::စုကြည့်မဲခိုးလို့ ဖြစ်တာ သူကိုတာဝန်ယူခိုင်းရမှာပါ။

ဖိုးလက်။ဪ ဪ ကြောင်ချီးနဲ့ကျွဲချီး။‌

ဖိုးလက်။
29.04.202517:31
BGFသစ္စာဖေါက်နေတယ်

•ကော့ကရိတ် ကျုံဒိုး
•ဘက်ကရန်သူဘက်
•BGFစောချစ်သူအင်အား၅၀၀လောက်
•ပံ့ပိုးထားတယ်
23.04.202511:46
၈၈ မတိုင်မှီအထိ မြန်မာ့တပ်မတော် ရဲ့ တခုတည်းသော စစ်လက်နက် နဲ့ နည်းပညာများ ထောက်ပံ့ပေးနေသူ ဖြစ်တဲ့ ဂျာမဏီ ရှိ Fritz Werner ရဲ့ လမ်းခွဲမှုဟာ မြန်မာပြည်အတွက်တော့ ကံဆိုးခြင်းပါပဲ ။ ပြည်တွင်း သစ္စာဖောက်များ နဲ့ ပြည်ပ မိစ္ဆာများတို့ ရီမောသံများ သောသော ညံနေကြပါပြီ ကော ။

မြန်မာ့တပ်မတော်အတွက် ဦးနေဝင်းရဲ့ plan အတိုင်း အလိုက်သင့် စီးမျှောလိုက်ပါခဲ့ရာမှ မထင်မှတ်ပဲ နိုင်ငံရေး တဆစ်ချိုးကွေ့သွားတဲ့ အခိုက်အတန့်မှာ ပြည်တွင်း ပြည်ပ ပယောဂများကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်ကို လက်မြောက် အရှုံးပေးပြီး စွန့်ပစ်မယ် ထင်ကြပါသလား ? ။

ဘယ်ပေးမလဲဗျာ နိုင်ငံတော် ကာကွယ်ရေး အတွက် အလွန်လိုအပ်နေတဲ့ ခေတ်မှီ လက်နက်နဲ့ နည်းပညာတွေကို ရရှိနိုင်ဖို့ PLAN A B C မက ရေးဆွဲပြီးသားမို့ ကမ္ဘာကို မျက်လှည့်ပြပြီး ဆက်လက်ဆောင်ရွက်ခဲ့တာပေါ့ ဗျာ ။

မြန်မာရဲ့ Plan B ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ စင်္ကာပူပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ သမိုင်းကြောင်းကလည်း ရှိခဲ့တာကိုး ဗျ ။ ၁၉၈၄ တုန်းက စင်္ကာပူဟာ မြန်မာနဲ့ ကုန်သွယ်ခဲ့ရာမှာ ဂျပန် နဲ့ ဂျာမဏီ ပြီးရင် 15 % နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ် ။

လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံကို မဟာမိတ်လက်နက်ခဲယမ်းများ စင်္ကာပူ ဆိုတဲ့ စာတမ်းထိုးထားတဲ့ သေတ္တာ ရာပေါင်းများစွာဟာ မြန်မာပိုင် ကြယ်ငါးပွင့် သင်္ဘော ၂ စီး အပြည့် ရောက်လာပါတယ် ။ မင်္ဂလာဒုံ တပ်မတော် သိုလှောင်ရုံများသို့ ညဖက် အမှောင်ချပြီး လူသူမသိအောင် ရွှေ့ပြောင်းခဲ့ကြပါတယ် ။

ပစ္စည်းတွေက မြန်မာ့တပ်မတော်အတွက် လိုအပ်နေတဲ့ ကိုယ်တိုင်မထုတ်နိုင်သေးသော အရေးကြီး စစ်လက်နက်တွေဖြစ်ပါတယ် ။

ဆွီဒင် နိုင်ငံ FFV လိုင်စင်နဲ့ စင်္ကာပူ CIS မှ ထုတ်လုပ်တဲ့ သောင်းကျန်းသူတွေ ဖင်တုန်အောင် ကြောက်ရတဲ့ 84 mm Carlgusgv နောက်ပွင့် နှင့် ခဲယမ်းများ ၊ ဘယ်လ်ဂျီယံ နှင့် အစ္စရေးထုတ် 40 mm RPG 2 လောင်ချာများ နဲ့ 57 mm သေနတ်များ ပါဝင်ပါတယ် ။

(လက်ဘနွံကနေ အစ္စရေးတွေ သိမ်းပိုက်ထဲက ပါလာတဲ့ လက်နက်တွေကို စင်္ကာပူကတဆင့် မြန်မာပြည်ရောက်လာတယ်လို့ မီဒီယာတွေက ဖွကြပါသေးတယ် )

စင်္ကာပူနဲ့ အဲလို လက်တွဲခဲ့ဖူးတော့ PLAN B အရ သူ့ကိုပဲ ယာယီဦးစားအနေနဲ့ ရွေးချယ်ခဲ့ပါတယ် ။

၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲလိုက်တဲ့ အတွက် စင်္ကာပူအတွက်လည်း မြန်မာဟာ ကုန်သွယ်မှု အရင်းအမြစ် နိုင်ငံ ဖြစ်လာခဲ့ရပါတယ် ။

လီကွမ်ယူနဲ့ဦးနေဝင်းဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး မြန်မာပြည်ပေါက် တရုတ်သံအမတ် မစ္စချန်ဘောင်လီ ကြောင့် ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကောင်း ဖြစ်ထွန်းလာပါတယ် ။

မစ္စချောင်ဘောင်လူနဲ့ လီကွမ်ယူတို့ ပူးပေါင်းပြီး မြန်မာပြည်ကို ကူညီကယ်တင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်လည်း ရှိခဲ့ဖူးပါတယ် ။ ( ယခင် အသေးစိတ် ရေးသားခဲ့ဖူးပေမယ့် ယခု အနည်းငယ် ထပ်မံ တင်ပြပါ့မယ်)

၈၈ အရေးအခင်း အပြီးမှာ တပ်မတော်က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ဗကပ များက မိုင်းယန်း နဲ့ KNU များက မဲသဝေါမှာ ထိုးစစ်အကြီးကြီးတွေ ဆင်နွဲကြပါတယ် ။

မြန်မာ့တပ်မတော်ဟာ တရုတ်ရဲ့ အကူအညီနဲ့ ခေတ်မှီလက်ခဲယမ်းများအား ဖောချင်းသောချင်း သုံးပြီး မိုင်းယန်းကို တိုက်ခိုက်နေတဲ့ ဗကပ များနဲ့ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုများနဲ့ ပေါများနေတဲ့ ခေတ်မှီလက်နက်ခဲယမ်းတွေကို အလျှံပယ်သုံးနေတဲ့ KNU တို့ ကို အပြင်းအထန် ကာကွယ်နေရပါတယ် ။

နိုင်ငံရဲ့ မြေပုံ ပြောင်းလဲသွားနိုင်တဲ့ အဆိုပါ တိုက်ပွဲကြီးများအတွက် မြန်မာ့တပ်မတော်မှာ လက်နက်ငယ်တွေ ပဲ ပြည်တွင်းထုတ်မို့ အလုံလောက်ရှိခဲ့ပေမယ် လက်နက်ကြီး ခဲယမ်းတွေ ကုန်သလောက် ရှိသွားပါပြီ ။

အဲဒါကို သိသွားတဲ့ မစ္စချန်ဘောင်လီဟာ စင်္ကာပူကို ချက်ခြင်းသွားပြီး လီကွမ်ယူနဲ့ ညှိနှိုင်းကာ ရက်လွန် ခဲယမ်းများအား ဖျက်ဆီးရန် မြန်မာအား ကံထရိုက်ပေးလိုက်သည် ဆိုပြီး 81 mm ဗုံးသီး တသိန်း နဲ့ ဖျက်ဆီးခ ဒေါ်လာ တသိန်းကို အမြန်ပေးပို့လိုက်ပါတယ် ။

အချိန်မှီရောက်လာတဲ့ စင်္ကာပူ 81 mm များနဲ့ ဗုံးမိုးရွာခဲ့ရာ ဗကပရော KNU ရော ဆုတ်ခွါသွားကြရပါတယ် ။ မြန်မာပြည်မြေပုံ အပျိုစင်အတိုင်းကျန်နေသေးတာ လီကွမ်ယူ နဲ့ မစ္စချန်ဘောင်လူတို့ ကျေးဇူးကြောင့်ပါပဲ ။

တက်မတော်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို စင်္ကာပူဟာ နောက်ထပ်ကြီးမားတဲ့ အထောက်အကူများနဲ့ သက်သေပြခဲ့ကြပြန်ပါတယ် ။ အဲဒီလုပ်ဆောင်ချက်တွေကတော့.............?
crd #####

လက်နက်ရဖို့ လွယ်ခဲ့သလား (4)
====================

1990 မှာ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး ဆွီဒင်က ဦးဆောင်ကာ မြန်မာနိုင်ငံကို အပြင်းအထန် ရှုံ့ချရန် ကုလသမဂ္ဂသို့ အဆိုမူကြမ်းတင်သွင်းရေးဆွဲရာတွင် စင်္ကကာပူက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးခဲ့ပါတယ် ။
“ကိုးကန့်တပ် (MNDAA ) နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ နေသွားဖို့ တရုတ် က မှာထားကြောင်း ကာကွယ်ရေးဝန်ကြီးပြော”

ငြိမ်းချမ်းရေးယူထားတဲ့ ကိုးကန့်တပ် MNDAA အဖွဲ့နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ အတူ ယှဥ်တွဲနေသွားဖို့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါ တယ်။

လာရှိုးမြို့ကို ပြန်လည်ဝင်ရောက်အခြေချမယ့် ခြေလျင်၊ခြေမြန်တပ်တွေနဲ့ လက်ရုံး တပ်တွေကို ဧပြီ ၂၂ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

"မင်းတို့ဘာမှကြောက်စရာမလိုဘူး အရင်ကလို ကိုးကန့်တွေက ပစ်တာ ခတ်တာ လုပ်မှာမဟုတ်ဘူး ငြိမ်းချမ်းရေးယူပြီးပြီ ဒို့ညီအစ်ကိုတွေဖြစ် သွားပြီ တစ်ခုခုဆို ကိုးကန့်တပ်တွေက ကာကွယ် ပေးလိမ့်မယ့် ဟိုရောက်ရင်လည်း လာကြိုလိမ့် မယ် တိုင်တိုင်ပင်ပင်လုပ်ကြ အားလုံးက ညီအကိုတွေဘဲ ဟိုကောင်တွေ အရက်သောက်ချင်ရင် မင်းတို့ ဝယ်ပေးလိုက် ဒီကောင်တွေ ကြက်ကင်စားချင်ရင် မင်းတို့ ကင်ပေးလိုက် အထွန့်မတတ်ကြနဲ့ပေါ့ကွာ "လို့ ပြောခဲ့တာလို့ ရှင်းပြပါတယ်။
19.04.202511:37
အရင်နှစ် (၁၀)လပိုင်းလောက်က လားရှိုးမြို့ထဲမှာ mndaa ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ uwsa ထောက်လှန်းရေးတပ်ဖွဲ့ဝင်တွေ ဦးဆောင်ပြီး pro china volunteer တို့နဲ့ စာရင်းကောက်ယူခဲ့တဲ့ တရုတ်ကျူးကျော်မှုဆန့်ကျင်သူ၊ နစက ထောက်ခံသူ၊ စစ်ထွက်၊ ရဲထွက်၊ ဖရဲသီးမဟုတ်တဲ့ non-cdm ဝန်ထမ်း အိမ် စာရင်းတွေလည်း uwsa & mndaa တို့ဆီမှာ ရှိနေတော့ pro china လူနည်းစုအတွက် နဂိုအတိုင်း အဆင်ပြေနေမှာဖြစ်ပြီး ပြန်လာကြမဲ့ လားရှိုးမြို့ခံစစ်ရှောင်တွေအတွက်တော့ ဘာအာမခံချက်မှ ရှိမှာမဟုတ်ပါဘူး၊

ကျွန်မ ကိုယ့်ဇာတိ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဘာသာ သာသနာ ကိုယ့်ရိုးရာ ယဥ်ကျေးမှုကို ချစ်မြတ်နိုးပါတယ်၊ ကျွန်မဘဝဟာ မျိုးဆက်သစ်တို့အနာဂတ်အတွက် လှေခါးထစ်သဖွယ် ဖြစ်ချင်ခဲ့တယ်၊ ရှမ်းပြည်နယ်အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကူညီနိုင်သူ ဖြစ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ ဘာမှ မလုပ်နိုင်ခဲ့ဘူး၊ ကျွန်မအတ္တက မွေးရပ်မြေကို သံယောဉ်ကြီးသူဖြစ်ပေမဲ့ ပြန်နိုင်မဲ့အချိန်ကာလကို မှန်းဆမျှော်လင့်လို့ မရနိုင်တဲ့အခြေအနေမှာ သမီးကြီးနဲ့ သားငယ်နှစ်ယောက် အနာဂတ်အတွက် ကျွန်မယောကျ်ား စီစဥ်တဲ့အတိုင်း ထိုင်းမှာပဲအခြေချကြဖို့ ဆုံးဖြတ်လိုက်ရပါတယ်၊

မြန်မာအစိုးရအနေနဲ့တော့ တရုတ်ကွန်မြူနစ်ကို တော်လှန်တိုက်ထုတ်နိုင်ဖို့ မဖြစ်နိုင်တော့ပေမဲ့ ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲကြောင့် ကျွန်မတို့ရှမ်းမြောက်ဒေသ တရုတ်ကွန်မြူနစ်လက်အောက်က လွတ်မြောက်ခဲ့ရင်တော့ ကျွန်မရဲ့မွေးရပ်မြေကို ပြန်လာမှာပါ၊ အားလုံးပဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေကြပါစေရှင်၊
19.04.202505:19
April 19
နေပြည်တော် 💢မနေ့ညက ၉ နာရီ
နေပြည်တော် အေလာ လေတပ်စခန်းကို၁၀၇ မမ ၃ လုံး အထုခံရတယ် ကြားတယ် အသေးစိတ်တော့မသိရသေး။
ဗြိတိသျှစစ်သားအချို့ပါဝင်လာခဲ့တဲ့ ချင်းတောင်တန်းဒေသမှ စစ်ပွဲဓာတ်ပုံ
NUG က လူတွေလို့ မရေးရဲရှာဘူး၊ တဖက်လှည့်နဲ့ ရန်ကုန်ပလက်ဖောင်း အင်အားစုများ… တဲ့

အေး၊ ပလက်ဖောင်းမှာ နေတာတော့ သူတောင်း၊စား တွေပဲ
23.04.202511:46
ဆရာကိုမျိုးဝင်းရေးတဲ့
လက်နက်ရဖို့ လွယ်ခဲ့သလား
(1) to (6) စဆုံးတင်ပေးလိုက်ပါသည်။
######################

လက်နက်ရဖို့လွယ်ခဲ့သလား (1)
====================

မြန်မာ့တပ်မတော်တွက် လက်နက်ကြီးငယ်တွေ ရရှိဖို့ ဘယ်လို ရုန်းကန်ခဲ့ကြရသလဲ ဆိုတာ ကြွားဝါခြင်း ကင်းတဲ့ သတင်းထုတ်ပြန်ချက်များ နဲ့ လျှို့ဝှက်အပ်သော အကြောင်းအရာတွေကြောင့် လူငယ်တွေ မသိခဲ့ကြသေးပါဘူး။

တခါက ရေးခဲ့ဖူးတဲ့ ဦးသန်းရွှေ ရဲ့ မြေအောက်လှိုင်ခေါင်း နဲ့ လက်နက်စက်ရုံများ ရယ် ညူကလီးယားတပ် ဒုံးပျံနည်ပညာများ ရယူရန် ကြိုးပမ်းမှုတွေရယ် အကြောင်း အတော်များများ သိပြီး ဖြစ်ပါတယ် ။

ယခု ရေးပြချင်တာက မြန်မာ့တပ်မတော် ( ကြည်းတပ် )အတွက် အသက်သွေးကြော ဖြစ်တဲ့ လက်နက်ငယ်များ အတွက်ပင်လျှင် ခဲရာခက်ဆစ် ကြိုးပမ်းခဲ့ပုံတွေကို တင်ပြချင်ပါတယ် ။

အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၀ နှစ်ကြာ အပြင်းအထန် နှိမ်နင်းယူခဲ့ရတဲ့ တော်လှန်ရေးသမားများကြောင့် မြန်မာများကို စစ်ပညာ လက်နက် ခဲယမ်း များနဲ့ ပါတ်သက်ပြီး သင်းသတ်ခဲ့ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ရောက်လာချိန်မှာတော့ တချိန်က အရှေ့တောင်အာရှရဲ့ လျှမ်းလျှမ်းတောက် မြန်မာ့တပ်မတော် မျိုးဆက်များဟာ ဘယ်ညာဘယ်ညာတောင် မှန်အောင် မနင်းတတ်တော့ပါဘူး။ ဒါကြောင့် ဂျပန်ကို ဆရာတင်ပြီး စစ်ပညာကို မူလတန်းအဆင့်ကနေ ပြန်သင်ခဲ့ပြရပါတယ် ။

ဒီလိုနဲ့ ဂျပန်ခေါ်ပြီး အင်္ဂလိပ်ကို တိုက် တယ် နောက်တော့ အင်္ဂလိပ်ခေါ်ပြီး ဂျပန်ကို ပြန်တိုက်ရင်း အတွေ့အကြုံလေး ရလာပါပြီ ။ ၁၉၄၈ မှာ လွတ်လပ်ရေး ပေးတော့ အင်္ဂလိပ်တွေ ပေးခဲ့တဲ့ မီးကျိုးမောင်းပျက် လက်နက်အစုတ်လေးတွေရယ် အစုတ်ထဲက အကောင်းတွေက ကရင်လူမျိုးတွေ လက်ထဲမှာ ရောက်နေတာရယ် ကြုံရပါပြီ ။

နိုင်ငံရေး သမားတွေ စားခွက်လုရင်း ပြဿနာပေါင်းစုံ တက်လာပြီး ဗကပ နဲ့ ကရင် အပါအဝင် တက်မတော် တပ်ရင်းတွေပါ တောခို ကုန်ကြပါတယ် ။

ဦးနေဝင်းဟာ လက်ကျန်တပ်ရင်း ၁၀ ရင်းလောက်နဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ် ။ လက်နက်ခဲယမ်းအတွက် အနောက်နိုင်ငံတွေက ရောင်းချမပေးခဲ့သလို တရုတ်ကတော့ ဗကပကို မြေတောင်မြောက်ပံ့နေလို့ မြန်မာ့ တပ်မတော်ဟာ ယိုင်နဲ့နဲ့ပဲ ရှိပါတော့တယ် ။

ငွေပေးဝယ်တာတောင် မရောင်းကြလို့ အထီးကျန်နေတဲ့ မြန်မာ့တပ်မတော်ကို အိန္ဒိယကနေ လက်နက်ခဲယမ်း ကူညီခဲ့လို့ အသက်ရှူပေါက် ချောင်ခဲ့ရပါပြီ ။ ရလာတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ပြည်တွင်းသူပုန်သာမက ပြည်ပက တရုတ်ဖြူတွေကိုပါ ထိရောက်အောင် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရပါတယ် ။

လက်နက်ခဲယမ်းကို သူတပါးအား မှီခိုနေရင် တနေ့ ငါးပါးမှောက်မှာပဲလို့ ဦးနေဝင်းက ရှင်းရှင်းပြတ်ပြတ် စဉ်းစားပြီး ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားပါတော့တယ် ။

ပထမဆုံး အီတလီထုတ် 9 mm 1245 ဆပ်မရှင်းဂန်းတွေကို BA 52 (နေဝင်းစတင်း) ဆိုပြီး စက်ရုံလိုက်ဝယ်ပြီး ရန်ကုန်အင်းယားကန်အနီးမှာ ထုတ်လုပ်ခဲ့ပါတယ် ။

အဲဒီနောက် ယိုယွင်းနေတဲ့ ပြည်တွင်း နိုင်ငံရေး စီးပွါးရေး လူမျိုးရေး ကိစ္စတွေကို ရှင်းလင်းဆောင်ရွက်ပြီး အခြေကျပြီ ဆိုတာ နဲ့ ဦးနေဝင်းဟာ ၁၉၇၀ မှာ သူရဲ့ လက်နက်စီမံကိန်း ပြန်စခဲ့ပါတယ် ။

ဦးနေဝင်းဟာ အီတလီထက်ကောင်းတဲ့ အစီအစဉ်တွေကို ကြိတ်ပြီး ဆောင်ရွက်ခဲ့ပါတယ် ။ သူဟာ အနောက်ဂျာမဏီကို လူသူမသိအောင် ၁၉၇၀ မှာ သွားပြီး အစိုးရနဲ့ ညှိနှိုင်းပါတယ် ။ ဒုတိယကမ္ဘာစစ်ကြောင့် အမေရိကန်နဲ့ ဥရောပကို အခဲမကျေသေးတဲ့ ဂျာမဏီကလည်း ဦးနေဝင်းကို ကူညီခဲ့ပါတယ် ။

ဂျာမဏီအစိုးရဟာ သူ့နိုင်ရဲ့ ကမ္ဘာကျော် လက်နက်ကုမ္ပဏီ Heckler & Koch နဲ့ ဆက်သွယ်ပြီး စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။ လက်နက်စက်ရုံများအား လှို့ဝှက်စွာ တည်ဆောက်ပေးရန် ဒေါ်လာ 419 သန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။

77•4 သန်းကို လက်ငင်းပေးချေပြီး 342•3 သန်းကိုတော့ ဂျာမန်အစိုးရထံမှ ချေးယူပြီး ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ ဦးနေဝင်းရဲ့ သံတမန်စွမ်းရည်ကြောင့် ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး ။

Heckler & Koch ကုမ္ပဏီကြီးဟာ နာမည်ကျော် M 16 ၊ M 203 grenage Lanche များနဲ့ အခြားနာမည်ကျော် ရိုင်ဖယ်များ ၊ ဆပ်မရှင်းဂန်းများ ၊ အတွဲလိုက်ပစ်လောင်ချာများ နဲ့ မြန်မာ့တပ်မတော်ရဲ့ လက်စွဲတော် G2 G3 G4 တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ် ။

ဦးနေဝင်းဟာ GDP ကျဆင်းနေတဲ့ ကြားထဲက ယခုလို လက်နက်တွေ မဖြစ်မနေဝယ်ခဲ့တဲ့ အကြောင်းတွေကတော့ အိမ်နီးခြင်းဖြစ်တဲ့ ဘင်္ဂလားကတောင် တရုတ်ထုတ် M 21 M23 အသစ်တွေ ဝယ်သုံးနေလို့ ဖြစ်ပါတယ် ။

(ဦးနေဝင်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး လှုပ်ခတ်စပြုလာတဲ့ ၁၉၈၇ တနှစ်တည်းမှာပဲ သွင်းကုန်တန်ဖိုး ဒေါ်လာသန်းပေါင်း 54022 သန်းရှိရာမှာ အများစုက စစ်လက်နက်စက်ရုံတွေအတွက် ဖြစ်နေပါတယ် ။)

၁၉၇၀ ခုနှစ်က ဂျမဏီမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Heckler & Koch မှ စေလွတ်လိုက်တဲ့ Fritz Werner ကနေ ပထမဆုံး စက်ရုံအဖြစ် နာမည်ကျော် G3 စက်ရုံ လာတည်ပါတော့တယ် ။
23.04.202511:27
အပစ်ရပ် သက်တမ်းတိုးလို့

တချို့က မကျေနပ်ကြဘူး

ဒါပေမဲ့ ဆရာသမားကတော့

ပြုံး ပြုံး ပြုံးပြုံးပဲ

မြို့ရွာတွေ စခန်းတွေကျသွားတဲ့အတွက်

ကျွန်တော်အပါအဝင်

တချို့ကဒေါသထွက်ပြီးပေါက်ကွဲကြတယ်

ဒါပေမဲ့ ဆရာသမားကတော့

ပြုံး ပြုံး ပြုံးပြုံးပဲ

ဒါ ဘာကြောင့်လဲပေါ့လေ

ကျွန်တော်စဉ်းစားကြည့်တယ်

နောက်မှသဘောပေါက်တာက

ကျသွားတဲ့မြို့ရွာတွေနဲ့စခန်းတွေကို

ပြန်တိုက်ယူစရာမလိုဘဲ

အသာတကြည်ပြန်ရမယ်ဆိုတာများ ကြိုတွက်ထားမိလို့လားပေါ့လေ

မိတ်ဆွေတို့စဉ်းစားကြည့်

ကိုးကန့်တို့ ဝ တို့ဖက်က

အသက်ပေါင်းများစွာစတေးပြီး

တိုက်ယူထားရတဲ့

မြို့ရွာတွေ စခန်းတွေကို

သေနတ်တစ်ချက်မဖေါက်ဘဲ

အသာတကြည်‌ပြန်ပေးလိုက်ရတဲ့အပြင်

လုံခြုံရေးပါပြန်ယူပေးရတယ်ဆိုတော့ နဲနဲတော့များသွားပြီ

ဒီနေရာမှာ ကံတရားဆိုတာကို

ထည့်သွင်းစဉ်းစားရတော့မယ်

အမေရိကန်မှာ ထရန့်သမတဖြစ်လာတော့ အိုဘားမားတို့လောက် မြန်မာကိုစိတ်မဝင်စားတာရယ်

ရုရှုးသမတကြီးက မြန်မာဝန်ကြီးချုပ်ကို ဖိတ်ပြီး နျူကလီးယားပေးမယ်ဆိုတာရယ်

ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားကြီးရသွားတာရယ်

အမေရိကန်တွေ ဘင်္ဂလားကိုလာလာပြီး ဘင်္ဂလား၊ ရခိုင်နဲ့ချင်း သုံးပွင့်ဆိုင်နေရာကို မျက်စောင်းထိုးနေတာရယ်
( ရှိတ်ဟာစီနာကိုယ်တိုင်ပြောသွား)

အမေရိကန်က ပေါက်စီကို ကုန်သွယ်စစ်ဆင်နွှဲတာရယ်ကနေ

နောက်

အာစီယံက တချိန်လုံးရန်လိုနေတဲ့သူတွေက အခုမှဖက်လှဲတကင်းဖြစ်လာတာရယ်

မိုးတွင်းတုန်းကနဲ့မကြာသေးခင်က ရေကြီးတာနဲ့ငလျင်လှုပ်တာတွေက

မြန်မာကိုကမ္ဘာကအသိအမှတ်ပြုဖို့ အကြောင်းဖန်လာတာရယ်

ပေါက်စီမှာ လောလောဆယ် စက်ရုံတွေပိတ်ပြီး ဆိပ်ကမ်းတွေမှာကုန်တွေပုံနေတာရယ်

တွေကိုဆက်စပ်ကြည့်လိုက်တော့

တရုတ်ကြီး ကမန်းကတန်းအကွက်တွေစရွှေ့ရပြီပေါ့

ဒီတော့ဗျာ

ပြုံးပြုံး ပြုံးပြုံး လုပ်နေတာလည်း လုပ်နိုင်လို့လုပ်တယ်ပဲ ပြောရတော့မှာပေါ့၊

ငိုးမ ပေါက်စီ...

..

ရွှေမိုး စီးပွါးရေးတက္ကသိုလ်
တရုတ်သမ္မတကြီး ရှီကျင့်ဖင်မှ မြန်မာနိုင်ငံသို့ မေလတွင် ရောက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး စစ်ရေး စီးပွါးရေး နည်းပညာ ကိစ္စများ ဆွေးနွေးရန် ရှိကြောင်းသိရ

ဓာတ်ပုံ-ပုံဟောင်း

https://t.me/myanmarspicalarmy969
19.04.202504:33
အပွင့်တွေအခက်တွေက သူပုန်နယ်‌ေမြမှာရပ်ကွက် အုပ်ချုပ်ရေးမှူး အာဏာ ရပ်ကွက်သာသာ နယ်မြေလေးကို အဘက ခွက်တိုက်ပြီးပြန်တောင်းတာ ဆိုပဲ။လက်ရှိ တော့ ခွေးဖင်ကျားဝိုင်းလိုးသလို ဖြစ်တော့မှာ မြင်ယောင်နေပါသေးတယ်။တပ်ကလဲ ညှိချင်တာမဟုက် ပြန်လိုချင်တာလဲ မဟုက်ဘူး တရုတ် ဖိအားကြောင့်နှစ်ဖက်လို့က ဒီအခြေအနေကို ရွှေးလိုက်ရတာ ပြောချင်တာက တရုတ်သားနှစ်ကောင် ဖြစ်တဲ့ပွဲမှာ ကိုယ်တွေက လိုက်ခံစားနေတာ အချိန်တန် သူဖင်သူချ ငါဖင်ငါချ သူဖင်ငါ့ဖင် လဲချ ဖြစ်မှာကို ဘဝတွေအသက်တွေ စတေးပြီး ကာကွယ်ခိုင်းနေသေးတယ်။

ဖိုးလက်။
19.04.202503:44
တရုတ်ဖိအားကြောင့် လားရှို့အား အစိုးရကိုပြန်ပေးလိုက်တယ် ဒါကအားလုံးသိတယ်။

ကိုးကန့်က တရုတ်ဆီကဘာပြန်ရလိုက်တာလဲဆိုတာ လူတိုင်းမသိပါဘူး။

ကျွန်ုပ်လည်း အဲတာကိုသိချင်လို့ တရုတ်မီဒီယာဖြစ်တဲ့ တုန်ယင်နှင့် ခိုက်ဆိုကို သွားလှန်ကြည်တယ် အခြေနေကအောက်ပါအတိုင်း တွေ့ရှိလာတာပဲ။

၁ : တရုတ်ကုန်ပစ္စည်းကို ကိုးကန့်ဘက် အကန့်သတ်မရှိ
ဖွင့်ပေးလိုက်တယ်။

၂ : ကိုကန့်လဝက လုပ်ပေးတဲ့ နယ်စပ်ဖြတ်ကျော်စာအုပ်ကို
တရုတ်ကအသိမှတ်ပြုပေးလိုက်တာဟုတ်တယ်
မြင်သာအောင်ပြောရမယ်ဆိုရင် ကချင်ပြည်နယ်မှာ
KIOထိန်ချုပ် ထားတဲ့နယ်စပ်ဂိတ်အများကြီးရှိတယ်
လူဝင်ထွက်ခွင့် မရပါဘူး အရေးပေါ်နားလည်မှုနဲ့
ဆေးကုဖို့ လူလောက်ပဲအဝင်ရကြတာဖြစ်တယ်။

တရုတ်က လားရှို့ကို အစိုးရဆီပြန်အပ်ခိုင်းတဲ့ အကြောင်းရင်းနဲ့ အကြောင်းပြချက်က အများကြီးရှိမယ်မထင်ပါဘူး။

အကြောင်းက....တရုတ်အား ကုန်သွယ်ရေးရပ်နားထားတာ ကြာပြီဖြစ်တဲ့ ချင်ရွှေဟော်ကို ပြန်ဖွင့်ရန် ဆန္ဒပြင်းထန်နေလို့ဟု ယူဆရပါတယ်။

ဆိုလိုချင်တာက...လားရှို့မှာ အစိုးရဘက် အကောက်ခွန်ဌာနက ရုံးထိုင်ပြီး ချင်းရွှေဟော်ဂိတ်ကို စီမံခန်းခွဲဖို့ဟုယူဆရပါတယ်။
23.04.202511:46
ဘူမိပညာရှင်ကတော့ လမ်းဆုံးအောင် မလိုက်နိုင်တော့လို့ ထားခဲ့ရပါတယ် ။ မိုင်းတွင်းဟောင်းကို ရောက်တော့ တွင်းက သဘာဝမိုးဒဏ်ကြောင့် ပြိုကျနေပါပြီ ။ အတွင်းပိုင်းကို ဝင်မရတော့ပါဘူး ။

မြွေပေါတယ်ဆိုလို့ လက်နက်ကို သတိနဲ့ ကိုင်ပြီး တွင်းဝက ကျောက်နမူနာပဲ ယူပြီး ပြန်လာကြရပါတယ် ။ ယင်းတွင်းဝက နမူနာအရပင် စီးပွါးဖြစ် ထုတ်လုပ်နိုင်ကြောင်း စမ်းသပ်အဖြေထွက်လာလို့ တူးဖော်ဖို့ စိတ်ကူးကြပါတယ် ။

အဲဒီအချိန်မှာပဲ လက်ပန်းတောင်းတောင် ပြဿနာကြီးက အမျှင်မပြတ် ကြီးထွားလာနေလို့ ဆိုင်းငံ့ထားကြတာ ယနေ့ထိပဲ ဖြစ်ပါတယ် ။

Fritz Werner နဲ့ မြန်မာအစိုးရဟာ လက်နက်ငယ် စက်ရုံကိစ္စများသာ မကပဲ မြန်မာ့တပ်မတော် ရဲ့ လေ့ကျင့်ရေး ကိစ္စများအထိ သိုသိပ်စွာ ပူးပေါင်းဆောင်ရွက်လာကြပါတယ် ။

ဦးနေဝင်းဟာ သူစိတ်ကူးထားတဲ့ ပထမ ခြေလှမ်းအပြီးမှာ ဒုတိယခြေလှမ်းအတွက် စတင်ပြင်ဆင်လိုက်ပါတယ် ။ အဲဒါကတော့ လက်နက်ကြီးများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် Fritz Werner နဲ့ စတင်ဆွေးနွေးပါတယ် ။

နှစ်ပေါင်းများစွာ ကမ္ဘာ့စပိုင်များရဲ့ မျက်စေ့အောက်မှာ သိုသိပ်စွာ တည်ဆောက်ခဲ့တဲ့ စစ်လက်နက်ငယ် စက်ရုံများနဲ့ လက်နက်ကြီးထုတ်မယ့် အစီအစဉ်တွေဟာ ထုံးစဲအတိုင်း ပြည်တွင်း သစ္စာဖောက်များကြောင့် ပေါက်ကြားသွားရပြန်ပါပြီ ။

မြန်မာ့တပ်မတော် နဲ့ Fritz Werner တို့ရဲ့ စစ်ရေးဆက်ဆံနေမှုတွေ အပေါ် ဂျာမဏီ သတင်းသမား တဦးကနေ မြန်မာ့တပ်မတော်ဟာ ဓာတုလက်နက်တွေ သုံးနေပြီဆိုပြီး အလန့်တကြား ပုံကြီးချဲ့ ရေးသားလိုက်ပါတော့တယ် ။

ဒီတော့ မြန်မာကို အမြဲတမ်း ဒုက္ခပေးနေတဲ့ အမေရိကန် နဲ့ သြစတေးသျှတို့ကလည်း သံယောင်လိုက်ပြီး အော်လာကြပါတယ် ။ ဆက်ဒမ်ဟူစိန်သဲုးခဲ့တဲ့ Mustard Gas တွေကို မြန်မာတွေ ထုတ်နေပြီတဲ့ ။

Fritz Werner နဲ့ ပေါင်းပြီး အီတလီက ဆာလ်ဖာ ကုန်ကြမ်းဝယ်ယူကာ အခြားကုန်ကြမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး CW လက်နက်တွေ ထုတ်လုပ်နေတာ ပိုင်ဆိုင်တော့မယ် ဆိုပြီး စွပ်စွဲကြပါတယ် ။

1985 မှ 1987 အထိ Fritz Werner ကို အင်္ကြးအကျယ် ရှုံ့ချကြပြီး မြန်မာဟာ အနာဂါတ်မှာ ဓာတုလက်နက်တွေ ပိုင်လာမှာ သေချာတယ် ဆိုပြီး အမေရိကန် နဲ့ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံတွေက ပြောဆိုကြပါတယ် ။

ဆက်ဒမ်ဟူစိန်ကို ဓာတုဗေဒပစ္စည်းတွေ ရောင်းပေးခဲ့တဲ့ အမေရိကန် နဲ့ အင်္ဂလန်တို့ဟာ မျက်နှာပြောင်စွာပဲ မြန်မာနဲ့ Fritz Werner တို့ရဲ့ ဆက်ဆံရေး ပြတ်တောက်အောင် တိုက်တွန်းနေကြတာ ရီစရာပါပဲ ။ ကနောင်မင်းသားခေတ် အနှောက်အယှက်တွေကို သတိရဖွယ် ဖြစ်နေပါတယ် ။

အဲဒီပြဿနာတွေ တက်နေတုန်းမှာပဲ မြွေပူရာ ကင်းမှောက်ဆိုသလို ပြည်တွင်းက အနှောက်အယှက်လည်း ပေါ်လာပြီး ပြည်ပအဖျက်သမားတွေကို အားဖြည့်ပေးတဲ့ အကွက် ဖန်တီးလာပြန်ပါတယ် ။

ပြည်တွင်းက ဖန်တီးတဲ့ ပြဿနာကတော့ ...........?

(ဒီအကြောင်းအရာများနဲ့ အချက်အလက်များကို မြန်မာပြည်သား Star Shinster ACC မှ မှီငြမ်းထားပါတယ် ။ ပထမပိုင်းမှာ ဖော်ပြရန် မေ့သွားသလို မူရင်းပို့စ်ကိုလည်း ဆက်သွယ်မရလို့ ခွင့်မတောင်းနိုင်တော့ပဲ ဒီအတိုင်း ရေးလိုက်ရပါတယ် ။ )

မျိုးဝင်း
crd ####

လက်နက်ရဖို့ လွယ်ခဲ့သလား (3)
=====================

ကမ္ဘာ့မီဒီယာတွေမှာ မြန်မာ့တပ်မတော် နဲ့ CW လက်နက်ကိစ္စ ဖောင်းပွလာချိန်မှာ ဇောင်းထလာခဲ့တာက ထိုင်းနယ်စပ်က KNLA အဖွဲ့ပဲ ဖြစ်ပါတယ် ။

KNLA အဖွဲ့က ကြေငြာလိုက်ပါတယ် မြန်မာ့လေတပ်က CW နဲ့ တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ ရောဂါလက္ခဏါတွေ ခံစားနေရပါတယ် ဆိုပြီး လုပ်ကြံသတင်း ထပ်ဆင့် လွှင့်ကြပါတယ် ။

၈၈ အရေးခင်းဖြစ်တော့ ဆူပူသောင်းကျန်းတဲ့ သူတွေကို ပစ်ခတ်နှိမ်နင်းရာမှာ G3 G4 တွေ ပွေ့ဖက် ပစ်ခတ်နေတဲ့ မြန်မာ့တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေကို မီဒီယာအသီးသီးက မျက်နှာဖုံးသတင်းအဖြစ် ဝေဝေဆာဆာ တက်ညီလက်ညီ ဖော်ပြကြပြီး ရှုံ့ချကြပါတယ် ။

သူတို့ရဲ့ပစ်မှတ်က မြန်မာ့တပ်မတော် အင်အားချိနဲ့စေရေးအတွက် Friz Werner နဲ့ ခွါပြဲအောင် တမင် လုပ်နေကြတာပါပဲ ။ Fritz Werner အနေနဲ့လည်း လက်နက်ကြီး ကဏ္ဍ အထိ တက်လှန်းဖို့ ဆွေးနွေးထားပေမယ့် ရှေ့ဆက်တိုးဖို့ ခက်ခဲနေရပါပြီ ။

1991 မှာ အမေရိကန် နဲ့ အင်္ဂလန်တို့က မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းနဲ့ ကုန်ကြမ်းများ လုံးဝပြတ်တောက်သွားစေရန် အတွက် ယုတ်မာစွာနဲ့ unoffilicl ကုန်ကူးသန်းမှုနဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ် ။

1992 မှာတော့ ဥရောပသမဂ္ဂမှ UN ရီဗော်လူးရှင်း ချမှတ်၍ ထပ်မံပြီး တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ကာ မြန်မာ့တပ်မတော်ကို အင်အားချိနဲ့ သေဆုံးပျက်ဆီးရန် သင်းသတ်ဖို့ အားသွန်ခွန်စိုက် ယုတ်မာကောက်ကျစ်စွာ လုပ်ဆောင်ခဲ့ကြပါတယ် ။

ဂျမဏီ အစိုးရ နဲ့ Fritz Werner ကုမ္ပဏီအပေါ်ကိုလည်း ဖိအားအမျိုးမျိုးပေးပြီး မြန်မာကို ဆက်လက်မကူညီဖို့ တောင်းဆိုကြပါတယ် ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှု ၊ ဦးနေဝင်းအနားယူသွားမှု နဲ့ ဖိအားအမျိုးမျိုးတို့ကြောင့် Fritz Werner ကုမ္ပဏီဟာ သူသံယောကြီးတဲ့ မြန်မာပြည်ကနေ ဆုတ်ခွါသွားကြပါတယ် ။
23.04.202511:46
နောက် ဒုတိယစက်ရုံအဖြစ် F 62 ကျည်သုံးရိုင်ဖယ်စက်ရုံ နဲ့ 9mm သုံး စက်ရုံတွေကို ပြည်မြို့မှာ တည်ဆောက်ခဲ့ပါတယ် ။ ဆက်တိုက်ဆိုသလိုပဲ ၁၉၇၀ မှ ၁၉၈၀ အတွင်း TNT အကြီးစားပေါက်ကွဲမှု စက်ရုံအပါအဝင် ကပစ ပိုင် စက်ရုံပေါင်း ၁၂ ရုံကို Fritz Werner ကနေ လှို့ဝှက် ဆောပ်လုပ်ပေးခဲ့ပါတယ် ။

ပြည် ၊ ဆင်တဲ ၊ ထုံးဘို ၊ ပန်းတောင်း ၊ ညောင်ခြေထောက် ၊ မကွေး စတဲ့ နေရာတွေမှာ တပ်မတော်ရဲ့ လက်နက်ငယ် စက်ရုံတွေ အများအပြားကို ကမ္ဘာက လုံးဝ မသိအောင် တည်ဆောက်နိုင်ခဲ့ပါတယ် ။

ဂျာမဏီပညာရှင်တွေ ဒီလေါက်ဝင်ထွက်နေပြီး လှုပ်ရှားနေကြတာကို ကမ္ဘာက မသိအောင် မြန်မာအစိုးရကရော Fritz Werner ကရော ပိရိသေသပ်စွာ လှည့်စားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ် ။

ကြောင်လက်ဝှက်လိုလူစားလို့ တင်စားခဲ့ကြရတဲ့ ဥာဏ်ကြီးရှင် ဦးသန်းရွှေရဲ့ ဆရာ ဦးနေဝင်းရဲ့ လှည့်စားပုံကလဲ အလွန်လှပ သေသပ်ပြီး လောင်းကစားသမားလို ပြောရမယ်ဆိုရင် ၂ ကျပ်ကွက် နင်းနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ ။

ဦးနေဝင်းက Fritz Werner ကုမ္ပဏီကို ဒီလို လှည့်စားခိုင်းလိုက်ပါတယ် ။ Fritz Werner ကုမ္ပဏီသည် မြန်မာပြည်အတွက် အရေးတကြီး လိုအပ်နေသောသော လုပ်ငန်းများဖြစ်တဲ့ အုတ်လုပ်ငန်း ၊ အရက်ချက်လုပ်ငန်း ၊ မောင်ဗမာစက်ဘီးစက်ရုံ ၊ တာယာစက်ရုံ ၊ ဘော့ပင်စက်ရုံ စတဲ့ လုပ်ငန်းတွေကို ဗန်းပြအနေနဲ့ လုပ်ပေးပါဆိုပြီး တောင်းဆိုပါတယ် ။

ကုမ္ပဏီကလည်း သဘောတူပြီး လုပ်ပေးတော့ တိုင်းပြည်အတွက် အဲဒီခေတ်အခါက များစွာအထောက်အကူပြုခဲ့ပါတယ် ။ မြန်မာအစိုးရနဲ့ Fritz Werner တို့ဟာ စီးပွါးဖက် အဆင့်ထက် ကျော်လွန်တဲ့ ခင်မင်ရင်းနှီးမှုများ တည်ဆောက်နိုင်ခဲ့ပါတယ် ။ မြန်မာအစိုးရကလည်း ကုမ္ပဏီကို သူတိူ့ တသက်တာ ဂုဏ်ယူစေရမယ့် လက်ဆောင်တခု ပြန်လည်ပေးအပ်လိုက်ပါတယ် ။ အဲဒီ အထူးလက်ဆောင်ကတော့ ,........?
crd #####

လက်နက်ရဖို့ လွယ်ခဲ့သလား (2)
=====================

Fritz Werner ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ လိုင်ဆန်ဟိုင်မြို့မှာ တည်ရှိပါတယ် ။ ကုမ္ပဏီ ရုံးချုပ်ရှိ အဝင်လမ်းမကြီးမှာ ရုံးချုပ်အတွက် ဥရောပမှာ လုံးဝမရှိနိုင်တဲ့ မန္တလေး နန်းတော်ရဲ့ ပုံစံတူကို ဗိသုကာအနုစိတ်လက်ရာ နဲ့ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ပေးခဲ့ပြီး Fritz Werner အတွက် ရင်သပ်ရှုမော ဂုဏ်ယူဖွယ်လက်ဆောင်ပေးအပ်ခဲ့ပါတယ် ။

ဦးနေဝင်း နဲ့ Fritz Werner ကုမ္ပဏီတို့ဟာ အကျိုးအမြတ် အတွက် ပေါင်းသင်းနေကြခြင်းထက် အများကြီး ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်တွေ နဲ့ ရစ်ပါတ်မိသွားကြပါပြီ ။

Fritz Werner ကုမ္ပဏီကလည်း ဦးနေဝင်း လက်ဆောင်ပေးလိုက်တဲ့ ဂုဏ်ယူဖွယ် မန္တလေးနန်းတော် ပုံစံတူ အနုစိတ်အဆောက်အဦးကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးနောက် ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံ အတွက် အဖက်ဖက်မှ ကူညီပါတော့တယ် ။

Fritz Werner ဟာ မြန်မာပြည်မှာ အဆင့်မှီ ဓာတ်မြေသြဇာစက်ရုံ ၊ ဓာတ်ငွေ့တူးဖော်ရေး စက်များ ၊ အထည်ချုပ်စက်ရုံ ၊ ဝါဇီငွေစက္ကူစက်ရုံ ၊ ငွေဒင်္ဂါးစက်ရုံ အစရှိတဲ့ စက်ရုံတွေကို ငွေကြေး အကျိုးမြတ် မရယူပဲ တည်ဆောက်ပေးလိုက်ပါတယ် ။

မဆလ ခေတ်ရဲ့ အကြီးစား စက်မှုလုပ်ငန်း အားလုံးနီးပါးဟာ Fritz Werner က တည်ဆောက်ပေးခဲ့တာတွေ ချည်းပဲ ဖြစ်ပါတယ် ။ အဲဒါကြောင့် ကစလ ထုတ် ပစ္စည်းတွေရဲ့ အရည်အသွေးဟာ တန်းမှီလမ်းမှီ ရှိခဲ့တာ သိမှီသူတွေ အများကြီး ရှိပါသေးတယ် ။

၈၈ အရေးအခင်း ဖြစ်သွားတဲ့ အတွက် ဂျာမဏီမှ ကားစက်ရုံများ မြန်မာပြည်သို့ လာရောက်တည်ဆောက်မယ့် စီမံချက် ပျက်သွားရတာကတော့ တိုင်းပြည်အတွက် နစ်နာလှပါတယ် ။

Fritz Werner က မြန်မာပြည်တွက် အဖိုးတန်သတ္တုများ ရှာဖွေရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ် ။ အနောက်ရိုးမ တောင်တန်းပေါ်ကို ဂျာမန် ဘူမိပညာရှင်များ ရွှေ နဲ့ သတ္တု သွားရှာကြပါတယ် ။

ဒေသခံ အလုပ်သမားခေါင်းဆောင်က မိုင်းတွင်းဟောင်း တခုကို ခေါ်သွားလို့ ကျောက်နမူနာများကို ယူသွားကြပါတယ် ။ ဂျာမန်ပညာရှင် အမျိုးသမီးက ဒေသခံ အလုပ်သမား ခေါင်းဆောင်ကို နမူနာ ကျောက်တွေပေးခဲ့ပြီး နောက်တခေါက် ပြန်လာရင် မင်းတို့မိသားစု ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောသွားပါတယ် ။

ဒါပေမယ့် ၈၈ အရေးအခင်း ဖြစ်ပြီးနောက် ပြန်မလာကြတော့ပါဘူး ။ ဒေသခံအလုပ်သမားကလည်း နမူနာ ကျောက်အနည်းငယ်ကို သံငရုပ်ဆုံနဲ့ ထောင်းပြီး ရွှေကျင်ယူကြည့်ရာ သမီးအတွက် နားကပ်တရံရသည်အထိ ရွှေပါဝင်ခဲ့တာ တွေ့ရပါတယ် ။

အရေးအခင်းပြီးတော့ တာဝန်ကျလာတဲ့ အရာရှိကို အဲဒီအကြောင်း ပြောပြတော့ အရမ်းစိတ်ဝင်စားတာ နဲ့ လက်ကျန် နမူနာကျောက်ကို တောင်းယူပြီး ဓာတ်ခွဲ စစ်ဆေးကြည့်ကြပါတယ် ။

အဲဒီအခါ လက်ပတောင်းတောင်ထက် အဆင့်မြင့်တဲ့ ကြေးနီ နဲ့ ရွှေရာခိုင်နှုံး အတော်များများ ပါဝင်နေတာ တွေ့ရပါတယ် ။

အဖြေရတာနဲ့ ချက်ခြင်းပဲ ဘူမိပညာရှင်ပါ တွဲဖက်ပြီး မိုင်းတွင်းဟောင်းဆီ ကိုယ်တိုင်သွားရောက်၍ ကျောက်နမူနာ ယူရန် စေခိုင်းပါတယ် ။ မိုးမပြတ်သေးတဲ့ ကာလမှာ ကားလမ်းမကနေ တောင် ၂ လုံး ၃ လုံး ကျော်အောင် ခက်ခဲစွာ သွားရပါတယ် ။
23.04.202511:25
လားရှိုးကိုပြန်ရတာ ဘာတရုတ်အကူညီမှမပါပါဘူး
တပ်မတော်ကမရပ်မနားထိုးစစ်ဆင်ပြီး ပြန်သိမ်းတာပါ။

တပ်က ထိုးစစ်တွေဆက်တိုက်ဆင်နေတာကို
လိုင်းပေါ်မတင်ဘူး။ PDFတွေလိူ live လွှင့်မနေဘူး။

တပ်ရဲ့ထိုးစစ်အရှိန်ကိုကြောက်လာတဲ့MNDAAက
ငြိမ်းချမ်းရေးယူထားပြီး တရုတ်ကို ကြားဝင်ပေးဖို့
အကူညီတောင်းရတော့တာပါပဲ။

တရုတ်ကိုယ်စားလှယ်ရောက်နေတာမှန်တယ်
တပ်မတော်ရဲ့ ထိုးစစ်ကြောင့်တရုတ်ဘောပြေးမရတဲ့
MNDAA တွေဘက်ကနေ ကြားဝင်
ညှိပေးဖို့ရောက်နေတာပါ။

မနာလိုတဲ့လူတွေက တပ်မတော်ကပဲ
တရုတ်ခေါ်မှမြို့ပြန်ရသလိုလို
ရေးတင်ကြတယ်။ ဒါပဲတတ်နိုင်တော့တာကိုး။

တပ်မတော်ကိုချစ်ကြတဲ့ ပြည်သူသန်းလေးဆယ်
ကိုလည်း ပြောချင်တယ် ။
ကိုယ့်ပြည်ဖွားတိုင်းရင်းသားတွေမို့ ညှိနှိုင်းလုပ်နေတာ
မြေပုံကို တစ်လက်မမှ အပဲ့မခံဘူး။

နောက်ရက်ထဲ လားရှိုးမှာဝင်ရှုပ်နေတဲ့ တရုတ်ကို
တပ်မတော်က ဘယ်လိုမောင်းထုတ်မလဲဆိုတာ စောင့်ကြည့်လိုက်ကြပါ ။ MNDAA ကတော့ တပ်မတော်ကို လန့်သွားပါပြီ။ နောက်အာမချောင်ရဲလောက်တော့ဘူး။

သက်လိုကသက်နိုင်သည်လေတော့မလျှော့နိုင်
တပ်မတော်‌တွင်း လိင်မှု့ကိစ္စ အရှုပ်အရှင်းကြောင့် ရာထူးမတိုးတဲ့ သူတွေအများကြီးပါ ပြောရရင် အမျိုးဘာသာသာသနာစောက်ရှောက်တဲ့အဖွဲ့အစည်းထဲ လိင်ဆက်ဆံတဲ့ ယဉ်ကျေးမှု့ထွန်းကားနေတာ အံဩမိပါတယ်။

ဖိုးလက်။(ထီလာသား)
19.04.202504:32
လာရှိုးကိစ္စကို ရေးကြတာ ဖတ်ရပါတယ်။

လားရှိုးပြင်ပကလူတွေက တဖက်မီဒီယာရေးတာကို ဖတ်ပြီး၊ များများရေးကြတယ်။

တချို့က တပ်နဲ့နီးစပ်ရာ အသိုင်းအဝိုင်းကတဆင့် သိတယ်၊ သိသလောက် မရေးကြဘူး။

လားရှိုးဒေသခံတွေက မြေပြင်အခြေအနေမှန်ကို များများသိတယ်၊ နဲနဲရေးကြတယ်။

ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကတော့ လုံးဝကိုမရေးကြဘူး။

ကိုယ့်လူကိုတဖက်ကဖမ်းဆီးထားခြင်း ခံထားရတယ်။ ကိုယ့်လူရဲ့ Fbအကောင့်ကနေ၊ ဖမ်းဆီးခံမိသားစုဝင်တွေ ဘာရေးတင်သလဲ စောင့်ကြည့်နေပြီး ကိုယ်က ရေးတင်လိုက်မှ၊ ကိုယ့်လူရဲ့ခေါင်းပေါ်ပုံချပြီး၊ အစဖျောက်ခံရမှာကို စီုးရိမ်ကြရလို့ဘဲ။

ဖြစ်စဥ် အမှန်က အားလုံးမြင်နေရတယ်။
အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေတာကို တွေ့လာနေကြရပြီ။
လားရှိုးကနေ ငါးလုံးကောင်တွေ ဆုတ်ပေးလိမ့်မယ်လို့ကို Fb ပေါ်က ကကသိ, ကကတတ်တွေ မှန်းဆရေးသား ပြောဆိုနေကြသူတွေ မစဥ်းစားမိ၊ မတွေးမိ မမျှော်မှန်းထားမိဘူးလေ။
သွားပါပြီကွာလို့ တွေးထားရတဲ့၊ ဖမ်းဆီးခံရသူတွေရဲ့ အသက်ရှင်မှုကို မရဲတရဲ မျှော်လင့်လို့နေကြရဆဲဘဲ။ အကောင့်ထဲက တချို့ဆို ကွန်မင့်မှာရေးပြီး လာမေးကြတယ်။

တိမ်တောင်သဖွယ် မင်းရေးကြွယ်.... ဆိုတဲ့စကားက တကယ်ရှိခဲ့တာပါ။
အဖမ်းခံထားရသူတွေ အသက်ရှင်လျှက် ပြန်ရောက်လာကြပါစေလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိတယ်။ လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိဆိုတဲ့ အကြီးအကဲရဲ့စကားအတိုင်း၊ ဖြစ်လာအောင်၊ စွမ်းဆောင်နိုင်ပါစေလို့ ကျေးဇူးတင်ခြင်းများစွာဖြင့် မျော်လင့်လျှက်။

ကကဖွ
တပ်မတော်ချစ်ချင်ယောင်ဆောင်ပြီး‌ သွေးခွဲနေတာ သတိပြုပါ
Паказана 1 - 24 з 824
Увайдзіце, каб разблакаваць больш функцый.